← Chapters

ဝေလငါးစွမ်းရည်ငါးခု။ စစ်မှန်သော ချီစွမ်းအင်၏ ဒုတိယစီကြောင်း! (၂)

Vol. 11 Ch. 157

ဝေလငါးစွမ်းရည်ငါးခု။ စစ်မှန်သော ချီစွမ်းအင်၏ ဒုတိယစီကြောင်း! (၂)

Vol. 11 Ch. 157

စူးချန်ခုန်းသည် ဝူချင်းရှီနှင့် လိပ်အသက်ရှူနည်းပညာကို နေ့တိုင်းလေ့ကျင့်ရန် မမေ့ခဲ့ပါ။ သူသည် အဂ္ဂိရတ်ပညာနှင့် ပန်းပဲပညာတွင် ကုန်ဆုံးခဲ့သောအချိန်ကို ယခုအခါ ဧရာမဝေလငါးနည်းပညာကို ကျင့်ကြံရန် လုံးလုံးလျားလျား မြှုပ်နှံထားသည်။

အချိန်ကြာလာသည်နှင့်အမျှ စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ် နေ့တိုင်းကြီးထွားလာသည်ကို ခံစားရသည်။ သူ၏ကြွက်သားများသည် ပိုမိုသန့်စင်လာပြီး ခွန်အားပြည့်လာခဲ့သည်။ သူ့တုံ့ပြန်မှုက ပိုမိုမြန်ဆန်လှသည်။ သူ့စွမ်းအားက ပိုမိုကြီးမားလာသည်။ သူသည် ပိုမိုမြင့်မားသောအဆင့်သို့ တက်လမ်းနေလေ၏။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်လကျော် ကြာသွားခဲ့လေပြီ။

တိတ်ဆိတ်နေသည့် ခမ်းနားကြီးကျယ်သော ခန်းမကြီးထဲတွင် မီးတိုင်များ၏ တောက်ပသော အလင်းရောင်များကြောင့် အတွင်းဆောင်ကို ထိန်ထိန်လင်းစေ၏။

"ဘုန်း!"

စူးချန်ခုန်းသည် ငြိမ်သက်စွာ တရားထိုင်ရင်း ဧရာမဝေလငါးနည်းပညာ၏ အသက်ရှုနည်းပညာကို လေ့ကျင့်နေ၏။ သမုဒ္ဒရာလှိုင်းတံပိုးများ၏ အသံနှင့် မိုးခြိမ်းသံများက သူ့ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။

စူးချန်ခုန်း၏ခန္ဓာကိုယ်အတွင်းတွင် အပြာရောင် ချီစွမ်းအင်အစဉ်တန်းသည် တဖြည်းဖြည်း ဖြစ်ပေါ်လာ၏။ ဤသည်မှာ လိပ်အသက်ရှူနည်း ချီစွမ်းအင်နှင့် ဧရာမဝေလငါးချီစွမ်းအင်တို့၏ ထူးခြားသော ချီစွမ်းအင် အနှစ်သာရ ဒုတိယစီးကြောင်းဖြစ်သည်။

ချီစွမ်းအင်စီးကြောင်းနှစ်ခုစလုံးသည် အပြာရောင်ဖြစ်သော်လည်း ၎င်းတို့၏ ဂုဏ်သတ္တိများမှာ လုံးဝကွဲပြားသည်။ လိပ်အသက်ရှူနည်းချီစွမ်းအင်သည် အပြာရောင်ဖျော့ဖျော့ အရောင်အဆင်းရှိသော်လည်း ငြိမ်သက်ထူထပ်ကာ တသွင်သွင် စီးဆင်းနေသော စမ်းချောင်းကလေးကဲ့သို့ပင်။

တစ်ဖက်တွင်မူ အပြာရောင် ဧရာမဝေလငါး ချီစွမ်းအင်သည် ပြင်းထန်ပြီး လွမ်းမိုးမှုရှိကာ ဒေါသတကြီး လှိုင်းလုံးကြီးများက ၎င်း၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဝါးမျိုးနိုင်စွမ်းရှိသော သမုဒ္ဒရာရေနဲ့ဆင်တူသည်။

ဧရာမဝေလငါးနည်းပညာ (တတိယအဆင့် အပြည့်အဝ နားလည်မှု ၁%)

ခက်ခဲကြမ်းတမ်းသော လေ့ကျင့်မှုတစ်လတာအတွင်း ဆေးပြားအမြောက်အမြား၊ အစားအစာများ၊ ကျင့်ကြံနည်းအပြည့်အစုံနှင့်အတူ စူးချန်ခုန်း၏ ဧရာမဝေလငါးနည်းပညာ၏ လျှပ်စီးကြောင်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။ တစ်လအတွင်း သူသည် ဒုတိယနယ်ပယ်မှ တတိယနယ်ပယ်သို့ အဆင့်တက်နိုင်ခဲ့ပြီး ဧရာမဝေလငါးချီစွမ်းအင်ကို ကျင့်ကြံနိုင်ခဲ့သည်။

ထိုသို့သော အရှိန်သည် လူတို့ကို အံသြသွားစေလောက်သည်မှာ အမှန်ပင်။

"ကံကောင်းတယ်... ငါ့လိပ်အသက်ရှူနည်း ချီစွမ်းအင်က အေးဆေးတည်ငြိမ်ပြီး ငြိမ်းချမ်းလို့။ တိုက်လည်းမတိုက်သလို ပြိုင်လည်းမပြိုင်ဘူး။ အဲ့တာက ဧရာမဝေလငါးချီစွမ်းအင်နဲ့ ရန်မတွေ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ချီစွမ်းအင်အမျိုးအစားနှစ်ခုက တူညီတဲ့ဇစ်မြစ်တွေရှိပြီး အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်နိုင်တယ်!"

ထို့နောက် စူးချန်ခုန်းသည် ချီစွမ်းအင်အကြား ပဋိပက္ခမရှိသောကြောင့် စိတ်သက်သာရာရကာ သက်ပြင်းအနည်းငယ် ချလိုက်လေသည်။

ချီစွမ်းအင်အမျိုးအစားများစွာ ပိုင်ဆိုင်သည့် ကိုယ်ခံပညာရှင်တစ်ဦးသည် ကောင်းသောကိစ္စမဟုတ်ပေ။ စစ်မှန်သော ချီစွမ်းအင်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နီးပါက ထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်သည်။

စူးချန်ခုန်း ကျင်ကြံခဲ့သော လိပ်အသက်ရှူနည်းပညာသည် ရေဒြပ်စင်ဖြစ်သည်။ သူသာ မီးတောက်နီအတတ်ကို ကျင်ကြံခဲ့မည်ဆိုလျှင် သူတို့နှစ်ခု ခိုက်ရန်ဖြစ်နိုင်သည်။

ဧရာမဝေလငါး ချီစွမ်းအင်သည် ဧရာမဝေလငါးနည်းပညာမှ ကျင်ကြံထားပြီး ရေနှင့်သက်ဆိုင်သောကြောင့် ယခုလို စိုးရိမ်ဖွယ်ရာ မရှိပေ။

“တောက်!”

စူးချန်ခုန်းသည် ညာလက်၏ လက်ခလယ်နှင့် လက်ညိုးကို စုပြီး လက်ညိုးတောက်လိုက်ရာ ၎င်း၏ ထိပ်ဖျားတွင် ရေစက်လေးတစ်စက်ကဲ့သို့ မိုးပြာရောင် ချီစွမ်းအင်ဟာ သိပ်သည်းပြီး တစ်ချက်တည်းတောက်လိုက်ရုံနှင့် သတ္တုကို ထိုးဖောက်နိုင်စွမ်းရှိသည်။

ဧရာမဝေလငါးနည်းပညာ၏ တတိယအဆင့်သို့ရောက်ပြီး ဧရာမဝေလငါးချီစွမ်းအင်ကို မွေးဖွားပေးသည့် ၎င်း၏အစွမ်းထက်သော စွမ်းအားကိုခံစားပြီးမှသာ ဧရာမဝေလငါးနည်းပညာတွင် ထူးခြားသော တစ်စုံတစ်ရာကို ရရှိခဲ့သည်ဟုဆိုနိုင်ပါသည်။

“ဝှစ်!”

စူးချန်ခုန်းက သူ့လက်သီးကို ဆုပ်လိုက်သည်။ သူ့နှလုံးခုန်နှုန်း ပိုမြန်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ သွေးတွေ တဟုန်ထိုး စီးဆင်းလာကာ ချီစွမ်းအင်နှင့် သွေးများ တဟုန်ထိုး တက်လာ၏။ သူ့အရေပြားပေါ်တွင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ဖုံးလွှမ်းသွားတော့သည်။

လွန်ခဲ့သည့်တစ်လနှင့်နှိုင်းယှဉ်ပါက စူးချန်ခုန်း၏ ချီစွမ်းအင်နှင့် သွေးသည် ဧရာမဝေလငါးနည်းပညာကြောင့် စားသုံးခဲ့သော အစားအစာအများအပြားမှ အကျိုးကျေးဇူးများစွာရရှိခဲ့သည်။ အချိန်ကြာလာတာနဲ့အမျှ စုဆောင်းထားတဲ့ အာဟာရဓာတ်ကြွယ်ဝတဲ့ အသားတွေက သူ့ကို သွေးသန့်စင်စေပြီး ချီသွေးပြောင်းလဲခြင်းအဆင့် (၂) ကို ရောက်သွားခဲ့သည်။

သူ၏ ကိုယ်လုံးကိုယ်ထည်သည် ယခုအခါ ယခင်ကထက် ပိုမိုသန်မာလာခဲ့ပြီး ၎င်းက သေးငယ်သော တိုးတက်မှုတော့ မဟုတ်ပါချေ။

သူ့ရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး အပြောင်းအလဲတော့ မရှိပါ။ စူးချန်ခုန်းက သူ့ရဲ့ ချီစွမ်းအင်နဲ့ သွေးတို့ဟာ အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းမှု မရရှိခဲ့လို့ပဲဟု မှန်းဆရသည်။ သူသာ ချီသွေးဝံပုလွေမြူကို ကျင့်ကြံနိုင်ခဲ့ရင် သူ့ဘဝ သက်တမ်းက တစ်ကြိမ်ထပ်တိုးလောက်သည်။

"အခု ငါက လွန်ခဲ့တဲ့တစ်လလောက်ကထက် အများကြီး ပိုသန်မာလာပြီ။ အဲဒီတုန်းကသာ အခုလို အခြေနေမျိုး ငါ့မှာရှိခဲ့ရင် ဓားသွားကျင့်ကြံခြင်းအတတ်နဲ့ ငါတို့နှစ်ယောက်လုံး ပျက်စီးစရာမလိုဘဲ ငါ ချီချန်းဟုန်ကို သတ်နိုင်ခဲ့မှာ" စူးချန်ခုန်းသည် တစ်လကျော်ကြာ ဖြစ်ပျက်ခဲ့သော အသွင်ကူးပြောင်းမှုအပေါ် ပြန်လည်သုံးသပ်ခဲ့သည်။

ချီချန်းဟုန်နှင့် တိုက်ခိုက်ရာတွင် စစ်ခုန်းဟွမ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အပြန်အလှန် ပျက်ဆီးခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။ သို့ပေမယ့် အခု ချီချန်းဟုန်ကို ထပ်ပြီးရင်ဆိုင်ရပါက သေရမည့်အခြေအနေမျိုး ရောက်မှာမဟုတ်တော့။

"ဒေါက် ဒေါက်!"

အသက်ကို ခဏလောက်ထိန်းပြီးနောက် စူးချန်ခုန်း တံခါးခေါက်သံကြားလိုက်ရသည်။

"ဒီအချိန်မှာ ငါ့ကို ဘယ်သူကမှ နှောင့်ယှက်လေ့ မရှိပါဘူး။ စစ်ခုန်းဟွမ်များလား"

စူးချန်ခုန်းနိုးလာပြီး စစ်ခုန်းဟွမ် ဖြစ်လောက်သည်ဟု ခံစားလိုက်ရသည်။

ဒီလအတွင်း အာရုံစိုက်ခံရမှုမှ ရှောင်ရှားရန်အတွက် စစ်ခုန်းဟွမ်သည် စူးချန်ခုန်းထံ ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ခဲပါသည်။

စူးချန်ခုန်း တံခါးထဖွင့်လိုက်သောအခါ စစ်ခုန်းဟွမ်သည် ခန်းမကြီး၏ အပြင်ဘက်တွင် ရပ်နေလေ၏။

"ဟမ်? ရှင် သန်မာဖျတ်လတ်နေပုံရတယ်ရော။ အရင်လကထက် ပိုတက်ကြွလာသလိုပဲ။ အကျိုးအမြတ်တချို့ရခဲ့တဲ့ပုံပဲ။"

စူးချန်ခုန်းကို မြင်လိုက်သောအခါ စစ်ခုန်းဟွမ်၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာပြီး သူ့တွင် တိုးတက်မှု အနည်းငယ်မျှသာ မဟုတ်ကြောင်း သတိပြုမိသည်။

"တကယ်ကို အကျိုးအမြတ်ရခဲ့ပါတယ်။ ဝင်ခဲ့လေ။ စကားပြောကြရအောင်" စူးချန်ခုန်းက ခေါင်းညိတ်ပြပြီး စစ်ခုန်းဟွမ်ကို စကားဝင်ပြောဖို့ လမ်းဖယ်ပေးလိုက်သည်။

ခန်းမကြီးထဲ၌ စူးချန်ခုန်းက ပြုံးပြပြီး မေးလိုက်သည်။ "ဒုတိယသခင်မလေး၊ လိုအပ်တာတစ်ခုခုရှိလို့ ကျွန်တော့်ကို လာတွေ့တာလား"

“အမှန်ပဲ..ကိစ္စတစ်ခုရှိလို့…” စစ်ခုန်းဟွမ်၏ မျက်နှာပေါ်တွင် လေးနက်သော မျက်နှာထား ပေါ်လာလေ၏။ သူ့အသွင်ကိုကြည့်ရင်း စူးချန်ခုန်းသည် ထိုကိစ္စက သာမန်မဟုတ်သော အရာတစ်ခုဖြစ်ကြောင်း သိလိုက်သည်။ သူက ဘာစကားမျှ မဆိုဘဲ ဂရုတစိုက် နားထောင်နေ၏။

စစ်ခုန်းဟွမ်က စပြောလိုက်သည်။ "သုံးရက်ကြာရင် ဧရာမဝေလငါးဂိုဏ်းရဲ့ နှစ်ပတ်လည် စည်းဝေးပွဲကြီး ကျင်းပလိမ့်မယ်။ ထိပ်တန်းအဖွဲ့ဝင်တွေ အားလုံး တက်ရောက်ကြမှာ။ ဒါပေမယ့် အစ်ကိုကြီးရဲ့ ဒဏ်ရာက မသက်သာသေးလို့ ပွဲမတက်နိုင်သေးဘူး။ သူမတက်ရင် စစ်ခုန်းမိသားစု ခေါင်းဆောင်အဖွဲ့ကို ထောက်ပံ့တဲ့ တပည့်တွေ ယောက်ယက်ခတ်သွားရုံသာမက မုန့်စန်းက ပြဿနာမီးမွှေးဖို့ အခွင့်အရေးရသွားလိမ့်မယ်..အဲ့တာကြောင့် ကျွန်မ အစ်ကိုပွဲတက်မှ ဖြစ်မှာ။"

စစ်ခုန်းဟွမ်၏အစ်ကို စစ်ခုန်းကျန့်က ဂိုဏ်းခေါင်းဆောင်၏သားဖြစ်ပြီး ဧရာမဝေလငါးဂိုဏ်း၏ ခေါင်းဆောင်ငယ်လေးဖြစ်ကာ ရဲစွမ်းသတ္တိရှိပြီး ကြီးမားသောဂုဏ်ဒြပ်ဖြင့် ပြည့်စုံသူဖြစ်သည်။

သို့သော် ပင်လယ်ဓားမြတွေနဲ့ စစ်ဆင်ရေးတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ပြန်လာတဲ့အခါ စစ်ခုန်းဟွမ်က စူးချန်ခုန်းကို ချီစုစည်းခြင်း စိတ်ဝိညာဉ်နှလုံးကာဆေးပြားကို ဖော်စပ်ပေးဖို့ စူးချန်ခုန်းကိုတောင် တောင်းဆိုခဲ့ရာ ဒဏ်ရာ မည်မျှပြင်းထန်ကြောင်း ပြသနေ၏။ သူသည် ထိုစဉ်ကတည်းက သူ့အခန်းတွင် ပိတ်လှောင်နေခဲ့ပြီး တိတ်တဆိတ် အားပြန်ဖြည့်နေခဲ့သည်။

သို့ပေမယ့် ပြီးခဲ့တဲ့လက စစ်ခုန်းကျန့်ရဲ့ဒဏ်ရာတွေက မသက်သာသေးဘဲ သူ့ရဲ့လက်ရှိအခြေအနေက ဧရာမဝေလငါးဂိုဏ်းရဲ့ နှစ်ပတ်လည်စည်းဝေးပွဲကို တက်ရောက်ဖို့ သေချာပေါက် မဖြစ်နိုင်သေးချေ။

ခေါင်းဆောင်ငယ်လေး၏ ပျက်ကွက်ခြင်းသည် ဂိုဏ်းအတွင်း တုန်လှုပ်ချောက်ချားစေမည်မှာ အမှန်ပင်။

စစ်ခုန်းကျန့်သည် ဧရာမဝေလငါးဂိုဏ်း၏ နှစ်စဉ်အစည်းအဝေးကို မတက်ရောက်နိုင်သော်လည်း စစ်ခုန်းဟွမ်က သူတက်မှရမည်ဟုပြောခဲ့ပြီး ယခုသူသည် စူးချန်ခုန်းနှင့် ဤကိစ္စကိုဆွေးနွေးလို၏။ စူးချန်ခုန်းက စစ်ခုန်းဟွမ်ရဲ့ စိတ်ထဲမှာ ဘာတွေရှိလဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းမိပါသည်။

All Chapters