အခန်း (၁၈၆)
Vol. 14 Ch. 186
"ဗျာ"
ဗိုက်ပူပူလူကြီးက မျက်လုံးမှေးကြည့်လိုက်သည်။ သူ၏ ဝိုင်းစက်သော မျက်နှာဖောင်းဖောင်းကြီးသည် ဘေးဘက်သို့ ပြည့်လျှံကာ အောက်ဘက်သို့ လန်ကျလုနီးပါးဖြစ်နေသည်။ အကယ်၍ အပြာရောင်ကြောင်တစ်ကောင်ပေါ်တွင်သာဆိုပါက တော်တော်လေး ဝဖိုင့်နေလိမ့်မည်။ သူက မျက်လုံးမှေးလိုက်သည်နှင့် မျက်ခွံကြားမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး သူ၏မျက်လုံးများက ပိုမိုကျဉ်းမြောင်းသွားသည်။
"မင်းက ကုနိုင်ရဲ့လား"
သူသည် ဂါးရက်ကို အပေါ်အောက် အသေးစိတ် စစ်ဆေးလိုက်သည်။ အသက်အရွယ်အရ လူငယ်လေး၏ကိုယ်ခန္ဓာက လူကြီးတစ်ယောက်၏ ကြံ့ခိုင်မှုအဆင့်သို့ မရောက်သေးဘဲ သူ၏မျက်နှာမှာလည်း နုဖတ်နေဆဲဖြစ်ကာ ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်သာ ရှိပုံရသည်။ ရာထူးအဆင့်အရ သူ၏ ဘုန်းတော်ကြီးဝတ်ရုံပေါ်တွင် ချုပ်ထားသည့် အစိမ်းရောင်အရွက်များမှာ နှစ်ခုသာရှိပြီး အဆင့်ငါးဆင့်တက်ပြီးသား ဘုန်းတော်ကြီး မက်သရူးလောက် အထင်ကြီးစရာမကောင်းပေ။ လေယူလေသိမ်းအရ ဂါးရက်၏ စကားပြောပုံမှာ အနည်းငယ်ကြမ်းတမ်းသည့်အသွင်ရှိပြီး ဤဒေသမှလူများကဲ့သို့ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိဘဲ ပြင်ပလူတစ်ဦးကဲ့သို့ ထင်ရှားစွာအသံထွက်နေသည်။
သူ၏ သံသယဖြစ်နေသည့်အမူအရာမှာ အလွန်ထင်ရှားလွန်းသည်။ ဘုန်းတော်ကြီး မက်သရူးက ဂါးရက်အတွက် အာမခံစကားပြောရန် မတိုင်မီတွင် ဗိုက်ပူပူလူကြီးက နှာမှုတ်လိုက်ပြီး သူ့ကိုလှည့်ကြည့်ကာ
"အော် ဘုန်းတော်ကြီး ကျွန်တော် နာကျင်လာတိုင်း ခင်ဗျားတို့ဆီ လာရတာ။ လာတိုင်းလည်း ခင်ဗျားတို့က အခကြေးငွေအများကြီးတောင်းတယ်။ ဒါပေမဲ့ ဘယ်လိုပဲကုကု ဘယ်တော့မှ မသက်သာဘူး။ ကျွန်တော် ရက်အနည်းငယ်ကြာတိုင်း ပြန်နာလာတယ်ဆိုတာ ခင်ဗျားတို့သိပါတယ်နော်"
ဘုန်းတော်ကြီး မက်သရူး၏မျက်နှာ မည်းမှောင်သွားသည်။ ကုသမှု အလုပ်မဖြစ်ရသည့် အကြောင်းရင်းများမှာ အများကြီးရှိသည်။ ဥပမာ ဤခေါင်းမာသော အဆီဖုံးနေသည့်လူကြီးသည် ပိုက်ဆံသုံးရန် တွန့်တိုနေခြင်းမျိုးပင်။ သူက မထိန်းနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။
"အရင်တုန်းက ခင်ဗျားက နတ်ဘုရားစွမ်းအင်ကို မသုံးဘဲ ဆေးပဲသောက်ချင်တယ်ဆိုတော့ ဘယ်လိုလုပ် အလွယ်တကူသက်သာမလဲ"
"နတ်ဘုရားစွမ်းအင်မပါရင် ကျွန်တော့်ကို ကုလို့မရဘူးလို့ ဆိုလိုတာလား"
ဗိုက်ပူပူလူကြီးက သူ၏မျက်လုံးများကို အတင်းအကျပ် ပြူးလိုက်သည်။ ဘုန်းတော်ကြီး မက်သရူးက အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေချိန်တွင် သူ၏ဘေးမှ ဂါးရက်က မနေနိုင်တော့ဘဲ တိုးတိုးလေးရယ်လိုက်သည်။
ဤပုံစံမှာ အလွန်ရင်းနှီးနေပြီဖြစ်သည်။
"စမ်းသပ်မှုတွေမလုပ်ရင် မကုတော့ဘူးလား"
"ဓာတ်မှန်မရိုက်ရင် မကုတော့ဘူးလား"
"အကယ်၍... မလုပ်ရင် မကုတော့ဘူးလား"
ပျမ်းမျှအားဖြင့် ဆရာဝန်တစ်ဦးစီသည် ဤသို့သောစကားမျိုးကို တစ်နေ့လျှင် အနည်းဆုံး ဆယ်ကြိမ်ကြားရပြီး အရေးပေါ်ဌာနတစ်ခုလုံးဆိုလျှင် အကြိမ်ရာချီ ရှိနိုင်သည်။ ၎င်းမှာ ခန့်မှန်းခြေ အနည်းဆုံးသာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့သည် ဘေးချင်းကပ်ဌာနမှ သူတို့၏လုပ်ဖော်ကိုင်ဖက်များကို လှောင်ပြောင်ရန်ပင် လိုအပ်လာသည်။
"အရင်တုန်းက တော်တဲ့တရုတ်လူမျိုးဆရာဝန်အဘိုးကြီးတွေက ကြည့်တယ်၊ မေးမယ်၊ ပြီးရင် ထိရုံနဲ့ ရောဂါကိုရှာဖွေပြီး ကုသပေးနိုင်တယ်... ခင်ဗျားတို့ကတော့..."
ဤကဲ့သို့အချိန်မျိုးတွင် အနောက်တိုင်းဆေးပညာဌာနမှ ဆရာဝန်များသည် စမ်းသပ်မှုပေါင်းများစွာ လုပ်ခိုင်းသည်ဟု လူနာများ၏ လှောင်ပြောင်ခြင်းခံရသည့် သူတို့၏ တရုတ်ဆေးပညာလုပ်ဖော်ကိုင်ဖက်များကို ခါးသီးစွာ ပြုံးပြနိုင်ရုံသာရှိတော့သည်။
စမ်းသပ်မှုများမရှိပါက ကုသမှုမလုပ်ဘူးဟု မဆိုလိုပေ။
စမ်းသပ်မှုတွေရှိရင် ကုသမှုက ပိုပြီးတိကျနိုင်တာပါ။
ဥပမာ ကျွန်တော်တို့ရှေ့က ဒီလူကြီးမင်းက စမ်းသပ်ဖို့အမိန့်စာအနည်းငယ်မပါဘဲ ခင်ဗျားရဲ့ယူရစ်အက်ဆစ် ဘယ်လောက်မြင့်နေလဲ။ ခင်ဗျားရဲ့အဆစ်အမြစ်တွေမှာ ပုံဆောင်ခဲအနည်အနှစ်တွေရှိမရှိ၊ ဒါမှမဟုတ် သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓာတ်များရောဂါ၊ ဆီးချိုရောဂါ၊ သွေးလွှတ်ကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ စတဲ့ အခြားဘုံရောဂါတွေရှိမရှိ ကျွန်တော်သိနိုင်မှာမဟုတ်ဘူး...
ဒါပေမဲ့လည်း ရောဂါလက္ခဏာတွေကို သက်သက်ဖော်ထုတ်နိုင်ဖို့ကတော့ ဖြစ်နိုင်ပါသေးတယ်။ ဂါးရက်က ပြုံးပြီး ရှေ့သို့တိုးလာသည်
"လူကြီးမင်း ခြေမရဲ့ညာဘက်အဆစ်က နီရဲပြီးနာကျင်တာအပြင် ပူနေသလို ခံစားရပါသလား"
"ဟုတ်ပါတယ်"
"သန်းခေါင်ယံ ဒါမှမဟုတ် မနက်အစောပိုင်းမှာ ရုတ်တရက်ပြင်းထန်စွာ နာကျင်လာတာမျိုး ကြုံဖူးပါသလား"
"အတိအကျပဲ။ ဘယ်လိုလုပ်သိတာလဲ"
"မနေ့ညက အားရပါးရစားသောက်ခဲ့လား။ ပင်လယ်စာတွေအများကြီးနဲ့ အရက်ပြင်းတွေသောက်ခဲ့လား"
ဂါးရက်က အနံ့ခံကြည့်လိုက်တော့ မီးခိုးနံ့အနည်းငယ်ရသည်။
"ပြီးတော့ ဆေးလိပ်လည်းသောက်ခဲ့တယ်။ ဟုတ်တယ်မလား"
ဗိုက်ပူပူလူကြီးက ခေါင်းတငြိမ့်ငြိမ့်လုပ်သည်။
ဂါးရက်သည် ဆက်တိုးသွားပြီး သူ၏နောက်ကျောကို လက်ပိုက်ထားကာ ထိုလူ၏ပတ်လည်ကို ပတ်လိုက်သည်။ ခေါင်းလှည့်ပြီး ထိုလူ၏နားကို ကြည့်လိုက်သောအခါ တစ်ခုမကသော အဖုအကျိတ်များကို တွေ့လိုက်ရသည်။
"ခင်ဗျား အရမ်းနာကျင်နေတဲ့အချိန်တိုင်းက အရသာရှိတဲ့အစားအစာတွေ အများကြီးစားပြီး ဒါမှမဟုတ် အရက်ပြင်းတွေသောက်ပြီးတဲ့နောက်မှာလား"
ဤအချိန်တွင် သူ၏ရှေ့မှလူသည် ဖြူဖျော့နေပြီး သူ၏ဝိုင်းစက်သည့်မျက်နှာပေါ်တွင် ချွေးများ စိုရွှဲနေသည်။ ပတ်လည်တစ်ပေကျော်ခန့်ရှိသည့် သူ၏ ခြေသလုံးကြွက်သားများက ပြင်းထန်စွာ တုန်ခါနေသည်။ ဤမျှကြီးမားသောအတိုင်းအတာက မျက်နှာကျက်မှ ဝက်ပေါင်ခြောက်များ ချိတ်ဆွဲထားသည်ဟုပင် လူတစ်ဦးကို ယုံကြည်စေနိုင်သည်။ သူသည် ရှေ့သို့ အရှိန်ဖြင့် ထိုးတက်လာပြီး ဂါးရက်သာ ကြိုတင်ပြင်ဆင်မထားပါက သူ၏ပေါင်ကို ဆွဲချုပ်မိတော့မလို ဖြစ်သည်။
"အိုး ဘုန်းတော်ကြီး… ဘုန်းတော်ကြီး… ခင်ဗျား ကျွန်တော့်ကို ကယ်ရမယ်"
အာ... အဲဒါကို အရင်ပြောသင့်တာ။
ဂါးရက်သည် သူ၏လက်ညှိုးဖြင့် အချက်ပြလိုက်ပြီး ဘားနတ်ကို ထိုလူအားဆွဲခေါ်ကာ ကုသမှုခံယူသည့်ကုတင်ပေါ် တင်ပေးရန် ညွှန်ပြလိုက်သည်။
"မလှုပ်နဲ့ ခင်ဗျားရဲ့အခြေအနေကို ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်။ အင်းအင်းအင်း..."
ညာဘက် ခြေဖဝါး၏ ပထမဆုံးခြေမနှင့်ခြေဖဝါးအရိုးဆက်အဆစ်သည် နီရဲပြီး ရောင်
နေသည်။ ခြေကျင်းဝတ်အဆစ်ရောင်ရမ်းနေသလို ဒူးဆစ်ကလည်း ပုံပျက်နေသည်။ လက်ချောင်းအဆစ်များလည်း ပုံမှန်မဟုတ်ပေ။ နားရွက်၊ အဆစ်အမြစ်များနှင့် ညာဘက် တံတောင်ဆစ်ရှိ တံတောင်ဆစ်အဆစ်တွင်လည်း အောက်ဘက်၌ အဖုအကျိတ်များနှင့် ရောင်ရမ်းနေသည်။ အရေပြားပါးနေပြီး သွေးကြောများ ထူနေသည်။ ဆိတ်ကြည့်လိုက်ပါက သဲများ ဆိတ်လိုက်ရသကဲ့သို့ ခံစားရသည်။
ယူရစ်အက်ဆစ်ကို စမ်းသပ်စစ်ဆေးစရာမလိုဘဲ မိုက်ခရိုစကုပ်ဖြင့် အနုကြည့်စစ်ဆေးရန်
အတွက် အလင်းပေါက်မိုက်ခရိုစကုပ်ကို အသုံးမပြုဘဲ ရောဂါ၏အကြောင်းရင်းကို အခြေခံအားဖြင့် ဆုံးဖြတ်နိုင်သည်။ အမှန်မှာ သူ၏ အတိတ်ဘဝအတွေ့အကြုံအရ ဂါးရက်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိုက်သည်။
ဤလူကြီးက ဂေါက်ရောဂါ ရနေခြင်းပင်။
အရက်သောက်ခြင်း၊ ပင်လယ်စာစားခြင်း၊ အစားအသောက်အကြီးအကျယ်စားခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း…
ဤအခြေအနေကို ကိုယ့်ဘာသာကိုယ်ဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်။
ဘယ်လိုကုသရမလဲဆိုတော့...
Colchicine လား။ Probenecid လား။ Sulfinpyrazone လား။ Febuxostat လား။ Indomethacin လား။ Allopurinol လား။
(T/N Colchicine တို့ဆိုတာကဂေါက်ရောဂါလူနာတွေအတွက် ကုသရာမှာပါဝင်တဲ့ ရောင်ရမ်းမှုကိုလျော့ကျစေတာပါ။ အဲ့လိုဆေးနာမည်ကိုကျ အသံထွက်နဲ့မရေးဘဲ English လိုပဲရေးလိုက်မယ်နော်)
ဂါးရက်သည် အခြေအနေကို စိစစ်လိုက်ပြီး သူ၏လက်လှမ်းမီရာတွင် colchicine သာ ရှိပုံရသည်။ colchicine ဆေးပြားမဟုတ်ဘဲ colchicine ကိုယ်တိုင်ပင်ဖြစ်သည်။ ဤကမ္ဘာတွင်မူ ဆောင်းရာသီပန်းမုန်လာဥ အနည်းငယ်ကို တူးပြီး ဆေးတစ်မျိုးပြုလုပ်နိုင်ရန် ဖြစ်နိုင်သေးသည်။
"Colchicine ရဲ့ ဆိုးကျိုးဘေးထွက်ဆိုးကျိုးက ဘာလဲ။ ကြက်သွန်ဥတစ်လုံး ဒါမှမဟုတ် တစ်ဂရမ်လောက်က သက်ရောက်မှုရှိနိုင်လား။ တစ်စုံတစ်ယောက်ကို အဆိပ်ဖြစ်စေနိုင်သလား။
ဒီအရာတွေမှာ ဆိုးကျိုးတွေကို ပြန်လည်သက်သာစေမယ့် ဆေးမရှိဘူး။ ကျွန်တော်တို့လုပ်နိုင်တာက အထောက်အကူပြုကုသမှု ပေးတာ၊ သွေးသန့်စင်တာနဲ့ ခန္ဓာကိုယ်ကို သူ့ဘာသာသူ ပြန်လည်ကောင်းမွန်လာဖို့ စောင့်တာပဲ။
ဂါးရက်သည် ဤကမ္ဘာမှ အဆိပ်ဖြေဆေးများ အသုံးဝင်မည်ကို လုံးဝမယုံကြည်ပေ။
ဂါးရက်၏ စိတ်ထဲတွင် အတိတ်ဘဝက မြင်ဖူးခဲ့သော အချက်အလက်များ၊ ဆောင်းပါးများနှင့် အကြောင်းအရာများကို ရှာဖွေနေသည်။ သူသည် Colchicine အဆိပ်သင့်မှုအချို့ကို မြင်ဖူးခဲ့သော်လည်း ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပေ။
၎င်းသည် အရေးပေါ်ပြည်တွင်းဆေးပညာဌာန၏ အလုပ်ဖြစ်သည်။ Colchicine တွင် မည်မျှအထိ တက်ကြွသောပါဝင်ပစ္စည်းများ ပါဝင်လဲပြောလိုက်သည်ကို သူ ပြန်သတိရရန် လိုသည်။ သို့သော် ထိုလူဝကြီးက သူ၏လက်မောင်းကို အတင်းဆွဲပြီး အော်ဟစ်နေခဲ့သည်။
“ဆရာ... ကယ်ပါ... ကျွန်တော် ဗိုက်ပေါက်တော့မယ်”
“အင်း... အင်း... လှဲနေပြီး မလှုပ်နဲ့”
ဂါးရက်သည် သူ့အား ဖိထားရန် ဘားနတ်ကို အချက်ပြပြီး ကုတင်ပတ်လည်မှ ကုလားကာများကို ပေါ့ပေါ့ပါးပါး ဆွဲလိုက်သည်။ “ဒူးတွေ ကွေး။ ကွေးလိုက်။ ဘောင်းဘီကို နည်းနည်းလျှော့လိုက် ကျွန်တော် စမ်းကြည့်မယ်... ဒီလောက်ကြီး မဟုတ်ဘူး”
ဤဗိုက်ပူကြီးနှင့် လူသည် လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်းဗိုက်ဖောင်းနေသည့် အမျိုးသမီးကဲ့သို့ ရောင်နေသည်။ ဤမျှထူသော ဝမ်းဗိုက်နံရံအဆီကြောင့် ဘာဖြစ်နေလဲပြောလိုက်သည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ ခံစားကြည့်ရန်သာ ရှိသည်။
အိုး… ဆီးအိတ်က အရမ်းရောင်နေတာပဲ။
သူ၏လက်ဖြင့် ထိလိုက်သည်နှင့် ဂါးရက်သည် စိတ်ထဲတွင် ခေါင်းညိတ်လိုက်ပြီး အခြေခံအားဖြင့် အတည်ပြုလိုက်သည်။ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် ရောဂါရှာဖွေမှုလုပ်ငန်းစဉ်
အတိုင်း အရင်ဆုံး ထိကြည့်ပြီးနောက် ရွှေ့ကြည့်ပြီးမှသာ ဖိချလိုက်သည်။ ရေအိတ်ကဲ့သို့ ခံစားရပြီး ရွှေ့လိုက်သောအခါ မလှုပ်ပေ။ သူ၏လက်ဖဝါးဖြင့် နည်းနည်းဖိလိုက်သည်နှင့် လူဝကြီးက အော်ဟစ်တော့သည်။
"အရမ်းနာနေတယ်။ ကျွန်တော်သေတော့မယ်"
"ဆီးမသွားနိုင်ဘူးလား"
"ဟုတ်တယ် ဟုတ်တယ်။ နာတယ်"
"ဘယ်တုန်းက နာတာလဲ"
"ဒီနေ့ ဒီနေ့ ဒီမနက်"
ကောင်းပြီ။ ဆီးကျန်နေတာက ဆီးပြွန်ကျောက်တည်တာပဲ။ ဟင်းး... ဂေါက်ရောဂါထတာကို ထည့်သွင်းစဉ်းစားရင် ဆီးအိတ်ထဲက ကျောက်က ပိတ်နေတာဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဲဒီမှာရှိနေပြီးသား ဆီးပြွန်ကျောက်က နည်းနည်းကြီးလာတာဖြစ်နိုင်တယ်။ ကျောက်အမျိုးအစားကတော့...
"တစ်ဖက်ကို လှည့်လိုက်ပါ။ နတ်ဘုရားရဲ့ မှော်ပညာနဲ့ ကြည့်လိုက်မယ်..."
X-ray စာလုံးပေါင်း စတင်…
ကျစ်….ဘာမှ မမြင်ရဘူး"