အခန်း (၁၈၈)
Vol. 14 Ch. 188
"ဒီကနေ့ကစပြီး အရက်မသောက်ရဘူး။ အရက်ပြင်းတွေ လုံးဝမသောက်ရဘူး။ အထူးသဖြင့် ဘီယာကို မသောက်ရဘူး။ တကယ်လို့ အရမ်းပဲသောက်ချင်ရင် တစ်ရက်ကို ဝိုင်သေးသေးလေး တစ်ခွက်ပဲ သောက်ပါ"
လူဝကြီး၏ သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်ပြီး ဖြည်းဖြည်းချင်း သတိပြန်ရလာသောအခါတွင် သူသည် ဂါးရက် နော့ဒ်မားခ်၏ စကားကို ထပ်မံမငြင်းရဲတော့ပေ။ ဂါးရက်က ညွှန်ကြားချက်များကို တစ်ခုပြီးတစ်ခု ဆက်ပြောပြပြီး လူဝကြီးက သူ၏ဗိုက်ပေါ်မှ အဆီခေါက်များ ကွေးညွတ်သွားအောင် နာခံစွာ ခေါင်းညိတ်နေသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့"
"ပင်လယ်စာ ရှောင်ပါ။ ကမာ၊ ခုံးနဲ့ ခရုမျိုးနွယ်ဝင် အားလုံးကို လျှော့စားပါ"
"ဘာ... ဒါပေမဲ့ ကျွန်တော်တို့က ပင်လယ်နားမှာနေတာကို ပင်လယ်စာ မစားရဘူး... ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဟုတ်ကဲ့ ဟုတ်ကဲ့"
"အမဲသားနဲ့ သိုးသားစားတာကို လျှော့ပါ"
"ဒါဆို... ကျွန်တော် ဘာစားလို့ရလဲ"
"ကြက်၊ ဘဲ၊ ဝက် အားလုံး စားလို့ရတယ်။ ဒါပေမဲ့ အဆီများတဲ့အပိုင်းကို မစားရဘူး။ တကယ်တော့ တိရစ္ဆာန်အင်္ဂါအစိတ်အပိုင်းအားလုံးကို ရှောင်ရမယ်"
လူဝကြီးက မျက်မှောင်ကြုတ်ပြီး သူ၏ဗိုက်ကို ပွတ်လိုက်သည်။ ဂါးရက်က သူ့အား ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။
"မင်းရဲ့ရောဂါက မင်းရဲ့အစားအသောက်ကြောင့် ဖြစ်တာ။ ဒီနေ့ ငါ မင်းရဲ့ရောဂါကို ဖယ်ရှားပေးလိုက်ရင်တောင် မင်း ဆက်ပြီး အလွန်အကျွံစားသောက်နေမယ်ဆိုရင် အန္တရာယ်ရှိတဲ့အရာတွေက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဆက်ပြီး စုပုံလာလိမ့်မယ်။ ပြီးတော့ မင်း ဒုက္ခဆက်ရောက်နေဦးမှာပဲ။ မင်းရဲ့ဗိုက်ထဲက ကျောက်တွေကို မြင်လား။ နောက်ပိုင်းမှာ မင်းရဲ့ကျောက်ကပ်၊ ဆီးအိတ်၊ နေရာတိုင်းမှာ ကျောက်တွေနဲ့ ပြည့်နေလိမ့်မယ်၊ ပြီးတော့ အိမ်သာသွားတာက ဓားနဲ့ အချပ်ချပ်လှီးခံရသလို နာကျင်လိမ့်မယ်"
လူဝကြီး၏ မျက်နှာက ပူပန်မှုနှင့် တုန်ယင်နေသည်။ နာကျင်မှုကြောင့် မဟုတ်ဘဲ ပိုက်ဆံဖြုန်းမိတာကို တွေးမိသောကြောင့် ဖြစ်သည်။
ဒီနေ့အထိ ပိုက်ဆံအများကြီး ကုန်ကျခဲ့ပေမယ့် သည်းခံနိုင်သေးတယ်။ နာကျင်မှုသက်သာစေတဲ့ မှော်ပညာတစ်ခု၊ အဆင့် ၂ နတ်ဘုရားမှော်ပညာ၊ မှော်ထောက်လှမ်းမှု နှစ်ခု၊ အဆင့် ၀ နတ်ဘုရားမှော်ပညာ၊ မှော်ပညာလက်တစ်ခု၊ အဆင့် ၀ နတ်ဘုရားမှော်ပညာ၊ ဒဏ်ရာအသေးစားတွေကို ကုသတဲ့ မှော်ပညာတစ်ခု၊ နောက်ထပ် အဆင့် ၀ နတ်ဘုရားမှော်ပညာ (ဂါးရက်က ကျောက်တွေကို ဖယ်ရှားပြီးနောက် ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ဖို့အတွက် ဒါကို ရွတ်ဆိုဖို့ ဆုံးဖြတ်ခဲ့တယ်)။ အားလုံးပေါင်းလိုက်ရင် ရွှေဒင်္ဂါး တစ်ထောင်တောင် မကျော်ဘူး။
ဒါပေမယ့် ရောဂါကို ဖယ်ရှားတာက အဆင့် ၃ နတ်ဘုရားမှော်ပညာဖြစ်ပြီး စတင်တာနဲ့တင် ရွှေဒင်္ဂါး ထောင်နဲ့ချီကုန်ကျမယ်။ သူက ကုန်ပစ္စည်းလှေတစ်စီးကို ကုန်းမြေကြီးကနေ နီဗစ်ကို တင်ပို့ခဲ့တာ ပင်လယ်ကလည်း တည်ငြိမ်ပြီး ဘာမှဆုံးရှုံးမှုမရှိတဲ့အတွက် ရွှေဒင်္ဂါး ထောင်
ဂဏန်းလောက်ပဲ ရခဲ့တာ။ ဒီတစ်ခါ ကုသမှုက လုံးဝအလဟဿပဲ...
ပြီးတော့ လုံးဝပျောက်ကင်းသွားမှာလည်း မဟုတ်ဘူး။ နောက်ထပ် ရက်အနည်းငယ်လောက် ပျော်ပျော်ပါးပါးစားလိုက်ရင် နောက်တစ်ခါ ထပ်ဖြစ်ဦးမှာပဲ။
"ဒါဆို... ဘယ်လိုလုပ်ရင် လုံးဝပျောက်ကင်းနိုင်မလဲ။"
နှစ်လုံး၊ သုံးလုံး ဒါမှမဟုတ် လေးလုံးပဲ သုံးရရင်တောင်ပေါ့။ လေးခုနဲ့ပဲ ဒီရောဂါကို ဖယ်ရှားနိုင်မယ်ဆိုရင် ငါ ပိုက်ဆံပေးမှာပဲဟာ။ အစားအသောက်တွေ ဒီလောက်ထိန်းချုပ်ရတော့ အသက်ရှင်ရတာ မပျော်တော့ဘူး။
အင်း... ဒီလိုမျိုးကို လုံးဝပျောက်ကင်းအောင်လုပ်ဖို့က ဆေးပညာနဲ့ဆို မဖြစ်နိုင်ဘူးလေ။
ဂါးရက်သည် သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ မကူးပြောင်းမီက ဂေါက်ရောဂါ၏ အကြောင်းရင်းနှင့် ဖြစ်စဉ်များကို ပညာရှင်အသိုက်အဝန်းက ရှင်းရှင်းလင်းလင်း နားမလည်သေးပေ။ ကုသမှုနည်းလမ်းများအနေဖြင့်မူ အစားအသောက်ထိန်းချုပ်ခြင်း၊ ယူရစ်အက်ဆစ်လျှော့ချခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်း၊ နာကျင်မှုသက်သာစေခြင်း၊ လိုအပ်ပါက ဂေါက်ကျောက်များကို ခွဲစိတ်ဖယ်ရှားခြင်းတို့ကိုသာ ထောက်ခံထားခဲ့သည်။
သို့သော် လုံးဝပျောက်ကင်းအောင်ကုသခြင်းကရော။
အဆင့် ၆ ဖြစ်သည့် ဆေးပညာက ရောဂါနှင့် ဒဏ်ရာအားလုံးကို ဖယ်ရှားနိုင်သည်ဟု ဆိုကြသည်။ သို့သော် ၎င်းသည် ထိရောက်မှုရှိမရှိကို မသိရသေးပေ။
မဟုတ်ပါက ဆုတောင်ခြင်းမှော်ပညာကဲ့သို့ တစ်ခုခုကို ကြိုးစားရလိမ့်မည်...
လူဝကြီးက သူ့ကို ဆက်၍ မျှော်လင့်တကြီး ကြည့်နေသည်။ ဂါးရက်သည် ခဏမျှစဉ်းစားပြီးနောက် တစ်ခုခုကို စတင်ထွင်လိုက်သည်။
"မင်း ဒီရောဂါဖြစ်တာက မင်းရဲ့သွေးထဲမှာ အန္တရာယ်ရှိတဲ့အရာတွေ အရမ်းများလို့ပဲ။ ငါတို့က မင်းရဲ့သွေးကို လုံးဝထုတ်ပြီး သန့်စင်လိုက်မယ်။ ဒီအရာတွေကို စစ်ထုတ်လိုက်မယ်။ ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ထဲကို ပြန်သွင်းလိုက်မယ်ဆိုရင် ဒါက အလုပ်ဖြစ်သင့်တယ်။ သွေးကိုထုတ်ပြီးနောက် မင်းရဲ့အသက်ကို ဘယ်လိုကယ်ရမလဲဆိုတာတော့ ငါ မသိဘူး..."
ရိုးရိုးသားသားပြောရလျှင် ကျောက်ကပ်ဆေးခြင်းမျိုးက ယူရစ်အက်ဆစ်ကို လျှော့ချရာတွင် အကျိုးရှိနိုင်သည်။ ပြင်းထန်သောဆောင်ရွက်မှုများကမူ လက်တွေ့ကုသမှုတွင် ယေဘူယျအားဖြင့် မလိုအပ်ပေ။ သို့သော် သူသည် ဤနေရာတွင် ကျောက်ကပ်ဆေးခြင်းမျိုး လုပ်၍မရသောကြောင့် သူသည် အဓိပ္ပာယ်မရှိသည့်အရာများကို ပြောနေခြင်းပင်။
ဂါးရက်က ပခုံးတွန့်လိုက်သည်။ လူဝကြီး၏ မျက်နှာက ဖြူဖျော့ရာမှ အစိမ်းရောင်သို့၊ ပြီးနောက် အဝါရောင်သို့ ပြောင်းသွားပြီး ချွေးအေးများ စိမ့်ထွက်လာသည်။ သူသည် လှစ်ခနဲ ထွက်သွားချင်သောကြောင့် ထပ်၍ ကိုင်းလိုက်သည်။ သို့သော် ဂါးရက်က သူ့ကို တားလိုက်သည်။
"ဘယ်ကို အလောတကြီးသွားမလို့လဲ။ ငါ ပြောလို့မပြီးသေးဘူး။ တစ်နေ့ကို ရေခွက်ကြီး လေးခွက်လောက် သောက်ဖို့ မမေ့နဲ့။ ကိုယ်လက်လှုပ်ရှားမှု သင့်တင့်စွာလုပ်။ ဒါပေမယ့် အရမ်းအလွန်အကျွံ မလုပ်နဲ့။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပိုစား။ အော် ပြီးတော့ ကညွတ်ကို လုံးဝရှောင်ပါ"
"ဒါဆို ကျွန်တော် ဘာမှကို မစားရတော့ဘူးလား"
လူဝကြီးက ဆိုးဆိုးရွားရွား မြည်တမ်းလိုက်သည်။ ဂါးရက်က သူ၏လက်မောင်းများကို ပိုက်ပြီး မလှုပ်မယှက်နေလိုက်သည်။
သူသည် ဤသို့သောလူမျိုးများကို အများအပြား မြင်ဖူးသည်။ သူတို့သည် ညွှန်ကြားချက်များကို ကောင်းကောင်းလိုက်နာမည်ဟု ကတိပေးကြသည်။ အချို့ အစားအသောက်များကို ရက်
အနည်းငယ် အများဆုံး တစ်ပတ်ခန့်သာ ရှောင်ကြပြီး နောက်ပိုင်းတွင် မေ့သွားကြသည်။ ထို့နောက် တစ်လမှ ခြောက်လခန့်အကြာတွင် ဆရာဝန်များကို "ကယ်ပါဦး" ဟု တောင်းပန်ရင်း ဆေးရုံသို့ တွားသွားလာကြသည်။
ကံကောင်းသည်မှာ ဂေါက်သည် အရေးပေါ်ခွဲစိတ်ကုသမှု လိုအပ်သည့် ရောဂါမျိုးမဟုတ်ပေ။ ခွဲစိတ်ရသည့်အခါ ယူရစ်အက်ဆစ်ပမာဏ မြင့်မားနေသည်ကို တွေ့ရသည့် အချိန်များမှအပ အများစုမှာ ဘေးအခန်းမှ လုပ်ဖော်ကိုင်ဖက်များက "ဒီလူနာအိုကြီး ထပ်လာပြန်ပြီ..." ဟု ညည်းတွားကြခြင်းမျိုးသာ ရှိသည်။
ဆေးနှင့် ဆေးသောက်ရမည့်အကြိမ်ရေများကို ညွှန်ကြားပြီးနောက် ဂါးရက်သည် လက်ရမ်းပြကာ လူဝကြီးကို သွားခွင့်ပြုလိုက်သည်။ လူဝကြီးသည် အဖြူရောင်ဆေးလုံးလေးများပါသော သေတ္တာအသေးလေးကို ဂရုတစိုက်ပိုက်ထားပြီး ကျောကုန်းကွေးကာ လည်ပင်းကို ကိုင်ထားသည်။ သူသည် အဖိုးတန် ကျောက်မျက်ရတနာတစ်ခုကို ကိုင်ထားသကဲ့သို့ ရှေ့သို့ လျှောက်သွားလိုက်သည်။ သို့သော် သူသည် ရုတ်တရက် လှည့်လာပြီး
"အရှင်ဘုရား အရှင်ဘုရားက တကယ်အံ့ဩဖို့ကောင်းတယ်။ အရှင်ဘုရားပြောသမျှ အကုန်
မှန်နေတာပဲ။ ကျွန်တော့်လိုပဲဖြစ်နေတဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်။ သူတို့ကို အရှင်ဘုရားဆီ လာပြဖို့ ကျွန်တော် သေချာပေါက် ပြောလိုက်ပါ့မယ်"
ဂါးရက်: "......???"
အားလုံး ဂေါက်ရောဂါရှိနေတာလား။
"မဟုတ်ဘူး။ မဟုတ်ဘူး။ ငါ နာကျင်မှုသက်သာစေတဲ့ မှော်ပညာကို မသိသေးဘူး၊ ပြီးတော့ ကျောက်ချေဖို့အတွက် အာထရာဆောင်းမှော်ပညာကိုလည်း လုံးဝမကျွမ်းကျင်သေးဘူး။ တိကျမှုက အရမ်းပဲ ကန့်သတ်ချက်ရှိတယ်။ ဆီးပိုက်ထည့်ရင်တောင် သင့်တော်တဲ့စပျစ်နွယ်ပင်ကို မတွေ့သေးဘူး... နောက်မှ အရှင်မက်သရူးကိုပဲ အကူအညီတောင်းရတော့မယ်..."
"မင်း ငါ့ကို ဂေါက်လူနာတွေ အများကြီး မိတ်ဆက်ပေးခဲ့ပေမယ့် သူတို့ကို ကူညီနိုင်တဲ့ ငါ့ရဲ့စွမ်းရည်က အတော်လေး ကန့်သတ်ချက်ရှိတယ်"
ဂါးရက် နော့ဒ်မားခ်သည် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် သူ၏ထိုင်ခုံသို့ ပြန်လာခဲ့သည်။ အရှင်မက်သရူးက သူ၏စားပွဲနားတွင် ရပ်နေသည်။ ဂါးရက်က သူ့ကို စကားမပြောခင်မှာပင် အပြေးအလွှားသွားပြီး သူ့ကို ဖမ်းဆွဲလိုက်သည်။
"သူ့ကို ဘာဆေးပေးလိုက်တာလဲ။"
"ဒက်ဖ်ဖိုဒယ်အမှုန့်၊ ကစီဓာတ်အချို့၊ ပျားရည်တို့နဲ့ ရောပြီး ဆေးလုံးလုံးထားတာ"
"အမှုန့် အမှုန့်ပဲလား။ ကစီဓာတ် ဘယ်လောက်ကို အမှုန့် ဘယ်လောက်ရောထားတာလဲ။ သေချာရောထားတာလား။ ဘယ်လိုရောထားတာလဲ"
"လှုပ်ပြီး ရောတာပေါ့..."
ဂါးရက်က သူ၏နဖူးကို ပွတ်သပ်လိုက်သည်။
ဒက်ဖ်ဖိုဒယ်ဆိုတာက ညီလေးရေ အဲဒါက အဆိပ်ရှိတဲ့အရာ။ ရောရုံ၊ လှုပ်ရုံနဲ့ဆို တစ်နေရာမှာ နည်းနည်းပိုနေတာ နည်းနည်းလျော့နေတာမျိုး ဖြစ်နိုင်တယ် မဟုတ်လား။ ဒါက ပန်ကိတ်
လုပ်တာမျိုးမဟုတ်ဘူး။ ဆားက မညီမညာဖြစ်နေရင်လည်း အရသာ နည်းနည်းငန်တာလောက်ပဲ ရှိမယ်။ ဒါက လူသေစေနိုင်တယ်ကွ။
ဒက်ဖ်ဖိုဒယ်အမှုန့်ကို တကယ်ပဲ ညီညီညာညာ ရောထားတယ်ဆိုရင်တောင် မတူညီတဲ့ အပင်
တွေ၊ ဒက်ဖ်ဖိုဒယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေမှာ အယ်လ်ကာလွိုက် ပါဝင်မှုက အတူတူပဲလား။ ဒါက စဉ်းစားလို့တောင် မဖြစ်နိုင်ဘူး...
ပါဝင်မှုများတဲ့ အပိုင်းတစ်ခုနဲ့ ကြုံမိတာတို့ ဒါမှမဟုတ် အမှုန့်ကို ညီညီညာညာ မရောထားလို့ ပျမ်းမျှပမာဏထက် ဆယ်ဆ နှစ်ဆယ်လောက် ပိုများတဲ့ဆေးလုံးတစ်ခုကို မတော်တဆ စားမိရင် ဘယ်လိုလုပ်မလဲ။
လူတို့၏ အမြင်က မတူညီနိုင်ပေ။
ဂါးရက်က နှုတ်ခမ်းစူလိုက်သည်။ သူ သတိမထားမိမီကဆိုလျှင် ဤအရာကို လျစ်လျူရှုနိုင်သော်လည်း၊ ယခု သတိထားမိပြီးနောက် လုံးဝလျစ်လျူရှု၍မရတော့ပေ။ သူသည် အပေါ်သို့ မော့ကြည့်လိုက်သည်။
"အရှင်မက်သရူး ဓာတုဗေဒခန်းထဲမှာ ဒက်ဖ်ဖိုဒယ်အမှုန့် ရှိလား။ ကျွန်တော် သုံးလို့ရမလား"
"ရှိတာပေါ့။ ဒုတိယထပ်မှာ ရှိတယ်။ မင်း သုံးချင်ရင် သွားယူလို့ရတယ်"
"ကောင်းပြီ"
ဂါးရက်သည် အပေါ်ထပ်သို့ အလျင်အမြန်ပြေးတက်သွားသည်။ သူသည် သူ၏ မှတ်ဉာဏ်များကို အရင်က ရှာဖွေခဲ့ပြီး ဒက်ဖ်ဖိုဒယ်၏ အယ်လ်ကာလွိုက် ပါဝင်မှုကို တိုင်းတာသည့် စာတမ်းအတော်များများကို တွေ့ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ၊ အခြောက်အလေးချိန်အရ ပျမ်းမျှပါဝင်မှုမှာ ၀.၃၀% ခန့်ရှိသည်။
ဒါဆိုရင် လွယ်လွယ်လေးပါ။ ငါကိုယ်တိုင်ပဲ လုပ်လိုက်ပါ့မယ်။
ဂါးရက်သည် အင်္ကျီလက်များကို ခေါက်တင်ပြီး အလုပ်စလိုက်သည်။ချိန်ခွင်၊ စမ်းသပ်ပြွန်၊ လေးထောင့်ဖန်ခွက်များ တပ်ဆင်လိုက်သည်။ ဒက်ဖ်ဖိုဒယ်အမှုန့် တစ်ဂရမ်တွင် အယ်လ်ကာလွိုက် ၀.၃ မီလီဂရမ် ပါဝင်သည်။ အရွယ်ရောက်ပြီးသူအတွက် ပမာဏမှာ ၁-၂ နာရီတိုင်း ၀.၅-၁ မီလီဂရမ်ဖြစ်ပြီး တစ်နေ့လျှင် ၆ မီလီဂရမ်ထက် မကျော်လွန်ရ။ ၆ ကို ၀.၃ ဖြင့် စားပါက ၂၀ နှင့်ညီမျှသည်။
ဒက်ဖ်ဖိုဒယ်အမှုန့် ၂၀ ဂရမ်ကို ချိန်တွယ်ပြီး အပိုင်း ၅ ပိုင်း အညီအမျှ ခွဲလိုက်သည်။ ထို့နောက် ၎င်းတို့ကို ကတော့ပုံဖန်ဘူးများထဲသို့ ထည့်ကာ အရက် ၁၀၀ မီလီလီတာစီ ထည့်လိုက်သည်။ ၎င်းတို့ကို လှုပ်သည့်စက်ပေါ်တွင် တပ်ဆင်ပြီး ၁၅ မိနစ်ကြာအောင် အားကုန်လှုပ်လိုက်သည်။ ဂါးရက်သည် လှုပ်သည့်စက်ကို သူ၏လက်ကျိုးတော့မတတ် အားကုန်လှုပ်ခဲ့ပြီး လှုပ်နှုန်းကို သူရောက်မရောက်ပြောလိုက်သည်ကို တကယ်ပင် သံသယရှိခဲ့သည်။
ဒါပေမဲ့ ဘယ်သူက ဂရုစိုက်မှာလဲ။ ဒီလောက်ဆို လုံလောက်ပါပြီ။
စစ်ထုတ်လိုက်ပြီး၊ အနယ်ထိုင်စေကာ၊ ဒက်ဖ်ဖိုဒယ် အယ်လ်ကာလွိုက် အစိမ်းထုတ်ယူမှု ရရှိရန် အငွေ့ပျံနေသည့် အရက်ကို ထည့်လိုက်သည်။ အတွင်းတွင် မည်သို့ပင် ထူးဆန်းသောအရာများ ပါဝင်နေပါစေ သူလုံးဝ စိတ်မပူပေ။
မည်သို့ပင်ဖြစ်စေ၊ ထုတ်ယူမှုအစိမ်းကို ရေအနည်းငယ်နှင့် ဖျော်လိုက်သည်။ ကစီဓာတ် ၁၂ ဂရမ်ကို ချိန်တွယ်ပြီး ရေနှင့်ရောလိုက်သည်။ ထိုနောက် မုန့်သား တစ်ခုနှယ်သကဲ့သို့ နှယ်
လိုက်သည်။ အရှည်အတုံးတစ်ခုဖြစ်အောင် လှိမ့်လိုက်ပြီး ၁၂ ပိုင်း ခုတ်လိုက်သည်။
ပြီးပြည့်စုံသွားပြီ။
ဆေးလုံး တစ်လုံးစီတွင် ၀.၅ မီလီဂရမ် ပါဝင်ပြီး ဤတစ်သုတ်သည် တစ်နေ့အတွက် ပမာဏသာ ဖြစ်သည်။ ပါဝင်မှုသည် လုံးဝညီညာလိမ့်မည်မဟုတ်သော်လည်း အမှုန့်ကို ဆေးလုံးများထဲသို့ တိုက်ရိုက်ရောထည့်သည်ထက်မူ ပိုမိုညီညာသည်မှာ သေချာသည်။ နောက်တစ်ကြိမ်၊ အခြေအနေများပေးလာပါက ပါဝင်မှုကို တိုင်းတာရန် မမေ့သင့်ပေ။
အင်း ခရမ်းလွန်ရောင်ခြည်ရောင်ခြည်တိုင်း ကိရိယာကို ဘယ်လိုမျိုးတပ်ဆင်ရမလဲ...
ဂါးရက်သည် ရေရှည်ပန်းတိုင်များကို ဘေးဖယ်ထားလိုက်ပြီး ဆေးလုံးများကို ပုလင်းသေးသေးလေးထဲသို့ ကျေနပ်စွာ ထည့်လိုက်သည်။ သူသည် ယုန်တစ်ကောင် သို့မဟုတ် တစ်ခုခုကို ရှာပြီး စမ်းသပ်ကြည့်တော့မည့်အချိန်တွင် အောက်ဘက်မှ တစ်စုံတစ်ယောက် အော်နေသည့်အသံကို သူ ကြားလိုက်ရသည်။
"ဘုန်တော်ကြီး…ဘုန်းတော်ကြီးကို ပြဖို့ လူနာတစ်ယောက်ကို ခေါ်လာခဲ့တယ်"
ဟာ...
အခုမှလား။