လီရွှမ်၏ မျှော်လင့်မှု၊ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ ရည်ရွယ်ချက်
Vol. 22 Ch. 324
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက မျက်မှောင်ကျုံ့သွားပြီး အေးစက်စွာ ပြောသည်။
"ဘာလဲ.. ပြဿနာရှိလို့လား.."
ဟူရှန်းက ဂရုတစိုက်ဖြင့် မေး၏။
"ကျွန်တော် မေးခွင့်ရှိမလား မသိဘူး... မုန့်ချုံကို ဘာဖြစ်လို့ ရှာနေတာလဲ.."
ပုံမှန်အားဖြင့် မုန့်ချုံအကြောင်းကို ပြောကြားသူ အများကြီးမရှိပါ။ သူသည် အလွန်ကြမ်းတမ်းပေမယ့် အတွင်းဘက်နယ်မြေ၏ သိုင်းလောကတွင် လူအများစု၏ အာရုံမှာ ရွှီယန်အပေါ်၌သာ ရှိနေ၏။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ သတင်းအချက်အလက် စုဆောင်းရာတွင် ကောင်းမွန်သည့် ဆက်သွယ်ရေး မရှိသည့်ပုံ ပေါ်သည်။ သူမသည် ယွဲ့နိုင်ငံ၏ အနီးအနားမှ မဟုတ်တာလည်း ဖြစ်နိုင်၏။ မဟုတ်ပါက မုန့်ချုံ၏ အကြောင်းကို ရှာမတွေ့ဘဲ နေမည် မဟုတ်ပေ။
ရှင်းလင်းစွာပင် အမျိုးသမီးသည် မုန့်ချုံ၏ ချန်းလန်ကျွန်းပေါ်ရှိ တိုက်ပွဲကို တွေ့ရပြီး ဟူရှန်းမှာ ရွှီယန်၊ မုန့်ချုံတို့နှင့် ရင်းနှီးကြောင်းကို သိရှိသဖြင့် သူ့ဆီသို့ ရောက်လာကာ မုန့်ချုံ၏ တည်နေရာကို မေးစမ်းကြည့်ခြင်း ဖြစ်ပေသည်။
"မမေးသင့်တာကို မမေးနဲ့... နင်ပြောဖို့လိုတာက မုန့်ချုံဘယ်နေရာမှာ ရှိလဲ ဆိုတာကိုပဲ.."
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက မပျော်မရွှင် ဖြစ်သွား၏။
"မုန့်ချုံဘယ်မှာလဲ ဆိုတာကို ကျွန်တော်လဲ မသိဘူး။ ဒါပေမယ့် မိန်းကလေးသာ အလျှင်မလိုဘူးဆိုရင် ဒီမှာစောင့်နေလို့ရတယ်။ မကြာခင် မုန့်ချုံ ချန်းလန်ကျွန်းကို ရောက်လာမယ် ထင်တယ်။ ဘာလို့ ကျွန်းပေါ်မှာ မစောင့်တာလဲ.."
ဟူရှန်းက အကြံပေးသည်။
"သူ.. ချန်းလန်ကျွန်းကို လာနေတာလား.."
ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေး၏ မျက်လုံးများက လင်းလက်သွားသည်။
"ဟုတ်ပါတယ်... ရက်အနည်းငယ်လောက် ဆိုရင် ရောက်မယ်ထင်တယ်.."
ဟူရှန်းက ခေါင်းငြိမ့်သည်။
"အဲ့လိုဆိုရင်.. မုန့်ချုံလာရင် သူ့ကိုပြောလိုက်.. ငါ့မှာသူနဲ့ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိတယ်လို့။ ဒီနေရာမှာပဲ တွေ့ကြမယ်။ ဘယ်လိုလဲ.."
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက မျှော်လင့်မှုအချို့ဖြင့် ပြော၏။
"ကောင်းပြီ ပြဿနာ မရှိဘူး.."
ဟူရှန်းက ချက်ချင်းပင် သဘောတူသည်။ ယခုအချိန်၌ သူ့အနေနှင့် ချန်းလန်ကျွန်းဆီသို့သာ အမြန် ပြန်သွားလို့လေသည်။ မုန့်ချုံရောက်ရှိလာမှသာ ထွက်လာမည်ဖြစ်၏။
"ကောင်းပြီ... အဲ့ဒါဆိုရင် နင်သွားလို့ရပြီ.."
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက လေထဲသို့ ပျံတက်သွားရင်းက ပြော၏။
"မုန့်ချုံကို ခေါ်လာပြီး ငါ့ကို စောင့်နေဖို့မှတ်ထားပါ.."
ဟူရှန်းက စိတ်သက်သာရာ ရသွားပြီး ရင်ဘက်ကိုပုတ်သည်။
"ကောင်းပြီ... ကျွန်တော် သေချာပေါက် နားလည်အောင်ပြောပြီး မုန့်ချုံကို ခေါ်လာခဲ့မယ်.."
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ကျေနပ်စွာ ခေါင်းငြိမ့်ပြီးနောက် ထွက်ခွာသွား၏။
ဟူရှန်းလည်း ချန်းလန်ကျွန်းဆီသို့ အမြန်ပြန်ခဲ့သည်။ သို့ပေမယ့် အဝေးသို့ မရောက်ခင်တွင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ပေါ်လာခဲ့ပြန်၏။
"မိန်းကလေး... အခြားဘာကိစ္စများ ရှိသေးလို့လဲ မသိဘူး.."
ဟူရှန်း၏ မျက်နှာက ထိတ်လန့်မှုအချို့ဖြင့် မေးသည်။
ခရမ်းရောင်ဝတ်စုံနှင့် ဒီအမျိုးသမီးတွင် မကောင်းသည့် ရည်ရွယ်ချက်တို့ ရှိသည့်ပုံ ပေါ်၏။
"နင်သူ့ကို ခေါ်မလာမှာစိုးလို့.. ဒါကြောင့်မို့လို့ နင့်ကို တစ်ခုခုပေးမလို့.."
ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက လေးနက်စွာပြော၏။
"ဘာလဲ.."
ဟူရှန်းက သတိကြီးသွားသည်။
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ဆံထိုးကို ထုတ်လိုက်၏။ ဤသည်မှာ အကြည်ရောင် အရည်လဲ့နေပြီး အနည်းငယ် တောက်ပနေ၏။ သိသာစွာပင် ရတနာတစ်ခု ဖြစ်သည်။
လက်ကောက်ဝတ်ကို ဝှေ့ရမ်းလိုက်ပြီးနောက် ဆံထိုးက ဟူရှန်းဆီသို့ ပြေးဝင်သွား၏။ ဟူရှန်းက ထိတ်လန့်တကြား ဖြစ်သွားပြီး ရှောင်ရှားချင်နေသည်။ သို့ပေမယ့် သူသည် အလွန် နှေးကွေးလွန်းလှ၏။ စစ်ဘုရင်အဆင့်၏ လှုပ်ရှားမှုအပေါ် ရှောင်ရှားမှုပြုရန် အချိန်မရှိပါ။
"စွက်.."
ဆံထိုးက သူ၏ ပုခုံးဆီသို့ စိုက်ဝင်သွား၏။ ထိပ်ဖျားသာလျှင် အပြင်ဘက်၌ ကျန်ရစ်ခဲ့ပြီး အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေပါသည်။
ဟူရှန်း၏ မျက်နှာက ဖြူရော်သွားသည်။ ပုခုံးဆီမှ အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။ သို့ပေမယ့် နာကျင်ခြင်း မရှိပေ။
သို့ရာတွင် သူသည် အလွန် စိုးရိမ်နေပါသည်။ ဒီဆံထိုးက ထူးခြားလှ၏။ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်မှုနှင့်အတူ ၎င်းတွင် စွမ်းအားတစ်မျိုး ပါဝင်နေပုံ ပေါ်၏။
အတင်းဆွဲထုတ်ဖို့ ကြိုးစားပါက ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်၏။
"ကောင်းပြီ... ဒီဆံထိုးကို မုန့်ချုံကို ပေးလိုက်။ ငါနင့်ကို ဆံထိုးနဲ့ ပေါက်ခဲ့တယ်။ ဒါ့ကြောင့်မို့လို့ သေချာပေါက် လက်စားချေချင်မှာပဲ။ အဲ့ဒါ့ကြောင့် နင်ခေါ်မလာမှာကို စိုးရိမ်စရာ မလိုတော့ဘူး.."
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ကျေနပ်စွာဖြင့် လက်ဝါးနှစ်ဖက်ကို ပုတ်သည်။ ထိုစကားကို ပြောပြီးနောက် ထွက်ခွာသွား၏။
ဟူရှန်းမှာ အံ့သြနေပါသည်။ နှလုံးသားထဲတွင် ကျိန်ဆဲမိ၏။ ဒီအမျိုးသမီးသည် လွန်ကျူးသွားပါပြီ။
သို့ပေမယ့် ပြောရလျှင် သူ့အနေနှင့် အမှန်တကယ် လက်စားချေလိုပါက မုန့်ချုံကို သေချာပေါက် အကူအညီတောင်းရမည် ဖြစ်၏။
ချန်းလန်ကျွန်းဆီသို့ ပြန်ပြီးနောက် ပထမဆုံးရွှီယန်ကို သွားရောက်ရှာဖွေရန် စဉ်းစားသည်။ သို့ပေမယ့် ရွှီယန်မှာ ဓားတာအိုကို လေ့လာနေကြောင်းအား တွေးမိပြီးနောက် နှောက်ယှက်ခြင်း မပြုရန် ဆုံးဖြတ်လိုက်၏။
အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်သည့် ဖန်းယွမ်မှာ သိုင်းပညာအတွင်းတွင် နစ်မျောနေပြီး သူ့ကိုပေးရန် အချိန်မရှိပါ။
သခင်လေး ရှဲ့လင်ဖုန်းမှာတော့ ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးအား ရင်ဆိုင်ရန် စွမ်းအားမရှိပေ။ ယခုအချိန်၌ ဟူရှန်းသည် ပြဿနာအတွင်းသို့ ကျရောက်နေ၏။ သူ့အနေနှင့် မုန့်ချုံ၏ ချန်းလန်ကျွန်းဆီသို့ ရောက်ရှိလာမှုကိုသာ စောင့်စားနိုင်ပါသည်။
ပုခုံးပေါ်ရှိ ဆံထိုးကိုတော့ ယခုအချိန်၌ ဆွဲထုတ်လို့ မရသေးပေ။
ရွှီယန်မှာ ဓားဆန္ဒကို ဆက်လက် လေ့လာနေ၏။ သို့ပေမယ့် ဓားဆန္ဒအပေါ် နားလည်သဘောပေါက်မှု ရရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။
အထူးသဖြင့် ဒီဗိုင်းဝိဉာဉ်ကို ပစ်မှတ်ထားသည့် အရာမျိုးဖြစ်၏။ သူတွင် အတွေးအမြင်အချို့ ရရှိပြီး ဖြစ်ပေမယ့် ပြည့်စုံစွာ နားလည်မှုရနိုင်ရန် ဝေးကွာပါသေးသည်။
ကြီးမားသည့် လှေပုံရိပ်တစ်ခုသည် ချန်းလန်မြစ်ပြင်ပေါ်တွင် ရွက်လွှင့်လာခဲ့၏။ လီရွှမ်က ချန်းလန်မြစ်၏ ရှု့ခင်းနှစ်ဖက်အား သက်တောင့်သက်သာ ရှု့စားနေပါသည်။
မုန့်ချုံက ပဲ့ပိုင်းတွင် ထိုင်ကာ သူ၏ ကျင့်ကြံမှုကို ခိုင်မာအောင် ပြုလုပ်နေဆဲရှိသည်။ ရုတ်တရက် မြစ်ပြင်ပေါ်တွင် ပုံရိပ်တစ်ခု ရွေ့လျားနေကြောင်းကို လီရွှမ်တွေ့လိုက်ရသည်။
"တစ်ယောက်ယောက်များ ငါတို့ကို ဓားပြလာတိုက်တာလား.."
သူက ပြုံးသည်။ ချန်ချင်းစံအိမ်ပိုင်ဆိုင်သည့် သင်္ဘောတစ်ခုကို မည်သူက အရူးဆန်စွာ လာရောက်လုယက်မည်နည်း။
သို့ရာတွင် ထိုပုံရိပ်မှလွဲ၍ အခြားမည်သည့် ပုံမှန်မဆန်မှုမှ မရှိပေ။ ကြည့်ရသည်မှာ ဖြတ်သွားဖြတ်လာ သိုင်းသမားတစ်ယောက်နှင့်သာ တူ၏။
ထိုညနေတွင် ချန်းလန်မြစ်၏ အထက်၌ တိမ်များ ပိုမိုကာ ထူထဲလာခဲ့၏။ ဤသည်က လူတစ်ယောက်၏ အမြင်ကို အတိုင်းအတာတစ်ခုအထိ ဖုံးကာသွားသည်။
သင်္ဘော၏ အမြန်နှုန်းက အနည်းငယ် နှေးကွေးသွား၏။
လီရွှမ်မှာ ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲသာ ရှိ၏။ ရှု့ခင်းများကို ရှု့စားနေပါသည်။ ရုတ်တရက် သူခေါင်းမော့ကြည့်လိုက်သည်။ မြစ်ပြင်ပေါ်တွင် လူတစ်ယောက် ရပ်နေပုံ ပေါ်၏။
ထိုလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အပြာရောင် မျက်နှာရှိသည်။ အဝေးမှ ကြည့်ပါက မြင်ကွင်းကို တိမ်နှင့်မြူများက ဖုံးကွယ်ထား၏။
လီရွှမ်၏ ခွန်အားနှင့်ပင်လျှင် ရှင်းလင်းစွာ မြင်နိုင်ခြင်းမရှိပေ။ သို့ပေမယ့် အပြာရောင်မျက်နှာကိုမူ ရေးတေးတေး တွေ့မြင်နိုင်၏။
သူက မျက်မှောင်ကျုံ့သွားသည်။ မျက်နှာပြာ လေလား။ အတွင်းဘက်နယ်မြေတွင် တစ္ဆေသရဲများ ရှိနေသည်လား။
သူက သိုင်းပုံရိပ် တစ်ရာကို အသုံးပြုကာ စုံစမ်းတော့မည် အပြုတွင် ထိုပုံရိပ်က လျှင်မြန်စွာဖြင့် နောက်ဆုတ်သွားပြီး ရေပြင်မှ ထွက်ခွာသွား၏။
'မျက်နှာဖုံး ဝတ်ထားတာလား..'
လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။ နှလုံးသားထဲတွင် အများကြီး စဉ်းစားမနေတော့ပါ။ တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ မည်သည် ဖြစ်စေကာမူ အကြွင်းမဲ့သည့် စွမ်းအားကို ရင်ဆိုင်ရချိန်၌ ကိုယ့်ကိုယ်ကို အသေခံသလိုသာ ဖြစ်မှာပါ။
ကြီးမားသည့် သင်္ဘောကြီး၏ ချန်းလန်ကျွန်းဆီသို့ ချဉ်းကပ်လာမှုကို တွေ့ရပြီးနောက် ဟူရှန်းမှာ မျက်ရည်ကျလုမတတ် အလွန် စိတ်လှုပ်ရှားလာခဲ့သည်။
နောက်ဆုံးတွင် သူ့စောင့်စားနေသည့် ဒီနေ့ရက်များ ပြီးဆုံးခဲ့ပါပြီ။ လျှင်မြန်စွာဖြင့် အနီးသို့ ပြေးသွား၏။
သူသည် သင်္ဘော၏ ကမ်းကပ်ခြင်းကိုပင် စောင့်စားခြင်းမရှိဘဲ မုန့်ချုံကို သွားရောက်ရှာဖွေသည်။
"ညီလေးမုန့်... အရေးပေါ်ကိစ္စရှိလို့.."
ဟူရှန်းသည် သင်္ဘော၏ ပဲ့ပိုင်းဆီသို့ တစ်ခါတည်း သွားရောက်ပြီး စိတ်လှုပ်ရှားစွာ ပြော၏။
"ဘာအရေးပေါ်ကိစ္စလဲ.."
မုန့်ချုံက သူ့ကို နားမလည်စွာ ကြည့်၏။ သူ၏ အကြည့်က ဟူရှန်း၏ ပုခုံးပေါ်ရှိ ဆံထိုးအပေါ်သို့ ကျရောက်သွားသည်။ ပဟေဠိဖြစ်စွာဖြင့် မေး၏။
"ဟူရှန်း... မင်းရဲ့ပခုံးထဲမှာ ဆံထိုးတစ်ခု စိုက်ထားတာလား.."