ချန်းလန်ကျွန်းပေါ်၌ ဓားဆန္ဒအားနားလည်သဘောပေါက်ခြင်း၊ ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီး
Vol. 22 Ch. 322
ယွဲ့နိုင်ငံဧကရာဇ်၏ ပုံစံက ပြောင်းလဲသွားပြီး ကဗျာကယာ မတ်တပ်ရပ်၏။ ဖြစ်နိုင်သည်မှာ ချန်ချင်းစံအိမ်မှ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး တိုက်ခိုက်လာသည်လား။
သူ့အနေနှင့် အရှုံးပေးကာ နယ်မြေများကို လျော်ကြေးအဖြစ် ပေးဆောင်ပြီးပြီ မဟုတ်ပေဘူးလား။ အသေအကြေ တိုက်ခိုက်ရန် အမှန်တကယ် ဖိအားပေးလိုသည်လား။
တော်ဝင်စာကြည့်ခန်း အတွင်းမှ ထွက်လာပြီးနောက် ဝတ်စုံဖြူကို ဝတ်ဆင်ထားသည့် မျက်နှာပြာနှင့် လူတစ်ဦး အပြင်ဘက်တွင် ရပ်နေကြောင်းကို တွေ့လိုက်ရသည်။
တော်ဝင်နောက်လိုက် နှစ်ယောက်တို့က ထိုသူကို လေးနက်စွာ ကြည့်နေကြ၏။
"မျက်နှာပြာနဲ့လူလား.."
ယွဲ့နိုင်ငံဧကရာဇ်က မှင်သတ်သွားသည်။ လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံး အမှောင်အင်အားစုများထဲမှ တစ်ခုမှာ မျက်နှာပြာလူ အဖွဲ့ဖြစ်သည်။
"ဒီကပုဂ္ဂိုလ်.. ဘာကိစ္စနဲ့ လာတာလဲ မသိဘူး.."
ယွဲ့ဧကရာဇ်က ပဟေဠိဖြစ်နေသည့် အကြည့်ဖြင့် မေး၏။
ချန်ချင်းစံအိမ်မှ စွမ်းအားကြီးပုဂ္ဂိုလ် မဟုတ်ရာ စိတ်သက်သာရာ ရသွားသည်။
"ယွဲ့ဧကရာဇ်.. ချန်ချင်းစံအိမ်အပေါ်ကို ခင်ဗျား မကျေမနပ်တာတို့ ဒေါသထွက်တာတို့ မဖြစ်မိဘူးလား။ ကံကောင်းစွာပဲ ကျွန်တော့မှာလည်း သူတို့နဲ့ လုပ်စရာ ကိစ္စတစ်ခု ရှိနေတယ်။ ကျွန်တော်တို့ အတူတူ ပူးပေါင်းလို့ရတယ်။ ဘယ်လိုထင်လဲ.."
မျက်နှာပြာနှင့်လူက တည်ငြိမ်စွာ ပြောသည်။
"ဘယ်လိုမျိုး အတူတူ ပူးပေါင်းမှာလဲ.."
ယွဲ့ဧကရာဇ်က နက်ရှိုင်းသည့်အသံဖြင့် မေး၏။
မျက်နှာပြာနှင့်လူက သူ့ကိုကြည့်သည်။ သို့ပေမယ့် ဖြေကြားခြင်း မရှိပေ။
ယွဲ့ဧကရာဇ်က အသက်ကိုနက်ရှိုင်းစွာရှူပြီး ပြော၏။
"ကျေးဇူးပြုပြီး... စာဖတ်ခန်းထဲမှာ သွားပြီးတော့ ဆွေးနွေးရအောင်.."
"ယွဲ့ဧကရာဇ်က တကယ့်ကို ဉာဏ်ရှိပါပေတယ်.."
မျက်နှာပြာနှင့်လူက အသာပြုံးကာ တော်ဝင်စာဖတ်ခန်းအတွင်းသို့ လျှောက်ဝင်သွားသည်။
ချန်ချင်းစံအိမ်ဆီသို့ သွားရောက်တိုက်ခိုက်ရာတွင် စစ်ဘုရင်များကို စေလွှတ်ပေးခဲ့သည့် အင်အားစု အားလုံးသို့လည်း မျက်နှာပြာနှင့်လူများ တိတ်ဆိတ်စွာ သွားရောက်လည်ပတ်ပြီး ဖြစ်သည်။ ထိုလူကြောင့် အတွင်းဘက်နယ်မြေ တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့၏။
ချန်းလန်ကျွန်းပေါ်တွင် အတွင်းဘက်နယ်မြေမှ သိုင်းသမားများကို သဟွသိုင်းသမားများအဖြစ် မည်ကဲ့သို့ ပြောင်းလဲရမည့် ဆွေးနွေးမှုအား အဆုံးသတ်ရုံ ရှိသေး၏။
သုတေသနပြုပြီးနောက် သဟွသိုင်းပညာအဖြစ် ပြောင်းလဲရန် လားရာကို အကြမ်းဖျင်း အစီအစဉ် ချမှတ်ပြီး ဖြစ်သည်။ သို့ရာတွင် အကောင်အထည်ဖော်ရန်မှာ လွယ်ကူမည့်ကိစ္စ မဟုတ်ပေ။
"ပထမအဆင့်အောက်က သိုင်းသမားတွေအတွက် သဟွသိုင်းပညာကို ပြောင်းလဲဖို့အတွက် ပထမဆုံး ချီနဲ့သွေးကို ကျင့်ကြံရမယ်။ အဲ့ဒါက လွယ်ကူသေးတယ်။ ဒန်ဆေးလုံးတွေ အကူအညီရှိရင် ချီနဲ့သွေးကို သန့်စင်ဖို့ နည်းလမ်းက အရမ်းကြီး မခက်ခဲဘူး.."
"ဒါပေမယ့် ကျင့်စဉ်ကို ပြောင်းလဲပြီးရင် အခြေခံက အစကတည်းက လုံလောက်မှုမရှိဘူး ဆိုတော့ ခွန်အားကလည်း မူလ သဟွသိုင်းပညာရှင်တွေထက် တော်တော်လေး အားနည်းနေမှာ.."
ရွှီယန်က အကျဉ်းချုံးကာ ပြော၏။
ကျိုးယင်သည် အတွင်းဘက်နယ်မြေမှ သိုင်းပညာကို ကျင့်ကြံထားပြီး အဆင့်လေး၌ ပြောင်းလဲမှုပြုခဲ့၏။
အဆင့်သုံးမှာ သိုင်းပညာ၏ အခြေခံအား စစ်မှန်စွာ ချမှတ်သည့် အချိန်ဖြစ်သည်။ ထို့ကြောင့် အဆင့်လေးနှင့် အောက်ရှိ သိုင်းသမားများအတွက် ပြောင်းလဲရန်မှာ များစွာ လွယ်ကူ၏။
တတိယအဆင့် အပြီးတွင်တော့ ချီနှင့်သွေးဆေးလုံး၏ အကူအညီရှိသောကြောင့် ချီနှင့်သွေးကို သန့်စင်ပြီး သိုင်းလမ်းစဉ်ကို ပြောင်းလဲနိုင်လျှင်တောင် အခြေခံမှာ ပြောင်းလဲရန် ခက်ခဲလှသည်။ သဟွသိုင်းသမားများထက် အားနည်းနေမှာ ဖြစ်၏။
သို့ပေမယ့် အတွင်းဘက်နယ်မြေရှိ သိုင်းသမားများထက်တော့ ပိုမို သန်မာမှုရှိပါသည်။ ထို့ကြောင့် ထိုပြောင်းလဲခြင်း နည်းလမ်းကိုသာ ဖြန့်လွှင့်လိုက်ပါက များပြားလှသည့် ပထမအဆင့်၏ အောက်ရှိ သိုင်းသမားများ သိုင်းစနစ်ကို ပြောင်းလဲရန်အတွက် စဉ်းစားကြမှာပါ။
သို့ရာတွင် လိုအပ်ချက်တစ်ခု ရှိနေ၏။ ဤသည်မှာ ချီနှင့်သွေးဆေးလုံး၏ အကူညီကို လိုအပ်မှာ ဖြစ်သည်။ သိုင်းသမားတိုင်းက ချီနှင့်သွေးဆေးလုံးကို တတ်နိုင်ခြင်း မရှိပါ။
"မူလအဆင့်ရဲ့ သိုင်းသမားက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့တံတား တည်ဆောက်မှုမှာ အခြေခံတယ်။ အစစ်အမှန်ချီကို စုစည်းနိုင်ရင်တောင် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားမရှိရင် သဟွသိုင်းသမား မဟုတ်ဘူး.."
"ဒါပေမယ့် သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ရဲ့ အခြေခံက တော်တော်လေး ခိုင်မာနေပြီးပြီ။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ တံတားကို ဆက်သွယ်ဖို့က နည်းလမ်းမရှိဘူး။ ဒါက ပြဿနာပဲ.."
ရွှီယန်က သက်ပြင်းချ၏။
သိုင်းသခင်တစ်ယောက်သာ ပြောင်းလဲလိုပါက အစစ်မှန်ချီအား စုစည်းမှုအပြင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားမှာလည်း အဓိကကျသည့် အချက်ဖြစ်သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားသာ မရှိပါက စိတ်ဝိဉာဉ်စွမ်းအင်ကို တိုက်ရိုက် စုပ်ယူနိုင်ခြင်း မရှိဘဲ အစစ်အမှန်ချီအဖြစ် စုစည်းနိုင်မည် မဟုတ်ပေ။
အဲ့ဒီ့အစား အတွင်းဘက်နယ်မြေ၏ သိုင်းစနစ်ဖြင့် အတွင်းအားချီကို သန့်စင်ကာ ၎င်းမှတစ်ဆင့် အစစ်အမှန်ချီအဖြစ် ပြန်လည်ပြောင်းလဲဖို့ လိုအပ်ပါသည်။
ဖန်းယွမ်နှင့် အခြားပညာရှင်များက စိတ်ဓာတ်ကျသွားခြင်း မရှိပါ။ အဲ့ဒီ့အစား စိတ်အားထက်သန်စွာ ပြော၏။
"ငါတို့ရဲ့ သုတေသနပြုမှုကို ဆက်လုပ်ရအောင်။ ဖြစ်နိုင်တာက အခြား နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်မှာလည်း ဖြစ်နိုင်တယ်.."
ရွှီယန်က ခေါင်းငြိမ့်သည်။ သူ့အနေနှင့် ထိုပြောင်းလဲခြင်း နည်းလမ်းအတွက် အများကြီး အချိန်ကုန်ခံနေမည် မဟုတ်ပေ။ ထုံးရွှမ်အဆင့်ကို ယခုမှ ချိုးဖျက်ပြီးကာစ ရှိသေးရာ လေ့လာစရာ သိုင်းပညာ အသိအမြင်များစွာ ရှိနေပါသည်။
ပြီးနောက် ရှဲ့လင်ဖုန်းအား ဓားတာအိုကို မည်ကဲ့သို့ ကျင့်ကြံရမည်အား အကြံပေးမှုအချို့ ပေးသည်။ ဥပမာအားဖြင့် ကိုယ့်ကိုယ်ကို မည်ကဲ့သို့ နားလည်သဘောပေါက်အောင် ပြုလုပ်ရန်.. ဓားနှလုံးသားကို မည်ကဲ့သို့ လေ့လာရန်တို့ ဖြစ်၏။
ရှဲ့လင်ဖုန်း၏ ဓားနှလုံးသားကို နားလည်သဘောပေါက်လာရန်မှာ သူကိုယ်တိုင်အပေါ်၌သာ မူတည်နေပါသည်။
ရွှီယန်မှာ အခြေခံအားဖြင့် ညွှန်ကြားချက် အချို့ကိုသာ ပေးစွမ်းနိုင်၏။
ချန်းလန်ပေါ်ရှိ တောင်ထွတ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်းက ရွှီယန်သည် သူ၏ ခွန်အားအဆင့်ကို စတင်ခိုင်မာအောင် ပြုလုပ်သည်။ ရုတ်တရက် စုလင်းရှုံကို တွေးမိလိုက်၏။
'အခုအချိန်လောက်ဆိုရင် ဂျူနီယာညီမလေး အဲ့ဒီ့အလောင်းတွေကို ခွဲခြမ်းကြည့်ပြီး လောက်ပြီ။ သူဘာရှာဖွေတွေ့ရှိမှုတွေများ ရလာမလဲ မသိဘူး။ ဖြစ်နိုင်တာက မရီတျန်တွေကို ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ တံတားအဖြစ် ပြောင်းလဲနိုင်မယ့် ဒန်ဆေးလုံးကိုများ ဖန်တီးလာနိုင်မလား။ အဲ့ဒါက အတုအယောင် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့တံတား ဖြစ်နေရင်တောင် အခြေခံလုပ်ဆောင်ချက်တွေကို ပိုင်ဆိုင်ထားလောက်တယ်။ အဲ့လိုဆိုရင် သဟွသိုင်းပညာအဖြစ် ပြောင်းလဲဖို့ ဖြစ်နိုင်တယ်.."
ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန်၏ မျက်လုံးများက လင်းလက်သွား၏။ ထိုနည်းလမ်းမှာ ပိုမို ဖြစ်နိုင်သည်ဟု သူခံစားလာရသည်။
ချန်ချင်းစံအိမ်သာ ချန်းလန်ကျွန်းဆီသို့ ရွှေ့ပြောင်းပြီးပါက ဂျူနီယာညီမလေးကို ထိုအကြောင်းအား စဉ်းစားခိုင်းရပေမည်။
ချန်ချင်းစံအိမ်၏ တိုက်ပွဲပြီးကတည်းက အတွင်းဘက်နယ်မြေသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။ လျှို့ဝှက်သည့် လှုပ်ရှားမှုအချို့ ရှိနေပေမယ့် အပြင်ပန်းတွင် သိုင်းလောကမှာ ငြိမ်းချမ်းနေဆဲ ရှိသည်။ ပြဿနာဖြစ်ပွားသည်မှာ ရှားပါးလှ၏။
ဒန်ဆေးလုံးများကိုလည်း ကောင်းမွန်စွာ ရောင်းချနိုင်ခဲ့သည်။ သဟွသိုင်းပညာမှာ တဖြည်းဖြည်း ပျံ့နှံလာခဲ့၏။
တစ်နေ့တွင် ခုနှစ်စင်ကြယ်အကယ်ဒမီက သဟွသိုင်းပညာ သင်ရိုးတစ်ခုကို ချမှတ်ခဲ့၏။ ဤသည်က သိုင်းလောကတစ်ခုလုံးကို လှိုင်းအချို့ ထလာစေခဲ့သည်။
ရွှီယန်မှာတော့ အပြင်ဘက်ရှိ ကိစ္စများကို သိရှိခြင်း မရှိပါ။ သိရှိလျှင်လည်း ဂရုစိုက်မည် မဟုတ်ပေ။ သူသည် ကိုယ်ပိုင်စွမ်းအားကို အခြေခိုင်အောင် ဆက်လက် ပြုလုပ်နေခဲ့၏။
ဆရာ၏ ယင်လုံ့စံအိမ်သခင်ကို လက်ဝါးစောင်းဖြင့် ခုတ်ကာ သတ်ဖြတ်ခဲ့သည့် မြင်ကွင်းက စိတ်ထဲတွင် မြင်ယောင်နိုင်သေး၏။ ထိုတိုက်ခိုက်မှုသည် ယင်လုံ့စံအိမ်သခင်၏ ဝိဉာဉ်ကို တစ်ခါတည်း သုတ်သင်သွားခဲ့သည်။
ထိုတိုက်ခိုက်ချိန်၌ ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သည့် လှိုင်းထမှုကို ရွှီယန်အနေနှင့် မှတ်မိပြီး ဖြစ်၏။
ဒီအချိန်၌ ထိုလျှို့ဝှက်ဆန်းကြယ်သည့် လှိုင်းထမှုကို လေ့လာရန် ကြိုးစားနေပါသည်။
သွေးနတ်ဆိုးဘုရင်နှင့် တိုက်ပွဲအပြီးတွင် နားလည်မှုရလာခဲ့၏။ သူသာ ဆရာဖြစ်သူ၏ ဝိဉာဉ်ဖျက်ဆီးခြင်း သိုင်းပညာကို တတ်မြောက်ထားပါက တစ်ဝက်တစ်ပြက် ကောင်းကင်လူသား တစ်ယောက်ကို သတ်ဖြတ်ရန်မှာ အရမ်းကြီး ခက်ခဲနေမည် မဟုတ်ပါ။
'ရန်သူမှာရောပဲ.. ဝိဉာဉ်ကို တိုက်ခိုက်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားရင်ရော။ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲ..'
ရွှီယန်က ချင့်ချိန်စဉ်းစားသည်။ ဤသည်မှာ အခြား မည်သည့် တိုက်ခိုက်မှုထက်မဆို ခုခံရန် ပိုမိုခက်ခဲ၏။
စိတ်ထဲတွင် အတွေးအမြင်တို့ ပေါ်လာရင်းမှ အခိုက်အတန့်တစ်ခုတွင် သူ၏ရှေ့၌ ဓားအလင်းနှစ်ခု ပေါ်လာခဲ့သည်။ အဆုံးမသတ်နိုင်အောင် လှည့်ပတ်နေ၏။ ဓားစက်ဝန်းမှာ လျှို့ဝှက်ဆန်းကြယ်သည့် လှိုင်းများက ထွက်ပေါ်လာပြီးနောက် ခဏတွင်း ပျောက်ကွယ်သွားခဲ့သည်။
'မဟုတ်သေးဘူး... ဒါကို ဓားစက်ဝန်းထဲကို ပေါင်းထည့်လို့ မရဘူး။ အဲ့ဒါဆို အသုံးပြုလို့ရမှာ မဟုတ်ဘူး..'
ရွှီယန်က မျက်မှောင်ကျုံ့သွားသည်။ အတွေးတစ်ချက်နှင့်အတူ တောင်နှင့်မြစ်ဓားဆန္ဒက ပေါ်လာခဲ့၏။ လျှပ်တပြတ်အတွင်း တောင်နှင့်မြစ်တို့၏ အသွင်သဏ္ဌာန်တို့က ပုံရိပ်ယောင်နှင့် မတူညီစွာ ဖြစ်တည်လာခဲ့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကဲ့သို့ ဖွဲ့စည်းလာခဲ့၏။