← Chapters

အင်အားကြီး ဖိအား

Vol. 70 Ch. 1387

အင်အားကြီး ဖိအား

Vol. 70 Ch. 1387

" ဟွန်း၊ သူမကို ဆွဲထုတ်လိုက်ကြ "

ချင်းဖုန်းရှန်း၏ မျက်နှာထားသည် မည်းမှောင်လျက် လုံခြုံရေးနှစ်ယောက်ကို အမိန့်ပေးလိုက်သည်။

ထိုလုံခြုံရေးနှစ်ဦးမှာ တခြားအပိုစကား ဘာမှမပြောဘဲ ထိုအမျိုးသမီးအား ဆွဲထုတ်သွားတော့သည်။

" ဟိုင်းဘင်း၊ ကယ်ပါဦး ...... "

ထိုအမျိုးသမီးသည် ချက်ချင်းပင် ဂူဟိုင်းဘင်းအား အကူအညီတောင်းလေသည်။

ဂူဟိုင်းဘင်းသည် ခေါင်းကို တစ်ဖက်လှည့်ထားပြီး သူမကို မသိသလို နေလိုက်သည်။

ထို့နောက် ထိုအမျိုးသမီးသည် လူတိုင်း၏ အကြည့်အောက်မှာပင် အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။

သူမခြေထောက်မှ ဒေါက်ဖိနပ်တစ်စုံမှာ မြေပြင်ပေါ်၌ ကျွတ်ကျန်နေခဲ့ပြီး ကြည့်ရသည့်မှာ အတော်ပင် သနားစရာကောင်းသည်။

" မင်းကတော့ ........ "

ချင်းဖုန်းရှန်းသည် ထိုအမျိုးသမီးကို ဖြေရှင်ဒပြီးနောက် ဂူဟိုင်းဘင်းဘင်ကို အကြည့်လွှဲလိုက်သည်။

" မင်းက အာဏာကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ပြီး အမှားကို အမှန်ဖြစ်အောင် လိမ်ခဲ့တယ်။ မင်းက မူလသတ္တုမိုင်းကုမ္ပဏီရဲ့ ဒုဥက္ကဌဖြစ်ဖို့ မသင့်တော်ဘူးလို့ ထင်တယ်။ အရင်က လက်တွဲခဲ့တာတွေကို ထောက်ထားပြီး မင်းရဲ့နှုတ်ထွက်စာကို မင်းကိုယ်တိုင်ရေးနိုင်တယ် "

ဂူဟိုင်းဘင်း၏ အမူအရာမှာ သိသာစွာ ပြောင်းလဲသွားသည်။

" ဥက္ကဌ၊ ကျွန်တော် မှားမှန်းသိပါတယ်။ ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေးပေးပါ "

ချင်းဖုန်းရှန်းမှာ နှာမှုတ်လိုက်သည်။

" နှုတ်ထွက်စာကို မင်းကိုယ်တိုင် မရေးရင် အလုပ်ထုတ်ခံရမယ် "

ဂူဟိုင်းဘင်းသည် နောက်ကြောင်းပြန်လှည့်နိုင်မည့် အကြောင်းမရှိတော့သည်ကို သိပြီး ခေါင်းငုံ့လျက်သာ ထွက်ခွာသွားတော့သည်။

မြင်ကွင်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

အားလုံးသည် အဖြစ်အပျက်များကို ထိတ်လန့်တကြား ကြည့်နေကြသည်။

ပိုင်ရှင်သူဌေးအသစ်သည် ရောက်လာသည်နှင့် ဒုဥက္ကဌကို ဖယ်ရှားခဲ့သည်။

မူလသတ္တုမိုင်းကုမ္ပဏီသည် အစအဆုံး မွှေနှောက်ခံရတော့မည်ပုံရသည်။

စာရွက်စာတမ်း လွှဲပြောင်းမှုမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။

ယဲ့ဖန်သည် နောက်ဆုံး စာရွက်စာတမ်းအား လက်မှတ် ရေးထိုးလိုက်ပြီးနောက် မူလသတ္တုမိုင်းတွင်းကုမ္ပဏီသည် သူ၏ ပိုင်ဆိုင်မှု ဖြစ်လာသည်။

မူလသတ္တုမိုင်းကုမ္ပဏီ၏ ဥက္ကဌ ချင်းဖုန်းရှန်းမှ ဦးဆောင်ပြီး လက်ခုပ်တီးလိုက်သည်။

ထို့နောက် အစည်းဝေးခန်းတစ်ခုလုံး လက်ခုပ်သံများဖြင့် ပြည့်နှက်သွားတော့သည်။

" ယဲ့လူကြီးမင်း၊ မူလသတ္တုမိုင်းကုမ္ပဏီ က ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဒီအခြေအနေကို ရောက်ခဲ့တာပါ။ ကျွန်တော့်မှာ ဥက္ကဌဆက်လုပ်ဖို့ မျက်နှာမရှိတော့ပါဘူး။ အဲ့တာကြောင့် ကိုယ်စားလှယ်လောင်းအသစ်ကို ရွေးနိုင်ပါတယ် "

ချင်းဖုန်းရှန်းသည် လက်ခုပ်သံများ ရပ်တန့်သွားသည်ကို စောင့်ဆိုင်းနေခဲ့ပြီးနောက် ယဲ့ဖန်စီသို့ လျှောက်လာပြီး သူ့ဘက်မှ စတင်ကာ ရာထူးမှ နှုတ်ထွက်ရန် ပြောခဲ့သည်။

" မူလသတ္တုမိုင်းကုမ္ပဏီ ကျဆင်းရတာရဲ့ အကြောင်းရင်းကို ကျွန်တော် နားလည်ထားပြီးသားပါ။ ဥက္ကဌချင်းရဲ့ စီမံခန့်ခွဲနိုင်စွမ်းနဲ့ ဘာမှမဆိုင်ပါဘူး။ အဓိက အကြောင်းအရင်းက ဌာနအတွင်းထဲမှာ ကိုယ်ပိုင်အုပ်စုတွေ ဖွဲ့ပြီး တစ်ဖွဲ့ချင်းစီတိုင်းက ပြင်းထန်တဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်နေတာကြောင့်လို့ ထင်တယ် "

ယဲ့ဖန်သည် ဤသို့ မလာခင်ကတည်းက မူလသတ္တုမိုင်းကုမ္ပဏီ၏ ကုမ္ပဏီတွင်း ပဋိပက္ခများကို နားလည်ထားပြီးဖြစ်သည်။

ယခုအခါ ယဲ့ဖန်သည် ကုမ္ပဏီ၏ အထက်လူကြီးများ အားလုံးရှေ့တွင် ကရုဏာ တစ်စုံတစ်ရာ မပြခဲ့ပေ။

အထက်အရာရှိ အများစုသည် သူတို့မျက်နှာပေါ်၌ မကျေနပ်သည့် အပြုံးများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

မူလသတ္တုမိုင်းကုမ္ပဏီမှာ အစကတည်းက အလွန်ရှုပ်ထွေးနေပြီးဖြစ်ရာ ပြောင်းလဲမှု အနည်းငယ်ကပင် အခြေအနေတစ်ခုလုံးအပေါ် သက်ရောက်မှုရှိမည် ဖြစ်သည်။

ယဲ့ဖန်သည် အာဏာရပြီးပြီးချင်း မကြာခင်မှာပင် အခြေအနေများကို ပြောင်းလဲရဲလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။

ယဲ့ဖန်သည် သူတို့၏ အမူအရာများကို မြင်ကာ နှာမှုတ်လိုက်သည်။

" ဥက္ကဌချင်း၊ ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ခင်ဗျားကို မူလသတ္တုမိုင်းကုမ္ပဏီရဲ့ဥက္ကဌအဖြစ် ဆက်ခန့်မယ် "

ချင်းဖုန်းရှန်းသည် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော် ...... "

" ဥက္ကဌချင်း၊ ခင်ဗျားရဲ့အရည်အချင်းကို ကျွန်တော်ယုံကြည်တယ်။ မူလသတ္တုမိုင်းကုမ္ပဏီကို သေချာပေါက် ပြန်အသက်သွင်းနိုင်မယ်လို့ ယုံတယ် "

ယဲ့ဖန်သည် ထိုလူများအပေါ် ဖြည်းညှင်းစွာ ကြည့်လိုက်သည်။

" ခင်ဗျားကို အခု တာဝန်တစ်ခု ပေးမယ် "

ချင်းဖုန်းရှန်းမှ သိချင်စိတ်ဖြင့် မေးသည်။

" ဘာတာဝန်ပါလဲ "

" အရင်ဆုံး ဒီလုပ်ငန်းအုပ်စုထဲက မကောင်းတဲ့သူတွေအားလုံးကို ဖယ်လိုက်ပါ။ သူတို့ ဘယ်လောက် အတွေ့အကြုံရှိရှိ၊ သူတို့ရဲ့ နောက်ခံ ဘယ်လောက်သန်မာတယ်ဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး။ သူတို့က လုပ်ငန်းအုပ်စုကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးဖြစ်နေသရွေ့ သူတို့ကို ဖယ်ရှားပစ်ရမယ် "

ယဲ့ဖန်၏ စကားများသည် ကျယ်လောင် ပြီး ပြတ်သားသည်။

ထိုဩဇာညောင်းသော အသံက ရှိနေသူတိုင်းကို ထိတ်လန့်စေသည်။

ယဲ့ဖန်သည် မူလသတ္တုမိုင်းကုမ္ပဏီကို ယခု ဝယ်လိုက်သည်ဖြစ်၍ လုပ်ငန်းစု တည်ငြိမ်စေရန် ဝယ်ပြီးသည်နှင့် ချက်ချင်း မွှေနှောက်လိမ့်မည်ဟု မထင်ပေ။

သို့သော် သူသည် ဤမျှရက်စက်ကြမ်းကြုတ်လိမ့်မည်ဟုလည်း မည်သူမှ မမျှော်လင့်ထားချေ။

" ယဲ့လူကြီးမင်း၊ မင်းဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို သိလား။ ဒါက လုပ်ငန်စုကြီး ပြိုကွဲသွားတာတောင် ဖြစ်နိုင်တယ် "

" ယဲ့လူကြီးမင်း၊ မင်းက မူလသတ္တုမိုင်းကုမ္ပဏီကို အခုမှ လွှဲပြောင်းယူထားတာဆိုတော့ ကုမ္ပဏီအကြောင်း မင်း အများကြီးမသိမှာကို စိုးရိမ်လို့ မင်းရဲ့အမိန့်ကို ပြန်ရုပ်သိမ်းဖို့ ငါ အကြံပေးတယ် "

" မင်းက မျက်စိစုံမှိတ်ပြီး အမိန့်ပေးနေတာပဲ။ မင်းလုပ်ရပ်က လုပ်ငန်းစုကို ပြန်လမ်းမရှိတဲ့လမ်းပေါ် ရောက်စေလိမ့်မယ် "

" မင်းက စာရွက်ပေါ်မှာ ဘယ်လိုရေးခြစ်ရမလဲကို သိခါစ ကလေးပဲ ရှိသေးတာ။ လုပ်ငန်းစုရဲ့ အုပ်ချုပ်မှုအကြောင်း မင်း ဘာသိမှာလဲ။ မင်းကို ဝင်မစွက်ဖက်ဖို့ အကြံပေးတယ် ...... "

ကုမ္ပဏီရှိ အဆင့်မြင့်အရာရှိအချို့သည် သူတို့၏ လုပ်ငန်းသက်တမ်းကို အခွင့်ကောင်းယူကာ သူဌေးဖြစ်သူ ယဲ့ဖန်အား တန်ပြန်ထောက်ပြခဲ့သည်။

လူအုပ်ကြီး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ယဲ့ဖန်သည် မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။

" ကုမ္ပဏီက ဘိုးဘွားရိပ်သာ မဟုတ်ဘူး။ အလုပ်မလုပ်တဲ့လူတွေအတွက် ကျွန်တော် ထောက်ပံ့မပေးနိုင်ဘူး "

" ကုမ္ပဏီအတွက် အကူအညီမဖြစ်တဲ့ ဘယ်သူ့ကိုမဆို ကုမ္ပဏီရဲ့ တိုးတက်မှုအတွက် အတားအဆီးဖြစ်စေမယ့်အစား သူတို့ကို ဖယ်ထုတ်ပစ်ရမယ် "

ထိိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ ချက်ချင်းပင် ခြိမ်းခြောက်သော ဖိအားတစ်ခုကို ထုတ်လွှတ်ရာ လူတိုင်း တုန်လှုပ်သွားကြသည်။

အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေးတစ်ဦးထံမှ ဤကဲ့သို့သော ပြင်းထန်သောဖိအားတစ်ခု ခံစားရသည်ကို စိတ်ကူးနိုင်ရန်ပင် ခက်ခဲလေသည်။

" ဥက္ကဌချင်း၊ ကုမ္ပဏီကို ပြန်ဖွဲ့စည်းဖို့ တစ်လ အချိန်ပေးမယ်။ တစ်လပြီးလို့မှ ကုမ္ပဏီက ဘာမှ အဆင်မပြေသေးရင် ခင်ဗျားကို ရာထူးက နှုတ်ထွက်ခွင့်မပေးဘူး။ တစ်ခါတည်း အလုပ်ထုတ်ပစ်မယ် "

ယဲ့ဖန်၏စကားများသည် နိုင်ထက်စီးနင်းဆန်သော်လည်း ချင်းဖုန်းရှန်းအား မကြုံဖူးသော ယုံကြည်ချက်ကို ပေးစွမ်းသည်။

" ယဲ့လူကြီးမင်း၊ စိတ်မပူနဲ့ တာဝန်ပြီးအောင် လုပ်မယ်လို့ ကတိပေးပါတယ် "

ချင်းဖုန်းရှန်းသည် ခိုင်မာစွာ ကတိပေးသည်။

ယဲ့ဖန် ပြောသလိုပင် မူလသတ္တုမိုင်းကုမ္ပဏီသည် ဤအခြေအနေသို့ ရောက်လာသည့် အကြောင်းရင်းမှာ ကုမ္ပဏီအတွင်းရှိ အုပ်စုခွဲများကြောင့် ဖြစ်သည်။

ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမှန်တကယ်အကျိုးရှိသော အစီအစဥ်များသည် မည်သည့်အခါမျှ ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်ပေ။

ယခင်က ဤအထက်လူကြီးများ အားလုံးသည် ရှယ်ယာရှင်များအဖြစ် ကျောထောက်နောက်ခံ ပြုထားကြသည်။

ဥက္ကဌမှာ အခွန်အလွတ်ကြီးသာ ဖြစ်သည်။

သူ့အမိန့်ကို ဘယ်သူမှ နားမထောင်ကြပေ။

ယခုအခါ ယဲ့ဖန်သည် သူ့အား နောက်ခံအင်အားများစွာ ပေးထားပြီးဖြစ်၍ သူ၏ ခွန်အားကို ထုတ်ဖော်ပြသရန် အချိန်တန်ပြီဖြစ်သည်။

ကုမ္ပဏီဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးဖြစ်နေသည်များကို တစ်ချက်တည်းဖြင့် ဖယ်ရှားပစ်ရန် အခွင့်အလမ်းကောင်းဖြစ်သည်။

အထက်ပိုင်းလူကြီးအချို့မှာ ထိုင်မနေနိုင်တော့ပေ။

သူတို့သည် အဆုံးသတ်သို့ နီးကပ်လာပြီဖြစ်သည်။

သူတို့သည် ယဲ့ဖန်ကို လက်နက်ချစေချင်ကြသည်။

သို့သော် ယဲ့ဖန်မှ သူတို့အား ထိုကဲ့သို့အခွင့်အရေးမျိုး မပေးခဲ့ပေ။

သူသည် ချက်ချင်း လှည့်ပြီး ထွက်သွားတော့သည်။

ချင်းဖုန်းရှန်းသည် ချက်ချင်းပင် နောက်လိုက်အဖြစ်သို့ ပြောင်းလဲကာ လျင်မြန်စွာ လိုက်လာခဲ့သည်။

ယဲ့ဖန် လုပ်ငန်းခွင်နေရာမှ ဖြတ်သွားသည့်အခါ ဝန်ထမ်းများက သူ့ကို လှမ်းကြည့်ကြသည်။

ယဲ့ဖန် လမ်းလျှောက်သွားပြီးနောက် ဝန်ထမ်းများ အချင်းချင်း တီးတိုးပြောလာကြတော့သည်။

ယဲ့ဖန် အစည်းအဝေးခန်းထဲ၌ ရှိနေစဉ်က ပြောသည့်အသံကို ကြားလိုက်ကြသည်။

သူဌေးအသစ်သည် အစည်းအဝေးခန်းထဲရှိ မြေခွေးဟောင်းများကို ညွှန်ပြပြီး ကြိမ်းမောင်းခဲ့ကြောင်း သူတို့အားလုံး သိကြသည်။

လုပ်ငန်းစုတစ်ခုလုံး၏ အထက်အရာရှိများကို ရှင်းလင်းရန်ပင် ခြိမ်းခြောက်ခဲ့သည်။

ဤသည်မှာ သူတို့ကဲ့သို့သော အလယ်အလတ်နှင့် အဆင့်နိမ့်ဝန်ထမ်းများအတွက် သာယာနာပျော်ဖွယ်ကောင်းသော သတင်းကြီစဖြစ်သည်။

သူတို့သည် ရည်မှန်းချက်ကြီးပြီး ထက်မြက်သောသူများ ဖြစ်ပါသော်လည်း သူတို့သည် လုပ်ငန်းစုအတွင်း နေရာမရသောကြောင့် လုပ်နိုင်ရည်ကို မပြသနိုင်ကြခြင်းဖြစ်သည်။

သူတို့သည် လက်ရှိနေရာ၌သာ အမြဲထိုင်နေခဲ့ရသည်။

ထိုအသုံးမကျသည့် မြေခွေးအိုကြီးများ အမှန်တကယ် ထွက်သွားပါက သူတို့၏ ပင်ကိုယ်စွမ်းရည်များကို ပြသနိုင်ရန် အခွင့်အလမ်း ရှိလာပေလိမ့်မည်။

ဤနေ့သည် မူလသတ္တုမိုင်းကုမ္ပဏီမှ ရည်မှန်းချက်ကြီးသော လူများစွာအတွက် စမှတ်အသစ်ဖြစ်လာမည်မှာ သေချာသည်။

ချင်းဖုန်းရှန်းသည် ယဲ့ဖန်ကို ကုမ္ပဏီအပြင်သို့ လိုက်ပို့သည်။

" ယဲ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ လူကြီးမင်းကို စိတ်မပျက်စေရပါဘူး "

ယဲ့ဖန် လှည့်ကြည့်လိုက်သည်။

" ကျွန်တော် စကားလုံးတွေကို မကြားချင်ဘူး။ သက်ရောက်မှုတွေကိုပဲ မြင်ချင်တယ်။ ကျေနပ်လောက်တဲ့ ရလဒ်ထိ မအောင်မြင်ဘူးဆိုရင်တော့ အခွင့်အရေး ထပ်မပေးတော့ဘူး "

" ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ "

ချင်းဖုန်းရှန်း ခေါင်းညိတ်လိုက်သည်။

ယဲ့ဖန်သည် ထွက်သွားရန် ပြင်နေစဉ်အဆောက်အဦးရှေ့၌ ဗင်ကားတစ်စင်းရပ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ယူနီဖောင်းနှင့် ဦးထုပ်ဆောင်းထားသည့် ဝန်ထမ်းအနည်းငယ်သည် ကားပေါ်မှ ဆင်းလာပြီး စက်ပစ္စည်းအချို့ကို စတင်ရွေ့လျားကြသည်။

" သူတို့ဘာလုပ်နေတာလဲ "

သိချင်စိတ်ကြောင့် လှည့်ကြည့်ကာ ချင်းဖုန်းရှန်းကို မေးလိုက်သည်။

" အိုး၊ ကုမ္ပဏီက မကြာခင် ရက်အနည်းငယ်အတွင်း စူးစမ်းရှာဖွေရေးတာဝန်ခု လုပ်တော့မှာပါ။ သူတို့အားလုံးက အဲ့ဒီအခါ သုံးမယ့်ပစ္စည်းတွေကို စမ်းသပ်ဖို့ ဒီနေ့ ရောက်လာကြတာ "

ချင်းဖုန်းရှန်းမှ အလျင်အမြန် ပြန်ဖြေသည်။

" စူးစမ်းရှာဖွေရေးတာဝန်လား "

ယဲ့ဖန် ခဏတာ စဉ်းစားပြီးနောက် ချင်းဖန်းရှင်း၏ လက်မောင်းကို ရုတ်တရက် ပုတ်လိုက်သည်။

" အဲ့ဒီအချိန်ကျလာရင် ကျွန်တော့်ကို သတင်းပေးပါ။ ကျွန်တော် သူတို့နဲ့ လိုက်မယ် "

" အာ ..... "

ချင်းဖုန်းရှန်း အံသြသွားသည်။

ယဲ့ဖန်မှာတော့ ပေါ့ပါးစွာသာ ပြုံးပြလိုက်သည်။

သူသည် ရှင်းပြမနေတော့ဘဲ လှည့်ပြီး Hummerထဲသို့ ဝင်ကာ အရှိန်တင်ပြီး မောင်းထွက်သွားခဲ့သည်။

All Chapters