နာမည်ကြီးထုတ်ကုန်ပစ္စည်း
Vol. 70 Ch. 1383
ယဲ့ဖန်သည် မနက်ဖြန်တွင် လက်လွှဲယူရန် ချိန်းဆိုခဲ့သည်။
ဖုန်းချလိုက်ပြီးနောက် သူသည် ဖုမာကျန်းဝူကို လှည့်ကြည့်လိုက်သည်။
" ကျန်းဝူ နောက်ကျနေပြီ။ ကိုယ်တို့ ဘာလုပ်သင့်တယ် ထင်လဲ "
ဖုမာကျန်းဝူသည် ယဲ့ဖန်၏ နောက်ပြောင်နေသော မျက်လုံးမှအကြည့်ကို တွေ့လိုက်ရသည်။
သူ ဘာကိုဆိုလိုသည်အား သူမ နားမလည်ရန်မှာ မဖြစ်နိုင်ပေ။
သူမသည် အနည်းငယ်ရှက်သွားသလို ခံစားလိုက်ရသည်။
" သခင်၊ ဒီနေ့ ရထား အကြာကြီးစီးထားရတော့ ပင်ပန်းနေမှာပေါ့။ စောစောအနားယူသင့်ပါတယ် "
" မပင်ပန်းပါဘူး၊ ကိုယ် လုံးဝ မပင်ပန်းဘူး။ မင်း ကြိုးစားကြည့်ရင် မင်းသိမှာပါ "
ယဲ့ဖန် ဆိုးသွမ်းစွာ ပြုံးလိုက်သည်။
ဖုမာကျန်းဝူသည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ထွက်ပြေးရန် ထလိုက်သည်။
သို့သော် နောက်ဆုံး၌ သူမသည် နတ်ဆိုးအိုကြီးယဲ့၏ လက်ဖဝါးမှ မလွတ်မြောက်နိုင်ဘဲ ခြံဝင်းထဲရှိ လှုပ်ကုလားထိုင်ပေါ် ထိုင်ချလိုက်ရသည်။
ကျွိ
ကျွိ
ကျွိ
နောက်တစ်နေ့ မနက်တွင် ယဲ့ဖန်သည် Paramount Predatorဖြင့် မူလမိုင်းတွင်းအုပ်စုသို့ ကိုယ်တိုင် မောင်းသွားခဲ့သည်။
ဖုမာကျန်းဝူသည် လိုက်ချင်ပါသော်လည်း မနေ့ညက သူမသခင်၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရသောကြောင့် သူမ၏ အခြေအနေမှာ သိပ်မကောင်းချေ။
အဆုံး၌ ယဲ့ဖန်သည် သူမကို အိမ်၌ အနားယူခိုင်းထားပြီး သူ တစ်ယောက်တည်းသာ ထွက်သွားခဲ့သည်။
မူလမိုင်းတွင်းအုပ်စုသည် နှစ်ပေါင်း၃၀ကျော် သမိုင်းကြောင်းရှိသော ကျန်းကောပြည်နယ်ရှိ နာမည်ကြီးကုမ္ပဏီတစ်ခု ဖြစ်သည်။
မူလမိုင်းတွင်းအုပ်စု၏ ရုံးချုပ်သို့ ယဲ့ဖန် ရောက်သောအခါ ဆယ်ထပ်ကျော်မြင့်သည့် အဆောက်အဦးတစ်ခုကို သူ တွေ့လိုက်ရသည်။
အလွန်ခံ့ညားထည်ဝါသည်။
ကားပါကင်၌ ကားကို ရပ်ပြီးနောက် ဧည့်ကြိုနေရာသို့ ဝင်သွားလိုက်သည်။
ပထမထပ်ရှိ ခန်းမသည် အလွန်ကျယ်ဝန်းပြီး စတိုင်ကျသည်။
ခန်းမအလယ်၌ ဧရာမ သင်္ဘောရုပ်ထုကြီးတစ်ခု ရှိနေပြီး ခမ်းနားထည်ဝါသည့် အသွင်အပြင်ကို ချက်ချင်း အရောင်ထင်ဟပ်စေသည်။
သူသည် ဓာတ်လှေကားကို စောင့်နေစဉ် ရုပ်တုကို နှစ်ကြိမ်ပင် လှည့်ပတ်ကြည့်နေသည်။
မူလမိုင်းတွင်း၏ ဥက္ကဌဖြစ်သူ ချင်းဖုန်းရှန်းသည် ယဲ့ဖန်အား ကိုယ်တိုင်ကိုယ်ကျ လာကြိုမည်ဟု ဆိုခဲ့သော်လည်း သူက ငြင်းခဲ့သည်။
ထိုမျှအထိ အကြီးအကျယ် လုပ်ရန် မလိုဘူးဟု ယဲ့ဖန် ခံစားရသည်။
သရုပ်မှန်ကို ထိန်းထားသည်က ပိုကောင်းလေသည်။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ဓာတ်လှေကား ရောက်လာသည်။
ယဲ့ဖန်သည် လူများထွက်လာသည်ကို စောင့်ပြီး ကိုးထပ်သို့ ခလုတ်နှိပ်လိုက်သည်။
ဓာတ်လှေကားတံခါး ပိတ်ခါနီးတွင် အလွန်ဆွဲဆောင်မှုရှိလွန်းစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး သူ့စီသို့ လျှောက်လာနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
သူမသည် ဓာတ်လှေကား စီးရန် လျှောက်လာနေခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် စိတ်ကောင်းရှိစွာဖြင့် ယဲ့ဖန် ဓာတ်လှေကားတံခါးကို ပိတ်ထားပြီး သူမကို စောင့်ဆိုင်းနေလိုက်သည်။
ထိုအမျိုးသမီးသည် သူ စောင့်နေသည်ကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း ကော်ဖီခွက်ကို ကိုင်လျက် ရှိုးပြနေဟန် အေးဆေးစွာ လမ်းလျှောက်နေသည်။
ယဲ့ဖန် စိတ်ကုန်စွာ မျက်လုံးကို ဝေ့လိုက်ပြီး သူ့လက်ကို ဖယ်လိုက်သည်။
ဓာတ်လှေကားတံခါးမှာ ဖြည်းညှင်းစွာပိတ်လာသည်။
" ဟေ့၊ ခဏစောင့်ပါဦး ...... "
နောက်ဆုံး၌ ထိုအမျိုးသမီး မည်သို့စိုးရိမ်ရမည်ကို သိသွားပုံရသည်။
သူမသည် ဓာတ်လှေကားစီသို့ ပြေးလာခဲ့သည်။
ဓာတ်လှေကားတံခါးမှာ ပြန်ပွင့်လာသည်။
ထိုအမျိုးသမီးဖြင့် အရှိန်ပြင်းစွာဖြင့် ပြေးလာသည့်အပြင် သူမ၏ ဒေါက်မြင့်ဖိနပ်များကြောင့် ရုတ်တရက် ခြေလိမ်သွားကာ သူမလက်ထဲရှိ ကော်ဖီသည် ယဲ့ဖန်ပေါ်သို့ မှောက်ကျသွားတော့သည်။
ယနေ့အတွက် ယဲ့ဖန် ဝတ်ဆင်လာသည့် ဝတ်စုံအား ဖုမာကျန်းဝူမှ ဝယ်ပေးခန့်ခြင်းဖြစ်ပြီး တန်ကြေးမှာ ယွမ် ၃၀၀၀၀ကျော် ဖြစ်သည်။
ယဲ့ဖန် အနည်းငယ် စိတ်တိုသွားသော်လည်း တစ်ဖက်သူမှ ရည်ရွယ်ချက်ရှိစွာ လုပ်ခဲ့ခြင်း မဟုတ်သောကြောင့် ဘာမှဆက်မလုပ်ခဲ့ပေ။
ဤကိစ္စအား အဆုံးသတ်လိုက်ရန် ရည်ရွယ်ထားသော်လည်း ထိုအမျိုးသမီးက အခြားအတွေး ရှိပုံရသည်။
" နင် ရူးနေလား။ လူတစ်ယောက်လုံး လာနေတာကို မတွေ့ဘူးလား။ ဓာတ်လှေကားကို ဘာလို့ တမင်ပိတ်လိုက်တာလဲ "
ထိုအမျိုးသမီးသည် အထဲသို့ ရောက်လာပြီးသည်နှင့် တန်ပြန်စွပ်စွဲကာ မေးခွန်းသုံးခုကို တရစပ်မေးလေသည်။
ယဲ့ဖန် အနည်းငယ် စကားမပြောနိုင် ဖြစ်သွားရသည်။
" အစ်မကြီး၊ ကျွန်တော် ခင်ဗျားကို ဒီမှာစောင့်နေတာကြာလှပြီ။ တက်ဖို့ အရမ်းကြာနေလို့ တံခါးကိုပိတ်လိုက်တာ။ ပြဿနာရှိလား "
ယဲ့ဖန်မှ ပြန်၍ ပြောဆိုနေသည်ကို ထိုအမျိုးသမီးက ကြားသောအခါ ချက်ချင်းပင် စိတ်တိုသွားသည်။
" ဘယ်သူ့ကို အစ်မကြီးလို့ ခေါ်နေတာလဲ။ ဘယ်သူက အစ်မကြီးလဲ "
ယဲ့ဖန် ရယ်မောလိုက်သည်။
" ကြည့်ရရင် ခင်ဗျားက အနည်းဆုံး အသက်သုံးဆယ်လောက်ရှိပြီ မဟုတ်လား။ ကျွန်တော်က ဒီနှစ်မှ နှစ်ဆယ့်တစ်နှစ်။ ခင်ဗျားကို အစ်မကြီးလို့ မခေါ်ရင် အဒေါ်ကြီးလို့ ခေါ်ရမှာလား "
ထိုစကားကို ကြားပြီးနောက် ထိုအမျိုးသမီးမှာ ပို၍ပင် ဒေါသဖြစ်သွားသည်။
" ဘယ်သူ့ကို အဒေါ်ကြီးလို့ ခေါ်နေတာလဲ။ မင်း သတ္တိရှိရင် ထပ်ခေါ်လိုက် "
ယဲ့ဖန် သူမကို ဆက်၍ မပြောချင်တော့ပေ။
" တော်ပြီ၊ ခင်ဗျားနဲ့ အပိုစကားတွေ ထပ်မပြောချင်တော့ဘူး "
ထိုအမျိုးသမီးက ချက်ချင်း လှောင်ပြောင်လိုက်သည်။
" ငါကလည်း နင်နဲ့ အပိုစကားတွေ ပြောချင်တယ်လို့ ထင်နေလား။ စကားတွေ အများကြီိးမပြောချင်ဘူး။ ပထမဆုံး ဒီဝတ်စုံအတွက် ငါ့ကို လျော်ကြေးပေး "
ယဲ့ဖန်သည် သူမ၏ ရယ်စရာကောင်းသော တောင်းဆိုမှုကြောင့် ချက်ချင်းပင် ရယ်မိချင်သွားသည်။
" ဘာလို့ ပေးရမှာလဲ "
ထိုအမျိုးသမီးသည် သူမဝတ်ထားသည့် အဖြူရောင်ဝတ်စုံကို ညွှန်ပြသည်။
ကော်ဖီအများစုသည် ယဲ့ဖန်ပေါ်သို့ ပက်မိသွားခဲ့သော်လည်း အချို့သော ကော်ဖီစက်များသည် သူမအပေါ်သို့ ပက်ဖြန်းမိသွားခဲ့သည်။
" နင်ရဲ့ ခွေးမျက်လုံးတွေကို ပြူးကျယ်အောင်ဖွင့်ပြီး သေချာကြည့်လိုက်။ ငါ့ရဲ့ ဒီဝတ်စုံက Chanelပဲ။ နာမည်ကြီး အမှတ်ဒီဇိုင်နာအမှတ်တံဆိပ်မလို့ ယွမ် ၃၀၀၀ကျော် ပေးရတယ်။ အခု ကော်ဖီတွေပေးကုန်ပြီ နင် ဘယ်လို ပြန်လျော်မှာလဲ "
ယဲ့ဖန်သည် လူတစ်ယောက်၏ အသိစိတ်သည် မည်မျှထိ ထူးဆန်းနိုင်သည်ကို နားမလည်ပေ။
" ဒီမှာ အမျိုးသမီး၊ ရှင်းရှင်းပြောရအောင်။ ကော်ဖီကို ခင်ဗျားကိုယ်တိုင် ဖိတ်လိုက်တာ။ ကျွန်တော့်အဝတ်အစားတွေ ပေသွားတာတောင် လျော်ကြေးပေးဖို့တောင် မတောင်းဆိုခဲ့ဘူး။ အခု တကယ် ကျွန်တော့်ကို ပြန်ပြီးလျော်ကြေးတောင်းချင်နေတာလား "
ထိုအမျိုးသမီးသည် သပ်ရပ်စွာ ၀တ်ဆင်ထားသော်လည်း ပြဿနာရှာသည့်အခါ အိန္ဒြေမဲ့လေသည်။
သူမသည် လက်ညှိုးကို ယဲ့ဖန်မျက်နှာထိမတတ် ထိုးပြီး ကြိမ်းမောင်းသည်။
" နင်က ငါ့ကို ပြန်အပြစ်တင်နေတာလား။ ဓာတ်လှေကားသာ မပိတ်ရင် ငါ ပြေးလာစရာလိုပါ့မလား။ ငါ အလျင်စလို ပြေးလာလို့ ကော်ဖီတွေ ဖိတ်ကုန်တာလေ။ ငါ့ ကော်ဖီဖိုးကိုတောင် မပေးတဲ့အပြင် နင်ရဲ့အဝတ်အစားတွေ ပြန်လျော်ပေးစေချင်တာတဲ့လား။ ထူးဆန်းလိုက်တာ "
ထိုအချိန်တွင် ဓာတ်လှေကားတံခါး ပိတ်တော့မည်ဖြစ်သော်လည်း ယဲ့ဖန်မှ ထပ်၍ ဖွင့်လိုက်သည်။
" ကျွန်တော် ခင်ဗျားနဲ့ ငြင်းခုန်ဖို့ မစီစဉ်ထားဘူး။ ဒါပေမယ့် ခင်ဗျားက ဒီလောက်ပြောလာမှတော့ ဒီနေ့ ဒါကို မဖြေရှင်းရင် ထွက်သွားဖို့ မစဉ်းစားနဲ့ "
ထိုအမျိုးသမီးမှ မယုံကြည်နိုင်စွာ ရယ်လိုက်သည်။
" ဟားဟားဟား၊ ငါကလည်း ဒီအတိုင်းထားမယ် ထင်နေလား။ နင်လည်း ထွက်သွားလို့ ရမယ်မထင်နဲ့။ ငါ ဒီနေ့အင်တာဗျူးလာဖြေတာ။ အင်တာဗျူးဖို့ နောက်ကျရင် နင် သေပြီသာမှတ်။ ဘယ်လိုရှင်းချင်လဲ ပြောလိုက် "
ယဲ့ဖန်သည် သူမ၏ အဝတ်အစားကို ကြည့်ပြီး ပြုံးလိုက်သည်။
" ဒါဆို ဘယ်လိုလဲ။ ကျွန်တော်တို့နှစ်ယောက်လုံး နောက်ပြန်ဆုတ်ပြီး တာဝန်ရဲ့ ၅၀%စီကို ယူကြမယ်။ ခင်ဗျားရဲ့ဝတ်စုံက ယွမ် ၃၀၀၀တန်တယ်လို့ ပြောခဲ့တယ်မလား။ ကောင်းပြီ၊ ကျွန်တော် ခင်ဗျားကို လျော်ကြေးပေးမယ် "
ထိုအမျိုးသမီးက ဂုဏ်ယူစွာဖြင့် ချက်ချင်းပင် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။
" အခု အရှုံးကို ဘယ်လို ဝန်ခံရမလဲဆိုတာ သိပြီလား။ ဒါဆို ငါ့ကို လျော်ကြေးပေး "
သို့သော် ယဲ့ဖန်မှ ဆက်ပြောသည်။
" စိတ်မပူပါနဲ့၊ ခင်ဗျားရဲ့ အဝတ်အစားအတွက် လျော်ကြေးပေးမှာဆိုတော့ ကျွန်တော့်ရဲ့ အဝတ်အစားတွေအတွက်လည်း လျော်ကြေး မပေးသင့်ဘူးလား "
ထိုအမျိုးသမီးသည် ယဲ့ဖန်၏ အဝတ်အစားများကို ငုံ့ကြည့်လိုက်ပြီးနောက် သူမ မသိသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်သည်ကို မြင်သွားသည်။
အများကြီး မကုန်ကျနိုင်ကောင်းရာဟု တွေးကာ သူမ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ကိစ္စမရှိဘူး၊ ယွမ် ရာဂဏန်းပဲ မဟုတ်လား။ ငါ့ကိုပေးရမယ့် လျော်ကြေးထဲကနေ နုတ်ပြီး ကျန်တာကို ပေးလိုက် "
ယဲ့ဖန် ချက်ချင်း ပြုံးပြသည်။
" စိတ်မကောင်းပါဘူး။ ကျွန်တော့်အဝတ်အစားတွေက ယွမ် ၃သောင်းကျော်။ ကျွန်တော်က ခင်ဗျားကို ယွမ် ၃ထောင် ပေးရမှာဆိုတော့ နှုတ်လိုက်ရင် ၂၇,၀၀၀ပဲ ပြန်ပေး "
ထိုအမျိုးသမီးသည် ယဲ့ဖန်၏စကားကို ကြားသောအခါ သူမ၏အသံသည် ရုတ်တရက် ကျယ်လာပြီး အလွန်စူးရှစွာ ပြောသည်။
" နင်က ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ ဒီအတိုင်း ဓားပြသာ သွားတိုက်လိုက်ပါတော့လား။ ယွမ် ၃သောင်းကျော်တန်တဲ့ အဝတ်အစားတွေကို ငါက တစ်ခါမှ မမြင်ဖူးဘူးလို့ ထင်နေတာလား "
ယဲ့ဖန်သည် အဝတ်အစားပေါ်ရှိ တံဆိပ်ပုံကို ညွှန်ပြလိုက်သည်။
" ခင်ဗျား ကျွန်တော့်ကို မယုံရင် Luo Yiweiဆိုတဲ့နာမည်ကို အွန်လိုင်းပေါ်မှာ ရှာပြီး လိမ်နေတာ ဟုတ်လား၊ မဟုတ်လားဆိုတာ စစ်ကြည့်လိုက်လို့ရတယ် "
ထိုအမျိုးသမီးမှ မယုံဘဲ ချက်ချင်း ဖုန်းကိုထုတ်ပြီး ရှာကြည့်လေသည်။
ထို့နောက် သူမ၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။
Luo Yiweiဆိုသည့်တံဆိပ်သည် ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး LVတံဆိပ်နှင့် တစ်အုပ်စုတည်း ဖြစ်လေသည်။
သို့သော် သူမသည် LV၊ Chanel၊ Gucciနှင့် အခြားနာမည်ကြီး အမှတ်တံဆိပ်များကိုသာ သိသည်။ Luo Yiweiအကြောင်း သူမ တစ်ခါမှ မကြားဖူးပေ။
ထို့အပြင် အွန်လိုင်းပေါ်၌ ယဲ့ဖန်၏ အင်္ကျီနှင့် တစ်ထပ်တည်းတူညီသောအဝတ်အစားကို တွေ့လိုက်သည်။
ဈေးနှုန်းမှာ ယွမ် ၃၅၀၀၀ ဖြစ်သည်။
ထိုကောင်လေးမှ သူမကို ၃သောင်းသာ တောင်းသည်မှာ ရက်ရောသည်ဟုပင် ဆိုရမည်။