← Chapters

လီရွှမ်၏ မျှော်လင့်မှု၊ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ရည်ရွယ်ချက်(၂)

Vol. 22 Ch. 325

လီရွှမ်၏ မျှော်လင့်မှု၊ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ရည်ရွယ်ချက်(၂)

Vol. 22 Ch. 325

ဟူရှန်း၏ မျက်နှာက အေးခဲသွားသည်။ ထို့နောက် ညည်းညူသည့် မျက်နှာဖြင့် ပြော၏။

"ဒါတွေအားလုံးက မင်းကြောင့်ပဲ... မင်းကိုရှာချင်နေတဲ့ မိန်းမတစ်ယောက်ရှိတယ်။ အဲ့ဒါ ခေါ်မလာမှာစိုးလို့ ဆိုပြီး ငါ့ရဲ့ပခုံးကို ဆံထိုးနဲ့စိုက်သွားတာ။ မင်းအတွက် လက်ဆောင်ပေးတာလို့ ပြောလိုက်တယ်..."

မုန့်ချုံ၏ အကြည့်က တင်းမာသွား၏။

"ဘာတွေဖြစ်ခဲ့တာလဲ.."

"ငါလည်းမသိဘူး... ဒီဆံထိုးက သေချာပေါက် သာမန်မဟုတ်ဘူး။ အလောတလျှင် ဆွဲထုတ်ဖို့လုပ်ရင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်တယ်.."

ဟူရှန်းက လေးလံစွာ သက်ပြင်းချသည်။ အဖြစ်အပျက်များကို အသေးစိတ်ရှင်းပြ၏။

"သွားကြရအောင်... ငါသူမကို သွားတွေ့မယ်။ အသက်ရှင်ရတာ ပင်ပန်းနေတာလား ဆိုတာကို ကြည့်ရတာပေါ့.."

မုန့်ချုံက ညှို့မှိုင်းစွာ ပြော၏။

"ဒီဆံထိုးကရော..."

ဟူရှန်းက ပုခုံးရှိ စိုက်ဝင်နေသည့် ဆံထိုးကို ညွှန်ပြသည်။

"ဒီဆံထိုးက တကယ်ပဲ ပုံမှန်မဟုတ်ဘူး.."

မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။ ရှင်းလင်းစွာပင် ဤသည်မှာ ထိုအမျိုးသမီး၏ လက်နက်ဖြစ်၏။ ထူးကဲသည့် ကုန်ကြမ်းများကို အသုံးပြုကာ ပြုလုပ်ထားသည်။ မည်ကဲ့သို့ ကောင်းမွန်စွာ ဖယ်ရှားရမည်ကို မသိပါက အတင်းဆွဲထုတ်လျှင် ဆံထိုးကို ချက်ချင်း ပေါက်ကွဲထွက်စေပြီး ကြီးစွာထိခိုက်စေနိုင်၏။

သူက ခေါင်းကိုကုပ်ကာ ပြော၏။

"ဒီလိုရှုပ်ထွေးတဲ့ အရာတွေကို ကိုင်တွယ်ရာမှာ ငါက မကျွမ်းကျင်ဘူး။ စီနီယာအစ်ကိုကြီးကို သွားရှာမှရမယ်။ ဒါမှမဟုတ် ဆရာ့ကို သွားရှာရမယ်.."

ဟူရှန်း၏ မျက်နှာက ရုတ်တရက် ထိုင်းမှိုင်းသွားသည်။

"သခင်လေးရွှီက ဓားတာအိုကို လေ့လာနေတယ်။ ကျွန်တော်သူ့ကို သွားပြီးတော့ မနှောင့်ယှက်ရဲဘူး။ ဆရာကြီးကတော့..."

သူ့အနေနှင့် ယခုကဲ့သို့ သေးငယ်သည့် ကိစ္စမျိုးတွင် ဆရာကြီးအားလည်း သွားရောက်နှောက်ယှက်ရဲခြင်း မရှိပေ။

သူ၏ စကားဆုံးသည်နှင့် အားတစ်ခုက ပုခုံးအတွင်းသို့ ဝင်ရောက်လာပြီး ဆံထိုးကို တွန်းထုတ်လိုက်၏။

"ကျေးဇူးတင်ပါတယ်။ ဆရာကြီး.."

ဟူရှန်းက ဝမ်းသာသွားသည်။ ဆံထိုးက လီရွှမ်၏ လက်ထဲသို့ ကျဆင်းသွား၏။ စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် မနေနိုင်ဘဲ လက်ရာမြောက်လှသည့် ထုစစ်မှုအပေါ် ချီးကျူးလိုက်မိသည်။

ဆံထိုးမှာ တစ်ဆက်တည်း မဟုတ်ပါ။ အစိတ်အပိုင်းများစွာ ပေါင်းစပ်ထားခြင်း ဖြစ်၏။ ကြည့်လိုက်ပါက သိပ်သည်းကာ စုစည်းလှဟန် ရှိသည်။ သို့ပေမယ့် အတွင်းထဲတွင် အားတစ်ခုကို ထုတ်လွှတ်နိုင်သည့် နည်းပညာတစ်ခုအား ဖုံးကွယ်ထား၏။

လူတစ်ယောက်အနေနှင့် အတင်းဖယ်ရှားမှု ပြုပါက အထဲရှိ စွမ်းအားက ထွက်ပေါ်လာကာ ဒဏ်ရာအပြင်းအထန် ရသွားစေမှာ ဖြစ်သည်။ ဆံထိုးကို ပြုလုပ်ရန် အသုံးပြုထားသည့် ကုန်ကြမ်းများမှာလည်း အလွန်ထူးကဲလှသည်။ အစစ်အမှန်ချီနှင့် အစစ်အမှန်ယွမ်တို့ကို သိုလှောင်ထားရန်ပင် တတတ်စွမ်းနိုင်၏။

သို့ပေမယ့် ဆံထိုးမှာ မည်မျှပင် လက်ရာမြောက်စေကာမူ အကြွင်းမဲ့ခွန်အားကို ရင်ဆိုင်ရချိန်၌ ထုတ်ယူရန်အတွက် လွယ်ကူပါသေးသည်။ လီရွှမ်က သူ၏ အစစ်အမှန်ယွမ်ကို အသုံးပြုပြီး ဆံထိုးအတွင်းရှိ စွမ်းအားကို တစ်ခါတည်း ဖိနှိပ့်လိုက်ခြင်း ဖြစ်၏။

ဤသည်က ပေါက်ကွဲမှုကို ကာကွယ်ကာ အလွယ်တကူ ဆွဲထုတ်လို့ ရသွားစေသည်။

"ဒါက ပစ္စည်းကောင်းပဲ။ ယူလိုက်.."

လီရွှမ်က ဆံထိုးကို မုန့်ချုံအား ပေးလိုက်သည်။

"ဆရာ... ဒီဆံထိုးက... ကျွန်တော်အတွက် မသင့်တော်ဘူး။ ကျွန်တော်က ယောက်ျားကြီးလေ။ ဂျူနီယာညီမလေးကို ပေးလိုက်ပါလား.."

မုန့်ချုံက ဆံထိုးကို ဖမ်းယူပြီးနောက် လိုချင်ခြင်း မရှိစွာ ပြောသည်။

"သူမနဲ့ တွေ့ပြီးမှပဲ ဆုံးဖြတ်ပေါ့.."

လီရွှမ်က ရယ်၏။ ထိုအမျိုးသမီးက မုန့်ချုံကို အဘယ်ကြောင့် ဆံထိုးအား ပေးခဲ့သနည်း။ ဖြစ်နိုင်သည်မှာ မုန့်ချုံကို သဘောကျသွားလို့လား။

"ကောင်းပါပြီ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။ ထို့နောက် ဟူရှန်းနှင့်အတူ ထွက်ခွာသွား၏။

ချန်းလန်ကျွန်းပေါ်ရှိ လေထုမှာ လှုပ်ရှားတက်ကြွနေပါသည်။ ရွှီယန်လည်းပဲ ဓားတာအိုအပေါ် လေ့လာမှုပြီးဆုံးသွား၏။ သူ့ကို တွေ့လိုက်ရချိန်၌ လီရွှမ်၏ မျက်နှာက ကျေနပ်စွာ အံ့သြသွား၏။

"ရွှီယန်.. ဓားဆန္ဒအသစ် တစ်ခုကို လေ့လာနေတာလား... ပြီးတော့ အဲ့ဒီ့ဓားဆန္ဒက မရိုးရှင်းတဲ့ပုံပဲ.."

ရွှီယန်အနေနှင့် ဓားဆန္ဒကို ပြီးပြည့်စုံစွာ ဖမ်းဆုပ်နိုင်ခြင်း မရှိသေးပေမယ့် တိုးတက်မှုအချို့ ရလာဆဲရှိသည်။

ပတ်ဝန်းကျင်ရှိ ညင်သာသည့် လေညင်း၏ တိုးဝှေ့နေမှုကို လီရွှမ်အနေနှင့် သတိထားမိ၏။

"ငါလည်း ဓားဆန္ဒအသစ် တစ်ခုကို ရလာနိုင်ဖို့ မကြာတော့ဘူး ထင်တယ်.."

လီရွှမ်မှာ မျှော်လင့်နေမိ၏။

သူသည် ဖန်းယွမ်အပါအဝင် သိုင်းပညာ ပညာရှင်တစ်စုကို တွေ့လိုက်ရပြီး သူတို့၏ ပန်ဒါကဲ့သို့ မျက်လုံးများကို ကြည့်ကာ အံ့သြသွားသည်။

"ရွှီယန် ဘာလို့ သိုင်းပညာ ပညာရှင်တွေကို ချန်ချင်းစံအိမ်ကို ခေါ်လာလဲဆိုတာ ငါသိပြီ... သူတို့ရဲ့ မဲမှောင်နေတဲ့ မျက်လုံးတွေကို ကြည့်ရတာ နှလုံးသားနဲ့ စိတ်ဝိဉာဉ်အားလုံးကို သိုင်းပညာထဲမှာ နစ်မြှုပ်ထားတဲ့ပုံပဲ။ စိတ်က ဒီလောက် တစ်ဖြောင့်တည်းဖြစ်နေတာ အရူးလုပ်ဖို့ လွယ်တယ်.."

လီရွှမ်က မနေနိုင်ဘဲ သက်ပြင်းချသည်။ အားလုံးတို့သည် သိုင်းသခင်အဆင့်နှင့် အထက်ရှိ ခွန်အားကို ပိုင်ဆိုင်ထားကြ၏။ အထူးသဖြင့် ဖန်းယွမ်ဆိုလျှင် အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်သည်။ သို့ပေမယ့် သူတို့ပင်လျှင် မျက်လုံးများ၌ အမဲရောင်အဝိုင်းများ ရှိနေ၏။

ရှင်းလင်းစွာပင် ခွန်အားအဆင့် နိမ့်ပါးနေချိန်၌ ရှည်ကြာသည့် အိပ်စက်မှု ကင်းမဲ့မှုများ၏ ရလဒ်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဖယ်ရှားနိုင်ခြင်း မရှိတော့ပေ။

ချန်ချင်းစံအိမ်၏ ချန်းလန်ကျွန်းဆီသို့ ရွှေ့ပြောင်းမှုနှင့်အတူ ထိုသိုင်းပညာ ပညာရှင်များအား ဒန်ဆေးသိုင်းပညာအကြောင်းကိုလည်း မိတ်ဆက်ပေး၏။ အားလုံးမှာ ရူးသွပ်လုမတတ် ဖြစ်သွားကြသည်။

သူတို့သည် စုလင်းရှုံနောက်မှ မျက်နှာချိုသွေးကာ လိုက်နေကြပြီး ခိုင်းသမျှအားလုံးကို ကြိုးကြိုးစားစား ကူညီလုပ်ဆောင်ပေး၏။ ဒန်ဆေးသိုင်းပညာကို လေ့လာရန် တာဆူနေကြပြီး ၎င်း၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ရှာဖွေလိုလေသည်။

အတွင်းဘက်နယ်မြေရှိ သိုင်းသမားများက သဟွသိုင်းပညာကို တစ်ဖန်စတင် လေ့လာကြပြန်၏။ စုလင်းရှုံက ယင်လုံ့စံအိမ်ရှိ သိုင်းသမားများ၏ အလောင်းများကို ခွဲခြမ်းစိတ်ဖြာကာ အတွင်းဘက်နယ်မြေ၏ သိုင်းသမားများ၏ ခန္ဓာကိုယ်အပေါ် နက်ရှိုင်းသည့် နားလည်မှု ရလာခဲ့သည်။

သဟွသိုင်းပညာ၏ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားအား မည်ကဲ့သို့ အစားထိုးရမည်ကို သုတေသနပြုလုပ်ပြီးနောက် နောက်ဆုံးတွင် တိုးတက်မှုအချို့ ရလာခဲ့၏။

စုလင်းရှုံက မရီတျန်များကို ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ တံတားအဖြစ် စုစည်းရာတွင် ကူညီပေးမည့် ဒန်ဆေးလုံးကို ဖန်တီးသည်။

၎င်းတို့မှာ အတုအယောင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ တံတားသာ ဖြစ်ပေမယ့် အတွင်းဘက်နယ်မြေရှိ သိုင်းသမားများကို သဟွသိုင်းပညာအား စစ်မှန်စွာ ကျင့်ကြံလာနိုင်စေသည်။

ထို့အပြင် ပြောင်းလဲရန် နည်းလမ်းမှာလည်း ချန်ချင်းစံအိမ်၏ လက်ထဲတွင် ရှိနေ၏။ ဒန်ဆေးလုံးများ မရှိဘဲ မရီတျန်များကို ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ တံတားအဖြစ် စုစည်းရန် မဖြစ်နိုင်ပါ။

ဤနည်းအားဖြင့် သဟွရှိ ချန်ချင်းစံအိမ်၏ အနေအထားမှာ လှုပ်ခါ၍ မရနိုင်အောင် ဖြစ်နေပါတော့သည်။

သို့ရာတွင် ၎င်းအတွက် အားသာချက်နှင့် အားနည်းချက် နှစ်မျိုးစလုံး ရှိ၏။ အားနည်းချက်မှာ စွမ်းအားကြီးမားသူများစွာတို့က သဟွသိုင်းပညာကို ပြောင်းလဲရန်အတွက် ချန်ချင်းစံအိမ်ကို ပစ်မှတ်ထားလာမှာ ဖြစ်သည်။

ချန်ချင်းစံအိမ်ကို ဒန်ဆေးလုံး၏ ဆေးညွှန်းအား လက်လွှဲပေးရန် ဖိအားပေးခြင်း သို့မဟုတ် ဒန်ဆေးလုံးအား ထုတ်လုပ်သည့် နည်းလမ်းကိုပင် လက်လွှဲခိုင်းခြင်းတို့ ပြုလုပ်လာနိုင်သည်။

သို့ပေမယ့် ထိုအားနည်းချက် ဟူသည်မှာ အကြွင်းမဲ့သော ခွန်အားကို ရင်ဆိုင်ရချိန်၌ သိသာခြင်း မရှိလှပါ။

ရက်အနည်းငယ်ကြာပြီးနောက် ဟူရှင်းနှင့် ထွက်ခွာသွားခဲ့သည့် မုန့်ချုံသည် နောက်ဆုံးတွင် ပြန်လာခဲ့၏။ သူ၏နောက်တွင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးလည်း ပါလာခဲ့သည်။

သူမ၏ အကြည့်များက မုန့်ချုံအပေါ်တွင် ကျရောက်နေပြီး လေးစားမှုတို့ဖြင့် ပြည့်နက်နေ၏။ ဤသည်က လီရွှမ်ကို မှင်သက်သွားစေသည်။ အချစ် နွားမကြီးလေလား။

မထင်မှတ်စွာပင် ကတုံးပြောင်နှင့် ကြမ်းတမ်းသည့် မုန့်ချုံပင်လျှင် တစ်ဖက်သတ် ကြိုက်နေသူ ရှိနေ၏။

"စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံ.. ဘယ်လိုလဲမုန့်ချုံ.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြောသည်။

"အခုအချိန်မှာ ငါ့မှာ ပိုက်ဆံမလိုသေးဘူး.."

မုန့်ချုံက လက်ကိုဝှေ့ရမ်း၏။

"စိတ်ဝိဉာဉ်ပုံဆောင်ခဲ နှစ်မီလီယံ.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက စျေးနှုန်းကို ဆက်လက်မြှင့်သည်။ မုန့်ချုံက အနည်းငယ် စိတ်ဝင်စားသွား၏။ သို့ပေမယ့် နောက်ဆုံးတွင် ခေါင်းကိုရမ်းကာ ပြောသည်။

"မင်းပြန်တော့.. ငါအလုပ်ရှုပ်နေတယ်.."

လက်ရှိအချိန်၌ ချန်ချင်းစံအိမ်တွင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ရှားပါးခြင်း မရှိပေ။ ထို့အပြင် သူ့အနေနှင့် အမျိုးသမီး၏ ငှားရမ်းမှုကို လက်ခံမည် မဟုတ်ပါ။

"ဟူရှန်း.. ဘာတွေဖြစ်နေတာလဲ.."

ရှဲ့လင်ဖုန်းက ဟူရှန်းကိုဆွဲကာ သိလိုစွာမေးသည်။ ရွှီယန်တို့လည်း ရောက်လာကြ၏။ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို သံသယဖြင့် ကြည့်ကြသည်။

"သူမက မုန့်ချုံကို ငှားရမ်းချင်နေတာ။ နေရာတစ်ခုကို လိုက်ပို့ခိုင်းဖို့။ ဒါပေမယ့် မုန့်ချုံက ငြင်းလိုက်တယ်.."

ဟူရှန်း၏ မျက်နှာကလည်း ထူးဆန်းနေပါသည်။

ရွှီယန်က မနေနိုင်ဘဲ ပထမဆုံးအကြိမ် အတွင်းဘက်နယ်မြေသို့ ရောက်ရှိလာခဲ့စဉ်က အကြောင်းအရာတစ်ခုကို ပြန်လည်စဉ်းစားမိသည်။ သူသည် သုယွီယင်း၏ ငှားရမ်းမှုကို လက်ခံပြီး စိတ်ဝိဉာဉ်ပုံဆောင်ခဲ ပထမတစ်သုတ်ကို ရရှိခဲ့၏။

တစ်ဖက်ရှိ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက စျေးနှုန်းကို ဆက်လက် မြှင့်တင်နေပါသည်။

"စိတ်ဝိဉာဉ်ပုံဆောင်ခဲ သုံးမီလီယံ.."

ရွှီယန်နှင့် အခြားလူများသည် မနေနိုင်ဘဲ တွေးမိလိုက်ကြ၏။ ဒီအမျိုးသမီးမှာ ချမ်းသာလှပါသည်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ သုံးမီလီယံ... ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူသည် မျက်တောင်ခတ်ခြင်းပင် မရှိပေ။

"ငါပြောပြီးပြီလေ... လက်မခံနိုင်ပါဘူးလို့.."

မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။ သူ၏ လက်ကြီးနှစ်ဖက်ကို ဆုပ်ကာ သူမကို ပုခုံးမှကိုင်ပြီး လေထဲသို့မြှောက်ကာ လွှင့်ပစ်လိုက်၏။

သို့ရာတွင် မကြာခင်တွင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး ပြန်လည် ရောက်ရှိလာခဲ့သည်။ သူမ၏ မျက်နှာက နီရဲနေပြီး စိတ်လှုပ်ရှားနေပုံ ပေါ်၏။

"မုန့်ချုံ... ရှင်ကအရမ်းကို စွမ်းအားကြီးတာပဲ.."

မုန့်ချုံက မျက်မှောင်ကျုံ့သွားပြီး ပြောသည်။

"မင်းအခု မသွားသေးဘူးဆိုရင် ပြီးတော့မှ ငါရိုက်ရင် အပြစ်မတင်နဲ့.."

"မသွားနိုင်ဘူး။ ကျွန်မငှားတာကိုပဲ လက်ခံလိုက်။ အဲ့ဒီ့နေရာက ရတနာနယ်မြေ တစ်ခုပဲ။ အန္တရာယ်အချို့ ရှိပေမယ့် ရှင့်ရဲ့ခွန်အားနဲ့ အလွယ်တကူ ဝင်ရောက်နိုင်မှာ.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက လက်လျှော့သွားခြင်း မရှိပေ။

မုန့်ချုံက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ၏ ခေါင်းကို ကုပ်၏။

"ငါ့ကို သဘောတူစေချင်ရင် စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို မလိုချင်ဘူး။ သိုလှောင်အိတ်တစ်ခု ပေးမှပဲရမယ်။ မဟုတ်ရင် သဘောမတူနိုင်ဘူး.."

သိုလှောင်အိတ်မှာ အတွင်းဘက်နယ်မြေ၏ စစ်မှန်သည့် ရတနာတစ်ခု ဖြစ်သည်။ ယခုအချိန်အထိ မုန့်ရှူရှူသည် သူ့အတွက် သိုလှောင်အိတ်တစ်ခုကို ဝယ်ယူပေးနိုင်ခြင်း မရှိသေးပါ။ သူ၏ အမြင်တွင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးလည်း ထုတ်ပေးနိုင်မည် မဟုတ်ပေ။

မည်သူက တွေးမိမည်နည်း။ သူ့ကို အံ့သြစေသည်ကား ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ဝမ်းသာသည့် အသွင်ဖြင့် သူမ၏ ရင်ဘတ်အတွင်းမှ သေးငယ်သည့် အိတ်တစ်ခုကို ထုတ်လာခြင်းဖြစ်သည်။

"ကိစ္စမရှိဘူး.."

ဤသည်မှာ ဖားတစ်ကောင်နှင့် တူညီသည့် မီးခိုးရောင် အိတ်ငယ်တစ်ခု ဖြစ်၏။

မုန့်ချုံက မှင်သက်သွားသည်။ သူမသည် သူ့ကို ငှားရမ်းရန် သိုလှောင်အိတ်တစ်ခုကို အမှန်တကယ် ပေးဆောင်လိုသည်လား။

သူ၏ အကြည့်က သိုလှောင်အိတ်ပေါ်သို့ ကျရောက်သွားပြီးနောက် မနေနိုင်ဘဲ စိတ်ဝင်စားသွားသည်။ သို့ရာတွင် သူ့ကို အတင်းငှားရမ်းနေသည့် နောက်ကွယ်တွင် မည်သည့် အကြံအစည်များ ရှိနေသည်လည်း မသိပေ။

စတင် တုံ့ဆိုင်းလာခဲ့၏။

"ကောင်းပြီ။ ဒီမှာယူလိုက်... အခု ကျွန်မငှားတာကို လက်ခံပြီလား.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက မုန့်ချုံ၏ လက်ထဲသို့ သိုလှောင်အိတ်ကို တစ်ခါတည်းပေးသည်။

"ဘာလို့ ငါ့ကိုမှ လိုက်ငှားနေတာလဲ.."

မုန့်ချုံက အသက်ကို နက်ရှိုင်းစွာရှူပြီး လေးနက်စွာ မေး၏။

"ဘာလို့လဲဆိုတော့ ကျွန်မရှင့်ကို ကြိုက်လို့ပေါ့.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ရှက်ရွံ့စွာဖြင့် ပြောသည်။

မုန့်ချုံက ခေါင်းကိုကုပ်ကာ အနည်းငယ် ကြောင်တောင်သွား၏။

"အဲ့ဒါကြောင့်ပဲလား.."

"ပြီးတော့ ရှင်က အရမ်းလည်း သန်မာတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကျွန်မကို လုံခြုံတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်။ ရှင်က အဲ့ဒီ့နေရာအတွက် အသင့်တော်ဆုံးလူပဲ.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက စိတ်အားထက်သန်စွာဖြင့် ပြော၏။

"အဲ့ဒီ့ကိစ္စကို ကျွန်တော် စဉ်းစားကြည့်ဦးမယ်.."

မုန့်ချုံက လက်ထဲရှိ သိုလှောင်အိတ်ကို ကြည့်သည်။ လိုချင်မှုတို့ဖြင့် ပြည့်နှက်နေ၏။

သို့ရာတွင် သူမ၏ ရည်ရွယ်ချက်က ရှင်းလင်းခြင်းမရှိဘဲ သွားရောက်မည့် နေရာမှာလည်း သံသယဝင်စရာ မကောင်းလောက်အောင် အန္တရာယ်များပြားမှာ ဖြစ်သည်။

"အဲ့ဒီ့နေရာမှာ အန္တရာယ်က အရမ်းကြီး မကြီးပါဘူး။ ရှင်ရဲ့ခွန်အားနဲ့ အေးအေးဆေးဆေး ဝင်ရောက်လို့ရတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ တောင်းဆိုချက်ကို သဘောတူပေးပါ.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သူ့ကို တောင်းဆိုစွာ ကြည့်သည်။

မုန့်ချုံက ဆရာဖြစ်သူအား ကြည့်၏။ ထို့နောက် စီနီယာအစ်ကိုကြီးကို ကြည့်သည်။ မေးခွန်းထုတ်သည့် အကြည့်ဖြင့် ဖြစ်၏။

ရွှီယန်က ပါးစပ်ကိုဖွင့်ကာ မေးသည်။

"မင်းက ဘယ်သူလဲ.."

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက လူတိုင်းကို ကြည့်သည်။ ခဏတာ စဉ်းစားပြီးနောက် ပြော၏။

"ကျွန်မရဲ့ နာမည်က ကျစ်ယွင်.."

ထိုစကားကို ကြားရပြီးနောက် ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့၏ မျက်လုံးများက အံ့သြစွာ ပြူးကျယ်သွားကြသည်။

All Chapters