← Chapters

မျက်နှာအပြာနှင့် ဆန်းကြယ်သည့်လူ

Vol. 22 Ch. 320

မျက်နှာအပြာနှင့် ဆန်းကြယ်သည့်လူ

Vol. 22 Ch. 320

"မေးစရာ မေးခွန်းတစ်ခုခုရှိရင် ကျွန်တော့်ဆီကို လွတ်လွတ်လပ်လပ် လာမေးလို့ရတယ်.."

ရွှီယန်က ဆွေးနွေးပြောဆိုမှု ပြုပြီးနောက် ဖန်းယွမ်နှင့် သူ၏လူများအတွက် စာရွက်များကို ပေးခဲ့၏။

"ကောင်းပါပြီ။ ကောင်းပါပြီ.."

ဖန်းယွမ်နှင့် လူတစ်စုက စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားသည်။ အတူတူစုကာ သဟွသိုင်းပညာကို လေ့လာ၏။

ရွှီယန်က သူတို့ကို လျစ်လျူရှု့ကာ ချန်းလန်ကျွန်းပေါ်ရှိ တောင်ထွတ်တစ်ခုတွင် ကျင့်ကြံမှုပြုသည်။ တင်ပျဉ်ခွေထိုင်ကာ ထုံးရွှမ်အဆင့်၏ လျှို့ဝှက်ဆန်းကြယ်မှုများအပေါ် ဆက်လက်သုံးသပ်၏။ သေခြင်းရှင်ခြင်းဓားစက်ဝန်း၏ ဓားတာအိုနှင့် တောင်နှင့်မြစ် ဓားတာအိုတို့ကိုလည်း ကျင့်ကြံသည်။

ဖန်းယွမ်တို့မှာ စာရွက်များအတွင်းရှိ ကျင့်ကြံမှုနည်းလမ်းများကို စေ့စေ့စပ်စပ် ကြည့်ရှုရင်းက အံ့သြလာကြသည်။

"ရွှေအရိုး... မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့အထိ တိုင်အောင် ထာဝရတောက်ပနေပြီး မဖျက်ဆီးနိုင်တဲ့ စွမ်းအားကြီးမားတဲ့ ရွှေအရိုးကို တကယ်ပဲ သန့်စင်နိုင်တာလား.."

"ဒါက... ကျောက်စိမ်းအရိုး... အပြစ်အနာအဆာကင်းမဲ့ပြီး ခေတ်တွေ ဘယ်လောက်ကြာကြာ ပြောင်းလဲမှုမရှိဘူး။ ဒါက အရမ်းကို မှော်ဆန်လွန်းသွားပြီ။ အရမ်းကို နက်နဲလွန်းသွားပြီ။ ဆန်းကြယ်လွန်းသွားပြီ.."

ဖန်းယွမ်နှင့် လူစုမှာ လုံးဝ အံ့ဩနေကြသည်။ ရွှေအရိုးမှာပင် လုံလောက်အောင် လျှို့ဝှက်ဆန်းကြယ်နေပြီးဖြစ်၏။ ပိုမိုစွမ်းအားကြီးသည့် ကျောက်စိမ်းအရိုးဆိုလျှင် ပိုတောင် ဆိုးသေးသည်။

လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ထိုအဆင့်အထိ သန့်စင်နိုင်သည်မှာ အမှန်တကယ် ဖြစ်နိုင်လို့လား။ ထို့အပြင် ဤသည်မှာ သိုင်းပညာ၏ အခြေခံသာ ရှိပါသေးသည်။

'အရိုးတွေ၊ ကြွက်သားတွေ.. မိုးခြိမ်းသလို မြည်ဟီးပြီး သွေးနဲ့ချီက မြစ်ရေလို စီးထွက်လာခဲ့တယ်... ဒါက တကယ့်ကို မယုံနိုင်စရာပဲ။ တကယ့်ကို မယုံနိုင်စရာပဲ..'

သိုင်းပညာ ပညာရှင်အုပ်စုက အံ့သြမှုဖြင့် နစ်မွမ်းနေကြသည်။ သူတို့သည် လောကသစ်တစ်ခု ဖွင့်လှစ်လာသည့်အလား မိုးကုပ်စက်ဝိုင်း အသစ်တစ်ခုအား မြင်တွေ့လိုက်ရသည်အလား ရှိနေကြ၏။

'ငါ့ကိုယ်ငါ သိုင်းသခင်တစ်ယောက် ဖြစ်နေတာ တကယ်ပဲ မုန်းတီးမိတယ်။ မဟုတ်ရင် သဟွသိုင်းပညာကို သေချာပေါက် ကျင့်ကြံမှာ..'

ပညာရှင်တစ်ယောက်က ရင်ဘတ်ကိုထုကာ မကျေမနပ်ဖြင့် ပြောသည်။ ကျန်ရှိသည့် အချိန်များတွင် ဖန်းယွမ်တို့သည် စာရွက်များကို အကြိမ်ကြိမ် ဖတ်ရှု့ကာ ပါဝင်သည့် အချက်အလက်များကို လေ့လာ၏။ တဖြည်းဖြည်းနှင့် နားလည်အောင် ပြုလုပ်ကာ အတွင်းဘက်နယ်မြေရှိ သိုင်းကြမ်းများနှင့် ကိုးကားစွာ စဉ်းစားသည်။

သူတို့သည် ချီနှင့်သွေးကို အာရုံခံနိုင်မည်လားဟုပင် စမ်းသပ် ကျင့်ကြံကြည့်ခဲ့ကြ၏။ သို့ပေမယ့် သူတို့၏ သိုင်းပညာ အခြေခံမှာ ကျောက်တုံးကဲ့သို့ မာကျောကျစ်လစ်နေပြီး ဖြစ်သည်။ သိုင်းသခင်အဆင့် သိုင်းသမားများအနေနှင့် ဘယ်လိုလုပ်ပြီး နည်းစနစ် အသစ်ကို ကျင့်ကြံနိုင်မည်နည်း။

ကိုယ်ကိုယ်တိုင် နားလည်နိုင်ခြင်းမရှိသည့် ပိုမိုရှုပ်ထွေးသည့် နေရာအချို့တို့တွင် ရွှီယန်၏ အကူအညီကို အကြိမ်အနည်းငယ် သွားရောက် တောင်းခံလေ့ ရှိသည်။

ရက်များ ကြာလာပြီးနောက် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ ရောက်လာကြ၏။

"အဆင့်ချိုးဖျက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ် ညီလေးရွှီ.."

ရှဲ့လင်ဖုန်းက ပြန်ပြောင်း တွေးတောသည်။ ယခုမျှ တိုတောင်းလှသည့် အချိန်တိုအတွင်းတွင် ရွှီယန်သည် ထုံးရွှမ်အဆင့်ကို ချိုးဖျက်သွားခဲ့၏။ သူရှဲ့လင်ဖုန်း ကိုယ်တိုင်မှာတော့ အကြီးစားကျွမ်းကျင်မှုအဆင့်သို့သာ ချိုးဖျက်ရုံ ရှိပါသေးသည်။

တစ်ဆင့်ခြင်းတွက်ပါက အရမ်းကြီး ဝေးကွာခြင်း မရှိပေမယ့် ခွန်အားအရာတွင်တော့ ခြားနားချက်က ပိုမိုပိုမိုကာ ကြီးထွားလာခဲ့သည်။ ဓားတာအိုအပေါ် သူ၏ အတွေးအမြင်တို့ မြင့်တက်လာသည့်ကစား သန့်စင်သော ဓားနှလုံးသားကို အောင်မြင်စွာ နားလည်နိုင်ခြင်း မရှိသေးပေ။

အစစ်အမှန်ချီကို သန့်စင်ပြီး ဖြစ်ပေမယ့်လည်း မူလအဆင့် သိုင်းသမားတစ်ယောက် မဟုတ်သေးပေ။ မည်ကဲ့သို့ပင် ဖော်ပြရမည်မသိ ဖြစ်နေ၏။

သူသည် မူလအဆင့် သိုင်းသမားတစ်ယောက် မဟုတ်သလို သိုင်းသခင်တစ်ယောက်လည်း မဟုတ်ပါ။

"အကိုရှဲ့... မင်းအစစ်မှန်ချီကို သန့်စင်နေတာ အချိန်တစ်ခုတောင် ကြာပြီးနေပြီ။ သဟွသိုင်းပညာကို ပြောင်းလဲကျင့်ကြံဖို့အတွက် အတွေးအမြင် အသစ်တွေများ ရသေးလား.."

ရွှီယန်က တွေးဆစွာမေး၏။

"အဲ့ဒါက ခက်ခဲလွန်းတယ်.."

ရှဲ့လင်ဖုန်းက နက်ရှိုင်းစွာ သက်ပြင်းချသည်။

သူလည်းပဲ ထိုမေးခွန်းအတွက် စဉ်းစားနေပါသည်။ သို့ပေမယ့် သဲလွန်စမရပဲ ရှိနေ၏။ သူ့အနေနှင့် နည်းလမ်းအချို့ကို တွေးမိလျှင်တောင် ပြီးမြောက်အောင် လုပ်ဆောင်ရန်အတွက် မဖြစ်နိုင် ဖြစ်နေကြောင်းအား တွေ့လိုက်ရ၏။

"ဒီမှာ ပညာရှင်ဖန်းယွမ်နဲ့ အခြားလူတွေလည်း ရှိနေကြတယ်... အားလုံး ဝိုင်းဝန်းစဉ်းစားပြီး အဖြေတစ်ခု ရှာတွေ့မလားလို့ ကြည့်ကြတာပေါ့.."

ရွှီယန်က ခေါင်းငြိမ့်ကာ အကြံပေး၏။

ရှဲ့လင်ဖုန်း၏ မျက်နှာက လေးနက်သွားသည်။ အတွင်းဘက်နယ်မြေအပေါ် သဟွသိုင်းပညာ၏ ထိုးနှက်မှုမှာ အလွန်ကြီးမားလှကြောင်းအား သူရှင်းလင်းစွာ နားလည်၏။

ဓားသခင် ချောက်ကမ်းပါးကဲ့သို့ ဓားတာအိုကို ကျင့်ကြံရာ၌ နှစ်မြုပ်ထားသည့် စွမ်းအားကြီးမားသည့် လူစုပင်လျှင် တုန်လှုပ်စွာနှင့် လမ်းပျောက်စွာ ခံစားလာရသည်။

ထိပ်တန်းအင်အားစု အသီးသီး၏ စိုးရိမ်ကြောင့်ကျမှုများကိုလည်း တွေးကြည့်ရန် လွယ်ကူလှ၏။ သူတို့သာ သဟွသိုင်းပညာသို့ ပြောင်းလဲကျင့်ကြံရန် ကျရှုံးပါက အမွေအနှစ်နှင့် ဂုဏ်သိက္ခာတို့ အားလုံး ခြိမ်းခြောက်ခံရမည် ဖြစ်သည်။ ထိုအခါ အဓိက အင်အားစုကြီးများ အားလုံးပေါင်းစည်းပြီး သဟွသိုင်းပညာကို ဆန့်ကျင်ကြမှာ ဖြစ်၏။

သဟွသိုင်းပညာမှာ ပြည့်စုံစွာ ဖွံ့ဖြိုးနိုင်ခြင်း မရှိသေးရာ ကလေးကို ပုခတ်အတွင်းတွင် ရှိနေတုန်း လည်ပင်းညှစ်သတ်သကဲ့သို့ လုပ်ဆောင်ကြမှာ ဖြစ်သည်။

ရွှီယန်နှင့် ရှဲ့လင်ဖုန်းတို့သည် ဖန်းယွမ်တို့ လူစုနှင့် ပူးပေါင်းကာ ဆွေးနွေးမှု ပြုကြ၏။ သိုင်းပညာကို လေ့လာပြီး သူတို့၏ ကိုယ်ပိုင် အသိအမြင်များကို ချပြကာ လမ်းကြောင်းတစ်ခုကို ရှာဖွေကြသည်။

ထိုချိန်၌ ဟူရှန်းမှာ ကိုယ့်ကိုယ်ကို နေရခက်စွာ ခံစားနေရ၏။ သူ့အနေနှင့် ဝင်ရောက်ပါဝင်နိုင်စွမ်း လုံးဝမရှိပေ။

ယင်လုံ့စံအိမ် ဖုံးကွယ်နေသည့် ဂူမှာ တိတ်ဆိတ်စွာသာ ရှိနေဆဲ ဖြစ်၏။ ယင်လုံ့စံအိမ် သခင်နှင့် အထွတ်အထိပ်စစ်ဘုရင်များ အသတ်ခံရပြီးကတည်းက ကျန်ရှိသည့် အဖွဲ့ဝင်များမှာ အကြောက်တရားဖြင့် နေထိုင်ခဲ့ရသည်။

သူတို့၏ အကြောင်းကို မည်သူမှ မသိကြောင်းအား နားလည်သည့် ယင်လုံ့ အဖွဲ့ဝင်ငယ်များသည် ဝတ်စုံနက်များကို အမြန်ဖျက်ဆီးကာ နောက်ခံပေါ်သွားနိုင်မည့် အချက်အလက် အားလုံးတို့ကို ရှင်းလင်းပြီး အခြားနေရာများသို့ ထွက်ပြေး ဖုံးကွယ်နေကြ၏။ ပြောရလျှင် ယင်လုံ့စံအိမ်မှ ထွက်ခွာသွားကြခြင်းဖြစ်သည်။

သို့ရာတွင် ပိုမိုများပြားသည့် အဖွဲ့ဝင်‌များသည် စံအိမ်အတွင်း၌သာ ပုန်းအောင်းနေရန် ရွေးချယ်ခဲ့ကြ၏။

ဘယ်တော့မှ ထွက်ခွာသွားခြင်း မရှိပေ။ ကိစ္စများ တည်ငြိမ်သွားပြီးနောက် ပြန်လည်စုစည်းရန် စီစဉ်ထား၏။

ယင်လုံ့စံအိမ်သခင်မှာ သေဆုံးသွားခဲ့ပြီး အထွတ်အထိပ် စစ်ဘုရင်များအားလုံးလည်း သေဆုံးသွားပြီး ဖြစ်ပေမယ့် စွမ်းအားကြီးမားသည့် စစ်ဘုရင်များ ရှိနေပါသေးသည်။ ထိုပုဂ္ဂိုလ်များတွင် ရည်မှန်းချက်မရှိသူ မည်သူ ရှိလို့နည်း။

ယင်လုံ့စံအိမ်ကို ထိန်းချုပ်နိုင်မည့် အခွင့်အရေးမှာ မျက်စိရှေ့တွင် ရှိနေရာ ဘယ်လိုလုပ်ပြီး လွဲချော်ခံမည်နည်း။

ဝါရင့်သည့် စစ်ဘုရင်များစွာတို့သည် ယင်လုံ့စံအိမ်သခင်ဟူသည့် နေရာအတွက် ယှဉ်ပြိုင်ရန် အကြိမ်ပေါင်းများစွာ တိတ်တဆိတ် တိုက်ခိုက်ခဲ့ကြ၏။

ရွှီယန်နှင့် အခြားလူများ တံခါးလာခေါက်မည်ကို စိုးရိမ်သောကြောင့်သာ တိုက်ပွဲမဖြစ်ပွားဘဲ ယင်လုံ့စံအိမ်အတွင်း၌ သဘောတူညီချက် ရထားသကဲ့သို့ တိတ်ဆိတ်စွာ ကျင့်ကြံနေကြခြင်း ဖြစ်သည်။

သူတို့အနေနှင့် ယင်လုံ့စံအိမ်၏ သဲလွန်စများကို ဖျောက်ဖျက်ကာ ပုန်းအောင်းနေရန် လိုအပ်ကတည်းက ပထမဆုံး အထွတ်အထိပ် စစ်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်သူမှာ နောက်ထပ် ယင်လုံ့စံအိမ်သခင် ဖြစ်လာမှာဖြစ်သည်။

သို့ပေမယ့် ယင်လုံ့စံအိမ်၏ အမည်ကို ဆက်လက် အသုံးပြုနိုင်မည် မဟုတ်တော့ပေ။ ဝတ်စုံနက်များ၏ သင်္ကေတဝတ်စုံကိုလည်း ပြောင်းလဲရပေမည်။

မဟုတ်ပါက ရွှီယန် သို့မဟုတ် ချန်ချင်းစံအိမ်မှ တစ်ယောက်ယောက်နှင့် ကြုံတွေ့ရပါက သေဘေးသင့်မှာ ဖြစ်၏။

တိတ်ဆိတ်နေသည့် ဂူသည် မြင့်မားစွာ ရှိနေဆဲ ရှိ၏။ ယခုအချိန်၌ မူလ စံအိမ်သခင်၏ နေထိုင်ရာ ဖြစ်သည့် ထိပ်ဆုံးအလွှာတွင် ဝါရင့် စစ်ဘုရင်များစွာတို့ နေရာယူ သိမ်းပိုက်ထားကြသည်။

အားလုံးတို့သည် အရူးအမှူး ကျင့်ကြံနေကြပြီး အထွတ်အထိပ် စစ်ဘုရင်အဆင့်သို့ အမြန်ဆုံး ချိုးဖျက်ရန် ရည်မှန်းကြ၏။ ပြီးလျှင် ယင်လုံ့စံအိမ်သခင် ဟူသည့် ရာထူးကို သိမ်းပိုက်မည် ဖြစ်သည်။

ရုတ်တရက် တံခါးပွင့်သည့် အသံတစ်ခုက တိတ်ဆိတ်သည့် နေရာကို လွှမ်းခြုံသွား၏။ ဤသည်က နားထဲတွင် အထူး ဆူညံလှသည်။

ယင်လုံ့စံအိမ်ရှိ ပုဂ္ဂိုလ်အားလုံးတို့မှာ ထိတ်လန့်သွားကြပြီး အလျှင်အမြန် ထွက်ခွာလာကြ၏။ ဝါရင့်စစ်ဘုရင်များလည်း ထွက်ခွာလာပြီး ယင်လုံ့၏ အဝင်ဝကို ကြည့်ကြသည်။

ယင်လုံ့သည် အမှောင်အင်အားစုတစ်ခု ဖြစ်ရာ လျှို့ဝှက်ဆန်းကြယ်ပြီး နှိမ့်ချ၏။ စခန်းတည်ရှိရာ နေရာမှာလည်း အလွန် လျှို့ဝှက်လှပါသည်။ ဒီနေရာကို သိရှိသည့် လူအားလုံးမှာ ယင်လုံ့၏ စစ်ဘုရင်များနှင့် အဓိကအဖွဲ့ဝင်များသာ ရှိ၏။

ယခုအချိန်၌ အဓိကအဖွဲ့ဝင် အားလုံးတို့သည် ယင်လုံ့စခန်းအတွင်း၌ ပုန်းအောင်းနေကြပြီး အပြင်ဘက်၌ မည်သူမှ မရှိကြပေ။ ဖြစ်နိုင်သည်မှာ ချန်ချင်းစံအိမ်က ရှာတွေ့သွားသည်လား။ ထိုကဲ့သို့ တွေးမိပြီးနောက် အားလုံး၏ နှလုံးသားက လေးလံလာခဲ့သည်။

All Chapters