လေနှင့် မိုးကြိုးနတ်ဘုရားမြှား! ဝေလငါး ရေရှူသွင်းခြင်း။ (၂)
Vol. 11 Ch. 151
အကောင်းဆုံးရလဒ်မှာ စူးချန်ခုန်းသည် ချီချန်းဟုန်ကို တစ်ချက်တည်းဖြင့် ခုတ်ဖြတ်ပြီး သူ့လည်ချောင်းကိုလည်း ချီချန်းဟုန်ထံမှ ထိုးဖောက်ခံလိုက်ကာ နှစ်ဖက်လုံး အသက်ဆုံးရမည့် ပုံပေါက်နေသည်။
"ဘုန်း!"
နှစ်ဖက်စလုံးသည် အပြန်အလှန် ပျက်သုဉ်းရန် ကြံရွယ်ထားစဉ် မုန်တိုင်းထန်သော လေတိုက်သံနှင့် မိုးခြိမ်းသံများ ပေါက်ကွဲကာ မီတာတစ်ရာကျော်အကွာမှ အေးစက်သော အလင်းတန်းတစ်ခု ပစ်လွှတ်လာ၏။ ၎င်းသည် မြှားတစ်စင်းဖြစ်ပြီး ထိုမြှားသည် အသံအတားအဆီးကို ချိုးဖျက်ကာ အသံထက် အဆပေါင်းများစွာ ပိုမြန်စွာ ရွေ့လျားနေ၏။
လေ၊ မိုးနှင့် မိုးကြိုးများ သယ်ဆောင်လာသော ဤမြှားသည် စူးချန်ခုန်း၏လည်ချောင်းကို ချိန်ရွယ်ထားသည့် ချီချန်းဟုန်၏လက်သည်းဆီသို့ ပစ်လွှတ်လိုက်သည်။
"ဝုန်း!"
ပေါက်ကွဲသံများကြားတွင် ချီချန်းဟုန်၏ လက်ဖဝါးသည် သွေးစ အသားစများအဖြစ်သို့ ပေါက်ကွဲသွားလေ၏။
“ဒါ…”
ချီချန်းဟုန် အနည်းငယ် မှင်တက်သွားသည်။ နာကျင်မှုသည်ပင် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ဖြစ်ပျက်ခဲ့သည်များကို သူ မသိလိုက်ပေ။
ထိုအချိန်တွင် မိုးခြိမ်းသံနှင့်အတူ စူးချန်ခုန်း၏ သံဖြတ်ဓားသည် အထက်မှ ပြင်းထန်စွာ ခုတ်ချလိုက်လေတော့သည်။
"ဂျွတ်"
အသားစုတ်ပြဲပြီး အရိုးများကွဲအက်နေသည့် ပြတ်သားသောအသံ ထွက်ပေါ်လာ၏။ ချီချန်းဟုန်မှာ အော်သံပင် မထွက်နိုင်လိုက်ပေ။ ဆင်းသက်လာသော ဓားချက်က သူ့အား သစ်သားတုံးကဲ့သို့ပင် နှစ်ပိုင်းခွဲလိုက်လေ၏။
ချီချန်းဟုန်၏ ခန္ဓာကိုယ် နှစ်ခြမ်းသည် တစ်ဖက်စီ ပြုတ်ကျသွားပြီး သူ့မျက်လုံးများသည် ရှုပ်ထွေးမှုများ မကျေနပ်မှုများနှင့်။ သွေးများ၊ ကလီစာများ ထွက်ကျလာသည်နှင့်အမျှ အားလုံး ဖရိုဖရဲဖြစ်ကာ မြေပြင်က အမှိုက်တစ်ပုံနှယ် စွန်းထင်းသွားလေ၏။
"ဟောဟဲ ဟောဟဲ ဟောဟဲ"
စူးချန်ခုန်းသည် သူ့နဖူးမှ ချွေးအေးများ စီးကျလာပြီး အသက်ရှုကြပ်လာသည်။ သူ အသက်ရှင်ခဲ့လေပြီ။
မုန့်စန်း လွှတ်လိုက်သော ကျွမ်းကျင်သည့် ရန်သူဖြစ်သည့် ချီချန်းဟုန်သည် ဧရာမဝေလငါးဂိုဏ်း၏ ခန်းမခေါင်းဆောင်ဖြစ်ခဲ့သည်။ သူသည် ချီသွေးအသွင်ပြောင်းခြင်း အဆင့်လေးကို ပြီးမြောက်ပြီးနောက် ချီသွေးဝံပုလွေမြူနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ချီသွေးနယ်ပယ်အတွင်းရှိ သိုင်းပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
စူးချန်ခုန်းကို ချေမှုန်းရန် သူမည်ကဲ့သို့ ရှာတွေ့ခဲ့သည်ကို မသိရပေ။ သွေးထွက်သံယို တိုက်ပွဲတစ်ခုအပြီးတွင် သူသည် စူးချန်ခုန်း၏ ဓားအောက်တွင် သေဆုံးသွားခဲ့လေပြီ။
“ခုနက… ဘယ်သူက ကူညီပေးတာလဲ”
တစ်ချိန်တည်းမှာပဲ စူးချန်ခုန်းက အဝေးကို လှမ်းကြည့်လိုက်သည်။ အစက စူးချန်ခုန်းသည် ချီချန်းဟုန်ကို ထက်ခြမ်းခြမ်းပြီး သူ့ကိုယ်သူ ချီချန်းဟုန်၏ လက်သည်းဖြင့် လည်ချောင်း၌ ထိုးဖောက်ခံလိုက်ကာ နှစ်ဦး အပြန်အလှန် သေဆုံးသွားဖို့ပင်။
သို့သော် ကောင်းကင်ကိုထိုးဖောက်လာသော မြှားတစ်စင်းသည် ချီချန်းဟုန်၏လက်ဖဝါးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေကာ နှစ်ဦးနှစ်ဖက် ပျက်စီးခြင်းမှ လွတ်မြောက်သွားစေသည်။
သို့သော် စူးချန်ခုန်းသည် မြှားလာရာလမ်းကြောင်းသို့ လှမ်းကြည့်လိုက်သောအခါ မည်သူမျှ မတွေ့လိုက်ရ။
“ငါ ဒီနေရာကနေ အရင်ထွက်သွားသင့်တယ်…” စူးချန်ခုန်းက တရိပ်ရိပ်မူးဝေလာပြီး သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။ ဤမျှတိုတောင်းသော ထိပ်တိုက်ရင်ဆိုင်မှုက သူ၏ခွန်အားအားလုံးနီးပါး လျော့နည်းသွားစေခဲ့သည်။ သူစုဆောင်းထားသည့် ဓားချီသည် ထိုခုတ်ချက်သုံးချက်တွင် အားကုန်သွားခဲ့လေပြီ။ အထူးသဖြင့် ချီချန်းဟုန်၏လက်သည်းကြောင့် ရခဲ့သည့် သူ့ရင်ဘတ်ရှိဒဏ်ရာသည် ထုံထိုင်း၊ နာကျင်၊ ကိုက်ခဲကာ ယားယံနေလေ၏။ ပတ်ပတ်လည်မှ လူအုပ်တွေကြောင့် သူ အမြန်ထွက်သွားရမည်။
စူးချန်ခုန်းသည် သူ့ကိုယ်သူ ထောက်ကာ ချီချန်းဟုန်၏ အလောင်းကို လှမ်းပြီး ရှာဖွေသော်လည်း ဘာမျှမတွေ့ရ။ ချီချန်းဟုန်သည် စူးချန်ခုန်းကိုလိုက်ရန် ထွက်လာသောအခါ မည်သည့် ရတနာကိုမှ မသယ်ဆောင်ခဲ့ပေ။
"ဒါကို ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေအဖြစ် သတ်မှတ်လိုက်ပါ။"
စူးချန်ခုန်းသည် သူ့ရင်ဘတ်ထဲမှ ငွေစက္ကူနှစ်ရာကို ထုတ်နှုတ်ပြီး ချီချန်းဟုန်၏အလောင်းဘေးတွင် ပစ်ချပြီးနောက် အမြန်ပျောက်ကွယ်သွားခဲ့သည်။
ဖြတ်သွားဖြတ်လာများသည် စူးချန်ခုန်းကို ရိုသေလေးစားပြီး ကြောက်ရွံ့ထိတ်လန့်သော အကြည့်များဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။
တောနက်စီရင်စုမြို့၏လမ်းပေါ်မှ စူးချန်ခုန်းနှင့် ခဲရောင်ဝတ်ထားသော ချီချန်းဟုန်တို့၏ရန်ပွဲသည် တိုတောင်းသော်လည်း သေစေနိုင်သည်။ ချီချန်းဟုန်သည် တစ်ချက်တည်းဖြင့် ထက်ခြမ်းကွဲကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ လမ်းသွားလမ်းလာများသည် ထုံးစံအတိုင်း သေမင်းတမန် စူးချန်ခုန်းကို ရန်မစရဲကြပေ။
"ငါ အဆိပ်မိသွားပြီ။ အရင်ဆုံး ငါငှားထားတဲ့ အိမ်မှာ သွားကုရမယ်။"
စူးချန်ခုန်းသည် သူ့မျက်လုံးရှေ့တွင် မူးဝေမှုနှင့် အမှောင်လှိုင်းများကို ခံစားလိုက်ရသည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ ချီချန်းဟုန်ရဲ့ လက်သည်းကြောင့် ရလာသည့် ဒဏ်ရာက အနက်ရောင်ပြောင်းသွားပြီး သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးပြန်ကြောတွေ မည်းလာကာ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတာကို တွေ့လိုက်ရသည်။
စူးချန်ခုန်းသည် အားနည်းချည့်နဲ့ပြီး မူးဝေခြင်းကို ကြံ့ကြံ့ခံကာ တောနက်စီရင်စုမြို့ အနောက်ဘက် ခရိုင်ရှိ ယခင်က သူငှားထားသော အိမ်သို့ သွားခဲ့သည်။
အိမ်ထဲကို ဝင်လိုက်တာနဲ့ စူးချန်ခုန်းက တံခါးကိုပိတ်ပြီး အတွင်းဘက် ရေတွင်းဆီကို တယိမ်းတယိုင် လျှောက်သွားကာ ထိုအနားမှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ အရင်ဆုံး သူအဆိပ်ဖြေရမည်။
ချီချန်းဟုန် ကျင့်သုံးသော လင်းနို့တစ္ဆေလက်သည်း နည်းပညာသည် အဆိပ်ပြင်းသည်။ အချိန်ပိုကြာလေ သူ့ခန္ဓာကိုယ်ကို ထိခိုက်လေလေဖြစ်သည်။
"ဟူး ဟူး ဟူး"
စူးချန်ခုန်း အသက်ပြင်းပြင်း စရှူလိုက်သည်။ ချီချန်းဟုန်နဲ့ တိုက်ပွဲက သူ့ရဲ့ ချီစွမ်းအင်ကို ကိုးဆယ်ရာခိုင်နှုန်းနီးပါး ကုန်ခမ်းစေခဲ့သည်။ ဧရာမဝေလငါးနည်းပညာတွင် အသက်ပြင်းပြင်းရှူသွင်းခြင်းဖြင့် ကုသရန် အသက်ရှုနည်းကို အသက်သွင်းခဲ့သည်။
"ဝှီး!"
ကြီးမားသော စုပ်ယူမှုစွမ်းအားသည် ရေတွင်းထဲတွင် ဝေလငါးရှည်ကြီး လေရှူသွင်းနေသကဲ့သို့ မမြင်နိုင်သော တိုင်းတာ၍ မရနိုင်သည့် စွမ်းအားတစ်ခုက ထွက်လာပြီး စူးချန်ခုန်း၏ ပါးစပ်ထဲသို့ ဝင်ရောက်ကာ သူ့ဗိုက်ထဲသို့ မျိုချလိုက်သည်။
သူ့ဗိုက်ထဲက ရေတွေက တုန်ခါသွားပြီး စူးချန်ခုန်းရဲ့ သွေးကြောတွေနဲ့ ဒဏ်ရာတွေကို သန့်စင်ပေးသည်။
“ထွီး!”
မိနစ်အနည်းငယ်ကြာပြီးနောက် စူးချန်ခုန်းသည် တစ်ချိန်က ကြည်လင်နေသော တွင်းရေကို ထွေးထုတ်လိုက်ရာ ယခုအခါ ထိုရေက အနက်ရောင်ဖြင့် စွန်းထင်းနေလေပြီ။
ဝူး!
စူးချန်ခုန်းသည် ရေတွင်းမှ ကြည်လင်သောရေများကို ဆွဲထုတ်ကာ ဗိုက်ထဲသို့ မျိုချပြီး ထိုအတိုင်း ထပ်ခါထပ်ခါ ဆက်လုပ်နေလေ၏။
ဤသည်မှာ ဧရာမဝေလငါးနည်းပညာအတွင်းရှိ အနာနှင့် အဆိပ်ဖြေခြင်းနည်းလမ်းဖြစ်ပြီး ခန္ဓာကိုယ်ကို ကြည်လင်သောရေဖြင့် သန့်စင်ပြီးနောက် ဖယ်ရှားခြင်းဖြစ်သည်။
ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ် ပြီးသွားသောအခါ စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်တွင် ထုံကျင်ခြင်း လျော့ပါးလာပြီး အာရုံခံစားမှုကို ဖြည်းဖြည်းချင်း ပြန်လည်ရရှိလာသည်။ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှ အနက်ရောင်များပင် မှိန်ဖျော့လာသည်။
“နောက်ဆုံးတော့…နေလို့ကောင်းလာပြီ” စူးချန်ခုန်း စိတ်သက်ရာရကာ သက်ပြင်းချလိုက်သည်။ ချီချန်းဟုန်၏ လင်းနို့တစ္ဆေလက်သည်းသည် အလွန်အဆိပ်ပြင်းသော်လည်း ကံကောင်းထောက်မစွာဖြင့် အဆိပ်သည် သူ့ခန္ဓာကိုယ်ထဲတွင် အကြာကြီး မနေခဲ့ရသောကြောင့် ဧရာမဝေလငါးနည်းပညာဖြင့် ခန္ဓာကိုယ်ထဲမှ ၎င်းကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်။
စူးချန်ခုန်းက သူ့ပါးစပ်ထောင့်ကို သုတ်လိုက်ပြီး အသံနက်ကြီးဖြင့်ဆိုလေ၏ "မင်း အခုထွက်လာမှာလား"
စူးချန်ခုန်းသည် သူ့အိမ်သို့ တစ်စုံတစ်ယောက်က သူ့နောက်ကနေ လိုက်လာသည်ကို ခံစားမိသည်။ ထိုလူသည် ထိုမြှားကို ပစ်ခဲ့ပြီး ချီချန်းဟုန်၏ လက်ဖဝါးကို ပေါက်ကွဲခဲ့သူ ဖြစ်နိုင်သည်ဟု သူထင်သည်။
သူ့ကို တိတ်တဆိတ် ကူညီခဲ့သူကြောင့် စူးချန်ခုန်းဟာ ချီချန်းဟုန်ကို ဒဏ်ရာအရအနည်းဆုံးနဲ့ သတ်နိုင်ခဲ့ပြီး အပြန်အလှန် ဖျက်ဆီးမှုကို တားဆီးနိုင်ခဲ့သည်။
ထိုလူဂာ သူ့အပေါ် မသမာစိတ် မပြခဲ့ပေ။ ပြင်းထန်စွာ ဒဏ်ရာရသွားသောကြောင့် စူးချန်ခုန်းသည် အခြားမည်သည့်အရာကိုမှ ဂရုစိုက်ရန် အချိန်မရှိခဲ့ဘဲ အိမ်သို့ ပြန်ရောက်သည်နှင့် ချက်ချင်းပင် ကုသရေးကို အာရုံစိုက်ခဲ့သည်။
"ချီချန်းဟုန်က ရှင့်လက်နဲ့ သေသွားလောက်တဲ့အထိ ရှင့်မှာ ဒီလောက်နက်နဲတဲ့ စွမ်းအားတွေရှိနေမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။"