← Chapters

တစ်ကွက်တည်း သုံးခဲ့တာလား

Vol. 70 Ch. 1382

တစ်ကွက်တည်း သုံးခဲ့တာလား

Vol. 70 Ch. 1382

လက်အောက်ငယ်သားမှ ချက်ချင်း တင်ပြပေးသည်။

" ရှောင်ကွန်းရဲ့ ဆရာက ဒီနေ့ ဒီကို ရောက်နေပါတယ်။ ရှောင်ကွန်းက ကျန်းမင်းယွမ်နဲ့ တိုက်ခိုက်ပြီးတော့ သူ့ဆရာနဲ့ တိုက်ခဲ့ပါသေးတယ် "

ဖန်းဟုန်းချန်း ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

" အို၊ ဟုတ်လား။ ဘယ်သူ နိုင်သွားတာလဲ "

ထိုသို့ မေးပြီးနောက် အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားရသည်။

ယဲ့ဖန်ဆိုသည့် လူငယ်လေးသည် အသက်အရွယ် ကြီးရင့်နေသူ မဟုတ်ပါသော်လည်း သူ၏ သားဖြစ်သူမှ ဆရာတင်ထားသူဖြစ်၍ ယဲ့ဖန်၏ ခွန်အားမှာ ဆိုးသွမ်းနေမည် မဟုတ်ပေ။

သူ့သားသည် ဤပွဲ၌ ရှုံးသွားလောက်ပေမည်။

ဖန်းဟုန်းချန်း၏ တပည့်သည် ရယ်ချင်နေသည်ကို ထိန်းကာ ဖြေလိုက်သည်။

" တစ်ကွက်တည်းနဲ့ပါ။ သူ့ဆရာက ရှောင်ကွန်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်ပါတယ် "

ဖန်းဟုန်းချန်းသည် ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး သူ့တပည့်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

" ဘာပြောလိုက်တယ်။ တစ်ကွက်တည်းနဲ့လား။ သေချာလား "

ဖန်းဟုန်းချန်းသည် သူ့တပည့်၏ အချက်အလက်ကို မယုံသောကြောင့် မဟုတ်ဘဲ သတင်းမှာ မယုံကြည်နိုင်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။

ကျန်းမင်းယွမ်သည် အလွန်သန်မာသူ ဖြစ်သော်လည်း သူ၏သားဖြစ်သူ ဖန်းရှောင်ကွန်းသည် ကျန်းမင်းယွမ်ကို အနိုင်ပိုင်းနိုင်ခဲ့သည်။

ထို့ကြောင့် သူ၏ ခွန်အားသည် ကျန်းကော Battle Fan ကလပ်တွင် ထိပ်တန်းအဆင့်ဟု ပြောနိုင်လေသည်။

အဲ့လိုခွန်အားရှိတာတောင် တကယ်ပဲ ယဲ့ဖန်စီက တစ်ချက်တည်းနဲ့ အမှောက်သိပ်ခံရတာလား။

ထိုသည်မှ ယဲ့ဖန်သည် မည်မျှ သန်မာသည်ကို ကောက်ချက်ချနိုင်လေသည်။

လက်အောက်ငယ်သားမှ တိုက်ပွဲဖြစ်စဉ်ကို ချက်ချင်းပင် အသေးစိတ် ဖော်ပြသည်။

ဖန်းဟုန်းချန်းသည် အားလုံးကို ကြားသိပြီးနောက် တရစပ် လက်ခုပ်တီးလေတော့သည်။

" ဉာဏ်ကြီးရှင်၊ ဉာဏ်ကြီးရှင်၊ ဉာဏ်ကြီးရှင်ပဲ။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုနေရာရောက်ဖို့ဆိုတာ တကယ် ဉာဏ်ကြီးရှင်ပဲ ဖြစ်ရမယ် "

လက်အောက်ငယ်သားသည် ချက်ချင်းပင် အံ့အားသင့်သွားရသည်။

ဤဗိုလ်ချုပ်သည် အများသောအားဖြင့် တည်ငြိမ်ပြီး ပြဿနာများနှင့် ရင်ဆိုင်ရသောအခါတွင်လည်း ကိုယ်ဟန်အေးဆေးလေ့ရှိသည်။

လူတစ်ယောက် သို့မဟုတ် ကိစ္စတစ်ခုကြောင့် အိန္ဒြေပျက်သည်ကို တွေ့ရခဲလေသည်။

လူငယ်တစ်ဦးအား သုံးကြိမ်ဆက်တိုက် 'ဉာဏ်ကြီးရှင်'ဟု ပြောလိမ့်မည်ဟုလည်း မမျှော်လင့်ထားပေ။

ထို့ကြောင့် လက်အောက်ငယ်သားဖြစ်သူ မည်မျှ ထိတ်လန့်သွားသည်ကို မြင်နိုင်သည်။

ထို့နောက် ထိုလက်အောက်ငယ်သားသည် ယဲ့ဖန်မှ ဖန်းရှောင်ကွန်းအား အားပေးရန်အတွက် ပြောခဲ့သည့်စကားကို ထပ်ပြောပြန်သည်။

ဖန်းဟုန်းချန်းသည် ထိုစကားကို ကြားပြီးနောက် တိတ်ဆိတ်သွားသည်။

သူသည် အတော်ကြာ စကားမပြောနိုင် ဖြစ်သွားရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဖန်းဟုန်းချန်း သက်ပြင်းချလိုက်သည်။

" ရှောင်ကွန်းက ဒီလူကို သူ့ဆရာအဖြစ် ရလိုက်တာက ကံကောင်းတာလို့ ယူဆလို့ရတယ်။ ဒီယဲ့လူကြီးမင်းကို တစ်နေ့ကျ အိမ်ဖိတ်ရမယ်။ ရှောင်ကွန်းကို ပျိုးထောင်ပေးတဲ့အတွက် ကျေးဇူးတင်ဖို့ရယ် နောက်တစ်ခုက သူ Battle Fan ကလပ်မှာ ပါဝင်ဖို့ ဆန္ဒရှိလားဆိုတာ ငါ သိချင်တယ်။ ဒီလိုကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက် တိုင်းပြည်ကို တာဝန်မထမ်းဆောင်နေတာက ဆုံးရှုံးမှုကြီးပဲ "

ဖန်းဟုန်းချန်း၏ လက်အောက်ငယ်သားသည် လွန်စွာ တုန်လှုပ်သွားရပြန်သည်။

သူ၏အကြီးအကဲသည် ထိုလူငယ်အား အလွန်အထင်ကြီးကာ တောင်ပံအောက်သို့ ဆွဲသွင်းရန် ကြံစည်နေသည်ကို မြင်နိုင်သည်။

တစ်ဖက်မှ သဘောတူရန် ဆန္ဒရှိမရှိ မသိရသေးပေ။

ယဲ့လူကြီးမင်းသည် တောင်ပိုင်းကွမ်တုန်းပြည်နယ်တွင် အလွန်တန်ခိုးကြီးသည်ဟု သူ ကြားထားသည်။

ထို့ကြောင့် အကြီးအကဲမှ ထိုယဲ့လူကြီးမင်းအား ခေါ်ရန်မှာ မလွယ်ကူလောက်ပေ။

ဖန်းရှောင်ကွန်းသည် ခမ်းနားသော ညစာစားပွဲကို စီစဉ်ပေးခဲ့သည်။

အသက်အရွယ်အရ မဟုတ်သော်လည်း ခွန်အားအရ ယဲ့ဖန်သည် အဓိကထိုင်ခုံတွင် ထိုင်ရန် ထိုက်တန်သည်။

လူတိုင်းသည် ငယ်ရွယ်ပြီး တူညီသော ဝါသနာများ ရှိကြသောကြောင့် ဝိုင်းဖွဲ့လျက် စကားများ ပြောဆိုနေကြသည်။

စားသောက်ပွဲမှာ စကားသံများညံကာ ပျော်စရာကောင်းလေသည်။

ဖန်းရှောင်ကွန်းသည် သူ၏ ဆရာသခင်နှင့် ဆရာကတော်လေးအတွက် နေရာထိုင်ခင်း စီစဉ်ပေးချင်ခဲ့သည်။

သို့သော် ဖုမာကျန်းဝူသည် စီစဉ်ထားပြီးဖြစ်ကြောင်း ကြားသောအခါ ဘာမှဆက်မလုပ်တော့ပေ။

ဖန်းရှောင်ကွန်းသည် ယဲ့ဖန်အား ကလပ်ထဲမှ အပြင်သို့ ပြန်လိုက်ပို့သည့်တဲ့အခါ သူ့ဆရာ၏ လက်ထဲသို့ တစ်စုံတစ်ခုအား တိတ်တဆိတ် ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။

" ဆရာကြီး၊ ဒါကိုရဖို့အတွက် အများကြီး ကြိုးစားခဲ့ရတာ။ ဒါကို လျှော့ပေါ့သုံး "

ယဲ့ဖန်သည် သူ့လက်ဖဝါးကို ဖွင့်ကြည့်လိုက်သည့်အခါ 'စိတ်ကြွအားတိုးဆေး'ဆိုသည့် စာလုံးပါသော ဆေးပုလင်းကို တွေ့လိုက်ကာ သူ ချက်ချင်း သဘောပေါက်သွားတော့သည်။

" သေလိုက်ပါလား။ မင်းရဲ့ဆရာက ဒါကိုသုံးဖို့လိုတဲ့အထိ အသက်မကြီးသေးဘူး "

ထိုသို့ဖြင့် ပုလင်းကို ပြန်ပစ်ပေးလိုက်သည်။

ထို့အပြင် ယဲ့ဖန်သည် ထိုအဆင့်သို့ အမှန်တကယ် ရောက်လာလျှင်လည်း ထိုပြင်ပဆေးမျိုးကို မလိုအပ်ချေ။

သူကိုယ်တိုင် ဆေးထွင်နိုင်လေသည်။

သူ့ဆေးရဲ့ သက်ရောက်မှုက ဒီထက် ပိုမပြင်းထန်နိုင်ဘူးလား။

ဖန်းရှောင်ကွန်းသည် ဆေးကို ရွေးချယ်စရာမရှိဘဲ ကြောင်အစွာ ဖယ်လိုက်ရတော့သည်။

ထို့နောက် သူ့ဆရာသခင်နှင့် ဆရာကတော်လေးတို့၏ကား ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

ဖုမာကျန်းဝူ စီစဉ်ထားသော ဟိုတယ်ကို မေပယ်တောဗီလာဟု ခေါ်သည်။

ထိုနေရာအား ဖန်းကျန်းဝူ ရွေးလိုက်ခြင်းမှာ 'မေပယ်ဗီလာ - ဖန်လင်းပျယ်ရှု'မှ "ဖန်"ဟူသော စကားလုံးပါသောကြောင့် ဖြစ်နိုင်သည်။

ယဲ့ဖန်သည် ဤဟိုတယ်အား သာမာန်ဟိုတယ်တစ်ခုဟု ထင်ခဲ့သော်လည်း check in ဝင်ပြီးနောက် သူ မှားသွားမှန်း သိလိုက်သည်။

ဖုမာကျန်းဝူ ကြိုတင်မှာယူထားသောအခန်းသည် အမှန်တကယ်တွင် ခြံဝင်းကျယ်ပါသည့် ဗီလာမျိုးဖြစ်သည်။

ခြံဝင်းသည် အကျယ်အဝန်း စတုရန်းမီတာ၂၀၀လောက်သာ ကျယ်ဝန်းသော်လည်း လက်ရာမြောက်ပြီး တိတ်ဆိတ်နေသည်။

" မင်း အမြဲတမ်း ပိုက်ဆံတွေကို အများကြီး ဖြုန်းနေတာပဲ။ ကိုယ့်ကို ဘာပြောစေချင်နေတာလဲ "

ယဲ့ဖန်သည် ဆူပူကြိမ်းမောင်းလိုက်သော်လည်း သူသည် ဇိမ်ကျသော မာစတာအိပ်ခန်းကို ဝင်သွားသည်။

ဖုမာကျန်းဝူသည် လုံးဝ မညည်းညူပေ။

သူမသည် သခင်ဖြစ်သူ၏ လက်ဆွဲအိတ်ထဲမှ ပစ္စည်းများကို ကူညီထုတ်ပြီးနောက် ရေနွေးကြမ်းနှင့် ရေကို အမြန်ခပ်ပေးသည်။

ယဲ့ဖန်သည် အားနာမနေဘဲ ထိုကိစ္စများကို သူမထံ အပ်ထားလိုက်သည်။

ခြံထဲရှိ လှုပ်ထိုင်ခုံပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။

နာရီဝက်အကြာ၍ အလုပ်များပြီးသည့်နောက် ဖန်းကျန်းဝူသည် အခန်းထဲမှ ထွက်လာပြီး ယဲ့ဖန်၏ မျက်နှာချင်းဆိုင်၌ ဝင်၍ ထိုင်လေသည်။

ဖန်းကျန်းဝူသည် သူမ အစောကဝတ်ထားသော စစ်စိမ်းကိုယ်ဖျောက်ဝတ်စုံကို ချွတ်ပြီး သူမအကြိုက်ဆုံး Lolita၀တ်စုံကို လဲထားပြီးဖြစ်သည်။

( Lolita ဝတ်စုံဆိုတာ ဂျပန်Animeတွေထဲက ကောင်မလေးတွေဝတ်တဲ့ Maid Dressလိုမျိုးလေးတွေပါ။ Maid Dressတော့ မဟုတ်ပေမဲ့ အထပ်ထပ်နဲ့ ချစ်စရာဂါဝန်မျိုးလေးတွေပါပဲ )

သူမသည် အရုပ်တစ်ရုပ်လိုပင် ချစ်စရာကောင်းနေသည်။

ယဲ့ဖန်သည် နောက်ဆုံး၌ သူ့အကြည့်ကို ဖယ်လိုက်ပြီး အဓိကအကြောင်းအရာကို ဦးတည်ပြောလေသည်။

" ကိုယ့်ကို ပြောဦး။ ဒီရက်တွေထဲမှာ ဘာတွေ သိလာခဲ့လဲ "

ဖုမာကျန်းဝူသည် ချက်ချင်းပင် အလေးအနက်ထားပြီး သတင်းပို့လေသည်။

" အဓိက ရှာတွေ့တာ နှစ်ခုရှိတယ်။ ပထမတစ်ခုက မြစ်ရဲ့ဘယ်ဘက်ခြမ်းမှာ အုတ်ဂူဖောက်နေတဲ့ ဂိုဏ်းတွေအများကြီးကို တွေ့ခဲ့တယ်။ ဒီလူတွေက ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်အတွက် ဒီကိုရောက်နေတာ ဖြစ်နိုင်တယ် "

သူမသည် စလာသည်နှင့်တပြိုင်နက် ပြင်းထန်သော ဗုံးတစ်လုံးကဲ့သို့ အင်အားပြင်းသတင်းကို ပစ်ချလိုက်သည်။

" ဒီလူတွေက ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာအကြောင်း ဘယ်လိုသိတာလဲ"

ထိုစကားကို ယဲ့ဖန် ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

ရှန်းဘုရင်၏ လျှို့ဝှက်ရတနာသိုက်ကို ဖွင့်မည့်အကြောင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ကြီးဖြစ်ပြီး ထိုအကြောင်းကို လူများစွာ မသိနိုင်ကြပေ။

ဖုမာကျန်းဝူ ခေါင်းယမ်းလိုက်သည်။

" ဒီလူတွေက ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာသိုက်ကို မသိကြဘူး။ မြစ်ရဲ့ ဘယ်ဘက်ခြမ်းမှာ သင်္ချိုင်းကြီစတစ်ခု ရှိနေတယ်ဆိုတဲ့ ကောလဟာလတွေ ကြားတာကြောင့် သူတို့က ကံစမ်းဖို့ ဒီကို ရောက်လာခဲ့ကြတာတဲ့ "

ယဲ့ဖန် မျက်မှောင်ကြုတ်ပြီး ခဏတာ စဉ်းစားပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

" တစ်ယောက်ယောက်က ရေထဲက နုံးတွေကို တမင်ကတာ မွှေနောက်နေပုံပဲ "

ဖုမာကျန်းဝူ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

" ဒါဆို ကျန်းဝူတို့ ဒါကို ဘယ်လိုဖြေရှင်းကြမှာလဲ "

ယဲ့ဖန် အေးစက်စွာ ရယ်လိုက်သည်။

" တုံ့ပြန်ဖို့ မလိုပါဘူး။ ရန်သူက မလှုပ်ရှားသေးရင် လှုပ်ရှားစရာ မရှိဘူး။ သူတို့ဘက်က တခြားလှည့်ကွက်တွေ ဘယ်လို ကစားနိုင်မလဲ ကြည့်ကြတာပေါ့။ ဒုတိယ သတင်းကရော ဘာလဲ "

ဖုမာကျန်းဝူ သတိပြန်ကပ်ပြီး ဆက်၍ တင်ပြသည်။

" ဒုတိယသတင်းက ကျန်းကောမှာ ရှိတဲ့ မြေအောက်ဂိုဏ်းတွေက ရှုပ်ထွေးနေပါတယ်။ အကြီးဆုံးအင်အားစုကိုတော့ တောင်နက်ဂိုဏ်းလို့ ခေါ်တယ်။ ခေါင်းဆောင်က ချန်းရှောင်ရှုန်းတဲ့ "

ဤနာမည်ကို ယဲ့ဖန် ကြားဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ထို့ကြောင့် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။

" ဒီတောင်နက်ဂိုဏ်းက ဘာလုပ်ငန်းမျိုးတွေ လုပ်တာလဲ "

ဖုမာကျန်းဝူသည် သတင်းအချက်အလက်များ ရပြီးနောက် တောင်နက်ဂိုဏ်းအကြောင်းကို သူမ၏ ကိုယ်ပိုင်လက်ဖဝါးကဲ့သို့ သေချာရှင်းလင်းစွာ သိသည်။

သူမ ချက်ချင်း ပြန်ဖြေလေသည်။

" သူတို့က အဓိက ပစ္စည်းတုတွေ လုပ်ပြီးတော့ ရှေးဟောင်းပစ္စည်းလောကမှာ ပြန်ရောင်းပြီးတော့ လောင်းကစားလောကမှာရော ငွေချေးလုပ်ငန်းတွေအပြင် မကောင်းတဲ့ဟာတွေ အကုန်လုံးပဲ "

ထိုစကားကို ယဲ့ဖန်ကြားပြီးနောက် ရယ်လိုက်တော့သည်။

ဖုမာကျန်းဝူ ခေါင်းခါလိုက်သည်။

" သူ့ရဲ့နောက်ကြောင်းကိုတော့ မစုံစမ်းရသေးဘူး။ ဒါပေမယ့် ဒီလူက အရမ်းသန်မာတယ်လို့ ကြားထားတယ်။ အနည်းဆုံးတော့ သူ့မှာ လျှို့ဝှက် အင်အားစုတွေရှိတယ်။ နောက်ပြီးတော့ သူ့မှာ အရည်အချင်းရှိတဲ့ လက်အောက်ငယ်သား နည်းနည်းလည်း ရှိတော့ သူတို့ရဲ့ ခွန်အားက မဆိုးဘူးလို့ ပြောရပါမယ် "

သူမ၏ ရှင်းပြကို နားထောင်ပြီးနောက် ယဲ့ဖန်သည် ကျန်းကောပြည်နယ်၏ အခြေအနေကို အခြေခံသဘောပေါက်သွားခဲ့သည်။

သူ ဘယ်နေရာက စရမည်ကို စဉ်းစားနေသည်။

ထိုအချိန် ယဲ့ဖန်စီသို့ မူလမိုင်းတွင်းမှ ရုတ်တရက် ဖုန်းဝင်လာသည်။

သူ တရုတ်ပြည်သို့ ပြန်ရောက်ပြီလားဟု မေးကာ လွှဲပြောင်းပေးအပ်မှု မည်သည့်အချိန်၌ ကိုင်တွယ်ဖြေရှင်းနိုင်မည်ကို မေးလေသည်။

ယဲ့ဖန် စနစ်မှ သူ့အား ကျန်းကောပြည်နယ်ရှိ မူလမိုင်းတွင်းအား ပိုင်ဆိုင်မှုအဖြစ် ဆုချခဲ့ကြောင်းကို ရုတ်တရက် သတိရမိလိုက်သည်။

သို့သော် ထိုအချိန်က သူသည် ဂျပန်တွင်ရှိနေသည်ဖြစ်၍ လက်လွှဲမယူနိုင်ခဲ့ပေ။

ယခုအခါ ကျန်းကောပြည်နယ်တွင် ရောက်နေပြီဖြစ်သောကြောင့် လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။

All Chapters