ဒီလောက် အရှက်မဲ့တဲ့ မိန်းမမျိုး ဘယ်လိုလုပ်ရှိနိုင်ရတာလဲ
Vol. 70 Ch. 1386
သူမ၏ ဒေါသကြောင့် ပေါက်ကွဲမှုအော်သံမှာ သက်ရောက်မှု ရှိလေသည်။
တစ်ဖက်၌ မူလသတ္တုမိုင်းကုမ္ပဏီ၏ ပိုင်ရှင်အသစ်နှင့် ဥက္ကဌဖြစ်ပြီး တစ်ဖက်မှာ အင်တာဗျူးလာဖြေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။
နှစ်ဘက်ကြားမှ အင်အားကွာခြားချက်သည် အလွန်ကြီးမားလေသဘ်။
ပျော့ညံ့သော အမျိုးသမီးတစ်ဦးအပေါ် အင်အားကြီးနှစ်ခုမှ ဖိနှိပ်နေခြင်းဟု မြင်ယောင်နေသည်။
မူလသတ္တုမှ ၀န်ထမ်းများသည် ဘာမှ မပြောရဲသော်လည်း သူတို့၏ မျက်နှာများ၌ ဒေါသများ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ဂူဟိုင်းဘင်းသည်လည်း ထိုအမျိုးသမီးအတွက် ရပ်တည်လိုက်သည်။
" ဥက္ကဌ၊ ရှောင်းလီ ကိုယ်စား အာမခံနိုင်တာကတော့ သူမရဲ့ ကိုယ်ကျင့်စရိုက်နဲ့ ပတ်သက်ပြီး လုံးဝပြဿနာမရှိဘူး။ သူမက အကြောင်းပြချက်မရှိဘဲ ဒုက္ခပေးမယ့်လူမဟုတ်တာတော့ သေချာတယ်။ ဒီကိစ္စအတွက် နောက်ကွယ်မှာ အကြောင်းပြချက်တစ်ခုတော့ ရှိသင့်တယ်။ သူ့ကို နောက်ထပ်အခွင့်အရေးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
ယဲ့ဖန်မှ အနိုင်ကျင့်သည်ဟု တိုက်ရိုက် မပြောရဲပေ။
ထို့ကြောင့် သူသည် နောက်ကွယ်၌ အကြောင်းပြချက်တစ်ခု ရှိသည်ဟုသာ ပြောလိုက်သော်လည်း ထိုနောက်ကွယ်မှ အဓိပ္ပာယ်ကို လူတိုင်းနားလည်နိုင်သည်။
ချင်းဖုန်းရှန်းသည် ခက်ခဲသော အနေအထားတွင် ရှိနေသည်။
သူသည် မူလသတ္တုမိုင်းကုမ္ပဏီ၏ ဥက္ကဌဖြစ်သော်လည်း သူ့ဝန်ထမ်းများ၏ ခံစားချက်ကို လျစ်လျူရှုလျက် ယဲ့ဖန်အား ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ယဲ့ဖန်မှ ရုတ်တရတ်ပြောလိုက်သည်။
" ဒုဥက္ကဌဂူနဲ့ ဒီအမျိုးသမီးက ကျွန်တော်က လူတွေကို အနိုင်ကျင့်နေတယ်လို့ ဆက်တိုက်ပြောနေတော့ ဓာတ်လှေကားထဲက စောင့်ကြည့်ကင်မရာမှတ်တမ်းကို အားလုံးကြည့်လိုက်ရအောင်။ အဲ့တာက အမှန်တရားကို ထုတ်ဖော်မပြနိုင်ဘူးလား "
ချင်းဖုန်းရှန်း သက်ပြင်းတစ်ချက်ချလိုက်သည်။
အမှန်တကယ်၌ သူသည် ဓာတ်လှေကားထဲရှိ စောင့်ကြည့်ကင်မရာမှတ်တမ်းအကြောင်းကို တွေးထားပြီး ဖြစ်သော်လည်း ယဲ့ဖန်မှ အမှန်တကယ် မှားနေမည်ကို သူ စိုးရိမ်သောကြောင့် ထိုကိစ္စအား ထုတ်မပြောရဲခဲ့ခြင်းဖြစ်သည်။
ယခုအခါ ယဲ့ဖန်မှ စတင်ပြောလာသူဖြစ်၍ သူသည် အမှန်ဘက်ကသူ ဖြစ်ပေလိမ့်မည်။
" ဒါဆို ယဲ့လူကြီးမင်း ပြောတဲ့အတိုင်း လုပ်ကြရအောင်။ စောင့်ကြည့်မှတ်တမ်းကို စစ်ဆေးဖို့ လုံခြုံရေးအခန်းကို ခေါ်လိုက်ပါ့မယ်။ အားလုံး အတူတူကြည့်ကြရအောင် "
သူ ချက်ချင်းပင် ဆုံးဖြတ်ချက်ချပြီး လုံခြုံရေးအခန်းကို ခေါ်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။
ဘေး၌ ရှိနေသူတိုင်းသည် ဤသည်မှာ ကောင်းမွန်သည့် အကြံဥာဏ်တစ်ခုဟု ယူဆကြသည်။
အမှားအမှန်ဆုံးဖြတ်ရန် စကားလုံးများအပေါ် အခြေခံ၍ မရချေ။
ခိုင်မာသည့် သက်သေအထောက်အထားများ ချပြပေးရမည်။
သို့သော် ထိုအမျိုးသမီး၏ အမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။
သူမ ချက်ချင်း ရယ်မောလိုက်သည်။
" ဟား၊ နောက်ဆုံးတော့ ငါ သိသွားပြီ။ နင်တို့က ငါ့လို ပျော့ညံ့တဲ့ မိန်းမတစ်ယောက်ကို အနိုင်ကျင့်ဖို့ လူစုနေတာလို့ ငါထင်တယ်။ နင်တို့က ငါ့ကို တောင်းပန်ရင်တောင် ဒီလောက် ယုတ်မာတဲ့ ကုမ္ပဏီကို ငါမလာဘူး "
ထိုစကားကို ပြောပြီးနောက် သူမသည် ဒေါသတကြီးဖြင့် ထွက်သွားတော့မည် ဖြစ်သည်။
ချင်းဖုန်းရှန်းသည် လက်ကိုလှမ်းဆွဲပြီး ထိုအမျိုးသမီးကို တားလိုက်သည်။
" ကိစ္စတွေက ဒီအခြေအနေကို ရောက်နေပြီပဲ။ လူတိုင်းကို ရှင်းပြရမယ်။ အမှန်တရားကို မဖော်ထုတ်နိုင်သေးခင် ဘယ်သူမှ ဒီနေရာကနေ ထွက်သွားလို့ မရဘူး "
ဥက္ကဌမှ ထိုကဲ့သို့ ပြောလိုက်သည့်အခါ ထိုအမျိုးသမီးမှာ တုန်လှုပ်သွားသည်ကို လူတိုင်း တွေ့နိုင်လေသည်။
ထိုအမျိုးသမီးသည် ဂူဟိုင်းဘင်းကို အမြန် အကူအညီတောင်းလေသည်။
သို့သော်လည်း ဂူဟိုင်းဘင်းသည် သူမအား တမင်တကာ လျစ်လျူရှုနေပြီး အခြားဘာမှ မပြောပေ။
မဟုတ်ပါက သူသည် လူအများ၏ ဒေါသကို ခံရမည် ဖြစ်သည်။
လုံခြုံရေးအခန်းမှ လုံခြုံရေးအစောင့်နှစ်ဦးသည် အမြန်ရောက်လာပြီး ဓာတ်လှေကားမှ စောင့်ကြည့်ဗီဒီယိုမှတ်တမ်းမိတ္တူကို ယူလာခဲ့သည်။
ချင်းဖုန်းရှန်းသည် တစ်စုံတစ်ဦးအား ပရိုဂျက်တာနှင့် ချိတ်ဆက်စေကာ ဝန်ထမ်းများအားလုံး အရှေ့တွင် ဗီဒီယိုကို ဖွင့်ခိုင်းလိုက်သည်။
လုံခြုံရေးအစောင့်တစ်ဦး၏ စီစဉ်မှုအောက်တွင် ဝန်ထမ်းများသည် ဓာတ်လှေကားထဲမှ မှတ်တမ်းဗီဒီယိုကို မြင်လိုက်ကြသည်။
ထို့နောက် ဝတ်စုံအသစ် ဝတ်ထားသည့် ယဲ့ဖန်သည် ဓာတ်လှေကားထဲသို့ လျှောက်လာသည်ကို လူတိုင်းတွေ့လိုက်ရသည်။
ဓာတ်လှေကားတံခါးမှာ ပိတ်သွားခါနီးသော်လည်း တစ်စုံတစ်ဦးကို စောင့်ရန် ရုတ်တရက် အဖွင့်ခလုတ်ကို နှိပ်ထားသည်။
သို့သော် ဆယ်စက္ကန့်ကျော်ကြာသည်အထိ စောင့်ပြီးနောက် မည်သူမျှ ဝင်လာခြင်း မရှိပေ။
ထို့နောက် ဖိထားသောခလုတ်ကို ယဲ့ဖန်မှ လွှတ်လိုက်သည်။
ထို့နောက် ဓာတ်လှေကားတံခါး ပိတ်သွားခါနီး၌ အမျိုးသမီးတစ်ဦး ပြေးဝင်လာသည်။
ထိုမှသာ ယဲ့ဖန်သည် သူမကို စောင့်နေကြောင်း လူတိုင်း နားလည်သွားကြသည်။
ဝန်ထမ်းများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဤသည်ကို ကြည့်ပါက လက်ရှိအခြေအနေအရ ယဲ့ဖန်သည် အလွန်လူကြီးလူကောင်းဆန်သူဖြစ်သည်။
အမှန်၌ သူစိမ်းတစ်ယောက်အတွက် ဆယ်စက္ကန့်ကျော်ကြာ တံခါးဖွင့် စောင့်ပေးသည်မှာ အလွန်ရှားလေသည်။
မည်သူမျှ တစ်စက္ကန့်ပင် မစောင့်ချင်ကြပေ။
အားလုံးသည် မဆွေးနွေးဘဲ ဗီဒီယိုမှတ်တမ်းကို ဆက်လက် ကြည့်ရှုခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် ဝင်လာသော အမျိုးသမီးသည် ရုတ်တရက် ခြေကျင်းဝတ် လိမ်ကာ ကော်ဖီများ ယဲ့ဖန်ပေါ်သို့ ဖိတ်စင်သွားသည်။
အမျိုးသား ဝန်ထမ်းများသည် မသိစိတ်ဖြင့် သူတို့၏ ရင်ဘတ်ကို ကာလိုက်မိကြသည်။
တစ်စုံတစ်ယောက်မှ သူတို့အဝတ်အပေါ် ကော်ဖီများ ဖိတ်ကျအောင် လုပ်ပါက ဒေါသထွက်မည်ဖြစ်သည်။
သို့သော် ယဲ့ဖန်၏ နောက်ထပ် လုပ်ဆောင်ချက်သည် လူတိုင်း၏ မျှော်လင့်ချက်ဖြင့် လွဲသွားခဲ့သည်။
ယဲ့ဖန်သည် စိတ်မဆိုးပေ။
ထိုအစား သူသည် နားလည်သည့်အမူအရာ လုပ်လိုက်သည်။
ဝန်ထမ်းအမျိုးသမီးအားလုံးသည် ယဲ့ဖန်အား လေးစားသော မျက်လုံးများဖြင့် ကြည့်ကြသည်။
ဒီလူရဲ့ ကိုယ်ရည်ကိုယ်သွေးက တော်တော်လေး မြင့်နေတာ မဟုတ်ဘူးလား။
သူဝတ်ထားတဲ့ ဝတ်စုံက ဈေးကြီးတယ်ဆိုတာ သိသာတယ်။ ဒါတောင် သူက စိတ်မဆိုးသေးဘူး။
သူက ဒီလောက်ငယ်ငယ်နဲ့ မူလသတ္တုမိုင်းတွင်းရဲ့ သူဌေးအသစ်ဖြစ်လာနိုင်တာ အံ့သြစရာမရှိပါဘူး။
သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်ပုံက အံ့သြစရာပဲ။
အနည်းဆုံးအနေဖြင့် ထိုအချိန်အထိ ယဲ့ဖန်၏ လှုပ်ရှားမှုတိုင်းသည် သူ့ဘက်က သည်းခံမှုကိုသာ မီးမောင်းထိုးပြနေသည်။
သို့သော် ဤသည်က လူတိုင်းကို အလွန်သိချင်လာစေသည်။
ထိုကဲ့သို့ ယဉ်ကျေးသောလူသည် အဆုံး၌ မည်သို့ ရက်စက်ခဲ့သည်ကို သိချင်မိသည်။
သို့သော် မကြာမီ သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် သူမကြောင့် ကော်ဖီ ဖိတ်ကျသွားသော်လည်း သူမသည် မတောင်းပန်ရုံသာမက ကျိန်ဆဲနေသည်။
နောက်ဆုံး၌ သူမ၏ အဝတ်အစားများအတွက် လျော်ကြေးပေးရန် တောင်းဆိုပြီး ယွမ် ၃၀၀၀ တောင်းခဲ့သည်။
လူတိုင်းသည် ထိုအမျိုးသမီးကို ဒေါသတကြီး ကြည့်နေကြသည်။
" ဒါကို ဘာသဘောထားကြီးလဲ။ သူမက ယဲ့လူကြီးမင်းကို ကော်ဖီနဲ့ ပက်မိသွားတာလေ။ တစ်ဖက်က ပြဿနာမရှာတာတောင် သူမက လျော်ကြေးပေးစေချင်နေတာလား "
" ယဲ့လူကြီးမင်းက အရမ်းယဉ်ကျေးလွန်းတယ်။ ငါသာဆိုရင် သူ့ကို ပါးရိုက်လိုက်တာ ကြာပြီ "
" ငါ ဒေါသထွက်လို့ သေတော့မယ်။ ဒီလို အရှက်မဲ့တဲ့ မိန်းမမျိုး ဘယ်လိုလုပ် ရှိနိုင်ရတာလဲ။ ငါတို့ကတော့ သူမဘက်က နာပေးနေပေမယ့် သူမက ဒီလိုလူဖြစ်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
" ယဲ့လူကြီးမင်းက စကားပြောရ လွယ်တာကို မြင်ပြီးတော့ သူ့ကို အမြတ်ထုတ်ချင်နေတာပဲ ဟုတ်တယ်မလား။ မျှော်လင့်ထားသလိုပဲ ကြင်နာတတ်တဲ့လူတွေက အနိုင်ကျင့်ခံရတတ်တယ် ...... "
ထိုမိန်းမ၏ လှည့်စားခြင်းကို ခံရကြောင်း လူတိုင်း နားလည်လာကြပြီး ကျိန်ဆဲကြတော့သည်။
ထိုအမျိုးသမီးသည် ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။
ဂူဟိုင်းဘင်းမှာတော့ သူ့မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
ထိုအမျိုးသမီးသည် အစောက သူ့ကို တိုင်ကြားစဉ်အခါ ယောက်ျားတစ်ယောက်၏ အနိုင်ကျင့်ခြင်း ခံရသည်ဟုသာ ပြောခဲ့ပြီး အကြောင်းပြချက် အတိအကျ မပြောခဲ့ပေ။
ထို့အပြင် သူသည် ယဲ့ဖန်အား ငယ်ရွယ်ပြီး ဤသို့ အင်တာဗျူးဖြေရန် လာသည်ဟု ထင်ကာ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု ထင်၍ ပြဿနာရှာခဲ့သည်။
သို့သော် သူ၏ ကောင်မလေးဖြစ်သူမှ လှည့်စားနေသည်ကို သိလိုက်သည့်အခါ အခြေအနေများမှာ ကျော်လွန်နေပြီဖြစ်သည်။
ဗီဒီယို၏ ကျန်တစ်ဝက်၌ ယဲ့ဖန်မှ ထိုအမျိုးသမီးအား လျော်ကြေးပေးရန် တောင်းဆိုခဲ့သော်လည်း ထိုအမျိုးသမီးသည် ဝုန်းဒိုင်းကြဲပြီး ဓာတ်လှေကားမှ ထွက်ပြေးသွားသည်။
ထို့နောက် ယဲ့ဖန်မှ အပေါ်ထပ်သို့ တက်လာကာ မှတ်တမ်းဗီဒီယိုမှာ ရုတ်တရက် ရပ်သွားတော့သည်။
အားလုံးသည် လှည့်ပြီး ထိုအမျိုးသမီးကို စိုက်ကြည့်နေကြသည်။
" မင်းက တော်တော်ဆိုးတဲ့ မိန်းမပဲ။ မင်းဘက်က အရင် မှားနေတယ်ဆိုတာ ရှင်းနေတာတောင် ပိုဆိုးအောင်လုပ်ဖို့ ကြိုးစားနေသေးတယ်။ မင်းကြောင့် ငါတို့က မှားပြီး သူများကို အပြစ်တင်မိနေပြီ "
" မိန်းမတစ်ယောက်ဆိုတာနဲ့ တစ်ဖက်သူကို ချောက်ချဖို့ ဒီလို ရွံစရာနည်းလမ်းကို အသုံးပြုခဲ့တာလား။ ငါတို့မိန်းကလေးတွေက နင်တို့လိုမိန်းမတွေကြောင့် ငါတို့မျက်နှာပျက်ရတာ "
" ဒီလိုလူက ငါတို့ရဲ့ မူလသတ္တုမိုင်းကုမ္ပဏီထဲကို ဝင်လာရင် ငါတို့ကုမ္ပဏီက အရမ်းကို ပရမ်းပတာဖြစ်သွားမှာ မဟုတ်ဘူးလား "
" ဒုဥက္ကဌဂူမှာ ဘယ်လိုလုပ် ဒီလိုရည်းစားမျိုး ရှိနိုင်ရတာလဲ။ သူမကို ဘာမြင်နေတာလဲ။ ရုပ်ရည်မရှိတဲ့အပြင် စရိုက်ကလည်း အရမ်းဆိုးသေးတယ် "
" ဟေ့နေဦး၊ ဒုဥက္ကဌဂူက အိမ်ထောင်ကျပြီးသား မဟုတ်လား။ သူ ဘယ်က ရည်းစားရသွားတာလဲ "
" သူမက မယားငယ်ဖြစ်နိုင်တယ်၊ ဟုတ်တယ်မလား။ အတော်လေးကို လေးနက်တည်ကြည်ပုံပေါက်တဲ့ ဒုဥက္ကဌဂူမှာ ဒီလို ယုတ်ညံ့တဲ့အခြမ်း ရှိမယ်လို့ မမျှော်လင့်ထားဘူး "
ဆွေးနွေးသံကို ကြားပြီးနောက် ဂူဟိုင်းဘင်းနှင့် ထိုအမျိုးသမီး၏ မျက်နှာများမှာ အကျည်းတန်လာကြသည်။
ချင်းဖုန်းရှန်းသည် ဖြည်းညှင်းစွာ ထွက်လာပြီး ထိုအမျိုးသမီးကို စိုက်ကြည့်နေသည်။
" အခု ဘာပြောစရာရှိသေးလဲ "
" ကျွန်မ....... "
ထိုအမျိုးသမီးသည် ပါးစပ်ကို ဖွင့်ထားသော်လည်း နောက်ဆုံး၌ သူမ ပြောစရာမရှိချေ။
ဗီဒီယိုမှတ်တမ်းသည် သက်သေအဖြစ် ရှိနေသည်။
သူမ ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။