ပြောင်းလဲခြင်းနည်းလမ်း၊ မျက်နှာပြာနှင့် လူ၏ လှုပ်ရှားမှုများ
Vol. 22 Ch. 326
ရှဲ့လင်ဖုန်း၏ မျက်နှာက အံ့သြမှုတို့ဖြင့် ပြည့်နက်နေပြီး အသံပြုသည်။
"မင်းက ကျစ်ယွင်လား။ မင်းသမီး ကျစ်ယွင်ပေါ့.."
ကျစ်ယွင်က ခါးကိုဆန့်ကာ ဂုဏ်ယူစွာ ပြော၏။
"ဟုတ်တယ် ကျွန်မပဲ.."
"ဘယ်လိုလုပ်ပြီးတော့ စစ်ဘုရင်တစ်ယောက် ဖြစ်လာခဲ့တာလဲ.."
ရှဲ့လင်ဖုန်းမှာ အလွန်အံ့ဩနေ၏။
"ဟမ့်... ကျွန်မရဲ့ အနှိုင်းမဲ့တဲ့ ပါရမီနဲ့ စစ်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စလေးပဲ မဟုတ်ဘူးလား။ ရှင်က ရှဲ့လင်ဖုန်း ဖြစ်ရမယ်။ ဟုတ်တယ်မလား... ကြည့်ရတာ အရှုံးသမားတစ်ယောက်လိုပါပဲ.."
ကျစ်ယွင်က ဂုဏ်ယူစွာ ပြောသည်။
ရှဲ့လင်ဖုန်း၏ မျက်နှာက မဲမှောင်သွား၏။ သူသည် အထင်သေး ခံခဲ့ရလေသည်။ သို့ပေမယ့် မည်ကဲ့သို့ ပြန်လည်ချေပရမည်မသိ ဖြစ်နေ၏။
"အကိုရှဲ့... သူမကို သိလို့လား.."
ရွှီယန်က အံ့ဩစွာမေးသည်။
"သူမက ငါ့နဲ့ မျိုးဆက်တူ တစ်ယောက်ပဲ။ အတွင်းဘက်နယ်မြေရဲ့ အငယ်ဆုံး သိုင်းသခင်၃ယောက်ထဲက တစ်ယောက်အဖြစ် ကျော်ကြားတဲ့ ကျစ်ယွင်နိုင်ငံရဲ့ မင်းသမီးကျစ်ယွင်ပဲ.."
ရှဲ့လင်ဖုန်းက ခါးသက်သည့် အပြုံးတစ်ခုဖြင့် ပြော၏။
အငယ်ရွယ်ဆုံး သိုင်းသခင်၃ယောက်တို့ အကြားတွင် ကျစ်ယွင်က ဦးဆောင်မှုပြုကာ စစ်ဘုရင်အဆင့်သို့ ချိုးဖျက်သွားခဲ့၏။
ရွှီယန်က ရှဲ့လင်ဖုန်း၏ ပုခုံးကိုပုတ်ကာ နှစ်သိမ့်သည်။
"အကိုရှဲ့... အားလျော့စရာ မလိုပါဘူး။ သူမက စစ်ဘုရင်တစ်ယောက် ဖြစ်ရင်တောင် မင်းရဲ့ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ ပြောလို့မရဘူး.."
ရှဲ့လင်ဖုန်းက ခေါင်းကိုရမ်းသည်။ သူသည် အစစ်အမှန်ချီအား သန့်စင်မှုတွင် သိလာသည့် တိုးတက်မှုများ ရခဲ့ပြီး ဓားတာအို အရာတွင်လည်း အသိအမြင်များ တိုးပွားလာပေမယ့် စစ်ဘုရင်တစ်ယောက် ဖြစ်သည့် ကျစ်ယွင်ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သည့်ပုံ ရှိသည်။
ကျစ်ယွင်က မုန့်ချုံကို ဆက်လက် တွယ်ကပ်စွာပြောသည်။
"ကောင်းပြီ။ အခုဆိုရင် ရှင်စိတ်ချသွားပြီ မလား။ ကျွန်မရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး အဲ့ဒီ့နေရာကို လိုက်ပို့ပေးတော့.."
မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။
"မင်းရဲ့ ပါရမီနဲ့ ခွန်အားကို ကြည့်ရတာ အဲ့ဒီ့နေရာကို ကိုယ်ကိုယ်တိုင် သွားလို့ရတယ်မလား။ ဘယ်လိုဖြစ်လို့ ငါ့ကို လိုက်ပို့ခိုင်းနေရတာလဲ.."
"ဘာလို့လဲဆိုတော့ ရှင့်ကို သဘောကျလို့ပေါ့။ ကျွန်မက ရှင့်လိုမျိုး ကြံ့ခိုင်တဲ့ ယောက်ျားသားကိုပဲ ကြိုက်တာ။ ပျော့ပျော့နွဲ့နွဲ့တွေ မဟုတ်ဘူး.."
ကျစ်ယွင်က ဂရုစိုက်ခြင်းမရှိစွာ ပြော၏။
မုန့်ချုံ၏ တုံ့ဆိုင်းနေသေးသည့် အသွင်အပြင်ကို တွေ့ရပြီးနောက် အံကိုကြိတ်ကာ ထပ်ပေါင်းပြောသည်။
"အဲ့ဒီ့မှာ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်တွေလည ရှိလိမ့်မယ်.."
"ကောင်းပြီ ငါလက်ခံတယ်.."
ထိုစကားကို ကြားလိုက်ရသည့် အချိန်၌ မုန့်ချုံက ချက်ချင်းပင် သဘောတူ၏။
ကျစ်ယွင်က မှင်သက်သွားသည်။ စိတ်ဝိဉာဉ်ဆေးပင်ကို ပြောလိုက်သည်နှင့် ချက်ချင်း သဘောတူခဲ့သည်လား။ သူမသည် မနေနိုင်ဘဲ စိတ်အနှောင့်အယှက်ဖြစ်စွာ ခံစားလိုက်ရသည်။ အစကတည်းကသာ သိပါက အဆင့်၅စိတ်ဝိဉာဉ်ဆေးပင် အကြောင်းကို ပြောပြီးတာ ကြာပြီ ဖြစ်ပေလိမ့်မည်။
ရှဲ့လင်ဖုန်းမှာတော့ ပဟေဠိ ဖြစ်နေ၏။
"ကျစ်ယွင်... နင်တို့ ကျစ်ယွင်နိုင်ငံမှာ စစ်ဘုရင်တွေ အများကြီးရှိတာကို ဘာလို့ ညီလေးမုန့်ကိုမှ လာငှားရတာလဲ။ အဲ့ဒီ့နေရာက ဘာတွေ ထူးခြားနေလို့လဲ.."
ကျစ်ယွင်က သူ့ကို တစ်ချက်ကြည့်သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြော၏။
"ကျွန်မနဲ့ ကျွန်မအဖေနဲ့ ပြဿနာတက်ထားတယ်။ အခုဆိုရင် သူ့လူတွေကို သေချာပေါက် လွှတ်ပြီး လိုက်ဖမ်းခိုင်းထားမှာ။ အဲ့ဒီ့နေရာကတော့ အမှန်ပဲ ထူးခြားတယ်။ ဒါပေမယ့် အများကြီး ပြောပြလို့မရဘူး.."
ရှဲ့လင်ဖုန်းက အံ့ဩသွားသည်။ ကျစ်ယွင်မှာ အတွင်းဘက်နယ်မြေရှိ အသက်အငယ်ဆုံး သိုင်းသခင်တစ်ယောက်ဟူ၍ နာမည်ကျော်ကြားသူတစ်ဦး ဖြစ်၏။
ဤသည်က သူမ၏ ထူးကဲသည့် ပါရမီကို ပြသပြီးဖြစ်သည်။
မည်သည့် အင်အားစုတွင်မဆို ရတနာတစ်ခုသဖွယ် သတ်မှတ်ခြင်း ခံရမှာပါ။ သို့ပေမယ့် ဘုရင်ကျစ်ယွင်နှင့် မူ ပြဿနာတက်ထားသည်လား။
ကျစ်ယွင်က ဆက်လက်ပြောသည်။
"အဲ့ဒီ့နေရာကို ရောက်ဖို့အတွက် ကျစ်ယွင်နိုင်ငံကို ဖြတ်သွားဖို့ လိုအပ်တယ်။ မုန့်ချုံရဲ့ ခွန်အားနဲ့ ကျွန်မကို လိုက်ပို့ပေးနိုင်စွမ်း ရှိတယ်။ ဟိုကို ရောက်ပြီးရင် လျှို့ဝှက်ချက်တွေကို သေချာပေါက် သိရမှာပဲ.."
ထို့နောက် ထပ်ပေါင်းပြော၏။
"အဖေနဲ့ ပြဿနာတက်တာက တကယ်တော့ ကျွန်မတစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ပေးချင်နေလို့ ဖြစ်တာ။ ဒါက တကယ့်ကို လွန်ကျူးသွားပြီ။ အဲ့ဒါကြောင့်မို့လို့ တစ်ခါတည်း သူ့ကို ဆန့်ကျင်ခဲ့တာ.."
ရှဲ့လင်ဖုန်းတို့မှာ ပဟေဠိ ဖြစ်သွားကြသည်။ ဘုရင်ကျစ်ယွင်သည် ရူးသွားသည်လား။ ယခုကဲ့သို့ ပါရမီရှင်တစ်ယောက်ကို မည်သည့် အင်အားစုကမဆို လိုချင်တောင့်တမိမှာပါ။ ဤသည်မှာ နယ်မြေ၏ ထောက်တိုင်တစ်ခု ဖြစ်လာနိုင်၏။
သို့ပေမယ့် သူမကို လက်ထပ်ပေးချင် နေလေသည်။ပြဿနာများ ကြီးထွားလာသည့်အချိန်အထိပင် ရောက်ခဲ့၏။
"နင့်ကို ဘယ်သူ့ဆီ လက်ထပ်ပေးချင်တာလဲ.."
ရှဲ့လင်ဖုန်းက သိလိုမှုတို့ဖြင့် ပြည့်နက်နေ၏။ ကျစ်ယွင်နှင့် လက်ထပ်ထိမ်းမြားရန် အဆင့်မှီဖို့ရာ သို့မဟုတ် ဘုရင်ကျစ်ယွင်အား စိတ်ဝင်စားစေမည့် အရာတို့ကို ပိုင်ဆိုင်ထားဖို့ရာ အတွင်းဘက်နယ်မြေ၌ အင်အားစုအချို့သာလျှင် ပြည့်မှီ နိုင်ပါသည်။
"ငါလည်း မသိဘူး.."
ကျစ်ယွင်က ခေါင်းကိုရမ်းသည်။
"ထပ်ပြီးတော့ မမေးနဲ့တော့။ သူနဲ့ငါ တစ်ခါမှလည်း မတွေ့ဖူးဘူး။ နာမည်ဘယ်သူလဲ ဆိုတာတောင် မသိဘူး။ ငါ့အထင်တော့ အဖေက ရူးသွားတာ ဖြစ်လိမ့်မယ်.."
ရှဲ့လင်ဖုန်းက မှင်သက်သွား၏။ ကျစ်ယွင်ဘုရင်သည် အမှန်တကယ်ကို ရူးသွားခြင်း ဖြစ်ပေလိမ့်မည်။
ထိုနေ့တွင် မုန့်ချုံသည် ချန်းလန်ကျွန်းမှ ထွက်ခွာပြီး ကျစ်ယွင်ကို ထိုနေရာဆီသို့ လိုက်လံ ပို့ဆောင်ပေး၏။
ချန်းလန်ကျွန်းပေါ်တွင် ရွှီယန်က ဓားဆန္ဒကို ဆက်လက် လေ့လာသည်။ ထိုအချိန်၌ စုလင်းရှုံက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားအား ဖန်တီးရန်အတွက် ဒန်ဆေးလုံးကို စတင်သန့်စင်၏။ သဟွသိုင်းပညာသို့ ပြောင်းလဲရာတွင် ကူညီပေး၏။
ပထမဆုံး ပြောင်းလဲမည့်လူမှာ ရှဲ့လင်ဖုန်း ဖြစ်သည်။
သူသည် အလွန်စိတ်လှုပ်ရှားနေ၏။ ဒန်ဆေးလုံး၏ အောင်မြင်စွာ သန့်စင်ပြီးမှုနှင့်အတူ ရှဲ့လင်ဖုန်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို စတင် စုစည်းခဲ့သည်။
ဤနည်းအားဖြင့် သဟွသိုင်းပညာအား ပြောင်းလဲမည့် ပထမဆုံး ခြေလှမ်းကို လှမ်းတက်ခဲ့၏။ သူသာ အောင်မြင်မှုရပါက အတွင်းဘက်နယ်မြေတွင် သိုင်းသခင်အဆင့်မှ မူလအဆင့်သို့ ပထမဆုံး ပြောင်းလဲခဲ့သည့် လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ရွှီယန်က ဓားဆန္ဒအား လေ့လာမှုကို ရပ်တန့်ကာ နံဘေးမှ ကြည့်ရှု့၏။ ဖန်းယွမ်ကဲ့သို့ လူများအားလုံးမှာလည်း မျှော်လင့်စွာ ကြည့်ရှုနေကြသည်။
ရှဲ့လင်ဖုန်းသာ ပြောင်းလဲမှုတွင် အောင်မြင်ပါက ခုနှစ်စင်ကြယ်အကယ်ဒမီမှ သိုင်းသခင်များလည်း သိုင်းပညာစနစ်အား ပြောင်းလဲရန် စိတ်ဝင်စားသူများ ပြောင်းလဲလို့ ရနိုင်ပါပြီ။
သို့ရာတွင် စစ်ဘုရင်များအတွက်မူ ပြောင်းလဲရန် တော်တော်လေး ခက်ခဲလှ၏။ သူတို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားအပြင် အစစ်အမှန်ယွမ်အား စုစည်းခြင်းနှင့် ထုံးရွှမ်အား မည်ကဲ့သို့ နားလည်သဘောပေါက်အောင် လေ့လာရမည့် အခက်အခဲများစွာတို့ ရှိနေပါသည်။
စစ်ဘုရင်တစ်ယောက်တွင် လေ့လာစရာ အများကြီးရှိသေးရာ အလောတလျှင် ပြောင်းလဲရန် လိုအပ်ခြင်း မရှိပါ။
ရှဲ့လင်ဖုန်းက ဒန်ဆေးလုံးကို စားသုံးကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို စတင်စုစည်းသည်။ သဟွသိုင်းပညာသို့ အပြီးတိုင် ပြောင်းလဲမှုပြု၏။
သူသည် အတွင်းဘက်နယ်မြေ၏ သိုင်းပညာမှ သဟွသိုင်းပညာသို့ စစ်မှန်စွာ ပြောင်းလဲသည့် ပထမဆုံးလူ ဖြစ်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားတည်ဆောက်မှု အောင်မြင်နိုင်မည်လား ဟူသည်မှာတော့ သေချာခြင်း မရှိသေးပေ။
ဆေးလုံး၏ အာနိသင်တို့ကို လုံးဝ ခြေဖျက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းတွင် လမ်းကြောင်းတစ်ခု ဖွင့်လှစ်လာသည်ဟု ရှဲ့လင်ဖုန်း ခံစားရသည်။ တံတားတစ်ခုကဲ့သို့ ရှိနေပြီး သူ၏ သဘာဝ၏ စိတ်ဝိဉာဉ်အပေါ် အာရုံခံနိုင်မှုမှာ ပိုမို ရှင်းလင်းလာခဲ့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတား၏ အစောပိုင်း အသွင်သဏ္ဍာန်က စတင် စုစည်းလာခဲ့၏။ အနည်းငယ် ပိုမိုကျင့်ကြံကာ သိပ်သည်းအောင် ပြုလုပ်ပြီးပါက တံတားတစ်ခုအဖြစ် ပြည့်စုံစွာ ထင်ရှားလာမည်ဖြစ်သည်။ ဤသည်က သူ့ကို စစ်မှန်သည့် မူလအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာစေ၏။
ရှဲ့လင်ဖုန်းက နောက်ထပ် ဆေးလုံးတစ်လုံးကို စားလိုက်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တံတားကို ဆက်လက် စုစည်း၏။ တံတား၏ ပိုမို တည်ငြိမ်လာမှုနှင့်အတူ စိတ်ဝိဉာဉ်စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းသို့ စီးဝင်စေပြီး တံတားကို ဖြတ်သန်းပြီးနောက် အစစ်အမှန်ချီအဖြစ် သန့်စင်ကာ ဒန်တန်ချီပင်လယ် အတွင်းသို့ ဝင်ရောက်စေသည်။
ထိုအခိုက်အတန့်တွင် သူ၏ ပြောင်းလဲမှု အောင်မြင်ခဲ့ကြောင်းအား အတည်ပြုပြီး၏။
"ငါအောင်မြင်ခဲ့ပြီ.."
ရှဲ့လင်ဖုန်းက ဝမ်းသာသွားသည်။
လီရွှမ်လည်း စိတ်သက်သာရာ ရသွား၏။ ပြောင်းလဲခြင်းနည်းလမ်းသာ အလုပ်ဖြစ်ကြောင်း အတည်ပြုပြီးပါက အချိန်တိုအတွင်းတွင် မူလအဆင့် သိုင်းသမားများ ပေါ်လာရန် အခွင့်အရေးမှာ ကြီးစွာ တိုးတက်လာမှာဖြစ်သည်။
သို့ပေမယ့် တစ်ဆင့်ချင်း ကျင့်ကြံလာသည့် မူလအဆင့် သိုင်းသမားနှင့် နှိုင်းယှဉ်လျှင်တော့ ထိုပြောင်းလဲထားသည့် လူများမှာ နိမ့်ကျနေမှာ ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင် သိုင်းသခင်အဆင့် သိုင်းသမားများထက် ပိုမိုသန်မာဆဲ ရှိ၏။ ထို့ကြောင့် သိုင်းသမားများစွာတို့ ပြောင်းလဲလိုကြမှာ ဖြစ်သည်။