← Chapters

ကြီးမားသောကမ္ဘာ …

Vol. 37 Ch. 535

ကြီးမားသောကမ္ဘာ …

Vol. 37 Ch. 535

“ဒါက... ငရဲဘုံလား”

အာရန်သည် ပတ်ဝန်းကျင်ကို မြင်လိုက်ပြီးနောက် သူ၏မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားခဲ့သည်။

...

အစောပိုင်း ငရဲလက်မှတ်ကို အသက်သွင်းလိုက်စဥ် အာရန်၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားခြင်းကို ခံခဲ့ရသည်။

ထို့နောက် မသိလိုက်ခင်မှာပင် အာရန်သည် ဤထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။

အကယ်၍ သေခြင်းတရား၏ အငွေ့အသက်များ သည် ငရဲတံခါးအနီးတွင် ပြင်းထန်နေသည်ဆိုပါက ဤနေရာတွင်မူ အဆိုးဝါးဆုံးအဆင့်ဟုပင် ဖော်ပြနိုင်ပေလိမ့်မည်။

နေရာတိုင်းတွင် အနက်ရောင်မီးခိုးများ ရှိနေခဲ့ပြီး ၎င်းတို့သည် သေခြင်းစွမ်းအင်များ၏ အသန့်စင်ဆုံး ပုံစံများဟုပင် ယူဆနိုင်လေ၏။

ဤနေရာတွင် အာရန်သည် ပတ်ဝန်းကျင်ကိုပင် မနည်းပင် သဲကွဲစွာ မြင်နိုင်ရန် ကျိုးစားနေရသည်။

သို့သော် သူ၏ မြင်နိုင်စွမ်းမှာ သူရပ်နေသည့်နေရာမှ ဆယ်ပေခန့်အထိသာ ကန့်သတ်ထားခြင်းကို ခံထားရလေသည်။

အာရန်သည် သူ၏ လည်ပင်းပတ်လည်ရှိ ကြိုးမျှင်တန်းလေးမှာ သူ့အား ငရဲဘုံ၏ ဗဟိုဧရိယာသို့ လမ်းညွှန်ပြသပေးလိမ့်မည်ဟု ထင်မှတ်ခဲ့မိသည်။

သို့သော် ဤနေရာသို့ ရောက်သောအခါတွင်မူ မည်သည့်ကြိုးမျှင်တန်းကိုမျှ မတွေ့ရတော့ပေ။

သူ့အနေဖြင့် ငရဲဘုံအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ထိုကြိုးမျှင်တန်းသည် အလိုလို ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေလေသည်။

ထိုကြိုးမျှင်တန်းလေးမရှိတော့သောကြောင့် မျှော်စင်သခင်သည်လည်း သူ့အား ရှာတွေ့နိုင်တော့မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် သူသည်လည်း ငရဲဘုံ၏ ဗဟိုဧရိယာသို့လည်း သွားရောက်နိုင်ရန် လမ်းစပျောက်သွားခဲ့ပြီဖြစ်၏။

သူသည် နောက်သို့ခြေရာခံမည့်သူများလက်မှလွတ်ရန် သူ၏လည်ပင်းရှိ ဂျီပီအက်စ် ကိုပြန်လည်ဖျက်ဆီးပစ်နိုင်ခဲ့သော ရာဇဝတ်သားတစ်ဦးနှင့်ပင် တူနေလေသည်။

သို့သော် ထို ဂျီပီအက်စ် မရှိပါဘဲနှင့် မှန်ကန်သောလမ်းကြောင်းကိုလည်း သူ မသိနိုင်တော့ပေ။

ယခုအခြေအနေမှာ အာရန်အနေဖြင့် မြင်နိုင်စွမ်းများ ကန့်သတ်ခံလိုက်ရရုံသာမက သူ၏ အာရုံခံစားမှုများသည်လည်း သေခြင်းစွမ်းရည်များ၏ သက်ရောက်မှုများ ကြောင့်လည်း အတော်လေး အခက်တွေ့နေရလေသည်။

သူ၏ မြင့်မားသော အာရုံခံနိုင်စွမ်းများနှင့်ပင် သူသည် ရှေ့သို့ ဆယ်ပေထက် ကျော်၍ မမြင်နိုင်ခဲ့ပေ။

ဤအခြေအနေတွင် အကောင်းမြင်စရာတစ်ခု ရှိမည်ဆိုပါက ၎င်းမှာ ဟင်းလင်းပြင်ခရီးစဥ်တစ်ခုကို ဖြတ်သန်းလာခဲ့ရခြင်းကြောင့် သူသည် ယခင်ကကဲ့သို့ ဆိုးဝါးသည့်ဝေဒနာများ မခံစားခဲ့ရခြင်းပင်။

အာရန်သည် ဤနေရာသို့ ရောက်လာခါစတွင် ယခင်ကကဲ့သို့ ဆိုးရွားသည့် သက်ရောက်မှုများ မခံစားခဲ့ရပေ။

သူ၏ အမြင်အာရုံများ အနည်းငယ် တုန်ယင်နေခဲ့ကာ ခေါင်းအနည်းငယ် မူးဝေသွားခဲ့သော်လည်း ယခင်ကထက်မူ အဆများစွာ ပိုမိုကောင်းမွန်သည်ဟု ပြော၍ရလေသည်။

ထို့နောက် အာရန်သည် သူ၏ နှလုံးခုန်နှုန်းကို ပြန်လည်ငြိမ်သက်အောင် ကြိုးစားရင်း ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ဤနေရာတွင် လမ်းကြောင်းရှာရန် မကြိုးစားမီ သူ၏ အခြေအနေ ပိုမိုကောင်းမွန်လာစေရန်က ပို၍အရေးကြီးလေ၏။

အာရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း ဆေးလုံး၏ ခါးသက်သောအရသာက သူ့လျှာပေါ်တွင် ဖြည်းဖြည်းချင်း ပျော်ဝင်နေသည်ကို ခံစားမိနေခဲ့သည်။

ထိုဆေးလုံးသည် သူ၏ အခြေအနေကို မကူညီပေးနိုင်သော်လည်း သူ့အား သက်သာစေသည့် အာနိသင်တစ်ခုတော့ ရှိနေဆဲပင်။

ထို့နောက်အာရန်သည် ခဏမျှ မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ၏ နှလုံးသားဆီမှ နှလုံးခုန်သံကိုသာ အာရုံပြန်စိုက်လိုက်ရင်း သူ၏ စိတ်လှုပ်ရှားနေမှုများကို ပြန်လည်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

နှလုံးခုန်သံများ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာပြီးနောက် အာရန်သည် သူ၏ မျက်လုံးများကို ပြန်လည်ဖွင့်လိုက်ကာ ပတ်ဝန်းကျင်အား တစ်ဖန်ပြန်လည် ကြည့်ရှု၍ အကဲခပ်ရန်ကျိုးစားလိုက်၏။

အနက်ရောင်မီးခိုးငွေ့များသည် သူ၏ ပတ်လည်တွင် ရှိနေဆဲဖြစ်ပြီး ၎င်းတို့တွင် သေခြင်းအဆီအနှစ်များဖြင့် ပြည့်နှက်နေလေသည်။

“ငရဲဘုံက ပိုပူလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ ထူးဆန်းစွာပဲ ဒီနေရာက အတော်လေး ကို အေးစိမ့်နေတာပဲ။”

အာရန်သည် သူ၏ လက်တစ်ဖက်ကို ရှေ့သို့ လှမ်းဆုပ်လိုက်ပြီးနောက် အနက်ရောင်မြူခိုးငွေ့များကို ထိတွေ့နိုင်ရန် ကြိုးစားလိုက်သည်။

စိတ်ဝင်စားဖွယ်ရာ ပတ်ဝန်းကျင်သစ်တစ်ခုဖြစ်နေသော်လည်း သူသည် နေရာတစ်ခုတည်းတွင် ကြာကြာနေ၍ မရကြောင်း နားလည်ထားလေသည်။

နေရာတစ်ခုတည်းတွင် ကြာကြာနေလေ သူ့အတွက် အန္တရာယ် ပိုများလေပင်။ ဤငရဲဘုံတွင် လမ်းကြောင်းတစ်ခုခုကို ရှာတွေ့နိုင်ရန်အတွက် သူ့အနေဖြင့် ရှေ့သို့ဆက်သွားရန်လိုအပ်နေလေသည်။

အာရန်သည် သူ့အတွက် လမ်းညွှန်ပေးမည့် မြေပုံမရှိတော့သောကြောင့် ကျပန်းလမ်းကြောင်းတစ်ခုကိုသာ ရွေးချယ်လိုက်ရသည်။

အကယ်၍ သူ့တွင် မြေပုံတစ်ခုရှိခဲ့လျှင်ပင် ဤလောကသည် ယခင်ကမ္ဘာကဲ့သို့ မဟုတ်သောကြောင့် ၎င်းမြေပုံသည်ပင် များစွာ အသုံးဝင်မည် မဟုတ်ဟုတွေးလိုက်မိသည်။

နေ၊လ လမ်းကြောင်းများကို မှတ်သား၍ အရှေ့အနောက်ဟူ၍ပင် သူ့အနေနှင့် နားလည်အောင် ကျိုးစားနိုင်မည်မဟုတ်ပေ။

ဤနေရာရှိ စည်းမျဉ်းဥပဒေသများမှာ သူ့အတွက် လုံးဝအစိမ်းသက်သက်ပင်ဖြစ်လေ၏။

အာရန်သည် မညီညာသောမြေပြင်တစ်ခုပေါ်တွင် ရှေ့သို့စတင်၍ ခရီးဆက်ရန်ပြင်လိုက်သည်။

အာရန်သည် တိတ်ဆိပ်စွာ လျှောက်လာရင်းမှ အခြားသားရဲများ ဦးတည်လာနေသော အသံ သို့မဟုတ် အခြားထူးခြားသည့် လက္ခဏာများကို သတိထားမိရန် အာရုံအပြည့်အဝစိုက်ထားလိုက်သည်။

သူသည် ရှေ့သို့ အနည်းငယ် လျှောက်လှမ်းမိလိုက်သောအခါ တစ်စုံတစ်ရာကို သတိပြုမိလိုက်လေသည်။

သူသည် လူသားတစ်ဦး၏ ခြေရာများကို တွေ့လိုက်ရသောကြောင့်ပင်။

သို့သော် ပြဿနာမှာ ထိုခြေရာများသည် သာမန်များစွာပိုမို၍ ကြီးမားနေခြင်းပင်ဖြစ်၏။

အာရန်သည် သူ၏ မြင်နိုင်စွမ်းနည်းပါးမှုကြောင့် ထိုခြေရာ၏ ပတ်လည်ပြင်တစ်ခုလုံးကို သတိထားမိရန် အချိန်အတော်ကြာယူခဲ့ရပြီး နောက်ဆုံးတွင်မူ ၎င်းသည် အမှန်တကယ်ပင် ဧရာမ ခြေရာကြီးတစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လေသည်။

ထိုခြေရာပိုင်ရှင်သည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်မည်နည်း။

ခြေရာတစ်ခုတည်းကပင် ပေ ၇၀ကျော် ရှည်လျားနေလေသည်။

“ဒီ ငရဲဘုံမှာ ဘာတွေဖြစ်နေတာလဲ...”

ထိုခြေရာသည် ဘီလူးတစ်ကောင်၏ ခြေရာတော့ မဖြစ်နိုင်ပေ။

ခြေရာ၏ ပုံသဏ္ဍာန်သွင်ပြင်အရ လူသားတစ်ဦးရဲ့ ခြေရာနှင့် ပိုမို၍ နီးစပ်နေသည်ဟု သူ့အနေနှင့် ခံစားရလေသည်။

တစ်ခုတည်းသော ကွဲပြားချက်မှာ အရွယ်အစားပင်ဖြစ်၏။

‘ငရဲဘုံမှာ ဧရာမလူကြီးတွေ နေထိုင်ကြတာလား။ ဒါမှမဟုတ် ငါက ပဲပိုပြီး ပုကွသွားတာများလား။’

အာရန်သည် ဒုတိယဖြစ်နိုင်ခြေကို လုံးဝမတွေးချင်ဘဲ ပထမဖြစ်နိုင်ခြေကိုသာ ပို၍နှစ်သက်မိလေသည်။

သူ့အတွက် ၎င်းကို အတည်ပြုရန်မှာ နည်းလမ်းတစ်ခုတည်းသာ ရှိလေသည်။

ထိုနည်းလမ်းမှာ ခြေရာများနောက်ကို လိုက်ကာ ကြည့်ရန်ပင်ဖြစ်၏။

သို့‌သော် သူ၏ လက်ရှိအမြင်အာရုံဖြင့် ၎င်းမှာပြောရသာလွယ်ခြင်းဖြစ်လေသည်။

ထိုဧရာမခြေရာပိုင်ရှင်၏ ခြေလှမ်းများသည် သူ့ထက်များစွာပိုမို၍ ကျဲလိမ့်မည်ဖြစ်၏။ ထိုသူသည် ရှေ့တည့်တည့်သို့သာ ဆက်လက်လျှောက်လှမ်းနေသရွေ့တော့ အာရန်အတွက် အဆင်ပြေနိုင်သေးသည်။

သို့သော် ထိုသို့မဟုတ်ပဲ ထိုသူသာ ရုတ်တရက် လက္ခဏာတစ်စုံတစ်ရာ မချန်ထားဘဲ တစ်နေရာရာသို့ ကွေ့သွားခဲ့ပါက ၎င်းသည် လုံးဝခြေရာခံမရပဲ လမ်းပျောက်သွားရပေလိမ့်မည်။

သို့သော်ဘယ်သွားလို့သွားရမှန်းမသိဖြစ်နေသော အာရန်အတွက်မူ ထိုသို့ပြုမူရန်မှလွဲပြီး အခြား‌ရွေးချယ်စရာများများစားစားလဲ မရှိပေ။

ဤသို့ဖြင့် အာရန်က ခြေရာများအတိုင်း စတင်လျှောက်လာလိုက်ရာ မကြာမီမှာပင် သစ်သားတောင်ငယ်လေးတစ်လုံးကဲ့သို့ ထင်ရသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့၏။

အစပိုင်းတွင် အာရန်သည် ထိုအကြောင်းကို များစွာမတွေးခဲ့ပေ။

ထိုတောင်ငယ်လေးသည် အမှန်တကယ် ဘယ်အရာဖြစ်သည် ဆိုခြင်းကို သဘောပေါက်ရန်မူ သူသည် ခေတ္တမျှ အချိန်ယူလိုက်ရသည်။

၎င်းသည် အမှိုက်အဖြစ် ဤနေရာတွင် ပစ်ချထားသော သာမန် သစ်ကိုင်းခြောက် သေးသေးလေးတစ်ချောင်းမျှသာ ဖြစ်လေသည်။

“တကယ်လို့ ဒါက သာမန် သစ်ကိုင်းခြောက် တစ်ချောင်းဆိုရင် ငါက တကယ်ပဲ...” အာရန်သည် သူ့အနေနှင့် တစ်စုံတစ်ခုကို လုံးဝဆုံးရှုံးသွားရသလို ခံစားလိုက်ရသည်။ သူသည် ထိုအဖြစ်မှန်ကို မယုံကြည်ချင်သေးပေ။

သူ တကယ်ပဲ သေးငယ်သွားခဲ့တာလား။

သူတစ်ဦးတည်းပဲ ကွက်၍ သေးငယ်သွားခဲ့ခြင်းလား...။

သို့မဟုတ် မျှော်စင်သခင်နှင့် တခြားနစ်ခရိုမန်ဆာများ အားလုံးလည်း သူ့ကဲ့သို့ ဤနေရာတွင်ရောက်သည်နှင့် အလိုလို သေးငယ်သွားကြသည်တဲ့လား..။

သူအစောပိုင်းအသုံးပြုခဲ့သော ငရဲလက်မှတ်နှင့်များ သက်ဆိုင်နေခြင်းလော...။

အာရန်သည် မည်သည့်အရာကိုမျှ သေခြာစွာ မတွေးတတ်တော့ပေ။

လူ့သဘာဝအရ ဒုက္ခရောက်နေစဉ်တွင်ပင် မိမိ၏ ရန်သူများကိုလည်း ထိုကဲ့သို့ ဒုက္ခမျိုး ခံစားရစေလိုသည်မှာရန် ပုံမှန်ပင်ဖြစ်သည် မဟုတ်ပါလော..။

အာရန်သည် ၎င်းအား သူတို့ကမ္ဘာမှ ဤကမ္ဘာသို့ ဝင်ရောက်လာသူတိုင်းအား သက်ရောက်စေလိုခဲ့သော အရာတစ်ခုဖြစ်ပြီး ငရဲလက်မှတ်၏ သက်ရောက်မှု ကြောင့် သူတစ်ယောက်တည်း ကွက်၍ သေးနေခြင်းမျိုး မဖြစ်စေလိုခဲ့ပေ။

ဤသို့ဖြင့် အာရန်၏ ကျောနောက်ဘက်တွင် တောင်ပံနှစ်ခု ပေါ်လာခဲ့ပြီး ဤခြေရာများ၏ ပိုင်ရှင်ကို ရှာဖွေရန် သူသည် ပို၍ပင် စိတ်မရှည်နိုင်ဖြစ်လာခဲ့ရသည်။

ထို့ကြောင့် အာရန်သည် သူ၏ မူလနဂါးအသွင်သို့ ပြောင်းလဲလိုက်ပြီး ထိုလမ်းကြောင်းအတိုင်း စတင်ပျံသန်း၍ လိုက်ပါသွားတော့သည်။

ထိုခြေရာလမ်းကြောင်းနောက်သို့ နေ့တစ်ဝက်ခန့် လိုက်ပါပြီးနောက် အာရန်သည် နောက်ဆုံး၌ ပြောင်းလဲသွားသော ရှုခင်းများကို သတိထားမိခဲ့လေသည်။

#Catfoot

All Chapters