← Chapters

ငါတစ်ယောက်တည်းပေ့ါ

Vol. 37 Ch. 538

ငါတစ်ယောက်တည်းပေ့ါ

Vol. 37 Ch. 538

...

ယဲ့ဗ်နီ၏ ဖခင်သည် သူ့သမီး၏ အလှတရားအား တနှာရာဂကြီးမားသော မူလကြယ်တစ်ပါး၏ အာရုံစိုက်မှုကို ခံနေရပြီဖြစ်မှန်း သဘောပေါက်ခဲ့သည်။

ရီဇီခီယဲလ်သည် သူ့သမီး၏ ချောမောလှပမှုအကြောင်း တစ်နေရာရာမှ ကြားသိသွားခြင်းဖြစ်ဟန်ရကာ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အကယ်၍ ထိုကောလာဟလကို သူကိုယ်တိုင် အတည်ပြုပြီး သူမအား စိတ်ဝင်စားသွားခဲ့မည်ဆိုပါက ရှောင်လွှဲ၍ မရနိုင်သော အကျိုးဆက်နှစ်ခုထဲမှ တစ်ခုကို မလွှဲမသွေကြုံတွေ့ရမည်ဖြစ်၏။

ထိုအကျိုးဆက်နှစ်ခုမှာ မူလကြယ် သေဆုံးခြင်း သို့မဟုတ် သူ့သမီး ယဲ့ဗ်နီ သေဆုံးခြင်းတို့ဖြစ်လေသည်။

ယဲ့ဗ်နီသာ သေဆုံးသွားပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။

သို့သော် သတ္တမ မူလကြယ်သည်သာ ဤနယ်မြေတွင် သေဆုံးသွားခဲ့ပါက ပထမမူလကြယ်ကိုယ်တိုင် မကြာမှီ ဤနေရာသို့ ရောက်ရှိလာလိမ့်မည်ဖြစ်၏။

ထိုသို့ဖြစ်သွားခဲ့ပါက သူတို့၏ မိသားစုကလန်ကြီးတစ်ခုလုံးသည် သတ္တမကြယ် ဖြစ်သူ ရီဇီခီယဲလ်နှင့် အတူတကွ မြှုပ်နှံခြင်းကို ခံရလိမ့်မည်မှာ မလွှဲမသေ ဧကန်ပင်ဖြစ်လေသည်။

ယဲ့ဗ်နီ၏ ကံကြမ္မာသည် မည်သည့်အခြေအနေတွင်မဆို သတ်မှတ်ထားပြီးသား ဖြစ်နေခဲ့ပြီဖြစ်သည်။

သူမကို ကယ်တင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ သတ္တမမူလကြယ်၏ အကြည့်ကို ဖမ်းစားနိုင်လောက်အောင် သူမအနေနှင့် ဆွဲဆောင်မှုရှိမနေမှသာ ဖြစ်ပေလိမ့်မည်။

သူမသည် လှည့်ဖြားမှုအချို့ကို ပြုလုပ်နိုင်လေသည်။

သို့သော် မူလကြယ်သည် ထိုလှည့်ဖြားမှုကို အလွယ်တကူ မြင်တွေ့နိုင်ပေလိမ့်မည်။ အစစ်အမှန်ဖြစ်မှသာလျှင် သူ့အား လှည့်စားနိုင်နိုင်မည်ဖြစ်ပြီး ယဲ့ဗ်နီ လုပ်ဆောင်ရမည့်အရာမှာ ထိုသို့သောအရာပင်ဖြစ်သည်။

“သ..သခင်မလေး ယဲ့ဗ်နီ”

ယဲ့ဗ်နီသည် သူမ၏ မျက်နှာအရေပြားကို တစ်လက်မမျှပင် မချန်ထားဘဲ ဓားဖြင့် ကိုယ်တိုင်လှီးဖြတ်နေသည်အား မြင်လိုက်ရသောအခါ အစေခံမလေးသည် အတော်လေး ထိတ်လန့်သွားခဲ့ရလေသည်။

ဒဏ်ရာများသည် ထိုဓားမြှောင်၏ ကုသမှုအစွမ်းကြောင့် အန္တရာယ်မရှိနိုင်သော်လည်း သူမ၏ မျက်နှာအစိတ်အပိုင်းများတွင်မူ အမာရွတ်များအမြဲတမ်း ကျန်ရှိနေတော့မည်ဖြစ်၏။

သူမသည် ထိုမျှနှင့် မရပ်သေး ထိုဓားမြှောင်အား သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်ချလိုက်ရာ ဓားချက်တစ်ချက်စီတိုင်းတွင် နာကျင်မှုဝေဒနာများကို ခံစားနေရသော်လည်း သူမသည် ဆက်လက်၍ လှီးဖြတ်နေဆဲပင်။

“သူတို့တွေ သတ္တမကြယ်ဆိုတဲ့ကောင်ကို ကြောက်နေကြတာကလဲ နည်းနည်းတော့ များလွန်းမနေဘူးလား။ သူတို့နှစ်ယောက်စလုံး ဒီလောက် ခွန်အားကြီးနေတာတောင် အဲ့ကောင်ကို ဒီလောက် ကြောက်နေကြရတာလား။ အဲ့ဒီ သတ္တမကြယ်ဆိုတဲ့ ကောင်က ဘယ်လောက်‌တောင် ကြောက်ဖို့ကောင်းနေလို့လဲ”

“ငါ ဒီနှစ်ယောက်နဲ့အတူ သူတို့မိသားစုကလန်အထိ လိုက်သွားသင့်သလား။ အဲ့ဒီလိုဆို မူလကြယ်ဆိုတဲ့တစ်ယောက်နဲ့ ငါတွေ့ကောင်းတွေ့ရနိုင်တယ်။ ဒါပေမဲ့ ဒါက အန္တရာယ်တော့များလိမ့်မယ်”

အာရန်သည် သူ၏ နောက်ထပ်ခြေလှမ်းများအကြောင်းကို စဥ်းစားစပြုနေရပြီဖြစ်၏။

သူသည် ၎င်းတို့ကို လိုက်သွားနိုင်သော်လည်း ၎င်းက အန္တရာယ်များသောခရီးစဥ်တစ်ခုဖြစ်နေပေလိမ့်မည်။

ကြယ်များသည် သူ့အား သို့မဟုတ် သူ၏ ရှေ့မှ ရောက်နှင့်ပြီးဖြစ်သော နစ်ခရိုမန်ဆာများကို ရှာဖွေရန် ဤနေရာသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်နိုင်လေသည်။

ထိုသို့ဆိုပါက သူ့အနေနှင့် သူ့အား ရှာဖွေနေသူများထံသို့ တည့်တည့်မက်မက် သွားရောက်ခြင်းနှင့် တူညီပေလိမ့်မည်။

အကယ်၍ အာရန်သာ ထိုကြယ်များနှင့် အလွန်နီးကပ်သွားမိပါက သူ့ကိုတွင် သူ့အား ရှာဖွေဖော်ထုတ်နိုင်သည့် နည်းလမ်းတစ်ခု ရှိနိုင်မရှိနိုင်ကိုပင် သူ့အနေနှင့် မသိနိုင်ပေ။

တစ်ချိန်တည်းမှာပင် သူ့အနေနှင့် ဤနေရာတွင်လည်း နောက်ကျန်နေရစ်ခဲ့၍ မဖြစ်သေးချေ။

သူသည် ဘာကိုမျှ ကောင်းစွာ မမြင်နိုင်သော ဤကဲ့သို့နေရာမျိုးတွင် နောက်ထပ်တစ်စုံတစ်ဦးကို ရှာတွေ့နိုင်ရန်ပင် မနည်းကျိုးစားရပေလိမ့်မည်။

သူတို့ကို ဤအတိုင်း လက်လွှတ်ခံလိုက်ပါက ဤနေရာမှ သူ ဘယ်တော့မှ ထွက်နိုင်တော့မည် မဟုတ်သည်ပင် ဖြစ်သွားနိုင်လေသည်။

ထို့အပြင် ထိုမိန်းကလေးများနောက်သို့ လိုက်မသွားပဲ ဤနေရာတွင် နေခဲ့ခြင်းဖြင့်လည်း ထိုကြယ်များတွင် သူ့အား ရှာဖွေဖော်ထုတ်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိနေခဲ့လျှင် ဤနေရာတွင် ဆက်လက်နေခဲ့ခြင်းကလည်း ‌ရွေးချယ်မှုကောင်းတစ်ခု မဟုတ်တော့ပေ။

“မကြာခဏဆိုသလို အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာတစ်ခုလည်း ဖြစ်နေတတ်တာပဲလေ။ ပြီးတော့ ဒီဧရာမကောင်မလေးကလည်း သူတို့ကို ရှောင်ချင်နေပုံရတယ်။ တွေးကြည့်ရင် သူတို့နဲ့လိုက်သွားတာက သိပ်တော့လဲ မဆိုးလောက်ပါဘူး”

အာရန်သည် မိန်းကလေးများနောက်သို့ လိုက်သွားမိရန် မိမိကိုယ်ကိုယ် ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။

သူတို့မှတစ်ဆင့် ဤကမ္ဘာ၏ အထက်ပိုင်းအဆင့်များအတွက် ကန့်သတ်ထားသော အချက်အလက်များကို သူသည် ရရှိနိုင်မည်ဖြစ်သည့်အပြင် ၎င်းတွင် သူ၏ ငရဲဆီမှ ညီအစ်ကိုတော်အကြောင်း သတင်းများလည်း ပါဝင်နိုင်ပေသည်။

ဤလူများသည် ထိုအစေခံမလေး၏ပြောစကားအရ မြို့တော်ဟုခေါ်သည့်နေရာမှ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ရပေမည်။

ငရဲပြည်သည် တိုက်ကြီးလေးခုရှိသည့် ကမ္ဘာမြေနှင့် တူညီသော ဥပဒေသများကို လိုက်နာခြင်း ရှိမရှိ မသေခြာသေးသော်လည်း ထိုမြို့တော်ဆိုသည့်နေရာသည် ငရဲပြည်၏ အရေးအပါဆုံး နေရာတစ်ခုဖြစ်နိုင်ခြေမှာမူ အလွန်မြင့်မားလေသည်။

ထိုဧရာမအမျိုးသမီးသည် သူမ၏ ခန္ဓာကိုယ်ကို အမာရွတ်များ ပြုလုပ်လိုက်ပြီးနောက် ဓားမြှောင်ကို ပြန်သိမ်းထားလိုက်သည်။

ပုံမှန်အားဖြင့် သူမ၏ဒဏ်ရာများသည် သူ့အလိုလို ပျောက်ကင်းသွားရပေလိမ့်မည်။

သို့သော် ဓားမြှောင်၏ အကျိုးသက်ရောက်မှုအောက်တွင် သူမ၏မျိုးဆက်သွေး မည်မျှရှိစေကာမူ ထိုဒဏ်ရာများသည် ပြန်လည် ပျောက်ကင်းနိုင်မည်မဟုတ်ပေ။

၎င်းက သူမအနေနှင့် လိုချင်နေသောအရာလည်း ဖြစ်လေသည်။

သူမသည် ကလန်၏ အလှဆုံးမိန်းကလေးတစ်ဦးအဖြစ်မှ ယခုအခါတွင် ရုပ်အဆိုးဆုံး မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကိစ္စအဝဝ ပြီးစီးသွားသောအခါ သူမသည် ထိုနေရာမှ စတင်ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

အာရန်သည် သူ၏ အတောင်ပံများကို ဖြန့်ကျက်ကာ ထိုမိန်းကလေးနှင့် အကွာအဝေးတစ်ခုတွင် ပုံးအောင်းနေခဲ့ရာမှ တစ်လှမ်းတည်းဖြင့် မိန်းကလေးဆီသို့ ရောက်အောင် စတင်ပျံသန်းလိုက်သည်။

အရွယ်အစားကြောင့် အာရန်သည် ထိုနှစ်ယောက်၏ အမြန်နှုန်းကို လိုက်မီရန်မှာ အတော်လေး ခက်ခဲလေသည်။

ပို၍ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသည်မှာ အမြင်အာရုံများကို ကန့်သတ်ထားသော ထိုမှောင်မိုက်သော မြူခိုးငွေ့များကို ထပ်မံဖြတ်သန်းရခြင်း ပင်ဖြစ်၏။

ကံကောင်းစွာဖြင့် ခြေသံများ ရှိနေသောကြောင့် လမ်းကြောင်းကို ရှာဖွေ ခန့်မှန်းရန်မှာ အတော်လေး အထောက်အကူ ဖြစ်ခဲ့ရသည်။

နာရီဝက်နီးပါးခန့် လျှောက်သွားပြီးနောက် မိန်းကလေးများသည် သူတို့၏ အရှိန်ကို လျော့ချလိုက်ကြသည်။

အာရန်သည် သူတို့နှစ်ဦးနှင့် ပိုမို နီးကပ်သွားနိုင်ခဲ့ပြီး နောက်ဆုံးတွင် သူ၏အမြန်နှုန်းသည် ထိုနှစ်ယော်ကအား ကျော်လွန်သွားခဲ့သည်။

အာရန်သည် ဝေးကွာသောနေရာတစ်ခုမှ ခြင်တစ်ကောင်ပမာ လိုက်ပါနေရခြင်းအား ငြီးငွေ့လာ၍ ထိုမိန်းကလေး နှစ်ဦး၏ အနီးတွင် အရဲစွန့်၍ နီးကပ်စွာ ပျံသန်းရန် ကျိုးစားလိုက်သည်။

ထို့နောက် အာရန်သည် ယဲ့ဗ်နီ၏ ဝတ်ရုံအား ဆွဲကိုင်ထားလိုက်ကာ ၎င်းတွင် တွဲလွဲခိုနေစေရန် သူ၏လက်သည်းများကို ထိုးစိုက်ထားလိုက်၏။

“နောက်ဆုံးတော့ ကျူးကျော်သူတွေကို မိပြီ ဟား ဟား ဟား မြန်လိုက်တာ” အာရန်အား အံ့အားသင့်သွားစေသည့် နောက်ထပ် အော်ဟစ်ရယ်မောသံ တစ်ခုမှာ ထိုနေရာအနီးတွင် ထွက်ပေါ်လာခဲ့လေသည်။

...

အာရန်သည် ထပ်မံ၍ စွန့်စွန့်စားစား ပျံသန်းနေရန် မလိုအပ်တော့ပေ။

သူသည် ယဲ့ဗ်နီဆိုသူ ဧရာမအမျိုးသမီး၏ ဝတ်ရုံအတွင်း၌ ပုန်းအောင်းနေနိုင်ပြီဖြစ်ကာ အခြားသူများ၏ စူးစမ်းလိုသော အကြည့်များကို ရှောင်ရှားနိုင်ပြီဖြစ်၏။ တစ်ချိန်တည်းမှာပင် သူသည် အနားပြန်ယူရင်း သူ၏စွမ်းအင်များကိုလည်း ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်သည်။

ယဲ့ဗ်နီသည် တောအုပ်ထဲမှ ထွက်လာသည်နှင့် သူမ၏မိသားစုပိုင် နယ်မြေအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကာ အရိုးများဖြင့် ပြန့်ကြဲနေသော မြေပြင်သည် တံတားတစ်စင်းကဲ့သို့ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးထားသည့်နှယ် တည်ရှိနေလေ၏။

သူမ သည် မိသားစုကလန်၏ ဝင်ပေါက်ဝသို့ ရောက်ရှိသွားသောအခါ အစောင့်များသည် သူမအား အကြိမ်ကြိမ်စူးစမ်းမိလိုက်ကြပြီး မေးခွန်းများ မမေးမိစေရန်နှင့် သူမ၏ပုံစံကို မည်သည့် မသတိမှုမျိုးမျှ မပြမိစေရန် အစွမ်းကုန် ကြိုးစားနေကြရပုံပေါ်သည်။

သူတို့သည် အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်လည်း ရလေသည်။

သူမသည် ဤနေရာမှ ထွက်သွားခဲ့စဥ်က အလွန်လှပလွန်းသူတစ်ဦးဖြစ်ခဲ့သည်။

သို့သော် ယခုပြန်ရောက်လာသောအခါတွင်မူ အဘယ်ကြောင့် ဤမျှ အမာရွတ်များ အပြည့်ဖြင့် ရုပ်ဆိုးပန်းဆိုးဖြစ်သွားခဲ့ရသနည်း။

လမ်းတစ်လျှောက်တွင် တစ်စုံတစ်ဦးက သူမအား ချောင်းမြောင်း တိုက်ခိုက်ခဲ့ခြင်းလော...။

သူမ၏ ကိုယ်ပိုင် အစေခံမလေးသာ သူမနောက်သို့ လိုက်ပါမလာခဲ့ပါက အစောင့်တို့သည် သူမ အဝတ်အစားများ တူညီနေသော်လည်း အစစ်အမှန်သခင်မလေး ယဲ့ဗ်နီ ဟုတ်မဟုတ်ကို သံသယဝင်မိခဲ့ကြပေလိမ့်မည်။

“နင်တို့ ငါ့ အစာမဖြစ်ချင်ရင် ခုချင်ခြင်း လမ်းဖယ်ပေးကြ” ဟု ယဲ့ဗ်နီက အစောင့်များကို ပြောလိုက်ရာ သူတို့သည် အလျင်အမြန်ပင် ဘေးသို့ ဖယ်ပေးပြီး သူတို့၏ အပြုအမူအတွက် အကြိမ်ကြိမ် တောင်းပန်လိုက်ကြသည်။

သူမ၏ ပုံပန်းသဏ္ဌာန်ကြောင့် ခဏတာ အာရုံပျံ့လွင့်သွားခဲ့ရာ ဤအမျိုးသမီး မည်မျှ အန္တရာယ်ရှိသည်ကို သူတို့ မေ့လျော့နေခဲ့ကြပုံရလေသည်။

ယဲ့ဗ်နီသည် အတွင်းသို့ ခြေလှမ်းရန် ပြင်ဆင်လိုက်ပြီး အာရန်သည်လည်း သူ့အား မည်သူမျှ သတိမထားမိခြင်းကြောင့် အတော်လေး စိတ်သက်သာရာ ရခဲ့၏။

ထိုစဥ် “ကျူးကျော်သူ” ဟူသော အသံတစ်သံသည် ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

အာရန်၏ မျက်နှာအမူအရာများ မှောင်မိုက်ကျသွားခဲ့၏။

သူ ဤမျှ မြန်ဆန်စွာ ဖမ်းမိသွားခဲ့သည်တဲ့လား။

ဤကလန်တွင် နယ်မြေ အဝင်ဝကို ဖြတ်ကျော်မိသည်နှင့် ကျူးကျော်သူများကို ထောက်လှမ်းနိုင်သည့် ထူးဆန်းသည့် နည်းစနစ်တစ်ခုခု အမှန်တကယ်ပင် ရှိနေခဲ့သည်လား..။

“နောက်ဆုံးတော့ ကျူးကျော်သူတွေကို မိပြီ ဟား ဟား ဟား မြန်လိုက်တာ” အာရန်တစ်ယောက် အံ့အားသင့်နေစဥ်မှာပင် နောက်ထပ်အော်သံတစ်ခု ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

သူသည် ရုတ်တရက် တစ်ခုကို သတိထားမိလိုက်သည်။

သူ့အား မိသွားခြင်းဆိုပါက အဘယ်ကြောင့် ကျူးကျော်သူဟု မသုံးနှုန်းပဲ ကျူးကျော်သူများကို မိပြီဟု သုံးနှုန်းလိုက်ရသနည်း။

ထို့ကြောင့် ဤကိစ္စသည် သူနှင့် ပတ်သက်၍ ပြောနေခြင်းမျိုးတော့ မဟုတ်တန်ရာပေ။

ထို့နောက် အာရန်သည် အလွန်အမင်း သတိထားကာ အမျိုးသမီး၏ ဝတ်ရုံအတွင်းမှ သူ၏ ဦးခေါင်းကို ပြူထွက်ကာ ယခင် ဆီလက်စ်ကလေးကဲ့သို့ ချောင်းကြည့်လိုက်၏။

ထိုအခါ သံကြိုးများဖြင့် ချည်နှောင်ထားသော လူနှစ်ယောက်ကို ဆွဲခေါ်လာကြသည့် ကြီးမားသော အစောင့်များကို မှင်သက်စွာ မြင်တွေ့လိုက်ရလေသည်။

“ငါ့ဘဝကလဲနော် ကံဆိုးလိုက်တာ”

အာရန်သည် ထိုခေါ်ဆောင်လာသော ကျူးကျော်သူများကို မြင်လိုက်ရသောအခါ စိတ်ပျက်လက်ပျက်ဖြင့် တိုးတိုးလေးရေရွတ်မိလိုက်သည်။

ထိုအဖမ်းခံလာသူနှစ်ဦးသည် နစ်ခရိုမန်ဆာမျှော်စင်၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြလေသည်။

ထို့ကြောင့် သူတို့သည် မျှော်စင်သခင်နှင့်အတူ ရောက်ရှိလာခဲ့ကြသော ခန်းမမှူးများစွာထဲမှ နှစ်ဦး ဖြစ်ကြောင်း သေချာသွားခဲ့သည်။

အာရန်ကို အကြီးအကျယ် စိတ်ပျက်အားငယ်စေခဲ့သည့်အချက်မှာ သူတို့နှစ်ယောက်၏ အရွယ်အစားများသည် လုံးဝပုံမှန်အတိုင်းဖြစ်နေကြခြင်းပင်။

ဤကမ္ဘာမှ လူများသည် ဘီလူးမျိုးနွယ်ဝင်များ ဟုတ်ကြပုံမရ‌ပေ။

ယင်းအသား သူသည်သာ အလွန်အမင်း သေးငယ်သွားခြင်း ဖြစ်ခဲ့လေသည်။

“ငါတစ်ယောက်တည်းပေါ့…”

နောက်ဆုံးတွင် အာရန်သည် ထိုအရာကို သဘောပေါက်သွားတော့သည်။

#Catfoot

All Chapters