လျုံမိသားစု၏ အပြောင်းအလဲ
Vol. 70 Ch. 1388
မူလသတ္တုမိုင်းကုမ္ပဏီမှ ထွက်လာပြီးနောက် ယဲ့ဖန်သည် လှည့်ပတ်ပြီး ကျန်းကောပြည်နယ်၏ ဒေသဆိုင်ရာ ယဉ်ကျေးမှုများကို ကြည့်ရှုရန် စီစဉ်ခဲ့သည်။
သို့သော် သူ ဘာမှမလုပ်ရသေးခင်မှာပင် ရှုကျင်းရှင်းစီမှ ဖုန်းဝင်လာသည်။
" ယဲ့ဖန်၊ လျုံမိသားစုဆီ မြန်မြန်လာပါဦး။ တစ်ခုခုဖြစ်နေပြီ "
ရှုကျင်းရှင်း၏ အသံသည် သူမ၏ သာမာန် အေးဆေးတည်ငြိမ်သော ပုံစံနှင့် မတူဘဲ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။
" စိတ်မလှုပ်ရှားနဲ့။ ဘာဖြစ်သွားတာလဲ "
ယဲ့ဖန် စိတ်မပူပေ။
ရှုကျင်းရှင်းအား အေးဆေးစွာ မေးလေသည်။
" လျုံမိသားစုဝင်တွေ ဒဏ်ရာရထားတယ်။ အခု လျုံမိသားစုဝင်တွေက သေတဲ့အထိ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြပြီ ....... "
ရှုကျင်းရှင်းသည် အတတ်နိုင်ဆုံး ရှင်းပြရန် ကြိုးစားနေပါသော်လည်း ဖုန်းထဲမှ ဆူညံသံများကြောင့် သူမ ပြောနေသည်ကို ယဲ့ဖန် ရှင်းလင်းစွာ မကြားရချေ။
" လျုံမိသားစုရဲ့ လိပ်စာ ကိုယ့်ကိုပို့ပေးထား။ ကိုယ် ချက်ချင်း အမြန်လာခဲ့မယ် "
ယဲ့ဖန် ဖုန်းချလိုက်ပြီးနောက် ရှေ့လမ်းဆုံ၌ ကွေ့လိုက်သည်။
လျုံမိသားစု၏ အိမ်တော်ကြီးသည် ရှီချန်းမြို့နယ်ရှိ ခြံဝင်းတစ်ခုတွင် တည်ရှိသည်။
အိမ်တော်သည် မင်မင်းဆက်နှင့် ချင်မင်းဆက်များ၏ ဗိသုကာပုံစံကို ထိန်းသိမ်းထားသည်။
ယဲ့ဖန်၏ အစွမ်းထက်လှသော ကားမောင်းကျွမ်းကျင်မှုဖြင့် တစ်နာရီနီးပါးကြာရမည့် ခရီးကို နာရီဝက်ဖြင့်သာ ရောက်လာခဲ့သည်။
ယဲ့ဖန် ကားပေါ်မှ ဆင်းလိုက်သည်နှင့် တံခါးပေါက်မှ ရုန်းရင်းဆန်ခတ် ဖြစ်နေသံများကို ကြားလိုက်ရသည်။
ခဏအကြာတွင် လူတစ်စုမှ "စာရင်းသွားရှင်းကြမယ်"ဟု အော်ကာ တံခါးကို ဆွဲဖွင့်ပြီး ထွက်လာကြသည်။
ယဲ့ဖန်တို့အား ရထားဘူတာရုံ၌ လာကြိုသည် လျုံကျယ်သည် ထိုလူအုပ်ထဲ၌ ပါဝင်လေသည်။
ယဲ့ဖန် ကားတံခါးကို တွန်းဖွင့်ပြီး ကားပေါ်မှ ခုန်ဆင်းလိုက်သည်။
သူသည် ရှေ့သို့ တိုးသွားကာ လျုံကျယ်ကို အနောက်သို့ ဆွဲလိုက်သည်။
" လျုံကျယ် ဘာဖြစ်နေတာလဲ "
လျုံကျယ်သည် အသံအကျယ်ဆုံးဖြစ်သည်။
သူသည် သူ၏ မျိုးနွယ်စုများကို အားပေးနေသော်လည်း ယဲ့ဖန်ကို မြင်သောအခါ ရပ်တန့်သွားသည်။
" ယဲ့လူကြီးမင်းလား။ ဇာမဏီသုံးကောင်အဖွဲ့အစည်းက ကျွန်တော်တို့ရဲ့ လျုံမိသားစုဝင်တွေကို ဒဏ်ရာရအောင် လုပ်သွားတယ်။ အဲ့တာကြောင့် သူတို့နဲ့ စာရင်းရှင်းဖို့အတွက် ပြင်ဆင်နေတာပါ "
" ဒီဇာမဏီသုံးကောင်အဖွဲ့အစည်းက ဘာလုပ်တာလဲ "
" ဇာမဏီသုံးကောင်အဖွဲ့အစည်းက ဒီဒေသမှာရှိတဲ့ ဒုတိယအကြီးဆုံးဂိုဏ်းပါ။ ဂိုဏ်းသားတွေ ထောင်နှင့်ချီရှိပြီး သူတို့က အမြဲတမ်း မောက်မာကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လျုံမိသားစုနဲ့ သူတို့က အရင်တုန်းက ဘာရန်ငြှိုးမှ မရှိပါဘူး။ အဲ့တာတောင် သူတို့က ကျွန်တော်တို့ လျုံမိသားစုရဲ့ ကိုယ်ခံပညာလျှို့ဝှက်ချက်ကျမ်းစာအုပ်ကို ခိုးယူသွားခဲ့တယ်။ လျုံမိသားစုဝင်တွေက သူတို့စီက ပြန်တောင်းဖို့ သွားခဲ့ကြပေမဲ့ သူတို့က တစ်ပြန်ကြီး ပြန်ရိုက်နှက်လိုက်တော့ ဘယ်လိုလုပ် လွှတ်ထားရမှာလဲ "
လျုံကျယ်သည် အဖြစ်အပျက်များကို အတိုချုံးရှင်းပြပြီးနောက် သူ့မိသားစုဂိုဏ်းဝင်များကို အချက်ပြရန် လှည့်ကြည့်လိုက်သည်။
" ရပ်လိုက် "
ထိုအချိန်တွင် ခြံဝင်းထဲမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် လျုံဝမ်းယွမ် အမြန်ထွက်လာခဲ့သည်။
" ရှောင်ဖန်၊ ဒီကိုရောက်ပြီလား "
လျုံဝမ်းယွမ်သည် ယဲ့ဖန်ကို မြင်သောအခါ နှုတ်ဆက်လိုက်ပြီးနောက် လျုံကျယ်ကို တင်းမာစွာ ကြည့်လိုက်သည်။
" မင်း ဘာလုပ်နေတာလဲ "
လျုံကျယ်သည် လျုံဝမ်းယွမ်ကို မကျေမနပ် ပြန်ကြည့်သည်။
" ဦးလေးနံပါတ်(၇)၊ ကျွန်တော်တို့ လျုံမိသားစုဝင်တွေ အရိုက်ခံရတယ်။ သေချာပေါက် ကျွန်တော်တို့ ရှင်းပြချက်တောင်းဖို့ ဇာမဏီသုံးကောင်အဖွဲ့အစည်းကို သွားရမယ် "
" အဓိပ္ပာယ်မရှိတာ "
လျုံဝမ်းယွမ်မှ ထပ်ပြီး ကြိမ်းမောင်းလိုက်သည်။
" လူကြီးတွေတောင် အဖြေရှာမရသေးဘူး။ မင်း အခု ဇာမဏီသုံးကောင်အဖွဲ့အစည်းကို သွားမှာက မီးထဲ လောင်စာထည့်မလို့လား "
" ဘာတွေ ဆွေးနွေးစရာရှိသေးလို့လဲ။ ကျွန်တော်တို့လူတွေ ဒဏ်ရာရထားရင် ပြန်မတိုက်သင့်ဘူးလား "
လျုံကျယ်သည် ထိုသို့ ပြောပြီးသည်နှင့် လှည့်ကြည့်ကာ လူတိုင်းအား အော်ပြောလိုက်သည်။
" လူတိုင်းပဲ၊ ငါ့နောက်ကို လိုက်ကြ။ ဒီနေ့ သူတို့က ငါတို့ကို ရှင်းပြချက်မပေးရင် ငါတို့ အဆုံးထိ တိုက်ခိုက်မယ် "
" အဲ့ဒီမှာ ရပ်လိုက် "
အခြေအနေအား ထိန်းမနိုင်ဖြစ်တော့မည်ကို မြင်လိုက်ရပြီးနောက် လျုံဝမ်းယွမ်မှ သူ့အသံကို ထပ်မြှင့်ပြီး အော်လိုက်သည်။
" ဘယ်သူ နောက်တစ်လှမ်းတိုးရဲလဲ "
သူသည် လျုံမိသားစုတွင် နှစ်အတော်ကြာ မနေခဲ့သော်လည်း ထိုမျှလောက် ဂုဏ်သိက္ခာရှိသေးသည်။
လက်စားချေရန် အော်ဟစ်နေသော လျုံမျိုးနွယ်စုများသည် သူတို့၏လမ်းကြောင်းတွင် ရပ်သွားကြသည်။
လျုံကျယ်သည် လျုံဝမ်းယွမ်ကို မကျေမနပ် ကြည့်နေလေသည်။
" ဦးလေး(၇) ဘာကိုဆိုလိုချင်တာလဲ "
" မင်းတို့ အချည်းနှီးသေတာကို ငါ မမြင်ချင်ဘူး "
လျုံဝမ်းယွမ်သည် သူ့ရှေ့မှ လူငယ်အုပ်စုကို ကြည့်လိုက်သည်။
ဤလူငယ်များသည် လျုံမိသားစု၏ အနာဂတ်ဖြစ်သည်။
သူတို့ကို ဘယ်လိုလုပ် အချည်းနှီး ဖျက်ဆီးခံရနိုင်မှာလဲ။
" ဟမ်း၊ ကျွန်တော်တို့က ကြောက်နေတယ်ထင်နေတာလား။ ဦးလေး အိမ်ကနေ ထွက်သွားတာ နှစ်အတော်ကြာသွားပြီ။ ခွန်အားတွေ တိုးတက်လာလားတော့ မသိပေမဲ့ ဦးလေးရဲ့သတ္တိကတော့ တော်တော်လေး နည်းသွားတာပဲ "
" ကြောက်ရင် အိမ်ထဲမှာပဲနေလိုက်။ တစ်ခုခုဖြစ်ရင် ကျွန်တော်တို့ တာဝန်ယူမှာ သေချာတယ်။ ဦးလေးကို မထိခိုက်စေရဘူး ....... "
" မင်း ....... "
လျုံဝမ်းယွမ် ဒေါသအလွန်ထွက်ကာ တုန်ရီနေသည်။
" မိုက်လိုက်တဲ့ကောင် "
ထိုအချိန်တွင် ခြံဝင်းထဲမှ ဒေါသတကြီး ဆူပူသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အလွန်သိက္ခာရှိသော မျက်နှာထားဖြင့် လူတစ်ဦး ထွက်လာသည်။
သူသည် လျုံဝမ်းယွမ်ထက် အနည်းငယ်အသက်ကြီးပြီး ရုပ်ချင်းဆင်တူသည်။
လျုံဝမ်းယွမ်မှလွဲ၍ ကျန်ရှိသော လျုံမျိုးနွယ်စုများအားလုံးသည် ထိုလူကို အလွန်လေးစားပုံရသည်။
" အဖေ ...... "
လျုံကျယ်သည် အစောကထိ မာနကြီးနေသေးသော်လည်း ထိုလူကို တွေ့ပြီးနောက် ချက်ချင်းပင် ကြောက်လန့်တုန်လှုပ်နေသည့် ကြွက်လေးတစ်ကောင်လို ဖြစ်သွားတော့သည်။
ယဲ့ဖန် မေးစရာပင် မလိုချေ။
ဤလူသည် လျုံမိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်ပြီး လျုံဝမ်းယွမ်၏ တတိယအစ်ကိုဖြစ်သော လျုံဝမ်းလုံဖြစ်သည်ကို ယဲ့ဖန် သိလိုက်သည်။
ဖြောင်း
လျုံဝမ်းလုံသည် ရောက်လာပြီးသည်နှင့် သူ့လက်ကို မြှောက်လိုက်ကာ လျုံကျယ်၏ မျက်နှာကို ရိုက်ချလိုက်သည်။
သူ၏ ဒေါသလက်ဖဝါးရိုက်ချက်သည် အလွန်ပြင်းထန်သောကြောင့် လျုံကျယ် ယိမ်းယိုင်သွားခဲ့သည်။
သာမန်မျက်စိနှင့်ပင် မြင်နိုင်သည့် အရှိန်ဖြင့် လျုံကျယ်၏ မျက်နှာတစ်ဝက်မှာ ယောင်ကိုင်းကာ ဖောင်းလာသည်။
" မိုက်ရိုင်းလိုက်တဲ့ကောင်။ မင်းရဲ့ ဦးလေးကို ဒီလိုလေသံနဲ့ ဘယ်လိုလုပ် ပြောရဲတာလဲ။ မင်း သေချင်နေတာလား "
လျုံဝမ်းလုံသည် ပါးရိုက်ပြီးနောက်တွင်လည်း ဒေါသထွက်နေဆဲဖြစ်သည်။
သူသည် သားဖြစ်သူ၏ နှာခေါင်းကို ညွှန်ပြပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
လျုံကျယ်သည် သူ့မျက်နှာကို အုပ်ထားပြီး စကားမပြောရဲပေ။
ထိုအချိန်တွင် အခြားလူတစ်စု ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
သူတို့အားလုံးသည် အသက်ကြီးပြီး လျုံမိသားစု၏ အထက်တန်းအဆင့် လူကြီးများ ဖြစ်နိုင်သည်။
ရှုကျင်းရှင်းသည်လည်း ထိုလူများနှင့်အတူ ထွက်လာခဲ့သည်။
ယဲ့ဖန်ရောက်လာသည်ကို သူမ မြင်လိုက်သောအခါ သူမ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အမြွက်များ ထွက်ပေါ်လာသည်။
" ကောင်းပြီ၊ အစ်ကိုသုံး ရှောင်ကျယ်လည်း အလျင်လိုနေလို့ပါ။ သူ့ကို အပြစ်မတင်ပါနဲ့ "
လျုံဝမ်းယွမ်သည် ရှေ့သို့ တိုးလာပြီး လျုံဝမ်းလုံ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။
လျုံဝမ်းလုံ၏ အမူအရာမှာ ပိုကောင်းလာသော်လည်း သူ့သားကို ကြိမ်းမောင်းနေဆဲ ဖြစ်သည်။
" မင်းရဲ့ ဦးလေးခုနစ်က ပြောပေးလို့ မင်းကို ဒီနေ့ လွှတ်ပေးလိုက်မယ်။ မင်းရဲ့ ဦးလေးခုနစ်အပေါ် နောက်တစ်ခါပြီး ထပ်ရိုင်းပြရဲရင် ငါမင်းကို အရင်ဆုံးမမယ် "
" ခွင့်လွှတ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ဦးလေးခုနစ် "
လျုံကျယ်သည် လျုံဝမ်းယွမ်အား အရှက်ရစွာဖြင့် တောင်းပန်ခဲ့သည်။
" နောက်ဆို အရမ်းအလောမကြီးပါနဲ့ "
လျုံဝမ်းယွမ်သည် သူ့ကို နှစ်သိမ့်ပေးပြီးနောက် လျုံဝမ်းလုံဘက် လှည့်လိုက်သည်။
" အစ်ကိုသုံး၊ မိတ်ဆက်ပေးပါရစေ။ ဒါက ငါ့တပည့် ယဲ့ဖန် "
လျုံဝမ်းယွမ်သည် မိတ်ဆက်ပေးလျက် သူသည် ယဲ့ဖန်အား ဂုဏ်ယူသောအမူအရာဖြင့် လက်ညှိုးထိုးပြသည်။
သူ့သားဖြစ်သူ တက္ကသိုလ် ဝင်ခွင့်ရပြီး၍ အိမ်နီးနားချင်းကို ကြွားနေသည်နှင့် တူလေသည်။
လျုံဝမ်းလုံသည် ယဲ့ဖန်ကို ကြည့်ပြီး စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။
" ညီခုနစ်က မင်းကို ချီးမွမ်းနေတာ အံ့သြစရာတော့ မဟုတ်ဘူးဘဲ။ မင်းက တကယ်ကို ထူးခြားတာပဲ "
လျုံဝမ်းယွမ်သည် သူ့သားဖြစ်သူကို တစ်စုံတစ်ယောက်မှ ချီးမွမ်းလိုက်သည်အား ကြားလိုက်သောသော အဘိုးအိုတစ်ဦးနှင့် တူလေသည်။
သူသည် စိတ်ကျေနပ်စွာ ပြုံးနေသည်။
" မင်္ဂလာပါ တတိယဆရာ "
ယဲ့ဖန်သည် အသက်ကြီးသူများနှင့် ရင်ဆိုင်ရသောအခါ သူတို့အား လုံလောက်သော လေးစားမှုကို ပြပေးသည်။
ထိုလျုံခေါင်းဆောင်ကို နှုတ်ဆက်ပြီးနောက် သူ့ဆရာ လျုံဝမ်းယွမ်ဘက်ကို လှည့်ကြည့်လိုက်သည်။
" ဆရာကြီး၊ ဘာဖြစ်နေတာလဲ "
လျုံဝမ်းယွမ် သက်ပြင်းချလိုက်သည်။
" ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာမဟုတ်ဘူး။ အရင်သွားရအောင် "
လျုံမိသားစု အိမ်တော်၏ ခြံဝင်းသည် အလွန်ကျယ်လေသည်။
ခြံဝင်းထဲ၌ ကျောက်ဆောင်များ၊ သစ်ပင်ပန်းမန်များ၊ စမ်းချောင်းများနှင့် ရုပ်ထုများစွာရှိသည်။
ရှေးဟောင်း ပစ္စည်းများနှင့်လည်း ပြည့်နေသည်။
သို့သော် မည်သူမျှ ရှုခင်းကို ခံစားရန် စိတ်ကူးမရှိကြပေ။
သူတို့သည် အပိုစကားတစ်ခွန်းမှ မပြောဘဲ ခြံဝင်းထဲမှ ဖြတ်လျှောက်သွားကာ ကျယ်ဝန်းသော အစည်းအဝေးခန်းမတစ်ခုဆီသို့ ရောက်သွားသည်။
အစည်းအဝေးခန်းမသည် စတုရန်းမီတာ၂၀၀ကျော် ကျယ်ဝန်းပြီး လူတစ်ရာကျော်ဆံ့လေသည်။
သို့သော် လျုံမိသားစုမှ ထိပ်တန်းမိသားစုဝင်များသာ ဤနေရာသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်။
ထို့ကြောင့် အခြားသူများက မလိုက်ကြပေ။
လျုံမိသားစု၏ အကြီးအကဲဖြစ်သည့် လျုံဝမ်းလုံသည် သဘာဝကျစွာ စားပွဲထိပ်ဆုံးတွင် ထိုင်နေသည်။
လျုံဝမ်းယွမ်နှင့် လျုံမိသားစု၏ အခြားအဆင့်မြင့်အရာရှိများသည် ဘယ်ဘက်တွင် ထိုင်ကြသည်။
ဧည့်သည်များအနေနှင့် ယဲ့ဖန်နှင့် ရှုကျင်းရှင်းတို့သည် ညာဘက်ခြမ်းတွင် ထိုင်ကြသည်။
အားလုံး ထိုင်ပြီးသည့်အခါ တစ်စုံတစ်ယောက်မှ ရေတွေးကြမ်းပူ တည်ခင်းပေးသည်။
လျုံဝမ်းယွမ်သည် ဟိတ်ဟန်ခံမနေဘဲ အဖြစ်အပျက်တစ်ခုလုံးကို ချက်ချင်း ပြောပြသည်။