← Chapters

သေးငယ်သောသမုဒ္ဒရာ

Vol. 37 Ch. 536

သေးငယ်သောသမုဒ္ဒရာ

Vol. 37 Ch. 536

...

ဤသို့ဖြင့် ရှေ့ဆက်လာခဲ့ရာ အဝေးတစ်နေရာတွင် မှိန်ဖျော့သော အလင်းရောင်တစ်ခုက အာရန်၏ အာရုံအား ဖမ်းစားထားလိုက်လေ၏။

ယခုအာရန်တွင် မြင်နိုင်စွမ်းအား များစွာလျော့နည်းနေသော်လည်း ရှေ့ရှိ မိုင်အနည်းငယ်အကွာတွင် ရှိနေသော ထိုအလင်းရောင်ကိုမူ ကောင်းစွာမြင်နိုင်နေဆဲပင်။

အလင်းရောင်မှာ မှောင်မိုက်သောပင်လယ်ပြင်ထက်တွင် တဖျပ်ဖျပ် လင်းလက်နေသော မီးအိမ်ငယ်လေးတစ်ခုပမာ နူးညံ့စွာ ယိမ်းနွဲ့လျက်ရှိလေသည်။ ထိုခြေရာကြီးများကလည်း ထိုဝေးကွာသော အလင်းရောင်ဆီသို့ ဦးတည်လျက်ရှိနေလေ၏။

ထို့ကြောင့် အာရန်သည်လည်း ထိုအလင်းရောင် ရှိရာဆီသို့ ဦးတည် သွားလိုက်သည်။

သူသည် ထိုနေရာသို့ နီးကပ်လာသည်နှင့်အမျှ သေခြင်းအော်ရာများကလည်း ပိုမို၍ ပြင်းထန်လာသည်ဟု ခံစားရလေသည်။

အာရန်သာ ဤထူးဆန်းသောငရဲဘုံသို့ မဝင်ရောက်နိုင်မှီက သူ၏ ကျင့်ကြံခြင်းမှ ပဉ္စမမြောက်အတားအဆီအား မဖြတ်ကျော်နိုင်ခဲ့ပါက ဤကဲ့သို့ ပြင်းထန်သောပတ်ဝန်းကျင်တွင် သူသည် လုံးဝအသိစိတ်လွတ်ကာ ရူးသွပ်သွားနိုင်ချေရှိနေခဲ့၏။

ဤသို့ဖြင့် အာရန်တစ်ယောက် ပိုမို နီးကပ်လာသည်နှင့်အမျှ အလင်းရောင်သည်လည်း ပိုမို၍ တောက်ပလာခဲ့ပြီး ရုတ်တရက် တောက်ပသော အပြာရောင်သန်းနေသည့် ရေပြင်ကျယ်ကြီးတစ်ခုအား မြင်တွေ့လိုက်ရလေသည်။

“ဒါက သမုဒ္ဒရာတစ်စင်းလား။ မဖြစ်နိုင်ပါဘူး။ ငါ့အမြင်မှာ အရာအားလုံးက ပိုကြီးတဲ့ကမ္ဘာတစ်ခုဖြစ်နေတဲ့အတွက် အဲ့လိုထင်မိသွားတာနေမယ်။ တကယ်က ဒီလောက်က သမုဒ္ဒရာဖြစ်ဖို့ အရမ်းသေးငယ်လွန်းနေတယ်။ ဒါက ရေကန်တစ်ခု ဒါမှမဟုတ် ရေအိုင်တစ်အိုင် ဖြစ်ရမယ်” ဟု အာရန်သည် သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း တွေးမိလိုက်သည်။

ကန်ရေပြင်အထက်တွင် အနက်ရောင်မြူခိုးများ ရှိမနေပေ။

နောက်ဆုံးတွင် အာရန်၏ မြင်နိုင်စွမ်းအားများ ပိုမိုတိုးတက်လာခဲ့ကာ ကန်၏ နေရာ အများစုကို မြင်နိုင်နေပြီဖြစ်၏။

အာရန်၏ မျက်စိတစ်ဆုံးတွင် ထိုအပြာရောင်ရေပြင်ကိုသာ မြင်နေရသေးပြီး ထိုရေပြင်၏အဆုံးသတ်ကိုမူ ယခုအချိန်ထိ မတွေ့ရသေးပေ။

“ခြေရာတွေက ဒီနေရာကို ဦးတည်နေတယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် အဲဒီခြေရာတွေရဲ့ ပိုင်ရှင်က ဘယ်မှာလဲ” အာရန်သည် ကန်အနီးသို့ ဆင်းသက်ရင်း စဉ်းစားလိုက်သည်။

သူသည် ကန်အထက်မှ ဆက်လက်ပျံသန်းရန်မူ မကြိုးစားတော့ပေ။ သေခြင်းရှင်ခြင်းမြစ်အား သူယခုအချိန်ထိ မမေ့လျော့သေးချေ။

ဤရေပြင်အတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို မသိဘဲနှင့် ရေထဲသို့ ဆင်းသက်ရန်လည်း သူမဝံ့ရဲပေ။

အာရန်သည် ဤနေရာသို့ ရောက်ရှိလာခဲ့သော်လည်း ချေရာပိုင်ရှင်၏ မည်သည့်လက္ခဏာမျှ မတွေ့ရှိရသေးပေ။

ထိုခြေရာများက ထိုကန်ရေပြင်ရှေ့တွင် ရိုးရှင်းစွာ အဆုံးသတ်သွားခဲ့ဟန်ရ၏။

ထိုပုဂ္ဂိုလ်သည် ဤရေပြင်အတွင်းသို့ ရိုးရှင်းစွာ ဝင်ရောက်သွားခဲ့ပုံရလေသည်။

ယခုအချိန် အာရန်သည် သူ့အား လုံလောက်သော ငွေကြေးပမာဏတစ်ခု ပေးချေမည်ဆိုလျှင်ပင် ဤထူးဆန်းသောရေများကို သောက်သုံးရန် ကြိုးစားဝံ့မည်မဟုတ်ပေ။

ဤကန်အတွင်းသို့ ဝင်ရောက်ရန်မှာမူ ပို၍ပင် ပြုလုပ်စရာအကြောင်းမရှိချေ။

ဤထူးဆန်းသော ကမ္ဘာတွင် သူ လိုက်နေခဲ့သော ခြေရာပိုင်ရှင်ကိုပင် ရှာမတွေ့နိုင်ပါက သူ၏ ညီအစ်ကိုတော်ကြီးကို သူ မည်ကဲ့သို့ ရှာဖွေနိုင်ဦးမည်နည်း။

ဤတာဝန်၏ ခက်ခဲမှုသည် နောက်ဆုံးတွင် စတင်ပေါ်ပေါက်လာခဲ့လေပြီဖြစ်သည်။

အထူးသဖြင့် နစ်ခရိုမန်ဆာမျှော်စင်တွင် ကျန်နေခဲ့သည့် ဝိညာဥ်နှင့် သူသည် မည်သည့်ချိတ်ဆက်ထားမှုကိုမျှ မခံစားရတော့သောကြောင့်လည်း ဖြစ်လေသည်။

သူ၏ စောင့်လျှောက်သူဝိညာဥ်ဘုရင်မ ယီလန်သည်ပင် သူ့နှင့် ဝိညာဥ်ခြင်း ချိတ်ဆက်ထားဆဲ ဖြစ်နေသော်လည်း ငရဲဘုံ၏ အမည်မသိ စွမ်းအားများကြောင့် သူမသည် သူ့ထံသို့ ရောက်ရှိလာနိုင်ခြင်းမရှိတော့ပေ။

အာရန်ပင် ဤနေရာသို့ မဝင်ရောက်ခင်က ဤကဲ့သို့သောအရာမျိုးကို မမျှော်လင့်မိခဲ့ချေ။

ယခုအချိန်တွင် သူသည် အမှန်တကယ် တစ်ကိုယ်တည်းဖြစ်နေပြီဖြစ်၏။

၎င်းသည် ဆက်သွားမလား အသေခံမလားဟူသည့် အခြေအနေမျိုးဖြစ်နေခဲ့ပြီး သူ့အနေဖြင့် အခြားသူများ၏ အကူအညီကိုမူ လုံးဝမျှော်လင့်နိုင်တော့မည်မဟုတ်ပေ။

သေခြင်းအဆီအနှစ်များက အာရန်၏ ဓားဧကရာဇ် အော်ရာ ကို ဖြည်းဖြည်းချင်း တိုက်စားနေသောကြောင့် သူသည် အနည်းငယ် ဗိုက်ဆာလာသည်ဟုပင် ခံစားလိုက်ရသည်။

အာရန်သည် သူ အစောပိုင်း သိမ်းဆည်းထားသော နစ်ခရိုမန်ဆာတစ်ဦး၏ နှလုံးသားကို ထုတ်ယူပြီး တစ်ကိုက် ကိုက်လိုက်သောအခါမှသာ သူ၏ သွေးအဆီအနှစ်အချို့ ပြန်လည်ပြည့်တင်းလာခဲ့သည်။

အာရန်သည် ထိုနစ်ခရိုမန်ဆာ၏ နှလုံးသားကြောင့် သေခြင်းအဆီအနှစ်များနှင့် စတင်၍ လိုက်လျောညီထွေ ဖြစ်လာခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် နစ်ခရိုမန်ဆာများသည် ငရဲပြည်၏ စွမ်းအားများကို စုတ်ယူ၍ ခွန်အားကြီးထွားလာကြသူများဖြစ်သောကြောင့်ပင်တည်း။

အာရန်သည် ငရဲဘုံတွင် ရှိနေစဉ် နစ်ခရိုမန်ဆာတစ်ဦး၏ ခန္ဓာကိုယ်ကို အခွင့်ကောင်းယူနိုင်သော ကမ္ဘာပေါ်ရှိ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်တန်ရာ၏။

သူသည် နှလုံးကို နောက်ဆုံးတစ်ကိုက် ကိုက်လိုက်ပြီးနောက် အခြားလမ်းကြောင်းများကို ဆက်လက်စဉ်းစားသင့်သလားဟု တွေးမိလိုက်သည်။

သို့သော် ထိုစဥ်မှာပင် သူ၏ ကံကြမ္မာ ရုတ်တရက် ပြောင်းလဲသွားသကဲ့သို့ တစ်စုံတစ်ရာသည်လည်း ရုတ်တရက် ပြောင်းလဲသွားခဲ့ရလေသည်။

...

အာရန်သည် သူ၏ရှေ့ရှိ ကန်ရေပြင်မှာ အဝေးတစ်နေရာတွင် စတင်၍ မြင့်တက်လာနေသည်ကို မြင်လိုက်ရလေသည်။

ဆူနာမီရေလှိုင်းများ တက်လာတော့မည့်အလားပင်။

ထိုရေများ ဘေးသို့ဆုတ်ခွာသွားသည်နှင့် လူတစ်ဦး၏ ပုံရိပ်သည် ရှင်းလင်းစွာပေါ်လာခဲ့လေ၏။

၎င်းသည် အမျိုးသမီးတစ်ဦးဖြစ်နေခဲ့ပြီး သူမ၏ ရှည်လျားသော ငွေရောင်ဆံပင်များက သူမ၏ ဝင်းလက်နေသော အသားအရေနှင့် လိုက်ဖက်ညီထွေ ဖြစ်လွန်းလှသည်။

သူမသည် လက်တစ်ဖက်ဖြင့် သူမ၏ မျက်နှာကို ပြန်သစ်လိုက်စဉ် တောက်ပသော ရေစက်ကလေးများသည် သူမ၏ အပြစ်အနာအဆာကင်းမဲ့၍ ဝင်းလက်နေသော အဝတ်ဗလာဖြစ်နေသည့် အသားအရေပေါ်သို့ စီးကျသွားခဲ့လေသည်။

ပုံမှန်အားဖြင့် ကန်လေးတစ်ကန်အတွင်း၌ ရေချိုးနေသော အမျိုးသမီးတစ်ဦးကို မြင်တွေ့ရခြင်းသည် ပုံမှန်မြင်ကွင်းတစ်ခု ဖြစ်သင့်သော်လည်း ဤသည်မှာ သာမန်အခြေအနေနှင့် လုံးဝကွာခြားနေသည်။

အကြောင်းမှာ ထိုအမျိုးသမီးသည် အာရန်အတွက် ဧရာမကြီးမား လွန်းနေသောကြောင့်ပင်တည်း။

အာရန်က သူမ၏ မျက်နှာကို မြင်ရရန်ပင် သူ၏ လည်ပင်းကို အတော်လေး ဆန့်တန်းထားရ၏။

သို့သော် သူမ၏ မြင်ကွင်းဆီမှ ပုန်းအောင်းနေရန်ကိုမူ သူ့အတွက် မလိုအပ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးသည် များစွာ ကြီးမားလွန်းနေသောကြောင့် သူမသည် သူ့အား သတိပင် ပြုမိမည်မဟုတ်ဟု သေချာနေသောကြောင့်ပင်။

သူမ၏ အမြင်အာရုံသည်သာ လွန်စွာ ထက်မြက်လွန်းနေခဲ့ခြင်းမျိုးမရှိပါက အာရန်၏ ဖြစ်တည်မှုသည် သူမအတွက် လူသားတစ်ဦးအစား ခြင်တစ်ကောင်နှင့်ပင် ပို၍ တူညီနေပေလိမ့်မည်။

အာရန်သည် သူ၏ လည်ပင်းပင် အနည်းငယ်တောင့်တင်းလာသလို ခံစားလိုက်ရပြီး သူ၏ ခေါင်းကို ပြန်လည်သက်တောင့်သက်သာဖြစ်အောင် ပြင်လိုက်သည်။

ထို့နောက် ခေါင်းကို တစ်ချက် ငုံ့ကြည့်လိုက်ရာ သူ့အား အနည်းငယ် ရှက်ရွံ့စေသော လုံးဝကွဲပြားခြားနားသည့် အရာတစ်ခုကို မျှော်လင့်မထားဘဲ တွေ့လိုက်ရသည်။

သူမ၏ ရင်ဘတ်သည် ရေပြင်ထက်မှ ပြူထွက်လျက်ရှိနေခဲ့ပြီး အာရန်၏ အရွယ်အစားနှင့် နှိုင်းယှဥ်မည်ဆိုလျှင် တောင်ပူစာကြီး နှစ်လုံးပမာ အမှန်ပင် ကြီးမားလွန်းနေခဲ့၏။

အာရန်သည် လူကြီးလူကောင်းဆန်ဆန် ထိုအရာဆီမှ ရှောင်ရှားရန် ကြိုးစားလိုကု်သော်လည်း အမျိုးသားတစ်ဦးအနေဖြင့်မူ ထိုမြင်ကွင်းသည် သူ့အတွက် စွဲမက်ဖွယ်ရာ ဖြစ်နေဆဲပင်ဖြစ်သည်။

အာရန်တစ်ယောက် ဤကမ္ဘာသို့ ရောက်ရှိလာစဥ် ကတည်းက အသစ်အဆန်းများစွာကို စဥ်ဆက်မပြတ် တွေ့ကြုံနေခဲ့ရလေသည်။

သေးငယ်သောနတ်သမီးတစ်ပါးကဲ့သို့ ဖြစ်တည်မှုဖြစ်သော ဆီလက်စ်ကလေးနှင့် ဆုံတွေ့ခဲ့ရသကဲ့သို့ ယခုအခါတွင်မူ ဧရာမအမျိုးသမီးတစ်ဦးကိုပါ မြင်ဘူးခဲ့ပြီဖြစ်၏။

ဤလောက အမှန်တကယ်ပင် အံ့ဩစရာများဖြင့် ပြည့်နှက်နေခဲ့လေသည်။

“သူမက သန်မာလွန်းတယ်။”

သူမ၏ ဆွဲဆောင်မှုရှိလွန်းသော ကိုယ်လုံးကိုယ်ပေါက်သည် သူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့် တစ်ခုတည်းသော အရာတော့မဟုတ်ပေ။

သူမသည် အတော်လေး သန်မာသည်ဟုလည်း အာရန်တစ်ယောက် ခံစားမိခဲ့လေသည်။

သူမသည် မျှော်စင်သခင်နှင့် ယှဥ်လျှင်ကော....။

ထိုအရာကိုတော့ သူ့အနေနှင့် မသေချာခဲ့ပေ။

ယခုအချိန် အာရန်အတွက် သေခြာနေသည့်အရာတစ်ခုမှာမူ သူမသည် အန္တရာယ်ရှိနေသည်ဆိုခြင်းကိုပင်။

ထိုအရာက သူ၏ ဗီဇအရ သူ့အား အလိုလို သတိပေးနေခြင်းမျိုးဖြစ်လေသည်။

ငရဲဘုံသည် အန္တရာယ်ရှိလိမ့်မည်ဟု သူ မျှော်လင့်ထားပြီးဖြစ်သော်လည်း ၎င်းသည် သူ့အပေါ် ပို၍ပင် လွှမ်းမိုးနိုင်စွမ်းရှိလာနေခဲ့သည်။

အာရန်သည် ကန်ထဲတွင် ကူးခပ်နေသည့် ဧရာမ အမျိုးသမီးအား ကြည့်နေစဉ် အောက်ရှိ မြေပြင်သည် ရုတ်တရက် တုန်ယင်လာသည်ဟု ခံစားမိလိုက်သည်။

ထို့နောက် အာရန်သည် သူ၏ နားများပင် ဟိန်းထွက်သွားသည်အထိ ကျယ်လောင်သော ခြေသံများကို ကြားလိုက်ရလေသည်။

သူ၏ အကြားအာရုံကို ပို၍ သက်တောင့်သက်သာဖြစ်စေရန် နဂါးလျှာအစွမ်းကိုပင် အလျှင်အမြန်အသုံးပြုလိုက်ရ၏။

ခြေသံများက ပို၍ပင် ကျယ်လောင်လာခဲ့ပြီး မကြာမီပင် အခြားဧရာမပုံရိပ်တစ်ခုသည် သူ၏ မျက်စိရှေ့တွင်ပေါ်လာခဲ့သည်။

၎င်းသည် ခန္ဓာကိုယ်ပေါ်တွင် သွေးအနည်းငယ်ပင် မရှိသလောက် နီးနီးဖြစ်နေပုံရသော ဖြူဖျော့သော အသားအရည်ပိုင်ရှင် နောက်ထပ် ဧရာမ အမျိုးသမီးတစ်ဦး ပင်ဖြစ်လေ၏။

“သခင်မလေးက ဒီမှာကိုး” ဟု သူမက ကန်ရေပြင်ကို ကြည့်ရင်း ပြောလိုက်သည်။

“ငါ ဒီမှာရှိနေတုန်း လာမနှောင့်ယှက်ရဘူးလို့ မင်းကို မပြောထားဘူးလား”

အစောပိုင်းရေချိုးနေသောဧရာမ အမျိုးသမီးသည် ရေထဲမှ ပြန်လည်ထွက်လာခဲ့ပြီးနောက် သူမ၏ နှုတ်ခမ်းများကို ဖွင့်ဟလိုက်ရာ ချွန်ထက်သော ဗန်ပိုင်းယား (သွေးစုတ်ဖုန်ကောင်) ကဲ့သို့ အစွယ်များကို အာရန်တစ်ယောက် မြင်တွေ့လိုက်ရလေသည်။

#Catfoot

All Chapters