← Chapters

အင်တာဗျူးဖြေရန် မလိုခြင်း

Vol. 70 Ch. 1385

အင်တာဗျူးဖြေရန် မလိုခြင်း

Vol. 70 Ch. 1385

ရိုက်ချက်အားမှာ ပြင်းထန်လွန်း၍ ဂူဟိုင်းဘင်းသည် နေရာမှာတင် နှစ်ပတ်လည်သွားကာ လဲကျသွားသည်။

လော့ရှန်းရှိန်းနှင့် သူ၏ ရည်းစားအပါအဝင် ဖြတ်သွားသော ဝန်ထမ်းများမှာလည်း အံ့အားသင့်သွားကြသည်။

ပထမဦးစွာ သူတို့သည် ယဲ့ဖန်မှ ရုတ်တရက် တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထားပေ။

မူလသတ္တုမိုင်းကုမ္ပဏီ၏ ဒုဥက္ကဌကို တိုက်ခိုက်ခြင်းသည် သတ္တုလုပ်ငန်းတစ်ခုလုံးကို နှိုးဆော်လိုက်သည့်သဘော ဖြစ်သည်။

ဒုတိယအနေနှင့် ယဲ့ဖန်သည် ဤမျှ ခွန်းအားကြီးမားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။

ဂူဟိုင်းဘင်းသည် အရပ် ၁.၇၅မီတာခန့် ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိသည်။

သို့သော် သူသည် မြေပြင်ပေါ်သို့ လဲကျသည်အထိ အရိုက်ခံခဲ့ရသည်။

" ဟိုင်းဘင်း ...... "

ဒုဥက္ကဌ၏ ချစ်သူသည် အော်ဟစ်ပြီး ဂူဟိုင်းဘင်းကို ကူညီရန် ပြေးလာခဲ့သည်။

ထို့နောက် သူမ အော်လေသည်၊

" ကယ်ကြပါဦး။ တစ်ယောက်ယောက်က မူလသတ္တုမိုင်းတွင်းရဲ့ ဒုဥက္ကဌကို ရိုက်နေပါတယ် "

ဆူပူနေမှုကြောင့် ပွဲကြည့်ရန် ပြေးလာသူများ ရှိနေသည်။

ယခု သူမ အော်လိုက်သည့်အခါ လူတိုင်းနီးပါး ပြေးလာကြသည်။

အားလုံးမှာ ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။

" ဘာဖြစ်နေတာလဲ၊ ဒုဥက္ကဌဂူက ဘာလို့ အရိုက်ခံရတာလဲ "

" ဒီလူငယ်လေးက ဒီမိန်းကလေးကို အနိုင်ကျင့်လိုက်တာ ထင်တယ်။ အဲ့တာကို ဒုဥက္ကဌက ကူပြောပေးတော့ အဲဒီ့လူငယ်က သူ့ကို ရိုက်လိုက်တာ "

" ဒီလူငယ်လေးက မာနကြီးလွန်းတာ မဟုတ်ဘူးလား။ သူက မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တာတင်မကဘူး။ ဘယ်လို နောင်တရသင့်မှန်းလည်း မသိဘူးဘဲ။ ထူးဆန်းလိုက်တာ "

" သူက ယောက်ျားမှ ဟုတ်ရဲ့လား။ မိန်းကလေးတစ်ယောက်ကို တကယ် အနိုင်ကျင့်နေတာလား။ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ် "

'မိန်းကလေးကို အနိုင်ကျင့်တယ်'ဆိုသည့် စကားလုံးအပြင် ဒုဥက္ကဌဂူ အရိုက်ခံရသည်ဆိုသည့်အချက်အား လူတိုင်း ကြားသည့်အခါ ယဲ့ဖန်မှ ပြဿနာကို စတင်ခဲ့သူဟု ထင်ကြသည်။

အားလုံးက ယဲ့ဖန်ကို ဝေဖန်ကြသည်။

ယဲ့ဖန်သည် ထိုလူများ၏ စွပ်စွဲချက်များအတွက် ဘာရှင်းပြချက်မှ မပေးချေ။

အကြောင်းမှာ ပြောလျှင်ပင် အမှန်ကို အမှားလုပ်ကြမည့်သူများ ရှိသည်ကို ယဲ့ဖန် သိသောကြောင့် ဖြစ်သည်။

သို့သော် အများစုမှာ ဂူဟိုင်းဘင်းကို မျက်နှာသာလုပ်ရန်သာ ကြိုးပမ်းခဲ့ကြသည်။

အမှန်တရားကို သူတို့ လုံးဝ ဂရုမစိုက်ပေ။

ထို့ကြောင့် သူတို့အား ရှင်းပြခြင်းသည် 'ကျွဲပါးစောင်းတီး'ခြင်းနှင့် တူလေသည်။

ဂူဟိုင်းဘင်းသည် မြေပြင်ပေါ်မှ ထလိုက်ပြီးဖြစ်သည်။

သူ့မျက်နှာတစ်ဝက်လောက်သည် ရောင်နေလေသည်။

ခန္ဓာကိုယ်ဒဏ်ရာမှာ ဒုတိယဖြစ်သည်။

အရေးအကြီးဆုံးမှာ ကုမ္ပဏီတစ်ခုလုံး အရှေ့၌ မျက်နှာပျက်ရခြင်း ဖြစ်သည်။

ထို့ကြောင့် သူ မုန်းတီးမှုဖြင့် ချက်ချင်း အံကြိတ်လိုက်သည်။

" ခွေးသားလေး၊ မင်း ငါ့ကို ရိုက်ရဲတာလား။ ငါ ပြောမယ်၊ မင်း သေပြီပဲ။ ငါမင်းကိုတောင် မရှင်းနိုင်ရင် ငါ ဒုဥက္ကဌမလုပ်တော့ဘူး "

သူသည် ရူးသွပ်နေသော အခြေအနေတစ်ခုသို့ ရောက်သွားခဲ့ပြီး သူ၏ ပုံရိပ်ကို လုံးဝ ဂရုမစိုက်တော့ဘဲ ကျိန်ဆဲနေခဲ့သည်။

သူသည် စကားပြောပြီးသည်နှင့် ချက်ချင်းပင် ကုမ္ပဏီဝန်ထမ်းကို လှမ်းအော်လိုက်သည်။

" မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ။ လုံခြုံရေးကို ခေါ်ကြစမ်း "

ထိုမှသာ လူတိုင်းက တုံ့ပြန်လာကြသည်။

ထိုအခါ အားလုံးသည် ဆူပူပြီး ဖုန်းထုတ်ကာ လုံခြုံရေးအစောင့်ကို ခေါ်ခိုင်းတော့မည်။

" ရပ်လိုက်၊ အားလုံးရပ်လိုက် "

ထိုအချိန်တွင် အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရှိ အမျိုးသားတစ်ဦး အလျင်အမြန် ပြေးလာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုလူကို တွေ့ပြီးနောက် တစ်စုံတစ်ယောက်မှ အော်လေသည်။

" ဥက္ကဌ ရောက်လာပြီ "

ထိုလူမှာ မူလသတ္တုမိုင်းတွင်းကုမ္ပဏီ၏ ဥက္ကဌ ချင်းဖုန်းရှန်း ဖြစ်သည်။

သူသည် အသက်ခြောက်ဆယ်နီးပါးရှိသော်လည်း သူ့ကိုယ်သူ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။

သူသည် အနက်ရောင် အနောက်တိုင်းဝတ်စုံကို ၀တ်ဆင်ထားပြီး အလွန်အံဝင်ခွင်ကျဖြစ်နေသည်။

သူသည် ထိတ်လန့်တကြား ပြေးလာနေပြီး သတိပေးချက်ကို ရရှိလိုက်သည်မှာ သိသာသည်။

ဂူဟိုင်းဘင်းသည် ဥက္ကဌမှ လူကိုယ်တိုင် ရောက်လာသည်ကို တွေ့လိုက်ရသည်။

လော့ရှန်းရှိန်းမှ သူ့အား အရင်တိုင်ကြားလိုက်မည်ကို စိုးရိမ်သည့်အတွက် သူသည် ဥက္ကဌစီသို့ အမြန်ပြေးသွားသည်။

" ဥက္ကဌ၊ ကျွန်တော် ဒီလိုအသေးအမွှားကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။ ဘာလို့ ရောက်လာတာလဲ "

ယဲ့ဖန်သည် လုံခြုံနေသည်ကို မြင်သောအခါ ချင်းဖန်ရှန်း သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် ဒုဥက္ကဌဂူကို မုန်းတီးစွာ စိုက်ကြည့်သည်။

" မင်း ဒါကို ဖြေရှင်းနိုင်တာလား။ ဒါဆို မင်းဘယ်လို ကိုင်တွယ်တယ်ဆိုတာ ငါ ကြားချင်သေးတယ် "

ဂူဟိုင်းဘင်းသည် ယဲ့ဖန်ကို ညွှန်ပြသည်။

" ဒီကောင်လေးက ဓါတ်လှေကားထဲမှာ လူတစ်ယောက်ကို အနိုင်ကျင့်ခဲ့တာပါ .... သူက ဒီမိန်းကလေးကို အနိုင်ကျင့်ခဲ့တယ်။ ကျွန်တော်လည်း သူနဲ့ အငြင်းပွားခဲ့ပြီးတော့ သူက ကျွန်တော်ကို ရိုက်လိုက်တာ။ ကျွန်တော့်မျက်နှာကိုသာ ကြည့်လိုက်ပါ။ သူရိုက်ထားတာ "

ချင်းဖုန်းရှန်းသည် သူ့မျက်နှာကို စိုက်ကြည့်ပြီးနောက် ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

" မင်းက ဘာလာလုပ်တာလဲ "

ထိုအမျိုးသမီးသည် ချင်းဖုန်းရှန်းနှင့် စကားပြောရသည့်အခါ သူမ၏ သဘောထားသည် ၁၈၀ ဒီဂရီ ပြောင်းသွားသည်။

သူမသည် မျက်နှာသာလုပ်သော လေသံဖြင့် ပြောသည်။

" မင်္ဂလာပါ ဥက္ကဌချင်း။ ကျွန်မ အင်တာဗျူးဖို့ ရောက်နေတာပါ "

ချင်းဖုန်းရှန်းသည် ယင်ကောင်ကို ဖယ်ထုတ်နေသကဲ့သို့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ဒါဆို မင်း ပြန်လိုက်တော့။ အင်တာဗျူးဖြေစရာ မလိုတော့ဘူး "

" ဒါဆို ကျွန်မ အင်တာဗျူးအောင်ပြီလို့ ပြောချင်တာလား။ ဘယ်တော့လောက် အလုပ်စဆင်းရမလဲ "

ထိုမိန်းမသည် အထင်လွဲပြီး ပျော်သွားသည်။

သူမသည် စိတ်ထဲ၌ အတော်ပင် ကျေနပ်နေလေသည်။

သူမ၏ ချစ်သူသည် အတော်ပင် အထင်ကြီးစရာကောင်းလေသည်။

သူ့ကြောင့် အင်တာဗျူးဖြေစရာပင် မလိုဘဲ အောင်သွားလေသည်။

ချင်းဖုန်းရှန်း နှာမှုတ်လိုက်သည်။

" ငါ ပြောချင်တာက မင်း အလုပ်လုပ်လို့ မရဘူး "

" .......... "

ထိုအမျိုးသမီးမှာ အံ့သြသွားပြီး ဂူဟိုင်းဘင်းကို ကြည့်နေသဘ်။

" ဟိုင်းဘင်း၊ တစ်ခုခုပြောပါဦး။ ဘာဖြစ်တာလဲ။ ကျွန်မ မူလသတ္တုမိုင်းကုမ္ပဏီကို သေချာပေါက် ဝင်ရမယ်လို့ ပြောထားတယ်မဟုတ်ဘူးလား။ ဟန်ပြလုပ်ဖို့ ဒီကို လာရတာလို့ ပြောတယ်လေ "

ဂူဟိုင်းဘင်း သူမကို တားချင်သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။

သူ နှလုံးသားထဲမှ ကျိန်ဆဲနေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ချင်းဖုန်းရှန်းက သူ့ကို အေးစက်စွာ စိုက်ကြည့်လာသည်။

" ဒါဆို ဒီမိန်းမကို မင်း သိတာလား။ မင်းက သူမကို ဒီလို ကတိတောင် ပေးထားတာလား။ မင်းအာဏာကို အလွဲသုံးစားလုပ်နေတာပဲ။ ကုမ္ပဏီကို မင်းအိမ်လို ထင်နေတာလား"

ဂူဟိုင်းဘင်းသည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။

" ဥက္ကဌ၊ ကျွန်တော်ရဲ့ ရှင်းပြချက်ကို နားထောင်ပေးပါ ...... "

ချင်းဖုန်းရှန်းသည် သူ့ကို ရှင်းပြရန် အခွင့်အရေး မပေးချေ။

သူသည် ချက်ချင်းပင် အေးစက်စွာ ပြန်ပြောသည်။

" သူမက မင်းအတွက် ဘယ်လိုလူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ အတိုချုပ်ပြောရရင် မူလသတ္တုမိုင်းတွင်းမှာ သူမကို သုံးမှာမဟုတ်ဘူး "

ဂူဟိုင်းဘင်းသည် သူ့အား မျက်နှာသာ မပေးသည်ကို မြင်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ဥက္ကဌ၊ သူမနဲ့ကျွန်တော်နဲ့က ဆက်ဆံရေးနည်းနည်းရှိပေမယ့် သူမက လုံလောက်တဲ့ အရည်အချင်း အပြည့်ရှိပါတယ်။ သူ့ကို အင်တာဗျူးမလုပ်ဘဲ ဖယ်ထုတ်ပစ်လိုက်တာက အာဏာအလွဲသုံးစားလုပ်တာလို့ ယူဆခံရနိုင်တယ် မဟုတ်လား "

ချင်းဖုန်းရှန်းသည် ထိုစကားကို ကြားသောအခါ အေးစက်စွာ ရယ်မောလိုက်သည်။

" ဒါဆို မင်းကို ယဲ့လူကြီးမင်းနဲ့ မိတ်ဆက်ပေးမယ် "

ဂူဟိုင်းဘင်းသည် ယဲ့ဖန်ကို တစ်ချက်ကြည့်လိုက်သည်။

သူ့မျက်လုံးထဲမှ အမုန်းတရားများကို ဖုံးကွယ်မထားနိုင်ပေ။

" သူ့ကို မိတ်ဆက်ပေးစရာ ဘာရှိလို့လဲ။ ကျွန်တော် သူ့ကို မသိချင်ဘူး "

ချင်းဖုန်းရှန်းသည် ယဲ့ဖန်စီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

ထို့နောက် ဂူဟိုင်းဘင်းကို လှည့်ကြည့်လိုက်ပြန်သည်။

" ဒီယဲ့လူကြီးမင်းက မူလသတ္တုမိုင်းရဲ့ ပိုင်ရှင်အသစ်ပဲ "

" ................ "

ထိုသို့ ပြောပြီးသည်နှင့် မြင်ကွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

အားလုံးသည် ယဲ့ဖန်ကို ကြောင်အစွာ ကြည့်နေကြသည် ။

သူတို့အားလုံးထက် ငယ်ပုံရတဲ့ ဒီလူငယ်လေးက တကယ်ပဲ သူတို့ရဲ့ ကုမ္ပဏီပိုင်ရှင်အသစ်လား။

ချင်းဖုန်းရှန်းသည် သူ့ပါးစပ်မှ ကိုယ်တိုင် မပြောပါက နောက်ပြောင်နေသည်ဟု ထင်ကြပေလိမ့်မည်။

ဂူဟိုင်းဘင်းနှင့် သူ၏ ရည်းစားသည် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။

" သူဌေး ........ အသစ်လား။ ပိုင်ရှင် အသစ်က ..... "

ဂူဟိုင်းဘင်းသည် ရေရွတ်နေလျက် တုန်လှုပ်သွားသည်။

သူ သူဌေးအသစ်ကို အခု စော်ကားမိတာလား။

ထိုသည်မှာ သူ့အတွက် ဘယ်ကမှန်းမသိရောက်လာသော ကျည်ဆန်တစ်ခုလိုဖြစ်သည်။

လော့ရှန်းရှိန်းသည် ဒုဥက္ကဌဂူကို အားရကျေနပ်စွာ ကြည့်နေသည်။

သူသည် ထိုဒုဥက္ကဌကို ကြင်နာစွာသတိပေးခဲ့သော်လည်း သူ ကြိမ်းမောင်းခံခဲ့ရသည်။

ဒီလူငယ် ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ အခု သိပြီလား။

အရမ်းနောက်ကျသွားပြီ။

ချင်းဖုန်းရှန်းသည် လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာကို လျစ်လျူရှုပြီး ထိုအမျိုးသမီးကို ထပ်ကြည့်လိုက်သည်။

" အခု ထွက်သွားလို့ရပြီလား "

ထိုမှသာ ထိုအမျိုးသမီးသည် တုန်လှုပ်ချောက်ချားနေရာမှ ပြန်သတိကပ်လာခဲ့သည်။

သူမသည် အရူးတစ်ယောက်လို ချက်ချင်းအော်လိုက်သည်။

" ဒါဆို သူက သူဌေးအသစ်ဖြစ်ရင်ရော ဘာလုပ်ရမှာလဲ။ သူဌေးအသစ်ဖြစ်တာနဲ့ တခြားသူတွေကို အနိုင်ကျင့်လို့ရတာလား။ ဒါက ဒီကုမ္ပဏီရဲ့ ပုံစံပဲထင်တယ်။ ဟား၊ ဒီလိုလူတွေနဲ့ ဒီလို နိုင်ထက်စီးနင်းတဲ့ သူဌေးကို တွေ့လိုက်ရတာ အမြင်ကျယ်သွားတာပဲ "

All Chapters