← Chapters

ချန်းလန်ကျွန်းပေါ်၌ ဓားဆန္ဒအားနားလည်သဘောပေါက်ခြင်း၊ ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီး(၂)

Vol. 22 Ch. 323

ချန်းလန်ကျွန်းပေါ်၌ ဓားဆန္ဒအားနားလည်သဘောပေါက်ခြင်း၊ ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီး(၂)

Vol. 22 Ch. 323

ပုံရိပ်ယောင်တစ်ခု ဖြစ်လျှင်တောင် အတွင်းထဲတွင် တောင်တန်းနှင့် မြစ်ပြင်တို့နှင့် လောကတစ်ခုကို တွေ့မြင်နိုင်၏။ ဤသည်မှာ တောင်နှင့်မြစ် ဓားဆန္ဒ၏ ဒုတိယအဆင့် ဖြစ်သည်။

ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးနောက် ရွှီယန်သည် နောက်ဆုံး၌ တောင်နှင့်မြစ် ဓားဆန္ဒ၏ ဒုတိယအဆင့်ကို ထုတ်ဖော်နိုင်လာခဲ့သည်။

'ငါဓားဆန္ဒကို လေ့လာရာမှာ ပိုပြီးတော့ အဓိကထားသင့်တယ်။ ဒီဗိုင်းဝိဉာဉ်ကို သတ်ဖြတ်တာနဲ့ ပတ်သက်တဲ့ ဓားဆန္ဒကိုသာ ဖမ်းဆုပ်နိုင်ရင် ဓားတာအိုမှာရှိတဲ့ သတ်ဖြတ်ခြင်းအတတ် သို့မဟုတ် သိုင်းပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ငါ့ရဲ့ခွန်အားက အနှိုင်းမဲ့လာလိမ့်မယ်..'

'အဲ့ဒီ့အပြင် အဲ့ဒါကို တိုက်ခိုက်ဖို့ချည်းသက်သက် မဟုတ်ဘဲ ခုခံဖို့အတွက်လည်း အသုံးပြုလို့ရတယ်..'

ရွှီယန်၏ နှလုံးသားက စိတ်လှုပ်ရှားမှုဖြင့် အခုန်မြန်လာခဲ့၏။ သူသည် ကျင့်ကြံရန်အတွက် လားရာကို ရှာတွေ့ခဲ့ပါပြီ။

သေခြင်းရှင်ခြင်း ဓားစက်ဝန်းက ထပ်မံပေါ်လာခဲ့၏။ တောင်နှင့်မြစ်အတွင်းသို့ ပေါင်းစပ်သွားသည်။ တောင်နှင့်မြစ်အတွင်းတွင် ဓားစက်ဝန်းက လှည့်လည်နေပြီး သေခြင်းနှင့် ရှင်ခြင်းအကြား ပြောင်းလဲနေ၏။

သတ်ဖြတ်ခြင်း နည်းလမ်းများက အဆုံးမသတ်နိုင်အောင် ထွက်ပေါ်လာ၏။

ရက်အတန်ကြာအောင် ရွှီယန်သည် ဓားဆန္ဒကို လေ့လာခဲ့၏။ သို့ပေမယ့် မည်သည်ကိုမှ အောင်မြင်မှု မရသေးပေ။ အဲ့ဒီ့အစား သေခြင်းရှင်ခြင်း ဓားစက်ဝန်းက ပိုမို ပြည့်စုံလာပြီး စွမ်းအားကြီးမားလာခဲ့၏။

သတ်ဖြတ်ခြင်း နည်းလမ်းအသစ်များကိုလည်း နားလည်လာခဲ့သည်။ သူသည် သတ်ဖြတ်ခြင်း ဓားစက်ဝန်းကို အသုံးပြုချိန်၌ သေခြင်းဓားဆန္ဒအား ရေတေးတေး ခံစားလာရ၏။

'ငါကျင့်ကြံတဲ့ လားရာနဲ့ ပတ်သက်ပြီး တစ်ခုခုများ မှားနေလို့လား... သေခြင်းရှင်ခြင်း ဓားစက်ဝန်းက ထိုက်ကျိကနေပြီးတော့ နားလည်သဘောပေါက်ခဲ့တာပဲ။ ဒါပေမယ့် အခြေခံလေးပဲ ဖြစ်တယ်..'

ရွှီယန်က အတွေးနက်သွား၏။ တောင်ထွတ်ပေါ်တွင် ထိုင်ကာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရှိနေပါသည်။

လေညှင်းတစ်ခုက ဖြတ်သန်းတိုက်ခတ်သွား၏။သူ၏လည်ပင်း ဟကြောင်းမှ ရင်ဘတ်အတွင်းသို့ တိုးဝင်သွားသည်။ လက်များအကြားမှ ဝှေ့ဝဲကာ အင်္ကျီလက်များမှ ထွက်ခွာသွား၏။

လျှပ်တပြက်အတွင်း ရွှီယန်၏ စိတ်ထဲ၌ ဉာဏ်အလင်းပွင့်မှုတစ်ခု ပေါ်လာခဲ့သည်။

'သဘာဝတရားရှစ်ပါး ပုံကြမ်းက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နက်နဲတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတယ်။ ရွှမ်ကလေပဲ။ လေကအရာအားလုံးကို ထိုးဖောက်နိုင်တယ်... ဒါက ငါ့ရဲ့ ဓားဆန္ဒရဲ့ လားရာဖြစ်သင့်တယ်..'

ထိုအချိန်၌ ရွှီယန်သည် စိတ်လှုပ်ရှားလာခဲ့၏။ သူသည် လားရာကို ရှာတွေ့ခဲ့လေပြီ။

ဤနည်းအားဖြင့် ကိုယ့်ကိုယ်ကို ညင်သာသည့် လေညှင်းအတွင်းတွင် နှစ်မြုပ်ကာ သူ၏စိတ်ထဲ၌ သဘာဝတရားရှစ်ပါး ပုံကြမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုများက တွဲဖက်ကာ ပေါ်လာနေ၏။

ချန်းလန်ကျွန်းပေါ်တွင် ရွှီယန်သည် တောင်ထွတ်တစ်ခု၏ အပေါ်၌ ထိုင်နေပြီး ဓားဆန္ဒအား လေ့လာခြင်း၌ နစ်မျောနေပါသည်။

တစ်နေရာရာတွင် ရှဲ့လင်ဖုန်းက စဉ်းစားချင့်ချိန်မှု ပြုနေပြီး သူ၏ ကိုယ်ပိုင် ဓားတာအိုကို နားလည်သဘောပေါက်အောင် ကြိုးစား၏။

ဟူရှန်းမှာ ကျင့်ကြံမှုအပြီးတွင် အနည်းငယ် ပျင်းရိနေပါသည်။ ထို့ကြောင့် လှေငယ်တစ်စီးကို စီးကာ မြစ်ပြင်ပေါ်၌ သက်တောင့်သက်သာ မျောလွင့်နေ၏။

ဖန်းယွမ်နှင့် အခြားလူများမှာ သိုင်းပညာပြောင်းလဲမှု အတွင်း၌ ဆက်လက် နစ်မွန်းနေပြီး နေ့ညမပြတ် ကြိုးစားကာ မမောပန်းနိုင်သည့်ပုံ ရှိသည်။

သဟွမြို့တွင် လီရွှမ်၏ ဘဝမှာ ပုံမှန်အတိုင်းသာ ဆက်သွားနေ၏။ သဟွမြို့တလျှောက် လှည့်လည်သွားလာပြီးနောက် သူသည် ပျင်းရိသည့် ခံစားချက်ကို စတင်ရလာခဲ့သည်။

မုန့်ချုံမှာ မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် သူ၏ စွမ်းရည်များကို ပိုမိုနက်ရှိုင်းအောင် ကျင့်ကြံကာ အခြေခံကို စုစည်းနေ၏။ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်နေပါသည်။

ယခုအချိန်၌ ထုံးရွှမ်အဆင့်သို့ စတင်ချိုးဖျက်နိုင်နေပြီးဖြစ်ပေမယ့် ရွှီယန်ကဲ့သို့ပင် သူလည်းပဲ အဆင့်ချိုးဖျက်စဥ်၌ ဆင့်ကဲပြောင်းလဲမှုတို့ ဖြစ်ပေါ်ကာ အဆင့်မြင့်တက်လို၏။ တစ်ဆင့်ချင်းစီတိုင်းတွင် အခြေခံကို မြှင့်တင်နေရမည် ဖြစ်၏။

ရွှီယန်က သူ့ကို ညွှန်ကြားချက်တို့အား ပေးဆောင်ပြီးဖြစ်သည်။ မုန့်ချုံအနေနှင့် သူ၏ ပြောင်းလဲမှုအတွက် အရှိန်ယူနေ၏။

"သင်၏တပည့် မုန့်ချုံသည် ကြီးစိုးခြင်းဓားဆန္ဒ၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်။ သင်၏ ကြီးစိုးခြင်း ဓားဆန္ဒသည် အဆင့်မြင့်တက်သွားသည်.."

မုန့်ချုံ၏ ဓားဆန္ဒက အဆင့်မြင့်တက်သွားခဲ့၏။

စုလင်းရှုံမှာ ဒန်ဆေးသိုင်းပညာကျမ်းအား ဆက်လက် လေ့လာနေပြီး တိုးတက်မှုအချို့ ရခဲ့ဟန်ပေါ်သည်။

လီရွှမ်အနေနှင့် ဒန်ဆေးသိုင်းပညာကျမ်း နောက်တစ်ဆင့်ကို ထပ်မံရလာတော့မည်မှာ မကြာတော့ဟု ခံစားရ၏။

သဟွသိုင်းပညာမှာ မှန်ကန်သည့်လမ်းကြောင်း၌ တဖြည်းဖြည်း ဆက်လက် လျှောက်လှမ်းနေ၏။ ကျင့်ကြံသည့် သိုင်းသမားများက တိုးပွားလာနေသည်။

သို့ပေမယ့် အခြေခံက လုံလောက်ခြင်းမရှိရာ မူလအဆင့် သိုင်းသမားများမှာ အများကြီး မရှိသေးပေ။

'အခုဆိုရင် ၁၃၀ရလာခဲ့ပြီ..'

လီရွှမ်၏ သိုင်းအရိပ်များမှာ ၁၃၀သို့ ရောက်ရှိသွားပြီးဖြစ်သည်။ ဆိုလိုသည်မှာ စတင်ခြင်းအဆင်သို့ ရောက်ရှိသည့် သိုင်းသမား၁၃၀သို့ ရောက်ရှိနေပြီဟု ဖြစ်၏။

'ငါ.. ချန်းလန်ကျွန်းကို သွားသင့်ပြီ..'

ချန်ချင်းစံအိမ်သည် နေရာရွှေ့ပြောင်းရန် စီစဉ်နေ၏။ ဘာပဲဖြစ်ဖြစ် သံတောင်မြို့မှာ ချောင်ကျပြီး အနည်းငယ် ခေါင်သီသည့် နေရာတစ်ခု ဖြစ်သည်။

အတွင်းဘက်နယ်မြေ၏ စစ်မှန်သည့် စည်ကားရာ နေရာများနှင့် အလွန်ဝေးကွာလွန်း၏။

သို့ရာတွင် ဒီနေရာတွင် သဟွအား ဖွံ့ဖြိုးရန်အတွက် သင့်တော်ပါသည်။

စုလင်းရှုံလည်းပဲ ရွှေ့ပြောင်းရန် ပြင်ဆင်၏။ အရာအားလုံးတို့ကို ထုပ်ပိုးပြီးနောက် ကြီးမားသည့် ခြင်းကြီးနှစ်ခုတို့တွင် ဖြည့်ပြီး ကြောင်နီ၏ ကျောပေါ်တွင် ချိတ်ဆွဲလိုက်သည်။

သူတို့သည် သဟွရှိ ဒန်ဆေးထောက်ပံ့မှုကို ထိန်းသိမ်းရန်အတွက် ဆေးခန်းမတစ်ခုအား ချန်ရစ်ခဲ့၏။ ကျန်ရှိသည့် ဆေးခန်းမများ အားလုံးတို့ကို ချန်းလန်ကျွန်းဆီသို့ ရွှေ့ပြောင်းသည်။

"ဆရာ... ကျွန်မတို့တွေ သွားကြတော့မယ်... ချန်းလန်ကျွန်းကို သွားပြီးရင်.. မနက်ဖြန်ကျရင် အစ်ကိုကြီးနဲ့ တွေ့နိုင်ပြီ.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ပြော၏။

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်သည်။ ကြောင်နီမှာလည်း စိတ်လှုပ်ရှားနေ၏။ ပစ္စည်းသယ်သူအဖြစ် လုပ်ဆောင်ရခြင်းမှာ စုလင်းရှုံအား မျက်နှာချိုသွေးရန် ကောင်းမွန်သည့်အခွင့်အရေးတစ်ခုဟု ထင်မြင်မိသောကြောင့် အလွန်ကြိုးစားလေသည်။ စုလင်းရှုံ စိတ်ကျေနပ်မှသာလျှင် သူ့အနေနင့် ဒန်ဆေးလုံးများ မရှားပါးမည် ဖြစ်၏။

နောက်တစ်နေ့တွင် စုလင်းရှုံတို့သည် ချန်းလန်ကျွန်းဆီသို့ ခရီးကို စတင်ခဲ့၏။ သဟွမြို့ရှိ ချန်ချင်းစံအိမ်မှာ ဖွင့်လှစ်ထားဆဲ ရှိသည်။ ထိုနေရာတွင် ယွင်ရှန်းမြို့အုပ်ချုပ်သူနှင့် ချန်ချင်းစံအိမ်၏ အဖွဲ့ဝင်ဟောင်းအချို့တို့ နေထိုင်ကာ အရေးကိစ္စများကို ဦးဆောင်ကြ၏။

ရွှီကျွင်းဟယ်၊ ခုံရော့ကျစ်နှင့် အခြားလူများမှာ ချန်းလန်ကျွန်းဆီသို့ လိုက်ပါခဲ့သည်။ ကြောင်နီက ခြင်းတောင်းကြီးနှစ်ခုနှင့် လီရွှမ်၊ စုလင်းရှုံတို့ကို ကျောပေါ်တွင် သယ်ဆောင်ထားသည်။ သို့ပေမယ့် ထိုသို့ဆိုလျှင်တောင် အားစိုက်ထုတ်ရခြင်း မရှိဘဲ ကြီးမားသည့် လှည်းကြီးတစ်ခုကို ဆွဲနိုင်သေး၏။

လမ်းတလျှောက်တွင် ကြောင်နီ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးက လူအများ၏ အာရုံကို တော်တော်လေး ဆွဲဆောင်ခဲ့သည်။

ချန်းလန်ကျွန်းသည် ချန်းလန်မြစ် အတွင်းတွင် တည်ရှိပါသည်။ ထို့ကြောင့် ထယ်ရှန်းမြို့၏ ပိုင်နက်မှ ထွက်ခွာပြီး ချန်းလန်မြစ်ဒေသသို့ ရောက်ရှိသည်နှင့် လှေဖြင့် သွားလာရန် ရေခရီးသို့ ပြောင်းလဲလိုက်သည်။

ချန်းလန်မြစ်၏ အစွန်တွင် ကြီးမားသည့် သင်္ဘောကြီးတစ်ခု ဆိုက်ကပ်ထား၏။ ဤသည်ကို ထန်းပေါင်စံအိမ်က ပြင်ဆင်ထားခြင်း ဖြစ်သည်။

သင်္ဘောကြီးများဖြင့် သွားလာခြင်းသည် သိုင်းသမားများလောက် မြန်ဆန်ခြင်းမရှိတာ ဖြစ်ပေလိမ့်မည်။

သို့ပေမယ့် များစွာပိုမို သက်တောင့်သက်သာ ရှိလှ၏။

ကုန်းပတ်ပေါ်တွင်... လီရွှမ်က ကုလားထိုင်တစ်ခု၏ အပေါ်၌ ထိုင်နေသည်။ သူ၏ဘေးရှိ စားပွဲငယ်ပေါ်တွင် တိမ်မြူ စိတ်ဝိဉာဥ်လက်ဖက်ရည် တစ်အိုးအား စပ်ထားပြီး စုလင်းရှုံက ပြင်ဆင်ပေးထားသည့် ကိတ်တစ်ပန်းကန်နှင့် စိတ်ဝိဉာဉ်အသီးများလည်း ရှိ၏။ ဒန်ဆေးသန့်စင်ရာ၌ အသုံးပြုသည့် နည်းလမ်းများကို အသုံးပြုထားသည်။

စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်သုံးကာ စိတ်ဝိဉာဉ်ကိတ်ကို စား၏။ ချန်းလန်ကျွန်း၏ လှပသည့် ရှု့ခင်းကို ခံစား၏။ ဤသည်မှာ လူတစ်ယောက်၏ဘဝ ဖြစ်သင့်ပေသည်။

ချန်းလန်ကျွန်းပေါ်တွင်... ရွှီယန်၏ ပတ်ဝန်းကျင်၌ လေညှင်းတစ်ခု ဖြတ်တိုက်နေဟန် တူ၏။ သို့ပေမယ့် ၎င်းသည် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို သယ်ဆောင်ထားသည်။ ညင်သာသည့် လေသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို လုပ်ဆောင်ခြင်း မရှိပေ။

သို့ပေမယ့် အသိစိတ်အတွင်းသို့ စိမ့်ဝင်သွား၏။

သူသည် လေ့လာရာတွင် နစ်မြုပ်နေပြီး ဓားဆန္ဒ၏ နားလည်သဘောပေါက်မှုတစ်ခု ထွက်ပေါ်လာတော့မည်ဖြစ်သည်။

ကျွန်းပေါ်တွင် သက်တောင့်သက်သာ ရှိနေသည့် တစ်ဦးတည်းသောလူမှာ ဟူရှန်း ဖြစ်သည်။ ပျင်းရိစွာဖြင့် ရံဖန်ရံခါ လှေငယ်တစ်ခုစီးရင်း မြစ်ပြင်ပေါ်တွင် ငါးမျှားလေ့ရှိသည်။

ချန်းလန်ကျွန်း၏ အပြင်ဘက် မိုင်အနည်းငယ်အကွာလောက်တွင် မြက်ဖုတ်အချို့ ပေါက်နေ၏။ လှေငယ်တစ်ခုသည် မြက်ဖုတ်အနီးတွင် ရပ်နားကာ ငါးမျှားတံတစ်ချောင်းက လှေအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ဟူရှန်းသည် သက်တောင့်သက်သာဖြင့် ငါးမျှားနေ၏။

'အခုမှပဲ ဆရာကြီးရဲ့ စိတ်အခြေအနေကို ရုတ်တရက် နားလည်မှု ရလာခဲ့တယ်။ ငါက သိုင်းသခင်တစ်ယောက်ပဲ။ ဒါပေမယ့် အေးအေးဆေးဆေး ငါးမျှားပြီး ပျော်ရွှင်နေတယ်။ အဲ့ဒါက ဆရာကြီးရဲ့ သေမျိုးတစ်ယောက်လို ပျော်ရွှင်နေတာပဲ မဟုတ်ဘူးလား..'

ဟူရှန်းက ကိုယ့်ကိုယ်ကို စဉ်းစားသည်။ ငါးမျှားရင်းနှင့် သူ၏ နှာခေါင်းက အကြိမ်အနည်းငယ် တွန့်ကွေးသွား၏။ သင်္ဘောပေါ်၌ ရုတ်တရက် မွှေးပျံ့သည့် ရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။

'ဒီအနံ့က...'

တံတွေးကို မျိုချပြီးနောက် သူ၏ နဖူး၌ ချွေးစေးများ ထွက်ပေါ်လာခဲ့၏။ လည်ပင်းက တောင့်တင်းနေသည်ဟု ခံစားရသည်။ သို့ပေမယ့် အားတင်းကာသာ အနောက်ဘက်သို့ ဖြေးညှင်းစွာ ခေါင်းလှည့်ကြည့်၏။

သင်္ဘောပေါ်တွင် မည်သည့် နေရာမှလဲ မသိပေ။ ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ရောက်ရှိလာ၏။

သူမ၏ မှင်သက်ဖွယ်အလှက လောကကြီးတွင် အနှိုင်းမဲ့လှသည်။ ဆံပင်တွင် ထိုးထားသည့် ဆံထိုးက ကြည့်ရသည်ကို ပိုမို အိပ်မက်ဆန်စေ၏။

ဆံထိုးမှာ ခိုတွဲနေသည့် ပန်းပွားများရှိပြီး ၎င်း၏အပေါ်တွင် ခရမ်းရောင် အလုံးတစ်ခု ရှိသည်။ ခရမ်းရောင်အလုံးပေါ်တွင် အသက်ဝင်လှသည့် တောင်ပံအစုံအား ဖြန့်ကျက်ထားသော ငှက်တစ်ကောင်၏ ပုံကို ထွင်းထား၏။ ထိုဆံထိုးတစ်စုံမှာ အဖိုးတန်ရတနာများ ဖြစ်ပါသည်။

ဟူရှန်းကို ပိုမိုသတိကြီးသွား စေသည်မှာ ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ခွန်အားဖြစ်သည်။ သူမသည် စစ်ဘုရင်တစ်ယောက် ဖြစ်၏။

အမျိုးသမီး စစ်ဘုရင်တစ်ယောက်သည် သူ၏သင်္ဘောပေါ်၌ လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာခဲ့၏။ သိသာစွာပင် ဤသည်မှာ ကောင်းမွန်သည့် ကိစ္စတစ်ခု မဟုတ်ပေ။

ငါးမျှားတံကို ချကာ လေးစားစွာဖြင့် လက်နှစ်ဖက်ကိုဆုပ်သည်။

"ကျွန်တော်က ဓားသခင်ချောက်ကမ်းပါးက ဟူရှန်းပါ။ ကျွန်တော့်ရဲ့အဖေက ဟူဟိုင်ပါ။ ဓားနန်းတော်သခင် ရှဲ့ထန်းဟန်ရဲ့ စာပဉ္ဓင်းတစ်ယောက် ဖြစ်ပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးက နက်ရှိုင်းကြတယ်။ ဒီက စစ်ဘုရင်က ဘာကိစ္စနဲ့ ဒီကိုရောက်လာတာလဲ မသိဘူး.."

စတင်သည်နှင့် သူ၏ ဖခင်၏ ဂုဏ်သတင်းကို ကြေငြာလေသည်။ သူ့ဖခင်၏ ဂုဏ်သတင်းပင်လျှင် မလုံလောက်မည်စိုး၍ ဓားနန်းတော်သခင် ရှဲ့ထန်းဟန်ကိုပါ တစ်ခါတည်း ထည့်သုံးလိုက်၏။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက အနည်းငယ် အေးခဲသွားသည်။ ထို့နောက် ညင်သာစွာ ရယ်၏။

"ဟူဟိုင်ရဲ့သားလား... ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလဲ... ငါနင့်ကို လာပြီး ပြဿနာရှာတာ မဟုတ်ဘူး။ ဒီမှာ လူတစ်ယောက်ကို လာရှာတာ.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ တစ်ယောက်ယောက်ကို လာရှာတာ ဖြစ်ကြောင်းအား တွေ့ရသည်နှင့် ဟူရှန်း၏ စိတ်ထဲတွင် ပထမဆုံး တွေးလိုက်မိသည်မှာ ရွှီယန်ဖြစ်သည်။

သူသည် အနည်းငယ် ကြောင်တောင်သွား၏။ ဒီအမျိုးသမီးသည် ရွှီယန်ကို ဘာကိစ္စဖြင့် လာရှာရသနည်း။ စစ်ဘုရင်တစ်ယောက်၏ ရွှီယန်ကို ပြဿနာလာရှာခြင်းမှာ ကိုယ့်ကိုယ်ကို သက်သေခြင်းနှင့် တူပါသည်။

တစ်ဖက်လူသည် မှင်သက်စရာ ကောင်းလောက်အောင် လှပပြီး အမျိုးသားများကို သွားရည်ယိုလောက် စေပေမယ့် ရွှီယန်၏ မျက်လုံးထဲတွင် ရန်သူများမှာ ပြာများအဖြစ် ပြောင်းလဲသွားရန်သာ ထိုက်တန်ပါသည်။

မည်မျှ လှပနေပါစေ ခြားနားမည် မဟုတ်ပေ။

"စီနီယာက ရှာနေတာ ဘယ်သူ့ကိုလဲ မသိဘူး.."

ဟူရှန်းက ဂရုတစိုက်ဖြင့် မေး၏။

ချန်းလန်ကျွန်းပေါ်တွင် ရွှီယန်ရှိပါသည်။ သူမသာ သွားရှာချင်ပါက သူ့အနေနှင့် လမ်းကြောင်းညွှန်ပြရန် ငြင်းဆန်မည် မဟုတ်ပါ။ လူတစ်ယောက်သာ ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုပါက ဟူရှန်းအနေနှင့် ပါဝင်ကူညီမှု ပြုပေးရန် စိတ်မရှိပေ။

သို့ရာတွင် သူ၏စကား မဆုံးခင်တွင် မျက်နှာပေါ်သို့ မမြင်နိုင်သည့် လက်ဝါးချက်တစ်ခု ရောက်ရှိလာ၏။

"ရိုင်းစိုင်းလိုက်တာ... ငါက အဲ့လောက်အထိ အိုနေလို့လား။ နင်ကများ စီနီယာလို့ ခေါ်ရလောက်အောင် ဖြစ်သွားပြီလား။ ငါက နင့်ထက် အများကြီး အသက်မကြီးဘူး.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက မကျေမနပ်စွာဖြင့် အော်၏။ ဟူရှန်းမှာ ဒေါသတကြီးဖြင့် ပေါက်ကွဲလုဖြစ်သွားသည်။ သို့ပေမယ့် မကျေနပ်မှုများကို ပြန်လည် မျိုချလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ပေ။

သူမ၏ မျက်နှာကို မှတ်ဉာဏ်ထဲတွင် သိမ်းထားကာ ဖခင်ဖြစ်သူအား ပြီးမှ လက်စားချေခိုင်းမည်ဟု တွေးမှတ်ထား၏။

'နေပါဦး... သူမသာ ရွှီယန်ကို လာရှာတာဆိုရင် ပြာတောင်မှ ကျန်ခဲ့မှာ မဟုတ်ဘူး..'

ဟူရှန်းက ဒေါသတကြီးဖြင့် စဉ်းစားသည်။

သို့ရာတွင် သူ၏မျက်နှာပေါ်၌ အကြောက်တရားကိုသာ ပြထား၏။ ကိုယ့်ကိုယ်ကို အမြန် ပြင်ဆင်လေသည်။

"ပြီးခဲ့တုန်းက ကျွန်တော့်ရဲ့ အမှားအတွက် တောင်းပန်ပါတယ် သခင်မလေး... ဘယ်သူ့ကို ရှာချင်နေတာလဲ မသိဘူး.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ကျေနပ်စွာ ခေါင်းငြိမ့်သည်။

"ငါစုံစမ်းချင်တဲ့ လူက အရမ်းကို သန်မာထွားကြိုင်းတဲ့ လူတစ်ယောက်ပဲ။ အရမ်းလည်း စွမ်းအားကြီးမားတယ်။ မုန့်ချုံ ဘယ်နေရာမှာလဲဆိုတာ နင်သိလား။ စစ်ဘုရင်တစ်ယောက်ကို ရင်ဘတ်ထဲမှာ ဖက်သတ်လိုက်တာလေ.."

သူမ၏ မျက်လုံးများက မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။

"ဟမ် မုန့်ချုံလား..."

ဟူရှန်းက မှင်သက်သွားသည်။

သူမသည် ရွှီယန်အတွက် ရောက်လာခြင်း မဟုတ်ပေးဘူးလား။ မုန့်ချုံအတွက် ရောက်လာခဲ့သည်လား။

All Chapters