← Chapters

စီဝေ့ဘုံ၏ ပြောင်းလဲခြင်း

Vol. 155 Ch. 2200

စီဝေ့ဘုံ၏ ပြောင်းလဲခြင်း

Vol. 155 Ch. 2200

ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်က ရောက်လာခဲ့သော်လည်း သူတို့သည် ယခင်နှစ်နှစ်ဆယ်ကဲ့သို့ တိုက်ခိုက်မလာခဲ့ပေ။ သူတို့သည် ခြိမ်းခြောက်မှုတချို့သာ လုပ်ပြီး ပြန်ဆုတ်ခွာသွားခဲ့ပေသည်။ ထိုသည်မှာ ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များကို လွန်ခဲ့သော နှစ်နှစ်ဆယ်ကနှင့် မတူညီတော့သည်မှာ အမှန်ဖြစ်ကြောင်း သတိပြုမိစေသည်။ အင်အားစုအများစုမှာ ဤနေရာသို့ တစ်စိတ်တစ်ဝမ်းတည်း လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ဤနေရာ၌ စစ်ပွဲစတင်ရန် မဟုတ်ဘဲ သူတို့ကိုယ်သူတို့ ရီဖူရှင်း၏ ဆန့်ကျင်မှုမှ ကာကွယ်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

အကောင်းဆုံး အဖြေမှာ နှစ်ဖက်လုံးက ခဏတာ စစ်ပြေငြိမ်းပြီး အချင်းချင်း မနှောက်ယှက်ဘဲ မျခြေကို ထိန်းသိမ်းထားကြရန် ဖြစ်သည်။ သို့ပေမယ့် သူတို့သည် ဤခက်ခဲသော အခြေအနေအတွင်း ရှင်သန်နိုင်ပေလိမ့်မည်။

တစ်ချိန်တည်းတွင် သူတို့က ရီဖူရှင်း ယခု မည်မျှ အစွမ်းထက်လာကြောင်း စမ်းသပ်ချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့သည် သူက ကြောက်မက်ဖွယ် အင်အားတို့ ထုတ်ဖော်ခဲ့သည်ကို မြင်သောအခါ သူတို့၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုတို့ ဖြစ်ပေါ်လာသည်။ သူတို့သည် တိုက်ခိုက်ချင်သော်လည်း ထိုသို့လုပ်ရန် မတတ်နိုင်ခဲ့ပေ။

အခြားအင်အားစုများ ဆုတ်ခွာသွားပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ၎င်း၏ မဟာမိတ်များက အချိန်တစ်ခုထိ ငြိမ်းချမ်းနေပေလိမ့်မည်။ သူတို့က မည်သည့်လှုပ်ရှားမှုမှ မလုပ်ဘဲ ငြိမ်းချမ်းစွာ ကျင့်ကြံနေကာ သူတို့ကိုယ်သူတို့ တဖြေးဖြေး တိုးတက်လာစေရန် ကြိုးစားနေကြသည်။

ထိုသည်မှာ လက်ရှိ အခြေအနေ ဖြစ်သည်။ မည်သူကမှ ငြိမ်းချမ်းရေးကို ဖြိုခွဲရန် ဆန္ဒမရှိကြပေ။

သူတို့သည် လောကကြီးက အရှုပ်အထွေးများထဲ ကျရောက်နေကြောင်း နားလည်သော်လည်း အခြေအနေကို ပြောင်းလဲရန် နည်းလမ်းမရှိပေ။

ကောင်းကင်ဒေသ၏ အင်အားစုများ၊ မှော်နက်လောကနှင့် နတ္ထိဘုံတို့သည် တစ်ချိန်တည်းတွင် နေရာအနှံ့ စိမ့်ဝင်နေခဲ့သည်။ လောက၏ ပရမ်းပတာဖြစ်မှုကို ​ရှောင်လွှဲ၍ မရနိုင်ပေ။

သို့သော် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များနှင့် ၎င်းတို့၏ မဟာမိတ်များက ထိုနေရာ၌ ရှိနေကြသည်။ အခြားအင်အားစုများက သူတို့ကို အလွယ်တကူ ဆန့်ကျင်ရဲလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အားလုံးသော ကျင့်ကြံသူများက ငြိမ်းချမ်းစွာ ကျင့်ကြံနေနိုင်ကြပေသည်။ အင်အားစုများက မူလဘုံ၏ အပြောင်းအလဲများကို စောင့်ကြည့်နေခဲ့ကြသည်။

နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာခဲ့သည်။ ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်တွင် တည်ငြိမ်အေးချမ်းစွာ ကျင့်ကြံနေခဲ့ပြီး ဆေးဖော်စပ်ခြင်းအား လေ့ကျင့်ကာ အခြားလူများ အသုံးပြုရန် ဆေးလုံးဖော်စပ်ခဲ့သည်။ သူတို့သည် ကျင့်ကြံခြင်းခရီးလမ်းကို ကြာရှည်စွာ လျှောက်လှမ်းနိုင်ဖို့ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးမြှင့်ရန် ကြိုးစားနေကြသည်။

ယခု သူက ကောင်းကင်မြေကြီးတို့နှင့် တသားတည်းဖြစ်နေခဲ့သည့် ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူသာ အသတ်မခံခဲ့ရလျှင် သူ၏ အသက်စွမ်းအားက မည်သည့်အခါမှ လျော့ပါးသွားခြင်းမရှိဘဲ ထာဝရရှင်သန်နိုင်လိမ့်မည်။ ထို့ကြောင့် သူသည် သူ၏ စီနီယာများကို ကူညီရင်း အချိန်ကုန်ဆုံးနေခြင်း ဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံက ငြိမ်းချမ်းနေသော်လည်း အခြားဘုံများက ကပ်ဆိုက်သော အချိန်ကာလကို တွေ့ကြုံနေရသည်။ စီဝေ့ဘုံ၌ အဖြစ်အပျက်ကြီးအချို့ ဖြစ်ပေါ်နေပေသည်။

ထိုအချိန်တွင် ရီဖူရှင်းနှင့် အခြားလူများသည် ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း ကျင့်ကြံနေခဲ့သည်။ အာကာသခရီးသွားဝင်္ကပါက လင်းလက်လာပြီး သောကျောက်သည် လူတစ်စုနှင့်အတူ ဝင်္ကပါအတွင်း ထွက်ပေါ်လာသည်။

ရီဖူရှင်းနှင့် အခြားလူများကလည်း ၎င်းကို သတိပြုမိပေသည်။ သူတို့က သောကျောက် လေထဲမှနေ၍ သူတို့ ကျင့်ကြံနေသော နေရာကို ရောက်သည်ထိ ဖြတ်သန်းလာသည်အား စောင့်ကြည့်နေခဲ့သည်။

“တစ်ခုခုများဖြစ်လို့လား။” ရီဖူရှင်းက သောကျောက်ကို မေးလိုက်သည်။

“စီဝေ့ဘုံမှာ တစ်ခုခု ဖြစ်သွားတယ်။” သောကျောက်က ရှင်းလင်းသော အသံနှင့် ပြောလိုက်သည်။ “အဲဒီကောင်တွေအားလုံး ရူးနေကြပြီ။ သူတို့က တကယ်ပဲ စီဝေ့ဘုံထဲက ကမ္ဘာကြီးရဲ့ အသက်သွေးကြောတွေကို ဖြတ်တောက်ချင်နေကြတယ်။ ပြီးတော့ အင်ပါယာရှင်ကျောင်းတော်က အင်အားစုတွေ ဆင်းလာပြီး မြေအောက်တံခါး ဖွင့်လိုက်တာက ဘုံတစ်ခုလုံးကို မြေငလျင်လှုပ်သလို အကြီးအကျယ် တုန်ခါသွားစေခဲ့တယ်။”

ရီဖူရှင်း၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။ သူတို့က စီဝေ့ဘုံကို ဆန့်ကျင်လှုပ်ရှားနေသည်လား။

ထို့ပြင် ၎င်းသည် အင်ပါယာရှင်းကျောင်းတော်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အင်ပါယာရှင်းကျောင်းတော်သည် စီဝေ့ဘုံ၌ အစွမ်းထက်ဆုံး အင်အားစုဖြစ်သည်။ အင်ပါယာရှင်းဟု သတ်မှတ်ထားပြီး ၎င်း၏ အမွေအနှစ်က အလွန် ထူးခြားရပေမည်။

“ဘာတွေဖြစ်နေတာလဲ။” လူတစ်စုက လျှောက်လာကြပြီး သူတို့အားလုံးက သောကျောက်ကို ကြည့်လိုက်သည်။ ဘုံကိုးဘုံ၏ တည်ဆောက်ပုံများ အားလုံးတွင် လျှို့ဝှက်ချက်အချို့ ဖုံးကွယ်ထားပုံရသည်။ ယခု အပြင်ဘက်မှ လာသော အင်အားစုများသည် ထိုသို့သော အရာမျိုးကို လက်လွှတ်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့က လျှို့ဝှက်တံခါးများကို ဖွင့်ချင်နေပေသည်။

အခြားဘုံများမှလာသော ကျင့်ကြံသူများအတွက် သူတို့သည် မူလဘုံမှ လူများ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ သူတို့၏ ကျင့်ကြံခြင်းကိုသာ ဂရုစိုက်မည်မှာ သေအချာပင် ဖြစ်သည်။ သူတို့သည် မဟာလမ်းစဥ်ဘုံသုံးထောင်၏ လျှို့ဝှက်ချက်များကို ရှာဖွေချင်နေသည်။ သူတို့သည် ရတနာများကို ရှာဖွေပြီးနောက်မှ ထွက်သွားချင်ကြသည်။ သူတို့၏ အပြုအမူများကြောင့် ဘုံများက ပြိုကျပျက်စီးသွားလျှင်ပင် သူတို့နှင့် မည်သို့မှ သက်ဆိုင်လိမ့်မည် မဟုတ်ဟု ခံယူထားကြပေလိမ့်မည်။

“အင်ပါယာရှင်းကျောင်းတော်က အဲဒီနေရာမှာ ကမ္ဘာကြီးရဲ့ အသက်သွေးကြောကို ကာကွယ်ပေးနေတယ်လို့ စီဝေ့ဘုံတစ်ခွင်မှာ သတင်းတွေ ပြန့်နေခဲ့တယ်။ အခု ကြည့်ရတာ သတင်းတွေက အမှားမဟုတ်တဲ့ပုံပဲ။ အင်ပါယာရှင်းကျောင်းတော်က တစ်ခုခုကို သိထားတာကြောင့် အပြင်လူတွေကို တံခါးဖွင့်ပေးဖို့ သဘောတူလိုက်တာ ဖြစ်နိုင်တယ်။ သူတို့က စီဝေ့ဘုံရဲ့ အလယ်ဗဟိုမှာ ကြောက်မက်ဖွယ် မြေအောက်နန်းတော်ကို ရှာဖွေတွေ့ရှိခဲ့တယ်။” သောကျောက်က ပြောလိုက်သည်။

“မြေအောက်နန်းတော်လား။” လူတိုင်းက မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ သဏ္ဌာန်မဲ့ဘုံက သဏ္ဌာန်မဲ့နတ်ကျောက်တုံးရှိသည်။ စီဝေ့ဘုံ၏ အောက်၌ မည်သည့်အတွက်ကြောင့် နန်းတော်တစ်ခု ရှိရသနည်း။

“အခု စီဝေ့ဘုံကို သွားတဲ့ လူတိုင်း အဲဒီမြေအောက်နန်းတော်က တော်ဝင်နန်းတော်ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတယ်။” သောကျောက်က ဆက်ပြောလိုက်သည်။ “မဟာအင်ပါယာရဲ့ ရှေးဟောင်းနန်းတော်။ ဒါက ခန့်မှန်းချက်သက်သက်ပဲ ရှိသေးတယ်။ လောလောဆယ် ဘယ်သူကမှ အဲဒီလျှို့ဝှက်ချက်ကို ရှာမတွေ့သေးဘူး။ အခု အဲဒီသတင်းက ဘုံအားလုံးမှာ ပျံ့သွားပြီး တန်ခိုးရှင်အများကြီးက စီဝေ့ဘုံကို ဦးတည်နေကြတယ်။”

ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သွားပြီး တခြားလူတွေကို ပြောပြလိုက်ပါ။”

ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဗဟိုပြုထားသည့် အာကာခရီးသွားဝင်္ကပါသည် ထိပ်သီးအင်အားစုများစွာနှင့် ချိတ်ဆက်ထားသည်။ သောမျိုးနွယ်စု၊ ဝရိန်ခုနစ်ပါးကလန်၊ နန်ထျန်းနတ်ပြည်ထောင်၊ ရှောင်ကလန်နှင့် ယွမ်ယန်ကလန်တို့အားလုံးက ကောင်းကင်အာဏာစက်ကျောင်းတော်မှ အာကာသခရီးသွားဝင်္ကပါနှင့် ဆက်သွယ်ထားသည်။

“ကောင်းပြီ။”

တခဏကြာပြီးနောက် အာကာသခရီးသွားဝင်္ကပါက အသက်ဝင်လာကာ မည်သည်တို့ ဖြစ်ပျက်နေသည်အား အခြားအင်အားစုများသို့ သတင်းပေးပို့ရန် လူများစေလွှတ်လိုက်သည်။

သိပ်မကြာခင်မှာပင် နေရာအနှံ့မှ တန်ခိုးရှင်များက ကောင်းကင်အာဏာစက်ကျောင်းတော်တွင် စုစည်းလာခဲ့သည်။

“စီနီယာက ဒဏ်ရာရနေပြီး ကျောင်းတော်ကို စောင့်ကြပ်ဖို့လည်း တစ်စုံတစ်ယောက် လိုအပ်နေတာကြောင့် ကျေးဇူးပြုပြီး မသွားပါနဲ့။” ရီဖူရှင်းက အရှင်ထိုက်ရွှမ်ကို ပြောလိုက်သည်။ အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်၏။ ဤရက်များအတွင်း သူသည် အချိန်များကို ပြန်လည်ကုသရင်း ကုန်ဆုံးခဲ့သည်။ ရီဖူရှင်းနှင့် အခြားလူများပြန်ရောက်လာသောအခါ သူသည် အများကြီး အနားရခဲ့ပြီး သူ့ပေါ်မှ ဖိအားများက အတော်လေး လျော့ပါးသွားခဲ့ပေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်ကို စောင့်ကြပ်ရန် တစ်စုံတစ်ယောက် အမှန်တကယ် လိုအပ်ပေသည်။

ပြဿနာတစ်ခုခု ရုတ်တရက် ဖြစ်ပွားလာလျှင် သူတို့ထံ၌ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ယောက် ရှိနေခဲ့ပါက သူတို့က ထိုကိစ္စများကို ယာယီကိုင်တွယ်ဖြေရှင်းနိုင်ပေလိမ့်မည်။

အခြားကျင့်ကြံသူများက ပြင်ဆင်ပြီးနောက် အာကာသခရီးသွားဝင်္ကပါကို အသက်သွင်းလိုက်သည်။

...

သောမျိုးနွယ်စုသည် ကောင်းကင်အမြင့်၌ ရပ်နေခဲ့ပြီး စီဝေ့ဘုံအတွင်း ကြီးမားကာ အစွမ်းထက်ပုံပေါ်ပေသည်။

သောမျိုးနွယ်စုအကြီးအကဲက သူတို့ကို စောင့်ဆိုင်းနေခဲ့သည်။ သူက သူ့တို့လာနေသည်ကို မြင်သောအခါ သူက သူတို့ကို ကြိုဆိုရန် ရှေ့ထွက်လာရင်း ပြောလိုက်သည်။ “စီဝေ့ဘုံမှာ တစ်ခုခု ကြီးမားတဲ့အရာဖြစ်လာတော့မယ်။”

လူတိုင်းက ခေါင်းညိတ်လိုက်သည်။ သူတို့သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က သဏ္ဌာန်မဲ့ဘုံတွင် မည်သည်တို့ ဖြစ်ပျက်ခဲ့ကြောင်း မှတ်မိပေသည်။ ထို့နောက်တွင် သဏ္ဌာန်မဲ့ဘုံက အပျက်အစီးများ ဖြစ်ခဲ့ရသည်။

ယခု လူအများက စီဝေ့ဘုံ၏ ကမ္ဘာ့အသက်သွေးကြောကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက်တွင် စီဝေ့ဘုံက သဏ္ဌာန်မဲ့ဘုံကဲ့သို့ ဖြစ်လာပေလိမ့်မည်။

ထိုသို့မဖြစ်ခင် ဤမုန်တိုင်းက စီဝေ့ဘုံရှိ မရေတွက်နိုင်သော တန်ခိုးရှင်များကို ရှင်းလင်းပစ်နိုင်ပေသည်။

“တစ်ချက်လောက် သွားကြည့်ရအောင်။” ရှောင်တိန့်ထျန်းက ပြောလိုက်သည်။ သူသည်လည်း စီဝေ့ဘုံ၏ မြေအောက်တွင် မည်သည့်အရာ ရှိနေသည်ကို မြင်ချင်ပေသည်။

မှော်နက်လောကမှ မဟာလမ်းစဥ်ဘုံသုံးထောင်ကို စတင်၍ ပရမ်းပတာဖြစ်စေကာ ဘုံများစွာကို ဖျက်ဆီးပစ်ခဲ့ကတည်းက ဘုံကိုးဘုံမှ ထိပ်သီးအင်အားစုများက သူတို့၏ လျှို့ဝှက်ချက်များကို တင်းကြပ်စွာ ထိန်းသိမ်းခဲ့ကြသည်။ သဏ္ဌာန်မဲ့ဘုံနှင့် လျှို့ဝှက်နယ်မြေဘုံသည် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲနေခဲ့ပြီး ဖြစ်သည်။ နေမင်းနတ်ဘုရားတောင်တန်းမှ အင်အားစုများက ယခု သဏ္ဌာန်မဲ့ဘုံကို ထိန်းချုပ်ထားပေသည်။

ဗဟိုအင်ပါယာဘုံသည် ထိပ်သီးအင်အားစုများစွာ ရှိသည့်အတွက်ကြောင့် အတည်ငြိမ်ဆုံး ဖြစ်နေပေသည်။ နတ္ထိအင်ပါယာဘုံသည်လည်း ရှိနေပြီး သူတို့ကို မည်သူမှ လွယ်လွယ်လေး ဆန့်ကျင်ရဲလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အင်အားစုများစွာ အရင်ဆုံး တိုက်ခိုက်လိုသည့် နေရာမှာ ကောင်းကင်အာဏာစက်ဘုံ ဖြစ်လာခဲ့သည်။ အများစုမှာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးရန် အခွင့်အရေး ရှာခဲ့သော်လည်း ထိုနေရာရှိ အစွမ်းထက် အင်အားစုများ၏ တားဆီးခြင်းကို ခံခဲ့ရသည်။

ယခု စီဝေ့ဘုံက အရင်ဆုံး ပစ်မှတ်ထားခံရပေသည်။

လူတိုင်းက အတူတူ ရပ်ကာ ကောင်းကင်အဝေးသို့ ပျံသန်းသွားပြီး အဝေးကို ဦးတည်သွားခဲ့သည်။ သူတို့က လေထဲတွင် ဖြတ်သန်းကာ မြန်သည်ထက်မြန်မြန် ရွေ့လျားနေသည်။

တခဏအကြာတွင် သူတို့က ကောင်းကင်အမြင့်တစ်နေရာမှ စီဝေဘုံသို့ ဆင်းသက်လာသည်။ သူတို့သည် မြေကြီးပေါ်မှ အဆုံးမဲ့ကွာဝေးသော နေရာအထိ ကြောက်မက်ဖွယ် အက်ကြောင်းများ ပေါ်ပေါက်လာသည်ကို မြင်နေရသည်။ ထိုအက်ကြောင်းက မည်မျှ ကျယ်ပြောသည်ကို မည်သူမှ မသိကြပေ။ ၎င်းတို့က ဘုံတစ်ခွင်တွင် ပြည့်နှက်နေခဲ့၏။

သူတို့ အင်ပါယာရှင်းကျောင်းတော်သို့ နီးကပ်လာကြပြီး အက်ကြောင်းများက ပို၍ ကြောက်မက်ဖွယ်ဖြစ်လာသည် ကောင်းလာသည်။ ဘုံတစ်ခုလုံးမှ လေထုအခြေအနေက ဆိုးရွားနေခဲ့၏။ ကောင်းကင်နှင့် မြေကြီးကြားမှ အရှိန်အဝါတို့က မတည်မငြိမ် ဖြစ်နေပေသည်။

သူတို့ အင်ပါယာရှင်းကျောင်းတော်အနီးသို့ ရောက်လာသောအခါ သူတို့သည် အဆုံးမဲ့နက်ရှိုင်းကာ ကျယ်ပြောလှသော တွင်းနက်ကြီးတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက မြန်မြန်ဆန်ဆန် တူးဖော်ထားသော တွင်းပေါက်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

ကြောက်မက်ဖွယ် အရှိန်အဝါက ထိုတွင်းပေါက်ကြီးမှ ထွက်ပေါ်လာသည်။ တန်ခိုးရှင်များသည် ထိုအနီးတွင် ရပ်နေကာ အောက်သို့ ငုံ့ကြည့်နေကြ၏။

ရီဖူရှင်းနှင့် အခြားလူများက အောက်သို့ ငုံ့ကြည့်နေကြပေသည်။ ထိုတွင်းနက်ကြီးမှ စိမ့်ထွက်နေသော ကြောက်မက်ဖွယ် အရှိန်အဝါများကြားတွင် နတ်အလင်းဖျော့ဖျော့ စီးဆင်းနေသည်။ တွင်းနက်ကြီးနား ရောက်လာသည်နှင့် သူတို့သည် ထိုကြောက်မက်ဖွယ် စွမ်းအားက စီဝေ့ဘုံတစ်ခွင်မှ အက်ကြောင်းများကို ပေါ်ပေါက်လာစေပြီး အဆက်မပြတ် တိုးပွားပျံ့နှံ့လာခြင်း ဖြစ်ကြောင်း သိလိုက်ကြပေသည်။

“ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ။” လူတိုင်းသည် ထိုအတွင်းမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိကြပေသည်။ ထိုအစွမ်းထက်၍ ကျော်ကြားသော ပုဂ္ဂိုလ်များသည်ပင် ၎င်းကို ကြောက်ရွံ့ကြပေသည်။ ၎င်းသည် သဏ္ဌာန်မဲ့ဘုံ၌ ဖြစ်ပျက်ခဲ့သောအရာနှင့် အလွန် တူညီသည်။

“ဒီလိုသာ ဆက်ဖြစ်နေရင် စီဝေ့ဘုံတစ်ခွင်လုံး အပိုင်းပိုင်းကွဲထွက်ပြီး ဘုံကို ကုန်းမြေတွေ အများကြီးအဖြစ် ကွဲထွက်သွားစေလိမ့်မယ်။” သောမျိုးနွယ်စု အကြီးအကဲက ဝမ်းနည်းနေသော အသံနှင့် ပြောလိုက်သည်။

ကံအဆိုးဆုံးလူများမှာ သာမန်လူများဖြစ်ကြသည်။ ကျင့်ကြံခြင်း အဆင့်နိမ့်လေ သူတို့အတွက် ပို၍ ကြောက်မက်ဖွယ်ကောင်းလေ ဖြစ်ပေသည်။ သူတို့သည် ဤပြောင်းလဲခြင်းကြောင့် ဖျက်ဆီးခံကြရပေလိမ့်မည်။ သူတို့က ထိုလူများ၏ ရည်မှန်းချက်အ​တွက် မြှုပ်နှံသင်္ဂြိုလ်ခံကြရမည်မှာ သေချာပေသည်။

အင်ပါယာရှင်းကျောင်းတော်က ပျက်စီးသွားသော်လည်း ထိုကျင့်ကြံသူများက ထိုနေရာ၌ ရှိနေခဲ့သေးပေသည်။ သူတို့သည် အခြားတစ်နေရာ၌ ရပ်ရင်း အောက်သို့ ငုံ့ကြည့်နေကြသည်။ နန်းတော်သခင်က လက်ထဲတွင် တောင်ဝှေးတစ်ချောင်းကိုင်စွဲထားပြီး သူ့အနီးတွင် နတ်အလင်းများ ဝန်းရံထားကာ ထိုတွင်းနက်ကြီးမှ ထွက်ပေါ်လာနေသော နတ်အလင်းဖျော့ဖျော့နှင့် ရောနှောနေသည်။

“မင်းက အင်ပါယာရှင်းကျောင်းတော်ကို စတေးဖို့ မတွေဝေဘဲ တားမြစ်တံခါးကို ဖွင့်လှစ်ခဲ့တာလား။” သောမျိုးနွယ်စု အကြီးအကဲက ခေါင်းကို ငုံ့ကာ ကြည့်ရင်း ပြောလိုက်ကာ သူ့အသံက အတက်အကျကင်းမဲ့နေသည်။ ထိုသ​ည်မှာ အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်ကို သူ့အား မော့ကြည့်လာစေပြီး သူ၏ မျက်လုံးများ၌ ခရမ်းရောင်အလင်းများ လင်းလက်လာသည်။

“အင်ပါယာရှင်းကျောင်းတော်က ဒီကနေ ပိုပြီး အားကောင်း သန်မာလာနိုင်တယ်။” နန်းတော်သခင်က ထိုအကြီးအကဲအား ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားက တားမြစ်ဂိတ်တံခါးကို ဖွင့်လိုက်ရင်တောင် အဲဒီကနေ အကျိုး အများဆုံး ရနိုင်မယ့်လူက ခင်ဗျားပဲလို့ ဘာကြောင့် ထင်နေရတာလဲ။” သောမျိုးနွယ်စု အကြီးအကဲက ထေ့ငေါ့ပြောလိုက်၏။ ဤပြောင်းလဲခြင်းသည် မတူညီသော ဘုံများမှ တန်ခိုးရှင်တို့ကို ဆွဲဆောင်နိုင်ပေလိမ့်မည်။ အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်သည် ထိုမြေအောက်ရတနာများကို သူတစ်ယောက်တည်းအတွက် အပိုင်သိမ်းရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

သူနှင့် မဟာမိတ်ပြုထားသော  အင်အားစုများသည်ပင် သူ့ကို သားကောင်ကဲ့သို့ ကျားချောင်းချောင်းနေကြပေသည်။

“မင်း အပူမပါဘူး။” နန်းတော်သခင်က ထိုဗလာနတ္ထိလေဟာနယ်အတွင်း ငုံ့ကြည့်ကာ တုံ့ပြန်လိုက်သည်။ သူ၏ တောင်ဝှေးမှ အလွန် ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းတို့ လင်းလက်လာပေသည်။ ၎င်းသည် တွင်းနက်မှ ထွက်ပေါ်လာသော စွမ်းအားနှင့် လိုက်လျောညီထွေ ရှိနေပေသည်။

ဤသ​ည်မှာ လူအများကို အံ့သြလာစေခဲ့သည်။ ထိုမြေအောက်မှ နတ်ရတနာက အင်ပါယာရှင်းကျောင်းတော်နှင့် ဆက်သွယ်မှု ရှိနေသည်လား။

ကောင်းကင်ထက်တွင် ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာကြကာ စီဝေ့ဘုံအထက်တွင် ပိုမိုများပြားသော အင်အားစုများ ရောက်လာကြသည်။ သူတို့ရောက်လာသောအခါ သူတို့က မတူညီသော နေရာများတွင် ရပ်နေကာ မြေပေါ်ရှိ တွင်းနက်ကြီးကို ငုံ့ကြည့်လိုက်ကြသည်။ သူတို့က ဤနေရာ၌ လက်လွတ်စပယ် လှုပ်ရှားလိမ့်ကြမည် မဟုတ်ပေ။

တန်ခိုးရှင်များ ပိုမို ရောက်ရှိလာသည်နှင့် ရီဖူရှင်းသည် အချို့သော ရင်းနှီးနေသည့် ပုံရိပ်များကို မြင်တွေ့လိုက်ရသည်။ သူတို့က ကောင်းကင်ဒေသမှ သူ သိသော လူများဖြစ်ပြီး ရှန်ချင်းနယ်မြေ နှင့် တုန်းဟွာနယ်မြေရှိ ထိပ်သီးအင်အားစုများကဲ့သို့ ပုဂ္ဂိုလ်များ ဖြစ်​လေသည်။ သူတို့သည်လည်း ဤနေရာ၌ ထွက်ပေါ်လာကြပြီ ဖြစ်၏။

***

All Chapters