← Chapters

ကြောက်ရွံ့မှုအစစ်အမှန်

Vol. 37 Ch. 533

ကြောက်ရွံ့မှုအစစ်အမှန်

Vol. 37 Ch. 533

...

“သစ္စာရှိတာ ကောင်းပါတယ်။”

အာရန်သည် ထိုနစ်ခရိုမန်ဆာ၏ ခေါင်းပေါ်အား သူ၏ လက်တစ်ဖက်ကိုတင်လိုက်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

“ကံမကောင်းစွာနဲ့ပဲ ခင်ဗျားဟာ မှားယွင်းတဲ့လူကို သစ္စာခံဖို့ ရွေးချယ်မိသွားခဲ့တယ်”

အရိပ်ကောင်စီ၏ခေါင်းဆောင်ဖြစ်သူ နစ်ခရိုမန်ဆာသည် အာရန်အား မချေမငံအကြည့်ဖြင့် ပြန်စိုက်ကြည့်လိုက်၏။

“မင်းက ကိုယ့်ကိုယ်ကိုယ် ကြောက်စရာကောင်းလှပြီလို့ ထင်နေတာလား။ အဲဒီလိုဆိုရင် မင်းအနေနဲ့ စစ်မှန်တဲ့ကြောက်ရွံ့ခြင်းဆိုတာ ဘာလဲ မသိသေးတဲ့ပုံပဲ”

“ကျုပ်က စစ်မှန်တဲ့ကြောက်ရွံ့ခြင်းကို ခင်ဗျားလို မသိဘူးလို့ထင်တယ်ပေ့ါ” အာရန်က ပြန်ဖြေလိုက်သည်။

“ခင်ဗျားပြောတဲ့ စစ်မှန်တဲ့ကြောက်ရွံ့ခြင်းဆိုတာ ဘာလဲဆိုတာ အဖြေရှာကြည့်လိုက်ရအောင်”

အာရန်သည် ထိုသူအား ထပ်မံ၍ မငြင်းခုံတော့ချေ။

သူသည် အရာရာကို ပိုမိုလွယ်ကူသွားစေရန် အနည်းငယ်မျှ ချောက်လှန့်နိုင် မျှော်လင့်မိခဲ့ခြင်းဖြစ်လေ၏။

သို့သော် ထိုခေါင်းမာသော နစ်ခရိုမန်ဆာ၏ ပူးပေါင်းပါဝင်မှုမရှိဘဲနှင့်လည်း သူသည် ထိုအရာကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းရှိနေသည်။

သန့်စင်ပရောဟိတ်မ၏ နောက်ဆုံးအခိုက်အတန့် အခြေအနေနှင့် မတူဘဲ ထိုနစ်ခရိုမန်ဆာ၏ စိတ်ဝိညာဉ်မှာ အားနည်းခြင်း သို့မဟုတ် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်နေခြင်းမျိုး မရှိပေ။

သူသည် စိတ်ဝိညာဉ်ရှာဖွေမှု ကဲ့သို့သောအရာတစ်ခုအတွက် သေဆုံးနိုင်လိမ့်မည်မဟုတ်ပေ။

အဆိုးဆုံးအနေဖြင့် သူ၏ စိတ်ဝိညာဉ် ပျက်စီးသွားသောအခါ ရူးသွပ်သွားနိုင်ရုံလောက်သာ ဖြစ်သွားမည်ဖြစ်၏။

အာရန်သည် ထိုနစ်ခရိုမန်ဆာပေါ်တွင် စိတ်ဝိညာဉ်ရှာဖွေမှု တစ်ခုစတင်လိုက်ပြီး မည်သည့်အရာများ ဖုံးကွယ်ထားသည်ကို ကြည့်ရှုရန် သူ၏ သိစိတ်ပင်လယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းတစ်ခု စတင်လိုက်တော့သည်။

အာရန်သည် ဤနေရာရှိ ဂိတ်တံခါးပေါက် ပုံစံကွက်များကို အသက်သွင်းနိုင်သည့် နည်းလမ်းတစ်ခုကိုသာ လိုချင်ခဲ့ခြင်းဖြစ်သော်လည်း နစ်ခရိုမန်ဆာမျှော်စင် ၏ လတ်တလော လုပ်ဆောင်မှုများအကြောင်း အထူးသဖြင့် စစ်ပွဲအကြောင်း သတင်းရရှိပြီးနောက် မည်သည့်အရာများဖြစ်ပျက်သွားခဲ့သည်ကို သူ့အနေနှင့် ပိုမို၍ သိရှိလိုခြင်း မရှိဟု မဆိုလိုပေ။

ထိုနစ်ခရိုမန်ဆာ ပိုင်ဆိုင်ထားသော မှတ်ဉာဏ်အများစုသည် အာရန်အတွက် အရေးမပါလှချေ။

သို့သော် ၎င်းက သူ့အား နစ်ခရိုမန်ဆာများ၏ စွမ်းအင်အလုပ်လုပ်ပုံများအကြောင်းကို အတိုင်းအတာတစ်ခုထိ နားလည်သွားစေခဲ့သည်။

သူသည် ၎င်းတို့ထံအချို့ကိစ္စရပ်များကို ဘယ်လက်ရုံးအစောင့်အရှောက်ထံမှ သင်ယူနိုင်ခဲ့ပြီးဖြစ်၏။

သို့သော် အရိပ်ကောင်စီအဖွဲ့ဝင်တစ်ဦးထံမှ ယခုကဲ့သို့ ထံမံ၍ ရရှိလိုက်သော အချက်အလက်များသည် သူ့အတွက် ပိုမို၍ အသုံးတည့်သည်ဟု ခံစားလိုက်ရသည်။

ထိုနစ်ခရိုမန်ဆာသည် အာရန်အား အစောပိုင်း တိုက်ခိုက်စဉ်က ထိုသူ၏ အဓိက သေခြင်းမှော်အတတ်များကို အသုံးပြုခဲ့ခြင်းမရှိကြောင့် အံ့အားသင့်စွာ တွေ့ရှိခဲ့ရလေသည်။

အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကိုလည်း သူ မကြာခင်မှာပင် အဖြေတစ်ခုထပ်မံ ရရှိလိုက်သည်။

ထိုနစ်ခရိုမန်ဆာသည် ဘယ်လက်ရုံးအစောင့်အရှောက်အား စော်ကားမိသလို ဖြစ်သွားပြီးနောက် သူမသည် သူ၏ အဓိကစွမ်းရည်အတော်များများကို ဖျက်ဆီးပစ်ခဲ့ကာ အခြားကောင်စီအဖွဲ့ဝင်များနှင့်အတူ နေရာတစ်ခုအတွင် ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်လေသည်။

ယခုမှသာ ထိုသူသည် မျှော်စင်သခင် နှင့် အခြားမျှော်စင်မှ အခြားအရေးပါသော အစွမ်းထက်ပုဂ္ဂိုလ်များ မရှိသည့်အချိန် မြောက်ပိုင်းတိုက်ကြီးအား အနောက်တိုက်ရှိ ကျူးကျော်သူများရန်မှ ကာကွယ်နိုင်ရန် ချိတ်ပိတ်မှုမှ လွတ်မြောက်စေခဲ့ခြင်း ဖြစ်လေ၏။

သူ့တွင်လည်း နောက်ထပ် သီးသန့် ဖုတ်ကောင်နောက်လိုက်များ ဖန်တီးရန် အချိန်မရခဲ့ပေ။

ထို့ကြောင့် သူသည် ထရိုင်ယဒ်မျိုးနွယ်စုတစ်ခုလုံးအား အသုံးချကာ အနောက်တိုက်မှ ရန်သူများကို တန်ပြန်တိုက်ခိုက်ရန် အနိမ့်စား ဖုတ်ကောင်များကို ဖန်တီးရန်သာ စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

အာရန် ရုတ်တရက်ရောက်လာသောကြောင့်သာ သူသည် ဖုတ်ကောင်များ ဖန်တီးရန် အချိန်မရလိုက်ခြင်း ဖြစ်လေ၏။

အာရန်သည် ဤမျှ ခွန်အားကြီးမားသူတစ်ဦးဖြစ်မည်ဟု မထင်ထားမိခဲ့သဖြင့် ဤမျှအရေးတကြီးသဘောမထားမိခဲ့ခြင်းလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

ထရိုင်ယဒ်မိသားစုသည် ၎င်းတို့အား ဖုတ်ကောင်အဖြစ် ပြောင်းလဲလိုသည့် အရိပ်ကောင်စီ၏ အကြံအစည်မှ တနည်းအားဖြင့် လွတ်မြောက်ခဲ့သည်ဟု ဆိုနိုင်သော်ငြားလည်း ၎င်းတို့သည် တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးများအဖြစ် သေဆုံးသွားခဲ့ရသည်သာ ဖြစ်လေ၏။

အာရန်သည် ထိုနစ်ခရိုမန်ဆာ၏ မှတ်ဉာဏ်များမှတစ်ဆင့် သူ၏ အဆို မှန်ကန်ကြောင်း သိရှိလိုက်ရသည်။

မျှော်စင်သခင်သည် ငရဲဘုံသို့ အမှန်တကယ် ဝင်ရောက်သွားခဲ့ခြင်းဖြစ်ပြီး ငရဲတံခါးမှာ လုံးဝပွင့်သွားခဲ့ပြီဖြစ်၏။

ထို့ကြောင့် မျှော်စင်သခင်သည် ဤနေရာတွင် ရှိမနေခဲ့ခြင်း ဖြစ်လေသည်။

အာရန်သည် မျှော်စင်သခင် ဤနေရာတွင် မရှိခြင်းကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် စိတ်စနိုးစနှောက်ဖြစ်မှုတစ်ခုကိုလည်း ခံစားလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် မျှော်စင်သခင်သည် စက္ကန့်တိုင်း၌ သူ၏ ငရဲမှ ညီဖြစ်သူနှင့် ပိုမို၍ နီးကပ်သွားဖွယ်ရှိနေသောကြောင့်ပင်တည်း။

အရိပ်ကောင်စီ နစ်ခရိုမန်ဆာ၏ မှတ်ဉာဏ်များမှတစ်ဆင့် အာရန်သည် နစ်ခရိုမန်ဆာမျှော်စင်နှင့် ချိတ်ဆက်ထားသော ဂိတ်တံခါးပေါက် ပုံစံကွက်ကို အသက်သွင်းရန် နည်းလမ်းများကိုလည်း လေ့လာနိုင်ခဲ့လေသည်။

၎င်းတွင် မျှော်စင်အဖွဲ့ဝင်များသာ ပိုင်ဆိုင်ထားသော အလွန်တိကျသော သင်္ကေတအချို့ပြုလုပ်ရန် လိုအပ်သည်။

သို့သော် အာရန်သည် ၎င်းကိုလည်း သင်ယူနိုင်ခဲ့ပြီးဖြစ်၏။

အာရန်သည် ထိုနစ်ခရိုမန်ဆာ၏ ခန္ဓာကိုယ်ကို ယာယီထိန်းချုပ်လိုက်ရာ ထိုသူ၏ မျက်လုံးများရှိ အရောင်အဝါများ ပျောက်ဆုံးပြီး နာကျင်မှုကြောင့် အော်ဟစ်ငြီးတွားခြင်းများ ခေတ္တပြန်လည် ရပ်တန့်သွားခဲ့သည်။

ထိုနစ်ခရိုမန်ဆာသည် ယခုအချိန်တွင် သေလုမြောပါး အခြေအနေတွင် ရှိနေခဲ့ပြီး ၎င်းမှာ သူ့အား ထိန်းချုပ်ရန် အကောင်းဆုံးအခွင့်အရေးလည်း ဖြစ်လေ၏။

အာရန်သည် ထိုနစ်ခရိုမန်ဆာကို ဂိတ်တံခါးပေါက်အနီးသို့ ပို့လွှတ်လိုက်ပြီး ၎င်း၏သွေးကို ပုံစံကွက်အတွင်းသို့ အစက်အနည်းငယ် ချလိုက်ကာ ကွဲကြေနေသော စိတ်ကိုထိမ်းချုပ်၍ မန္တာန်အချို့ကို ရွတ်ဆိုစေလိုက်သည်။

ကံကောင်းစွာဖြင့် ၎င်းက နစ်ခရိုမန်ဆာမျှော်စင်နှင့် ချိတ်ဆက်မှုပြုလုပ်နိုင်သည့် ဂိတ်တံခါးပေါက်တစ်ခုကို ပြန်လည် အသက်သွင်းရန် လုံလောက်ခဲ့လေသည်။

ထိုနစ်ခရိုမန်ဆာ၏ မျက်လုံးများအတွင်းမှ သွေးမျက်ရည်များ ယိုစီးကျဆင်းလာပြီး သူ၏ စိတ်ဝိညာဉ်နှင့်အတူ ခန္ဓာကိုယ်ပါ စတင်၍ ပုံစံပျက်ယွင်းလာခဲ့သည်။

အာရန်သည် သူ၏ ထိန်းချုပ်ခြင်းကို မရပ်တန့်မီ ထိုနစ်ခရိုမန်ဆာ၏ ရင်ဘတ်အတွင်းသို့ လက်သည်းဖြင့် ထိုးသွင်းကာ နှလုံးကို အစိမ်းလိုက် ဆွဲထုတ်လိုက်၏။

အာရန်သည် ထိုနစ်ခရိုမန်ဆာ၏ နှလုံးကို သူ၏စနစ်သိုလှောင်ခန်း ထဲတွင် ပြန်လည် သိမ်းထားလိုက်ပြီး ခန္ဓာကိုယ်ကိုမူသည်အတိုင်းသာ ထားလိုက်သည်။

ထို့နောက် အာရန်သည် ထိုသို့ပြုမူမိပြီးနောက် သူ၏ နောက်သို့ လိုက်ပါလာခဲ့သော မိန်းကလေးများ၏ အကြည့်ကိုမူ လျစ်လျူရှုရန်သာ ကျိုးစားလိုက်ရသည်။

ဤသို့ဖြင့် အာရန်သည် ဂိတ်တံခါးပေါက်အတွင်းသို့ ဝင်ရောက်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင်လာခဲ့သော မိန်းကလေးများအားလည်း သူနှင့်အတူ လိုက်ပါဝင်ရောက်ရန် အချက်ပြလိုက်သည်။

သူ၏ ထိုသို့ ခေါ်ဆောင်လာရသော အကြီးမားဆုံး အကြောင်းပြချက်မှာ ဖန်းယုကြောင့်ပင်ဖြစ်လေ၏။

ထိုမိန်းကလေးများသည် ဤနေရာရှိ ဖြစ်ပျက်သမျှ အရာအားလုံးကို ဖန်းယုအား ဆက်သွယ်၍ အစီရင်ခံတင်ပြမည်ကို သူ့အနေနှင့် စိုးရိမ်မိနေခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။

သူ့အနေနှင့် ယခုကဲ့သို့ ၎င်းတို့ကို ခေါ်ဆောင်လာခြင်းဖြင့် ထိုသို့မဖြစ်အောင် တားဆီးနိုင်မည်ဖြစ်၏။

ဒုတိယအကြောင်းပြချက်မှာလည်း အလားတူပင် အရေးကြီးလေသည်။

အာရန်တွင် မျှော်စင်သခင် မရှိသည့်အခိုက်အတန့်တွင် ကာကွယ်မှု ကင်းမဲ့သလောက် ဖြစ်နေသေည့် နစ်ခရိုမန်ဆာမျှော်စင်အား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။

သူ့အနေနှင့် ငရဲဘုံအတွင်းသို့ ဝင်ရောက်သွားစဥ်တွင် ဤနေရာ၌ သူ့လူများ ရှိနေရန် လိုအပ်လေသည်။

အကယ်၍ သူသာ ထိုနေရာတွင် လမ်းပျောက်သွားပါက ဝိညာဥ်များ၏ အကူအညီဖြင့် လမ်းညွှန်မှုအချို့ ရယူနိုင်လိမ့်မည်ဟုလည်း မျှောင်လင့်ထားမိခဲ့၏။

သူသည် နစ်ခရိုမန်ဆာမျှော်စင်အတွင်း ဖီလိုနာနှင့် ဝိညာဥ်အချို့ကို ထားခဲ့နိုင်သော်လည်း သူ့အနေနှင့် အကူအညီမတောင်းနိုင်ခင်မှာပင် ၎င်းတို့ အသတ်ခံလိုက်ရမည်ကိုလည်း သူ စိုးရိမ်နေခဲ့သည်။

နစ်ခရိုမန်ဆာမျှော်စင်သည် ဝိညာဥ်များအတွက် အဆိုးဆုံးနေရာတစ်ခုလည်း ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် နစ်ခရိုမန်ဆာများသည် သေခြင်းမှော်အတတ်များကို အသုံးပြုကြကာ သေဆုံးပြီးသူများ၏ နယ်ပယ်ကို ခြယ်လှယ်အုပ်စိုးကြသူများ ဖြစ်သောကြောင့် ဝိညာဥ်များအပေါ်တွင်လည်း ကြီးမားသော သက်ရောက်မှုများ ရှိနေလေသည်။

ရှုယင်နှင့် အခြားမိန်းကလေးများကို ဤနေရာသို့ ခေါ်ဆောင်လာခြင်း၏ နောက်ထပ်ရည်ရွယ်ချက်တစ်ခုမှာ ဝိညာဥ်များအား တနည်းတစ်ဖုံ အကာအကွယ်ပေးနိုင်ရန်လည်း ဖြစ်၏။

အာရန်အနေဖြင့် ယခုသည် နစ်ခရိုမန်ဆာမျှော်စင်သို့ ဒုတိယအကြိမ်အဖြစ် ပြန်လည် ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်လေသည်။

ယခုကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံး ကြီးမားသောစစ်ပွဲတစ်ခုအတွင်းသို့ ကျရောက်ခါနီးအချိန်တွင် အာရန်တစ်ယောက်မှာမူ ငရဲဘုံအတွင်းသို့ ခရီးနှင်တော့မည်ဖြစ်၏။

“ဒါက နစ်ခရိုမန်ဆာမျှော်စင်ဆိုတာလား။ ငါထင်ထားတဲ့အတိုင်းပဲ...”

ဇီယာသည် နစ်ခရိုမန်ဆာမျှော်စင်၏ မှောင်မိုက်သော ပတ်ဝန်းကျင်အား လေ့လာအကဲခပ်ရင်း မှတ်ချက်တစ်ခု ပြုလိုက်သည်။

သူမသည် အခြားအရှင်သခင်တစ်ဦး အုပ်စိုးသော ဤကျိန်စာသင့် နေရာသို့ ဝင်ရောက်ခွင့်ရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ယခင်က အရှေ့ပိုင်းတိုက်မှ လူတစ်ဦးတည်းသာ ဤနေရာအတွင်းသို့ ဝင်ရောက်ခဲ့ဖူးလေသည်။

ထိုသူမှာ ဖန်းယုကိုယ်တိုင်ပင် ဖြစ်လေသည်။

“မိစ္ဆာဂိုဏ်း က ဒီလိုနေရာမျိုး မဟုတ်တဲ့အတွက် မင်း မပျော်ဘူးလား”

အာရန်သည် ဇီယာအား စိတ်ပိုင်းဆိုင်ရာ အနည်းငယ် ပေါ့ပါးသွားစေရန်အတွက် မေးခွန်းအချို့မေးလိုက်လေသည်။

မိစ္ဆာဂိုဏ်းသည် ဤနေရာနှင့်ယှဥ်ပါက လွတ်လပ်သော ကမ္ဘာတစ်ခု ကဲ့သို့ပင်။ မိစ္ဆာဂိုဏ်းရှိ ဂိုဏ်းသားများသည် ကိုယ်ပိုင်ထူးခြားသော တောင်များကို သီးသန့် ပိုင်ဆိုင်နိုင်ခွင့်ရှိကြသည်။

#Catfoot

All Chapters