← Chapters

ဧရာမဝေလငါး လေရှုထုတ်ခြင်း။ ပရိသတ်ကို အံ့မခန်းဖြစ်စေခြင်း။ (၂)

Vol. 11 Ch. 163

ဧရာမဝေလငါး လေရှုထုတ်ခြင်း။ ပရိသတ်ကို အံ့မခန်းဖြစ်စေခြင်း။ (၂)

Vol. 11 Ch. 163

ဝမ်ယိ၏ ကျင့်ကြံမှုမှာ မြင့်မားသည်မဟုတ်ပါ၊ သွေးသန့်စင်ခြင်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှသာ ဖြစ်သေးသော်လည်း သူ၏ အချိန်ကိုက်နှင့် တိုက်ခိုက်မှုများမှာ အလွန်လိမ္မာပါးနပ်သည်။

ဝူချင်းရှီ။ ပျံဝဲကြိုးကြာ

စူးချန်ခုန်းသည် သူ၏ ထက်မြက်သော အာရုံနှင့်အတူ လေသံကို နားထောင်ပြီး နေရာများကို ပိုင်းခြားကာ မဆိုင်းမတွဘဲ သဘာဝလွန်နယ်ပယ်အဆင့်သို့ ရောက်ရှိခဲ့သည့် သူ၏ ကြိုးကြာပြကွက်ကို ထုတ်ပြလိုက်သည်။ သူ့ပုံစံက သွက်သွက်လက်လက်နှင့် ပျံသန်းနေပုံရပြီး ဝမ်ယိရဲ့ ခေါက်ယပ်တောင်က စူးချန်ခုန်းရဲ့ နောက်မှာကျန်ခဲ့တဲ့ ပုံရိပ်ကိုသာ ထိမှန်သွားခဲ့သည်။

"မကောင်းတော့ဘူး"

ဝမ်ယိ၏ နှလုံးသားလေး ဒိတ်ကနဲဖြစ်သွားသည်။ စူးချန်ခုန်း၏အသွင်သည် သူ့နောက်တွင် ပေါ်လာပြီးဖြစ်သည်။ သူသည် သူ၏ညာလက်ညိုးနှင့် လက်ခလယ်တို့ကို စုစည်းကာ ဝမ်ယိ၏နောက်ကျောဘက်သို့ ထိုးချလိုက်သည်။

"ဖောင်း"

စူးချန်ခုန်း၏လက်ချောင်းသည် ကျောက်ဆောင်မှကျလာသော အမှုန်အမွှားကဲ့သို့ ပေါ့ပါးပြီး တိတ်ဆိတ်နေသော်လည်း ထိုးဖောက်ဝင်ရောက်နိုင်သော တွန်းအားကို ပိုင်ဆိုင်ထားသည်။ အသားစုတ်ပြဲသံများကြားတွင် လက်ချောင်းအရွယ် သွေးသံရဲရဲ အပေါက်ကြီးသည် မြှားကဲ့သို့ ဝမ်ယိ၏ နောက်ကျောမှ ရင်ဘတ်ကို ထိုးဖောက်လိုက်ရာ သွေးစီးကြောင်းများ ထွက်လာသည်။ သူ့နှလုံးကို ထိုးဖောက်ခံလိုက်ရပြီဖြစ်သည်။

ဝမ်ယိ၏ မျက်လုံးများတွင် မကျေနပ်မှုတို့ အထင်းသား။ သူဟာ ဧရာမဝေလငါးဂိုဏ်းထဲမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့သူလို့ ယူဆရပြီး သူ့ရှေ့မှာ အလားအလာရှိတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသည်။ ယခုမူ မုန့်စန်း၏ အမိန့်ကို လိုက်နာရင်း ဤနေရာတွင် သူ အသက်ဆုံးရှုံးခဲ့ရလေပြီ။

စူးချန်ခုန်းသည် လက်တစ်ချောင်းတည်းဖြင့် ဝမ်ယိကို သတ်လိုက်ပြီးနောက် မြေပြင်မှ မထနိုင်သော လေ့ဇီကျန်းကို အပြီးသတ်ရန် ပြင်ဆင်လိုက်သည်။

"တော်လောက်ပြီ!"

ထိုအချိန်တွင် မိုးခြိမ်းသံတမျှ ကျယ်လောင်သောတစ်ခု ထွက်ပေါ်လာ၏။ မုန့်စန်း ရုတ်တရက် ထရပ်လိုက်လေပြီ ။

အခုဝင်ပါလိုက်တာက သူ၏ပါဝင်ပတ်သက်မှုအား အတည်ပြုလိုက်သလို ဖြစ်သွားသော်လည်း ဝမ်ယိနှင့် လေ့ဇီကျန်းတို့ ရှုံးနိမ့်သွားပြီး တစ်ဦးသေဆုံးကာ အခြားတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။ ဒါကိုမှ သူမလှုပ်ရှားသေးဘဲ စူးချန်ခုန်းက လေ့ဇီကျန်းကိုလည်း သတ်ပစ်လိုက်မည်ဆိုပါက သူ့နောက်လိုက်များကို ကြောက်လန့်စေမည်ဖြစ်သည်။ ထို့ကြောင့် မုန့်စန်း စောင့်ကြည့်မနေနိုင်တော့ဘဲ ထရပ်လာသည်။ သူ့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ဖို့ လိုသည်။

စူးချန်ခုန်းသည် မုန့်စန်းကို လျစ်လျူရှုပြီး ချောင်းတဆိုးဆိုးနှင့် သွေးများထွက်ကာ ကြောက်ကြောက်လန်လန့်ဖြင့် နောက်ပြန်တွားရန် ရုန်းကန်နေသော လီဇီကျန်းဆီသို့ တည့်တည့် လျှောက်သွားသည်။

စူးချန်ခုန်းသည် ငဲ့ညှာမှုမပြသောကြောင့် မုန့်စန်း၏ မျက်လုံးများအား အေးစက်သွားစေ၏။ သူသာ နှစ်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေသော စစ်ခုန်းယုံကို အနည်းငယ် စိုးရိမ်လို့ မဟုတ်ပါက အဘယ်ကြောင့် ဤမျှလောက် သည်းခံနေရမည်နည်း။ ဒါပေမယ့် အခု ဒီလူငယ်လေးက သူ့ကို လုံးလုံးလျားလျား လျစ်လျူရှုရဲတယ်ပေါ့။

"ဘုန်း!"

မုန့်စန်းသည် သာမာန်မျက်လုံးများကို မြင်နိုင်သည်ထက် သာလွန်သော အရှိန်အဟုန်ဖြင့် ရုတ်တရက် လှုပ်ရှားကာ စူးချန်ခုန်းကို ကြားဖြတ်ပြီး သူ၏ ညာဖက်လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ ဤရိုးရှင်းသော လက်ဖဝါးရိုက်ချက်သည် တောင်များနှင့် မြစ်များကို ပြိုကျနိုင်သည့် ဖိနှိပ်ချုပ်ချယ်သည့် အင်အားကို သယ်ဆောင်လာ၏။

ဒီ မုန့်စန်းက.. အရင်က ချီချန်းဟုန်ထက် အများကြီး ပိုသန်မာတယ်။ အဆင့်တစ်ခုထက် ပိုတယ်။

လှုပ်ရှားမှုတိုင်းတွင် သူသည် ချီချန်းဟုန်၏ ပေါက်ကွဲစွမ်းအား အပြည့်ရှိသည်။

ဧရာမဝေလငါစွမ်းရည်ငါးခု။ ဝေလငါး ရေရှူသွင်းခြင်း။

စူးချန်ခုန်းသည် သတိမလွတ်ရဲပေ။ သူသည် ချက်ချင်းပင် ပါးစပ်ကိုဖွင့်ကာ ပြင်းစွာအသက်ရှုသွင်းကာ ဝေလငါစွမ်းရည်ငါးခုအတွင်းရှိ အတွင်းအား ဝေလငါးနည်းပညာကို အကောင်အထည်ဖော်လိုက်သည်။

“ဂျွတ် ဂျွတ် ဂျက် ဂျက်”

ပတ်ဝန်းကျင်လေထုက တဟုန်ထိုး တက်လာပြီး ထုထည်ကြီးမားသော လေထုထည်ကြီးသည် စူးချန်ခုန်း၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရပြီး သူ့ပတ်ဝန်းကျင်ကို လေဟာနယ်အဖြစ်သို့ ပြောင်းလဲသွားစေသည်။ သူ့ခန္ဓာကိုယ်သည် အရိုးသံများ တဂျွတ်ဂျွတ်ဖြင့် အရပ်ရှည်လာပြီး ပေတစ်ဝက်ခန့် မြှင့်လာကာ ကြွက်သားများ ဖောင်းကားလာသည်။ ကြီးကျယ်ခမ်းနားသော ရောင်ဝါတစ်ခု ပျံ့နှံ့သွားလေ၏။ လေထုသည် လျှပ်စီးကြောင်းများနှင့် မိုးခြိမ်းသံများနှင့်အတူ အက်ကွဲနေပုံရသည်။

ဝေလငါး ရေရှူသွင်းခြင်း နည်းပညာသည် ခန္ဓာကိုယ်တွင်းထဲသို့ ပြင်ပအားများကို ဆွဲသွင်းပြီး ချီစွမ်းအင်ကို ကန့်သတ်ချက်တစ်ခုအထိ တွန်းပို့ကာ ခေတ္တလည်ပတ်စေပြီး ခန္ဓာကိုယ်အား ၎င်း၏ ပုံမှန်စွမ်းဆောင်ရည်ထက် ခွန်အားနှင့် အရှိန်တို့ကို သိသိသာသာ တိုးမြင့်စေသည်။ သို့သော်လည်း အချိန်ကြာကြာ ထိန်းသိမ်းထားလေလေ ခန္ဓာကိုယ်ကို ဒဏ်ဖြစ်စေလေလေဖြစ်သည်။

မုန့်စန်းကို ရင်ဆိုင်ရတော့ စူးချန်ခုန်း သတိမမူဝံ့ပေ။

အဆုံးမဲ့ဒေါသပင်လယ်။

စူးချန်ခုန်းသည် သူ၏ ခြေလက်များနှင့် ခန္ဓာကိုယ်တွင် မကုန်ခမ်းနိုင်သော အင်အားများဖြင့် ပြည့်နေပြီး ပင်လယ်လေးခုကို မျိုနိုင်သည့် ဝေလငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသလို ခံစားရသည်။ သူက အခုလေးတင် ဖြန့်ကျက်ထားတဲ့ ညာလက်မောင်းကို လှည့်လိုက်ပြီး လေထုကို လှိုင်းထစေတဲ့ လက်သီးတစ်လုံး ပစ်ကျွေးလိုက်သည်။

“ဝုန်း”

လက်သီးနှင့် တိုက်မိခြင်းသည် အမြောက်ကျည် ပေါက်ကွဲသကဲ့သို့ ကြမ်းပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါပြီး အကောင်းမွန်ဆုံးသော ကြွေပြားများကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။ ဧရာမဝေလငါးဂိုဏ်းမှ တပည့်များစွာတို့သည် လွှင့်စင်သော အပျက်အစီးများ ထိမှန်ခံရပြီး မချိမဆန့်အောင် နာကျင်သွားသည့်အတွက် သူတို့၏ ဦးခေါင်းများကို အလျင်အမြန် ကာလိုက်ကြသည်။

"ဧရာမဝေလငါးနည်းပညာလား"

၎င်းက စစ်ခုန်းယုံသာသိသော ဧရာမဝေလငါးနည်းပညာ ဖြစ်သည်ကို မှတ်မိသွားပြီး မုန့်စန်း၏သူငယ်အိမ်များသည် ကျုံ့သွားလေ၏။ စစ်ခုန်းကျန့်က ဧရာမဝေလငါးနည်းပညာကို ဘယ်တုန်းက သင်လိုက်တာလဲ။

"မုန့်စန်းက တကယ်ကို ပါမွှားမဟုတ်ဘူးပဲ။" စူးချန်ခုန်းလည်း ထိတ်လန့်သွားသည်။ သူသည် ဝေလငါးရေရှုသွင်းခြင်းနည်းပညာကို အထွတ်အထိပ်သို့ လွှတ်တင်ခဲ့ပြီး ၎င်း၏ စွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ ပေါက်ကွဲစေခဲ့သော်လည်း မုန့်စန်းက သူ၏ လက်သီးကို ထိပ်တိုက်ရင်ဆိုင်ကာ ခြေတစ်လှမ်းမှ မဆုတ်ဘဲ မတ်မတ်ရပ်နိုင်လေ၏။

ဧရာမ ဝေလငါး လေရှူထုတ်ခြင်း။

မဆိုင်းမတွပင် စူးချန်ခုန်းပါးစပ်ကို ဖွင့်လိုက်သည်။ သူ၏စစ်မှန်သော ချီစွမ်းအင်သည် ရှူသွင်းလိုက်သောလေနှင့် ရောနှောကာ တိမ်များကို မှုတ်ထုတ်နိုင်စွမ်းရှိသော ဝေလငါးတစ်ကောင်ကဲ့သို့ လွင့်ထွက်လာလေ၏။ ပြင်းထန်သော ချီစွမ်းအင်စီးကြောင်းသည် တဟုန်ထိုး အရှိန်အဟုန်ဖြင့် ထွက်လာကာ အနီးနားတွင်ရှိသော မုန့်စန်းကို တိုက်ခိုက်လိုက်သည်။

ဤတိုက်ခိုက်မှုသည် တန်ထောင်ပေါင်းများစွာသော ဧရာမကျောက်တုံးကြီး၏ အစိတ်စိတ်အမွှာ ကွဲကြေသွားစေနိုင်သည်။

မုန့်စန်း၏ မျက်လုံးများ မှေးကျဉ်းသွားပြီး ထူထပ်သော ချီစွမ်းအင်နှင့် သွေးများက နေကို ဖုံးလွှမ်းရန် ခြိမ်းခြောက်နေသည့် မြူခိုးထူးများကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်လေ၏။ ၎င်းက နဂါးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလုနီးပါးပင်။ သူ့အင်္ကျီလက်ကို ဝှေ့ယမ်းရင်း သူ့ထံဝင်ရောက်လာသော ချီစွမ်းအင်၏ ပေါက်ကွဲမှုကို ရင်ဆိုင်လိုက်သည်။

“ရား!”

ဟောက်သံများကြားတွင် စူးချန်ခုန်းမှ ထုတ်လွှတ်ခံရသော ချီစွမ်းအင်များသည် မုန့်စန်း၏ အင်္ကျီလက်တွင် စုပုံထားသော ချီစွမ်းအင်နှင့် သွေးများကြောင့် ပြင်းထန်စွာ ပျောက်ကွယ်သွားသည်။ ပြန့်ကျဲနေသော ချီစွမ်းအင်များသည် အရပ်ရပ်သို့ ခုန်ထွက်သွားကာ မြေပြင်ကို လှုပ်ခတ်စေပြီး လူဦးခေါင်းအရွယ်ရှိ မီးတောင်ပေါက်ဝကြီး ပေါက်ကွဲကာ သံမဏိပင်များကို ပုံသဏ္ဍာန်ပျက်ကာ တွန့်လိမ်သွားစေသည်။

စူးချန်ခုန်းအား နောက်ပြန်ဆုတ်သွားစေပြီး သူ့ ချီစွမ်းအင်နှင့် သွေးတွေ ယောက်ယက်ခတ်နေလေ၏။

သို့ပေမယ့် မုန့်စန်းသည်လည်း အပြည့်အဝ လွှမ်းမိုးနိုင်သူ မဟုတ်ပါပေ။ သူ့အင်္ကျီလက်များ ပေါက်ကွဲသွားကာ စုတ်ပြဲနေသော အပိုင်းအစများသည် လိပ်ပြာများကဲ့သို့ လွင့်ပျံသွားပြီး သူ့လက်ကောက်ဝတ်များနှင့် လက်များကို ပေါ်လွင်သွားစေသည်။

ဒီမြင်ကွင်းကို ခန်းမထဲကလူတိုင်း အံ့အားသင့်သွားကြသည်။

"ဒု… ဒုဂိုဏ်းခေါင်းဆောင်နဲ့ ခေါင်းဆောင်ငယ်လေးတို့ ကိုယ်တိုင် တိုက်နေကြတာလား။ အရမ်းသန်မာတာပဲ…”

ခန်းမထဲက ဧရာမဝေလငါးဂိုဏ်းရဲ့ ထိပ်တန်းတပည့်တွေအကုန် ပါးစပ်အဟောင်းသားနှင့်။

ယနေ့ညပွဲသည် လူတိုင်း၏မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့လေပြီ။ ဂိုဏ်းခေါင်းဆောင်ငယ်လေး စစ်ခုန်းကျန့်နှင့် ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်းတို့ကြားတိုက်ပွဲသည် ထိုညက ဧရာမဝေလငါးဂိုဏ်း ပြောင်းလဲသွားခဲ့သည့် အဖြစ်အပျက်ကို အစပျိုးစေနိုင်သည်။

“ဒုဂိုဏ်းခေါင်းဆောင်… ကယ်ပါဦး”

All Chapters