← Chapters

မျက်နှာပြာနှင့် ဆန်းကြယ်သည့်လူ(၂)

Vol. 22 Ch. 321

မျက်နှာပြာနှင့် ဆန်းကြယ်သည့်လူ(၂)

Vol. 22 Ch. 321

လမ်း၏ အဝင်ဝမှ ခြေသံများ ပဲ့တင်ထပ်လာ၏။ ဂူတစ်ခုလုံး၌ ပြန့်လွင့်လာခဲ့သည်။ ရောက်ရှိလာသူမှာ လူတစ်ယောက်တည်း ဖြစ်ပြီး သူ၏ တည်ရှိမှုကို ဖုံးကွယ်လိုခြင်း လုံးဝမရှိပါ။

ထိုကဲ့သို့ ပိုမိုဖြစ်လေလေ ယင်လုံ့စံအိမ်မှ သိုင်းသမားများကို ပိုမို မသက်မသာ ခံစားရလေ ဖြစ်သည်။ သူတို့၏ အတွေးထဲသို့ ပထမဆုံး ရောက်ရှိလာသည့်လူမှာ ရွှီယန်ဖြစ်၏။

ရွှီယန်သာ ဒီနေရာကို ရောက်လာပါက ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း တစ်ယောက်တည်း ရောက်လာလောက်ပါသည်။

စစ်ဘုရင် တစ်စုတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ အသေအကြေ တိုက်ခိုက်ရမည်လား (သို့) အညံ့ခံရမည်လားဟု ပြင်ဆင်နေကြ၏။ အညံ့ခံခွင့်သာ ရှိပါက ကောင်းပေလိမ့်မည်။

သူတို့၏ ရှေ့၌ ဝတ်စုံဖြူနှင့် လူတစ်ယောက် ပေါ်လာခဲ့သည်။ ဂူလမ်းကြောင်းအတိုင်း ခန်းမအတွင်းသို့ လျှောက်လာခဲ့၏။ ဤသည်မှာ ရွှီယန်မဟုတ်ပါ။

သို့ရာတွင် ယင်လုံ့စံအိမ်မှ လူများကို ထိုကိစ္စကြောင့် စိတ်သက်သာရာ ရသွားစေခြင်း မရှိပေ။ ရောက်ရှိလာသည့်လူမှာ သူတို့ထဲမှ မဟုတ်ပေ။ ရွှီယန်မဟုတ်ပေမယ့် အပြင်လူတစ်ယောက် ဖြစ်နေသေး၏။

တစ်ဖက်လူသည် ယင်လုံ့စံအိမ်ကို မည်ကဲ့သို့ ရှာတွေ့ခဲ့သနည်း။

စစ်ဘုရင် အနည်းငယ်တို့က စေ့စပ်စွာ ကြည့်လိုက်ကြသည်။ ဝတ်စုံဖြူဝတ်ဆင်ကာ မျက်နှာတွင် ပါးလွှာသည့် စိမ်းပြာရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ ဤသည်က ကြည့်လိုက်လျှင် အပြာရောင်ရှိသည့် မျက်နှာနှင့် လူတစ်ဦးဟု ထင်ရစေ၏။

‘မျက်နှာပြာနဲ့လူ’

ရောက်ရှိလာသူကို မှတ်မိလိုက်ပြီးနောက် ယင်လုံ့စံအိမ်ရှိ သိုင်းသမားများ အားလုံး၏ မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။ ထိတ်လန့်မှုတို့ ပေါ်လာခဲ့၏။

လူတိုင်း သိကြသလိုပင်။ အတွင်းဘက်နယ်မြေတွင် အမှောင်အင်အားစုများစွာတို့ ရှိနေ၏။ ယင်လုံ့စံအိမ်မှာ အလျှို့ဝှက်ဆုံး အဖွဲ့ကြီးသုံးခုထဲမှ တစ်ခုဖြစ်သည်။

အခြား အင်အားစု နှစ်ခုတို့ရှိ တစ်ခုမှာ ပိုမိုကာပင် ပဟေဋိဆန်လှပြီး ကြီးမားသည့် စွမ်းအားနှင့် ထန်းပေါင်စံအိမ်ပင်လျှင် သူတို့၏ စစ်မှန်သည့် နက်ရှိုင်းမှုကို နားမလည်နိုင်ပေ။

ထိုလျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုနှင့် ပက်သက်ပြီး သိရှိသမျှ အားလုံးမှာ သူတို့အားလုံးသည် အပြာရောင် မျက်နှာဖုံးများကို ဝတ်ဆင်ထားကြပြီး ကြည့်လိုက်လျှင် မျက်နှာပြာနှင့် လူများကဲ့သို့ ရှိကသည်။

ရလဒ်အနေနှင့် ထိုအင်အားစုကို မျက်နှာပြာအဖွဲ့ဟု ခေါ်ဆိုကြ၏။ မျက်နှာပြာအဖွဲ့၏ အဖွဲ့ဝင်အားလုံးတို့မှာ စစ်ဘုရင်များ ဖြစ်ကြသည်။ ယခင်က ပေါ်လာခဲ့ဖူးသည့် မျက်နှာပြာနှင့် လူအားလုံးမှာလည်း စစ်ဘုရင်များ ဖြစ်ကြ၏။ ဖြစ်နိုင်သည်မှာ စစ်ဘုရင်အဆင့်အဆင့်၏ အောက်ရှိ အဖွဲ့သားများကို ပြင်ပသို့ လှည့်လည်ခွင့် မပြုတာလည်း ဖြစ်နိုင်၏။

“မျက်နှာပြာနဲ့လူလား”

ယင်လုံ့စံအိမ်ရှိ စစ်ဘုရင်တစ်ယောက်က ညို့မှိုင်းသည့် မျက်နှာနှင့် မေးသည်။

မျက်နှာပြာနှင့် လူက ယင်လုံ့စံအိမ်ရှိ သိုင်းသမားများကို ကြည့်သည်။ သူ၏ အသံက တည်ငြိမ်ကာ ခိုင်မြဲပြီး မည်သည့် အနိမ့်အမြင့်မှ မရှိစွာ ထွက်ပေါ်လာ၏။

“အကြီးအကဲယင်ရဲ့ အစီအစဉ်က ဘာလဲ။ သူက ဘာတာဝန်ကို ထမ်းဆောင်နေတာလဲ”

ခဏတာအတွင်း ယင်လုံ့စံအိမ်ရှိ သိုင်းသမားများက တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်စွာ ကြည့်မိကြသည်။

မည်သူမှ ဖြေကြားမှု မပြုပါ။

စစ်ဘုရင်များသည် တိတ်ဆိတ်နေကြ၏။ ခဏအကြာ၌ တစ်ယောက်က ပြောသည်။

“အဲ့ဒါက ယင်လုံ့စံအိမ်ရဲ့ လျှို့ဝှက်ကို.. ငါတို့က ဘယ်လိုသိမှာလဲ”

“မင်းတို့တွေ တကယ်ပဲ မသိဘူးလား”

မျက်နှာပြာနှင့် လူ၏ လေသံက အနည်းငယ် လေးလံလာခဲ့၏။

“မသိပါဘူး”

ယင်လုံ့စံအိမ်ရှိ သိုင်းသမားများက ဖြေကြားကြသည်။

မျက်နှာပြာနှင့် လူက ယင်လုံ့စံအိမ်၏ သိုင်းသမားတစ်ယောက်ကို ကြည့်ကာ ရုတ်တရက် လက်ကိုမြှောက်ပြီး ဖမ်းယူလိုက်၏။ ထိုသိုင်းသမား၏ မျက်နှာများက ကြီးစွာ ပြောင်းလဲသွားသည်။ စစ်ဘုရင်တစ်ယောက်၏ အရှိန်အဝါကို ဖော်ထုတ်တော့မှာ ဖြစ်၏။

သို့ပေမယ့် ချက်ချင်းပင် သူ၏ မျက်လုံးများက ထိတ်လန့်စွာဖြင့် ပြူးကျယ်လာခဲ့၏။ အကြောက်တရားတို့ ပေါ်လာခဲ့သည်။

“ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”

ထိုလျှပ်တစ်ပြတ် အတွင်းတွင် ခုခံတော့မည့် သိုင်းသမားသည် သူ့အပေါ်သို့ တောင်တစ်လုံး ဖိနှိပ်လာသည့်နှယ် ခံစားရ၏။ ခန္ဓာကိုယ်က တောင့်တင်းသွားကာ ခွန်အားတို့အား ဖိနှိပ်ခြင်း ခံလိုက်ရသည်။

ထိုကဲ့သို့သော ခံစားချက်မျိုးကို အရင်က တစ်ကြိမ် ကြုံတွေ့ခဲ့ဖူး၏။ ဤသည်မှာ ယင်လုံ့စံအိမ်သခင် ဒေါသထွက်သည့် အချိန်တွင်ဖြစ်သည်။

မျက်နှာပြာနှင့် လူ၏ ခွန်အားမှာ ယင်လုံ့စံအိမ်သခင်နှင့် နှိုင်းယှဉ်နိုင်ပါသည်။

မျက်နှာပြာနှင့် လူက သိုင်းသမား၏ လည်ပင်းကို ဖမ်းဆုပ်ထားရင်းက ထူးမခြားနားစွာ ပြောသည်။

“မင်းတကယ်ပဲ မသိဘူးလား”

ယင်လုံ့စံအိမ်ရှိ အခြား သိုင်းသမားများလည်း ချွေးစေးများ ထွက်လာပြီး မျက်နှာများက ဖြူရော်လာကြသည်။ လည်ပင်းညှစ်ခံထားရသည့် စစ်ဘုရင်က ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပါးစပ်ကို ဟသည်။ တစ်ခုခုကို ပြောချင်သကဲ့သို့ ရှိ၏။

မျက်နှာပြာနှင့် လူက လက်အားကို အနည်းငယ် ဖြေလျှော့ပြီး ပြောသည်။

“ပြော”

“ကျွန်‌တော်တို့ကို တာဝန်တစ်ခုပဲ ပေးပါတယ်။ အဲ့ဒါက စုလင်းရှုံကို ရှာဖွေဖမ်းဆီးဖို့ပါ”

“သူမကို ဖမ်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

“အဲ့ဒါတော့ မသိပါဘူး။ ငါတို့တကယ်ပဲ မသိပါဘူး”

“ခရက်”

မျက်နှာအပြာနှင့် လူက လက်ကို ညှစ်လိုက်ပြီး စစ်ဘုရင်၏ လည်ပင်းကို ချိုး၏။ လျှပ်တစ်ပြတ်အတွင်း သတ်ဖြတ်ပစ်လိုက်သည်။

ယင်လုံ့စံအိမ်ရှိ ကျန်ရှိသည့် သိုင်းသမားများလည်း ထိတ်လန့်သွားကြ၏။ သူတို့၏ မျက်နှာများက ချွေးစေးများ ဖုံးလွှမ်းလာခဲ့သည်။

“အကြီးအကဲယင်က သေသွားခဲ့ပြီ။ အဲ့တော့ အသုံးမဝင်တဲ့ လူတွေအတွက် အသက်ရှင်နေစရာ မလိုဘူး။ မင်းတို့တွေ ဘာမှ မသိဘူးဆိုရင် သူ့ကို အဖော်လုပ်ဖို့ ငါအကုန်လုံးကို ပို့ပေးမယ်”

မျက်နှာအပြာနှင့်လူက အေးစက်သည့် မျက်လုံးများနှင့် ယင်လုံံ့စံအိမ်ရှိ သိုင်းသမားများကို ကြည့်သည်။

“သခင်ကြီးက စုလင်းရှုံကို ဖမ်းဖို့အတွက် တာဝန်ကို ပေးခဲ့ပါတယ်။ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့လဲ ဆိုတာကိုတော့ ကျွန်တော်တို့ တကယ်မသိပါဘူး။ ဒါပေမယ့် ကြည့်ရတာ.. ကြည့်ရတာ ကောင်းကင်လူသားအဆင့်နဲ့ ပက်သက်နေတဲ့ပုံ ရှိပါတယ်”

ယင်လုံ့စံအိမ်ရှိ စစ်ဘုရင်တစ်ယောက်က ချွေးများ စီးကျနေရင်းက ပြောသည်။

“စံအိမ်သခင်ရဲ့ လျှို့ဝှက်အခန်းထဲမှာ အဖြေရှိလောက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဖွင့်လို့မရဘူး”

နောက်ထပ် စစ်ဘုရင်တစ်ယောက်က အမြန် ထပ်ပေါင်းပြောသည်။

အခြား စစ်ဘုရင် အနည်းငယ်တို့ကလည်း သူတို့သိသမျှ အရာအားလုံးကို အမြန် ပြောကြ၏။ မည်သည်ကိုမှ ဖုံးကွယ်ထားရဲခြင်း မရှိပေ။

သို့ရာတွင် ကိစ္စမည်မည်ရရ မည်သည်ကိုမှ မသိသည့် အခြားစစ်ဘုရင်များ၏ မျက်လုံးများက အကြောက်တရားဖြင့် ဖြူရော်လာခဲ့သည်။

မျက်နှာအပြာနှင့်လူက တိတ်ဆိတ်စွာ နားထောင်နေ၏။

ရုတ်တရက် ခန်းမအတွင်းတွင် ဖိအားတစ်ခု လွှမ်းခြုံလာခဲ့သည်။

စစ်ဘုရင်အားလုံးတို့မှာ ထိတ်လန့်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များ အပေါ်သို့ တောင်တစ်လုံး ဖိနှိပ်လာသကဲ့သို့ ခံစားကြရသည်။ လှုပ်ရှားမှုများက နှေးကွေးကာ ခွန်အားကို မထုတ်နိုင်အောင် ဖြစ်စေ၏။ ထွက်ပြေးရန် အခွင့်အရေး မရှိသလို တန်ပြန်တိုက်ခိုက်နိုင်ခြင်းလည်း မရှိပေ။

မျက်နှာအပြာနှင့်လူက စစ်ဘုရင်အုပ်စုကို ကြည့်ကာ ပြော၏။

“သူတို့ကို သတ်လိုက်”

“ဟုတ်ကဲ့”

အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်အနည်းငယ်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိပဲ ချက်ချင်းပင် ယင်လုံ့စံအိမ်မှ လက်ကျန် သိုင်းသမားများကို တိုက်ခိုက်သည်။ သူတို့၏ လှုပ်ရှားမှုများက ရက်စက်ကြမ်းကြုတ်လှ၏။

ဖိအား၏ ထိန်းချုပ်ခြင်းကို ခံထားရပြီး တိုက်ခိုက်လာသည့် လူများမှာလည်း သူတို့ထက် ပိုမို ခွန်အားကြီးမားရာ တိုက်ပွဲမှာ လျှင်မြန်စွာဖြင့် တစ်ဖက်သတ် လူသတ်ပွဲတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။

ခဏတာအတွင်းတွင် ထိုအကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များမှ လွဲ၍ ကျန်လူအားလုံးတို့ သေဆုံးကုန်ကြ၏။

ထိုအချိန်၌ မျက်နှာအပြာနှင့် လူက အစိမ်းပြာနုရောင် မျက်နှာဖုံး အနည်းငယ်ကို ထုတ်သည်။ ၎င်းသည် သူဝတ်ဆင်ထားသည်နှင့် အရောင်တူ၏။ သို့ပေမယ့် များစွာ ပိုမိုဖျော့တော့သည်။

“ဒါတွေကို ဝတ်လိုက်”

အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များက အနည်းငယ်ပင် တုံ့ဆိုင်းမှုမရှိပဲ မျက်နှာဖုံးများကို ဝတ်ဆင်လိုက်ကြသည်။

“ဒီနေ့ကစပြီး ဒီနေရာက ငါ့ရဲ့ လက်အောက်စခန်းတစ်ခုပဲ”

မျက်နှာအပြာနှင့် လူက အေးစက်စွာ ပြောသည်။

“ဟုတ်ကဲ့ပါ သခင်ကြီး”

အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များက အမြန် ရိုကျိုးစွာ ဦးညွှတ်ကြသည်။ နောက်ဆုံးတွင် သူတို့သည် အသက်ရှင်နိုင်ပြီ ဖြစ်၏။

ယင်လုံ့စံအိမ်သခင်၏ သေဆုံးမှုကြောင့် မျက်နှာအပြာနှင့်လူ အဖွဲ့သို့ ဝင်ရောက်ခြင်းမှာ အမှန်တကယ်ကို ထွက်ပေါက်တစ်ခု ဖြစ်သည်။

“လျှို့ဝှက်ခန်းက ဘယ်နေရာမှာလဲ”

မျက်နှာအပြာနှင့်လူက မေးစမ်း၏။

“အရှင်.. ဒီဘက်မှာပါ”

အလိုက်သိသည့် စစ်ဘုရင်တစ်ယောက်က မျှော်စင်၏ အနောက်ဘက်ရှိ ကျောက်နံရံဆီသို့ အမြန် လမ်းပြခေါ်သွားသည်။

မျက်နှာအပြာနှင့်လူက ကြည့်လိုက်ပြီးနောက် ကျောက်နံရံအတွင်းသို့ ထွင်းထားသည့် အပေါက်တစ်ခုကို တွေ့ရ၏။ အထဲတွင် အဖိုးတန် ကုန်ဖိုးတန် ကုန်ကြမ်းပစ္စည်းများအား အသုံးပြုထားကြောင်းကို တွေ့ရသည်။

လူတစ်ယောက်အနေနှင့် ဖွင့်လှစ်ရန် နည်းလမ်းကိုသာ မသိပါက အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်တစ်ယောက် ပင်လျှင် အတင်း ဖွင့်လှစ်နိုင်မည် မဟုတ်ပေ။

သူက လက်ကိုဆန့်ကာ လျှို့ဝှက်ခန်း၏ တံခါးပေါ်သို့ တင်လိုက်သည်။

“အုမ်း”

မျက်နှာအပြာနှင့် လူဆီမှ ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး စစ်ဘုရင်များကို ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားရစေသည်။

သူတို့သည် မျက်နှာအပြာနှင့် လူကို မူလ ယင်လုံ့စံအိမ် သခင် ထက်ပင် ပိုမိုကြောက်ဖို့ကောင်းသည်ဟု ခံစားလာရ၏။

မျက်နှာအပြာနှင့် လူ၏ လက်ဝါးက အပြာရောင်အဖြစ် ပြောင်းလဲသွားသည်။ တံခါးကို ဖိနှိပ်ထားသည်မှာ အဆီတုံးကို မီးအပူကပ်သကဲ့သို့ တဟစ်ဟစ် မြည်သံများ ထွက်ပေါ်လာ၏။ အခိုက်အတန့် တစ်ခုတွင် တံခါးက စတင်အက်ကွဲလာခဲ့သည်။

“ခရက်”

ကွဲကြေကာ ပြိုကျလာခဲ့၏။ အတွင်းထဲရှိ လျှို့ဝှက်အခန်းငယ်က ပေါ်လာခဲ့သည်။

မျက်နှာအပြာနှင့်လူက ဝင်ရောက်သွား၏။ သေးငယ်သည့် လျှို့ဝှက်ခန်းအတွင်းတွင် သေတ္တာငယ် အနည်းငယ်တို့သာ ရှိပါသည်။ အလယ်ရှိ ကျောက်စိမ်းသေတ္တာ အပေါ်တွင် သင်္ကေတတစ်ခု ရှိ၏။

“ဒီဟာပဲ”

မျက်နှာအပြာနှင့် လူ၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုတို့ ဖြတ်သန်းသွားသည်။ လက်ကိုဆန့်ကာ တုန်ခါစွာဖြင့် ကျောက်စိမ်းသေတ္တာဆီသို့ လှမ်းလိုက်၏။ ဖွင့်ကြည့်လိုက်ပြီးနောက် အတွင်းထဲတွင် စာလိပ်တစ်ခုကို တွေ့ရသည်။ စာလိပ်ကို ကောက်ယူကာ ဖွင့်လိုက်၏။

ပြီးနောက် အလွန် စိတ်လှုပ်ရှားလာပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာခဲ့သည်။ အတွင်းထဲရှိ အချက်အလက်များကို စူးစိုက်စွာ ကြည့်နေမိ၏။

ခဏအကြာမှ စာလိပ်ကို ပြန်ချသည်။

“လင်းယွီဂိတ်တံခါး… စုလင်းရှုံ”

အသံနိမ့်စွာ ရေရွတ်သည်။

လျှို့ဝှက်အခန်းမှ ထွက်လာပြီးနောက် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များကို ခတ်ထန်စွာ ကြည့်သည်။

“စုလင်းရှုံက ဘယ်နေရာမှာလဲ။ အကြီးအကဲယင်ကို သတ်ခဲ့တာကရော ဘယ်သူလဲ”

ယင်လုံ့စံအိမ်မှ အသက်ရှင်ကျန်သူ အချို့က တုံ့ဆိုင်းခြင်း လုံးဝမရှိပဲ အသေးစိတ်ကို ရှင်းပြသည်။ ယင်လုံ့စံအိမ် သခင်၏ အထွတ်အထိပ် စစ်ဘုရင်များနှင့် ချန်ချင်းစံအိမ်သို့ သွားရောက်ကာ စုလင်းရှုံအား ဖမ်းဆီးခဲ့ပုံကို ပြောပြ၏။

“ချန်ချင်းစံအိမ်က ကြောက်ဖို့ကောင်းလွန်းတယ်။ အထွတ်အထိပ် စစ်ဘုရင်အဆင့် ဆယ်ချီ အသတ်ခံခဲ့ရတယ်။ ရွှီယန်နဲ့ မုံ့ချုံလိုမျိုး အနှိုင်းမဲ့ ပါရမီရှင်တွေကလည်း ချန်ချင်းစံအိမ်ကပဲ လာတာ”

နောက်ဆုံးတွင် လူတစ်ယောက်က အနည်းငယ် တုန်ယင်နေသည့် အသံဖြင့် ပြော၏။

မျက်နှာအပြာနှင့် လူက တိတ်ဆိတ်သွားသည်။ ယင်လုံ့စံအိမ် သခင်နှင့် သုတ်သင်ခြင်း နတ်ဆိုးအရှင်သခင် နှစ်ယောက်လုံးသည် ချန်ချင်းစံအိမ်၌ ပျောက်ဆုံးသွားခဲ့၏။ ဤသည်က သူ့ကို အနည်းငယ် ထိတ်လန့်စွာ ခံစားရစေသည်။

သို့ပေမယ့် ခဏအတွင်းတွင် သူ၏ မျက်လုံးများ၌ အေးစက်သည့် အလင်းရောင်တို့ ပြန်လက်လာ၏။

“စုလင်းရှုံ ငါ့လက်ထဲ ရောက်ကိုရောက်ရမယ်။ ဘယ်သူမှ ငါ့ကို တားလို့မရဘူး။ ချန်ချင်းစံအိမ်က အဲ့ဒီလူက ဘယ်လိုလုပ်ပြီး လင်းယွီဂိတ်တံခါးရဲ့ ဝင်ခွင့်ကို တစ်ယောက်တည်း အပိုင်စီးလို့ ရမှာလဲ”

“ချန်ချင်းစံအိမ်နဲ့ သဟွသိုင်းပညာက အခုတလောမှာ ထင်ပေါ်လွန်းနေတယ်။ ယွဲ့နိုင်ငံရဲ့ တော်ဝင်မိသားစုကလည်း တစ်ခုခု လုပ်ဖို့ ပြင်နေမှာပဲ။ ဒီအချိန်က သူတို့ကို ဆက်သွယ်ရမယ့် အချိန်ပဲ”

မျက်နှာအပြာနှင့် လူက ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။

“ငါ့မှာ မင်းတို့အတွက် တာဝန်တစ်ခု ရှိတယ်”

မျက်နှာအပြာနှင့် လူက လေးနက်စွာ အမိန့်ပေးသည်။

“ကျေးဇူးပြုပြီး အမိန့်ရှိပါက သခင်”

အကြီးစား ကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များက အမြန် ဉီးညွှတ်ကြသည်။

“ချန်ချင်းစံအိမ်အပေါ် လှုပ်ရှားမှုပြုခဲ့တဲ့ အင်အားစုတွေဆီကို သွားလည်လှည့်။ အနိမ့်ဆုံး စစ်ဘုရင်အဆင့်တွေ ပိုင်ဆိုင်ထားရမယ်။ လက်စားချေဖို့ အခွင့်အရေး ရှိတယ်လို့.. ချန်ချင်းစံအိမ်က အဲ့လူကို ရင်ဆိုင်မယ့်လူတွေ ရှိနေတဲ့အကြောင်းကို ပြောလိုက်…”

မျက်နှာအပြာနှင့် လူက အမိန့်ပေးသည်။

“ဟုတ်ကဲ့ပါ သခင်”

အမိန့်ပေးပြီးနောက် မျက်နှာအပြာနှင့် လူက ကျောက်စိမ်းသေတ္တာငယ်နှင့် စာလိပ်တို့ကို ကိုင်ဆောင်ထားရင်းက ထွက်ခွာသွားသည်။

ယွဲ့နိုင်ငံ၏ တော်ဝန်နန်းတော်တွင် ဧကရာဇ်ယွဲ့က စာဖတ်ခန်းတွင် ထိုင်နေ၏။ သူ၏ မျက်နှာက အလွန် ညို့မှိုင်းနေပါသည်။ လက်ထဲရှိ သဟွနှင့် ပက်သက်သည့် သတင်းတို့ကို ကြည့်ကာ သူ၏လက်က အနည်းငယ် တုန်ခါလာခဲ့သည်။ မျက်နှာပေါ်တွင် မကျေနပ်မှုနှင့် အမုန်းတရားတို့ ပေါ်လာခဲ့၏။

သို့ပေမယ့် အကူအညီမဲ့စွာလည်း ခံစားရသည်။

ချန်ချင်းစံအိမ်မှာ အလွန် စွမ်းအားကြီးလှ၏။ ယွဲ့နိုင်ငံအနေနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ္ရန် လျော်ကြေးတို့ကို ပေးဆောင်ခဲ့ရသည်။

“ဘယ်သူလဲ”

ရုတ်တရက် စာဖတ်ခန်း အပြင်ဘက်မှ တော်ဝင်အစောင့် တစ်ဦး၏ အော်သံက ထွက်ပေါ်လာ၏။

All Chapters