← Chapters

ဧရာမဝေလငါးနည်းပညာ၏ ပုံစံအပြည့်အစုံ။ (၁)

Vol. 11 Ch. 153

ဧရာမဝေလငါးနည်းပညာ၏ ပုံစံအပြည့်အစုံ။ (၁)

Vol. 11 Ch. 153

“အဲ့တာက…” စူးချန်ခုန်း၏ ပါးစပ်သည် အနည်းငယ် လှုပ်သွားပြီး ဘာပြောရမှန်းမသိတော့ပေ။

ဧရာမဝေလငါးနည်းပညာသည် ဧရာမဝေလငါးဂိုဏ်း၏ ထိပ်တန်းအတတ်ပညာဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်သာလျှင် သင်ယူရန် အရည်အချင်းပြည့်မီသော ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည်။ လီလေ့နှင့် အခြားသူများသည် ရွှယ်ဝူအဆောက်အဦးကို မီးရှို့ပြီး ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်ချီကားကို ခိုးယူခဲ့စဉ်က စူးချန်ခုန်းက သူတို့ကို ကြားဖြတ်ခဲ့သည်။

ဒါတင်မကဘဲ စူးချန်ခုန်းကလည်း ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်ချီကားမှ ဧရာမဝေလငါးနည်းပညာကို နားလည်ပြီး တိတ်တဆိတ် ကျင့်ကြံခဲ့ရာ အောင်မြင်မှုတချို့ ရခဲ့လေ၏။

သို့သော် သူသည် ဧရာမဝေလငါးနည်းပညာကို ကုသရန်နှင့် အဆိပ်ဖြေရန်အတွက် အသုံးပြုခဲ့ပြီး စစ်ခုန်းဟွမ်က ထိုအရာအားလုံးကို မြင်ခဲ့သည်။

ထိုမတိုင်မီက စစ်ခုန်းဟွမ်သည် သူ ကုသနေစဉ်အတွင်း သူ့ကို မတိုက်ခိုက်ခဲ့သောကြောင့် သူ့ကို သတ်ပစ်ရန် ရည်ရွယ်ချက် မရှိပေ။ သို့သော် စူးချန်ခုန်းက သတိထားနေဆဲပင်။ ရန်ပွဲတစ်ခုကို ဖြစ်တော့မယ်ဆိုလျှင် သူ၏အားနည်းသောအခြေအနေနှင့်ပင် သူက ငြိမ်ငြိမ်လေးထိုင်ပြီး အလွယ်လေး ချေမှုန်းခံမည် မဟုတ်ပေ။

စူးချန်ခုန်းက သူ့အတွေးတွေကို စုစည်းပြီး အမှန်အတိုင်း ရှင်းပြလိုက်လေ၏။ “အဲဒီညက ကျွန်တော် ဆူညံသံတချို့ကို ကြားခဲ့ရတယ်။ လီလေ့က လျိုကန်းကို တစ်ခုခု လွှဲပေးတာကိုလည်း တွေ့လိုက်ရတယ်။ အဲ့ဒါကြောင့် လျိုကန်းကို သတိလစ်အောင်လုပ်ပြီး ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်ချီကားကို ရှာတွေ့ခဲ့တာ… ကျွန်တော် သခင်မလေးကို ပြန်ပေးပါ့မယ်..”

စူးချန်ခုန်းအနည်းငယ် ရှက်သွားသော်လည်း ဒါက သူ့အပြစ်မဟုတ်ပေ။ ဧရာမဝေလငါးဂိုဏ်း၏ကြီးကြပ်မှု ညံ့ဖျင်းသောကြောင့် သူတို့၏ နတ်ဘုရားစွမ်းအင် ပန်းချီကား အခိုးခံလိုက်ရတာဖြစ်ပြီး သူက သူခိုးမဟုတ်ပေ။ သူက ပျောက်ဆုံးသွားသော ပစ္စည်းကို ပြန်လည်ပေးအပ်ခြင်း၏ မွန်မြတ်သော လုပ်ရပ်ကို မလိုက်နာခဲ့ရုံသာ။

ယခုအချိန်တွင် ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်ချီကားသည် စူးချန်ခုန်းအတွက် များစွာအသုံးမဝင်တော့ဘဲ ပိုင်ရှင်က သိသွားပြီဖြစ်သောကြောင့် ၎င်းကို ပြန်ပေးရာတွင် ပြဿနာမရှိပေ။

“တကယ်ပဲ… ဧရာမ ဝေလငါး နတ်ဘုရားစွမ်းအင် ပန်းချီကားက ရှင့်လက်ထဲ ရောက်သွားတာကိုး။” စစ်ခုန်းဟွမ်က မအံ့သြဘဲ မနေနိုင်ခဲ့။

ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်ချီကား ခိုးယူမှုသည် အသေးအဖွဲကိစ္စမဟုတ်ပေ။ ဧရာမဝေလငါးဂိုဏ်းတစ်ခုလုံးကို ဇောက်ထိုးလှန်ပြီး ရှာဖွေခဲ့သော်လည်း သူတို့ မအောင်မြင်ခဲ့ပါ။ စစ်ခုန်းဟွမ်က ထိုပန်းချီကားကို မုန့်စန်းဆီမှာ အဆုံးသတ်နိုင်ခြေများဆုံးလို့ ထင်ခဲ့ပြီး ပြန်မရနိုင်တော့တဲ့အတွက် သူတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ ဒီကိစ္စကို စွန့်လွှတ်ခဲ့ကြရသည်။

မုန့်စန်းကတော့ ခန်းမခေါင်ဆောင်တစ်ယောက်က ယူသွားတယ်လို့ ထင်ခဲ့သည်။

သို့သော် ထိုထင်ကြေးများနှင့် ဆန့်ကျင်ပြီး ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်ချီကားသည် နှစ်ဖက်စလုံး၏လက်ထဲသို့ မရောက်ခဲ့ဘဲ ခပ်လျှိုလျှိုနေတတ်သော အဂ္ဂိရတ်ပညာရှင်၏ လက်ထဲသို့ ရောက်သွားခဲ့သည်။ ဒါက တကယ့်ကို တိတ်တဆိတ် ကံကောင်းခြင်းပင်။

"အဲဒီနေ့က ခိုးယူခံရတဲ့ တစ်ခုတည်းသောပစ္စည်းက ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်ချီကား တစ်ခုတည်းပဲ။ တွဲဖက်ကျင့်ကြံတဲ့ နည်းပညာမပါရင် အပြင်လူတွေအတွက်တော့ သိပ်အသုံးမဝင်ဘူး။ ဒါပေမယ့် သူက ဧရာမဝေလငါး နည်းပညာကို ဒီပုံတစ်ပုံတည်းကနေပဲ သင်ယူနိုင်ခဲ့တယ်။" တစ်ချိန်တည်းမှာပင် စစ်ခုန်းဟွမ်သည် စူးချန်ခုန်း၏ အရည်အချင်းကြောင့် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။

နတ်ဘုရားစွမ်းအင်ပန်ချီကားတစ်ခုတည်းမှ ဧရာမဝေလငါး နည်းပညာကို သင်ယူရန်မှာ သူ၏ဖခင်ပင်လျှင် ထိုကဲ့သို့သော အရည်အချင်းများနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းရှိမည်မဟုတ်ပါ။

"ရှင်က ဘယ်သူလဲ။ ဒီလိုခွန်အား ဒီလိုကျွမ်းကျင်မှုတွေနဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး ကျွန်မတို့ရဲ့ ဧရာမဝေလငါးဂိုဏ်းကို ဘာလို့ ဝင်ခဲ့တာလဲ" စစ်ခုန်းဟွမ်သည် စူးချန်ခုန်းကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ သူ့ထက်ငယ်တဲ့ ဒီလူငယ်လေးဟာ သူ၏စွမ်းရည်ကို အလွန်နက်နက်နဲနဲ ဖုံးကွယ်ထားခဲ့သည်။

ဒါကလည်း စစ်ခုန်းဟွမ် သိချင်နေသည့် အရာပင်။ သူက မိတ်ဆွေလား ရန်သူလား။

စူးချန်ခုန်းက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။ "သခင်မလေး၊ ဒါက သခင်မလေးထင်သလောက် မရှုပ်ထွေးပါဘူး။ ကျွန်တော် ဧရာမဝေလငါးဂိုဏ်းထဲကို လိမ်ညာလှည့်စားပြီး ဝင်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော်က မဖွံဖြိုးတဲ့ နေရာတစ်ခုက လူတစ်ယောက်ပါ။ အဲ့တာထက် မပိုပါဘူး။ ဂိုဏ်းထဲဝင်ရတာက အဂ္ဂိရတ်ပညာနဲ့ ကိုယ်ခံပညာ လေ့ကျင့်မှုရဲ့ ငြိမ်းချမ်းမှုကို နှစ်သက်တာကြောင့်ပါ။"

စူးချန်ခုန်းသည် သူ၏နေအိမ်အား ဆိတ်ညံကျွဲနွားရွာမှ ဖြစ်ကြောင်း သတင်းအမှား ပို့ခဲ့သော်လည်း ချင်းရွှေမြို့ ဝန်းကျင်ဧရိယာသည် ဓားပြများနှင့် ဆင်းရဲမွဲတေလှသော နယ်မြေဖြစ်သောကြောင့် ၎င်းသည် လုံးလုံးလိမ်ညာခြင်းမဟုတ်ရပါ။

စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းတွင် သူ၏ အဂ္ဂိရတ်ပညာကို မြှင့်တင်ရန်နှင့် ဆေးပြားများ အလကားရရန် ရည်ရွယ်ချက်ဖြင့်သာ ဂိုဏ်းထဲဝင်ခဲ့ခြင်းပင်။

“အဲ့လိုလား…” စစ်ခုန်းဟွမ်သည် ထိုကဲ့သော နေရာလေးမှ ထူးချွန်သော သိုင်းပညာရှင်တစ်ဦး ပေါ်ထွက်လာနိုင်သည်ကို မယုံနိုင်သေးသော်လည်း စူးချန်ခုန်းက စိတ်ရင်းမှန်ဖြင့် ပြောဆိုခဲ့ပြီး သူသည် ဧရာမဝေလငါးဂိုဏ်းသို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် ဝင်လာတာဟု ခံစားရသည်။

မဟုတ်ပါက သူသည် ဆေးပြားကို အဆိပ်ခတ်ရန် ငြင်းဆန်ပြီး ဧရာမဝေလငါးဂိုဏ်းမှ ထွက်ခွာရန် ရွေးချယ်ခဲ့သောကြောင့် မုန့်စန်း၏ အမဲဖျက်ခြင်းကို ခံခဲ့ရမည်မဟုတ်။ ရန်သူ၏ရန်သူက မိတ်ဆွေပင်။

ထိုအတွေးဖြင့် စစ်ခုန်းဟွမ်က "ဆရာစူး၊ အမှန်အတိုင်းပြောရရင် ဆရာ့ကို ကျွန်မနဲ့အတူ ဧရာမဝေလငါးဂိုဏ်းကို ပြန်လိုက်ခဲ့ပြီး မုန့်စန်းနဲ့အတူတူ ရင်ဆိုင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ။"

စစ်ခုန်းဟွမ်က စကားပြောနေစဉ် စူးချန်ခုန်းသည် မျက်မှောင်ကြုတ်သွားလေ၏။

သူ နောက်ဆုံးတော့ ဧရာမဝေလငါးဂိုဏ်းက ထွက်လာခဲ့ပြီကို အခုပဲ ပြန်လာစေချင်နေတာလား။

စူးချန်ခုန်းသည် မုန့်စန်းကို လက်စားချေလိုသည့် ပြင်းပြသော ဆန္ဒကို ဆုပ်ကိုင်ထားသော်လည်း "လူကြီးလူကောင်း၏ ကလဲ့စားချေမှုသည် ဆယ်နှစ်ကြာပြီးနောက်တွင်ပင် အချိန်မနှောင်းသေးပေ" ဟူသော ဆိုရိုးရှိသည်။ သူ၏လက်ရှိအင်အားဖြင့် ချီချန်းဟုန်ကို တစ်ယောက်တည်းနှင့်ရင်ဆိုင်ရသည်မှာ သူ၏ ကိုယ်ပိုင် ဓားချီစွမ်းအားကုန်သွားခဲ့ပြီး စစ်ခုန်းဟွမ်၏အကူအညီဖြင့်သာ သူ့ကိုခုတ်ထစ်နိုင်ခဲ့သည်။

မုန့်စန်း၏ အင်အားသည် ချီချန်းဟုန်ထက် များစွာသာလွန်နေမည်မှာ အသေချာပင်။ စူးချန်ခုန်းသည် သေသေကြေကြေနှင့် အလျင်စလို ရုန်းကန်ခြင်းထက် ယနေ့ဖြစ်ရပ်များအတွက် လက်စားချေမီ မုန့်စန်းအား အပြည့်အဝ အနိုင်ယူနိုင်ကြောင်း သေချာစေရန် နောက်ထပ် ကျင့်ကြံဖို့ နှစ်အနည်းငယ် စောင့်နိုင်သည်။

ထို့ကြောင့် စူးချန်ခုန်းက လိမ္မာပါးနပ်စွာ ငြင်းဆိုလိုက်လေ၏။ "ငါ့ရဲ့ ခွန်အားက တော်တော်လေး အတင့်အသင့်ပါပဲ။ ကျွန်တော်ပါရင်တောင် သိပ်ပြောင်းလဲမှာ မဟုတ်ဘူး။ အခုတော့ ကျွန်တော် ကောင်းကောင်း အနားယူချင်တယ်"

"ရှင်က ချီချန်းဟုန်ကို အလယ်ကနေ ထက်ခြမ်းခြမ်းလိုက်တာကိုများ တော်တော်လေး အတင့်အသင့်ပဲလို့ ဆိုတယ်ပေါ့"

စစ်ခုန်းဟွမ်လည်း ပြောစရာစကားပျောက်ရှနေလေပြီ။ တော်တော်လေး အတင့်အသင့်ပါပဲတဲ့။ အတည်ပေါက်ကြီး ပြောနေတာလား။

ချီချန်းဟုန်သည် ဧရာမဝေလငါးဂိုဏ်းတွင် ထိပ်တန်းကျွမ်းကျင်သူ ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။ စူးချန်ခုန်းသည် သူနှင့်တန်းတူ တိုက်ခိုက်နိုင်ခြင်းကြောင့် သူ၏ ခွန်အားက ဂိုဏ်းအတွင်း သိသာထင်ရှားသော တာဝန်များကို ထမ်းဆောင်နိုင်သည်ဟု ဆိုလိုသည်။

စစ်ခုန်းဟွမ်က သူ့ကိုယ်သူ ချီချန်းဟုန်ထက် သန်မာတယ်လို့ ယူဆထားပေမယ့် သူ့ကို တိုက်ရိုက် တိုက်ခိုက်ရင် သူ့ကို ဖြုတ်ချနိုင်ဖို့ မလွယ်ပါ။

တစ်ချိန်တည်းမှာပင် စစ်ခုန်းဟွမ်သည် စူးချန်ခုန်း၏ စိတ်နေစိတ်ထားကို အနည်းငယ် သဘောကျမိသည်။ အသက်ငယ်သော်လည်း သူ့အတွေးက အလွန်ရင့်ကျက်သည်။ မုန့်စန်းလိုက်တာကို ခံရပြီးနောက် အခြားမည်သူမဆို မုန့်စန်းအား လက်စားချေရန်အတွက် လက်တွဲခေါ်သည့် သူ၏ ဖိတ်ကြားချက်ကို လက်ခံနိုင်ဖွယ်ရှိသည်။

သို့သော် စူးချန်ခုန်းက ငြင်းဆန်ရန် ရွေးချယ်ခဲ့သည်။

စစ်ခုန်းဟွမ်က စဉ်းစားချင့်ချိန်လိုက်သည်။ “ရှင် နတ်ဘုရားစွမ်းအင်ပန်ချီကားထဲကနေ ဧရာမ ဝေလငါး အတတ်ပညာကို ကောက်ချက်ချခဲ့တာ မဟုတ်လား”

“ဟုတ်ကဲ့။” စစ်ခုန်းဟွမ်သည် ဧရာမဝေလငါးစွမ်းရည်အကြောင်း ပြောမှသာ စူးချန်ခုန်းက သဘောတူကာ ခေါင်းညိတ်ခဲ့သည်။ ကုသနေစဉ်အတွင်း သူအသုံးပြုခဲ့သော ဧရာမဝေလငါးစွမ်းရည်ကို စစ်ခုန်းဟွမ် မြင်တွေ့ခဲ့ရသည်။

စစ်ခုန်းဟွမ်သည် စူးချန်ခုန်းကို အာရုံစိုက်ပြီးကြည့်ကာ ဆိုလေ၏။ "ဧရာမဝေလငါးအတတ်က ကျွန်မတို့ဂိုဏ်းရဲ့ အနှိုင်းမဲ့နည်းပညာဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်အတွက်သာ သီးသန့်ထားရှိတာပါ။ ဂိုဏ်းတစ်ခုလုံးမှာ ကျွန်မအဖေကလွဲပြီး အစ်ကိုကြီးတောင် အဲ့တာကို တစ်ခါမှ မလေ့လာဖူးဘူး။"

All Chapters