ဧရာမဝေလငါး လေရှုထုတ်ခြင်း။ ပရိသတ်ကို အံ့မခန်းဖြစ်စေခြင်း။ (၃)
Vol. 11 Ch. 164
ထိုအချိန်တွင် အချက်ပေးသံ အော်ဟစ်အကူအညီတောင်းသံ ထွက်ပေါ်လာပြီး လေ့ဇီကျန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ဘေးတွင် လွှဓားသွားကိုကိုင်ထားသည့် စစ်ခုန်းဟွမ် ရပ်နေလေ၏။
"ရပ်လိုက်"
မုန့်စန်းက ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။
"ကျစ်!"
သို့သော် စစ်ခုန်းဟွမ်က မထိန်းထားဘဲ ကြီးမားသော လွှဓားကို လွှဲရမ်းလိုက်သဖြင့် လေ့ဇီကျန်း၏ အော်သံများသည် လည်ပင်းမှ ပြတ်တောက်သွားကာ ခေါင်းတခြား ကိုယ်တခြားဖြစ်လျက် ရုတ်ခြည်းအဆုံးသတ်သွားလေ၏။ သူ့ခေါင်းက ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားခဲ့သည်။
“မင်း…” မုန့်စန်း၏ မျက်လုံးများသည် ဒေါသကြောင့် နီရဲလာသည်။ စစ်ခုန်းဟွမ်သည် သူ စူးချန်ခုန်းနှင့် အပြန်အလှန် ထိုးနှက်နေချိန်တွင် အခြေအနေကို အခွင့်ကောင်းယူပြီး လေ့ဇီကျန်း၏ ခေါင်းကို ဖြတ်ခဲ့သည်။။ သူကြားဝင်စွက်ဖက်ခဲ့သော်လည်း လေ့ဇီကျန်းကို မကယ်တင်နိုင်ခဲ့သည်မှာ သေချာပေါက် ရှုံးနိမ့်မှုတစ်ခုဖြစ်သည်။
စစ်ခုန်းဟွမ်၏ မျက်နှာသည် မလိုမုန်းထားသည့် အကြည့်ဖြင့် "မုန့်စန်း၊ ကျွန်မ အစ်ကိုကြီးအပေါ် လက်တင်ရဲတယ်ပေါ့။ ရှင်ပုန်ကန်ဖို့ ကြိုးစားနေတာလား။"
မုန့်စန်း၏ မျက်နှာထား ပြောင်းလဲသွားလေ၏။ သူသည် ဧရာမဝေလငါးဂိုဏ်းကို သိမ်းပိုက်လိုသော်လည်း ရာဇပလ္လင်ကို သိမ်းပိုက်ရန် ကြံစည်မှုသည် တရားဝင်မှု သို့မဟုတ် သိမ်းသွင်းနိုင်မှု မရှိပေ။ သူအောင်မြင်နိုင်မလားဆိုတာ မပြောနိုင်ပေမယ့် သူအောင်မြင်ခဲ့ရင်တောင်မှ ဂိုဏ်းခေါင်းဆောင်ကို ထောက်ခံကြတဲ့ တပည့်တွေရဲ့ ဆန့်ကျင်မှုက သူ့ကို ဒုက္ခအကြီးအကျယ်ဖြစ်စေဖို့ လုံလောက်သည်။
"ဂိုဏ်းခေါင်းဆောင်ငယ်လေး၊ ဒုဂိုဏ်းခေါင်းဆောင်၊ သစ္စာဖောက် သုံးယောက်ကို ဘာလို့ ဒီလောက်စိတ်ဆိုးနေတာလဲ။ အေးအေးဆေးဆေး ထိုင်ပြီး ဆွေးနွေးကြရအောင်လေ။"
ထိုအချိန်တွင် ဆံပင်ဖြူတစ်ဝက်ခန့်ရှိသော အရပ်ရှည်ရှည် ပိန်ပိန်နှင့် လူကြီးတစ်ယောက်က မတ်တတ်ထရပ်ကာ ပြုံးပြုံးလေးနှင့် ဆိုလေ၏။
ဤပုဂ္ဂိုလ်သည် ဧရာမဝေလငါးဂိုဏ်း၏ လေဝေလငါးခန်းမခေါင်းဆောင် ကျောက်လင်းဖုန်း ဖြစ်သည်။ သူသည် ဂိုဏ်းထဲတွင် ခန်းမခေါင်းဆောင် ရာထူးလေးခုအနက်မှ တစ်ခုကို ကိုင်စွဲထားပြီး အတော်လေး စီနီယာကျသည်။ အသက်အရွယ် ကြီးလာသော်ငြား သူ၏ အင်အားသည် ဂိုဏ်း၏ ထိပ်တန်း ဆယ်ယောက်တွင် အခိုင်အမာ နေရာယူထားသည်။ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် သူက ပြေလည်အောင် ဆောင်ရွက်ပေးခဲ့ခြင်းပင်။
"အမှန်ပဲ။ ဒီနေ့က ကျွန်တော်တို့ရဲ့ နှစ်ပတ်လည် စုဝေးပွဲပါ။ မကျေနပ်ချက်တွေကို နောက်မှ ဖြေရှင်းလို့ ရပါတယ်။ အပြင်လူတွေကို ကျွန်တော်တို့ရဲ့ ဧရာမဝေလငါးဂိုဏ်းကို လှောင်ရယ်နေကြပါဦးမယ်။"
ချက်ချင်းဆိုသလိုပဲ ဆံပင်နီနီနှင့် ခပ်တောင့်တောင့် လူကြီးကလည်း ဖြန်ဖျေဖို့ ရှေ့ကိုတက်လာသည်။ သူကတော့ ဧရာမဝေလငါးဂိုဏ်း၏ မီးဝေလငါးခန်းမခေါင်းဆောင် ကျောက်ထျန်းဟောက် ဖြစ်သည်။
အခြေအနေကို ပိုတင်းမာလာတာကို တားဆီးရန် မူလက ကြားနေ ခန်းမခေါင်းဆောင်များသည် ရန်ပွဲကို တားဆီးရန် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
မုန့်စန်း၏မျက်နှာထားမှာ ပြောင်းလဲသွားပြီး သူဆက်တိုက်လို့ မဖြစ်နိုင်တော့ကြောင်း သိလိုက်သည်။ သူမှားနေပြီဆိုလျှင် ယခုအချိန်တွင် ရန်မူခြင်းသည် စုပေါင်းတိုက်ခိုက်ခြင်း ခံရဖွယ်ရှိသည်။
ထို့ကြောင့် မုန့်စန်းသည် အေးစက်စွာ နှာမှုတ်ပြီး သူ့မူလနေရာသို့ ပြန်သွားလိုက်လေ၏။
"မုန့်စန်းရဲ့ စွမ်းအားက အရမ်းကြောက်စရာကောင်းတယ်။ ချီသွေးနဂါးရှည်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်း တစ်ဝက်ပဲ လိုတော့မှာကို ငါစိုးရိမ်မိတယ်။"
စူးချန်ခုန်းသည် မုန့်စန်း၏ စွမ်းအားကြောင့် ထိတ်လန့်သွားကာ အသေအကြေ တိုက်ပွဲတွင် အမှန်တကယ်ဖြစ်လာပါက သူသည် လက်ရှိမိမိကိုယ်ကိုနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ကြောင်း သိလျက် သူ့ဘက် အားသာနေတုန်း တိုက်ပွဲမှ ထွက်ရန်ဆုံးဖြတ်လိုက်သည်။
"တစ်စုံတစ်ယောက်လာစမ်း။ ဒီသစ္စာဖောက်တွေရဲ့ အလောင်းကို ဂရုစိုက်လိုက်။ အားလုံးရဲ့ ပျော်ပွဲရွှင်ပွဲကို မနှောင့်ယှက်မိစေနဲ့။"
စူးချန်ခုန်းသည် ချက်ချင်းပင် သူ့ထိုင်ခုံဆီသို့ ပြန်လှည့်လာပြီး အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
တပည့်များသည် ချက်ချင်းပင် ကြမ်းပြင်ပေါ်ရှိ အလောင်းသုံးလောင်းကို ကိုင်တွယ် ဖြေရှင်းကြတော့သည်။
"သောက်၊ ဆက်သောက်ရအောင်!"
လူတွေက အသားစားပြီး ဝိုင်သောက်နေတာကြောင့် ခန်းမအတွင်းက လေထုဟာ တစ်ဖန်ပြန်လည်အသက်ဝင်နေပုံရပေမယ့် အားလုံးက ဒီညရဲ့အဖြစ်အပျက်တွေကြောင့် ထုံးစံအတိုင်း တုန်လှုပ်သွားကြသည်။
မုန့်စန်းသည် ခယ့်ကျန်းလင်နှင့် အခြားနှစ်ယောက်ကို တမင်တကာ တိုက်ခိုက်ရန် အမိန့်ပေးခဲ့သော်လည်း စစ်ခုန်းကျန့်က သည်းမခံနိုင်ဘဲ တုံ့ပြန်ခဲ့ပြီး သုံးယောက်စလုံး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
မုန့်စန်းကိုယ်တိုင် လှုပ်ရှားခဲ့ရပြီး နှစ်ယောက်သား သိုင်းကွက် ဖလှယ်ခဲ့ကြသည်။
"အဲ့ဝာာ ဧရာမဝေလငါးအတတ်မလား။ ဧရာမဝေလငါးအတတ်ကို ခေါင်းဆောင်ငယ်လေးက ခုနက သုံးခဲ့တာမလား။"
"သေချာတာပေါ့ဟ။ ဂိုဏ်းချုပ်က ဧရာမဝေလငါးအတတ်ကို ခေါင်းဆောင်ငယ်လေးကို လွှဲပြောင်းပေးလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ခေါင်းဆောင်ငယ်လေးက ဂိုဏ်းခေါင်းဆောင်ရဲ့ နေရာကို အမွေဆက်ခံသူလို့ ဘယ်သူက ထင်မှာလဲကွာ။"
ဧရာမဝေလငါးဂိုဏ်း တပည့်တော်တော်များများက သူတို့အချင်းချင်း တီးတိုးပြောနေကြသည်။
စူးချန်ခုန်း ပြသခဲ့သည့် စွမ်းရည်မှာ ဧရာမဝေလငါးနည်းပညာဖြစ်သည်မှာ သိသာပါသည်။
ဧရာမဝေလငါးအတတ်ကို ဧရာမဝေလငါးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် အဆက်ဆက်ကသာ သင်ယူရန်သာ အရည်အချင်းပြည့်မီသည်။
သို့ပေမယ့် စူးချန်ခုန်းရဲ့ ဧရာမဝေလငါးအတတ်ကို မုန့်စန်းနဲ့ ထိပ်တိုက်တွေ့ချိန်မှာတော့ လူတိုင်းကို အံ့သြသွားခဲ့သည်။
မှန်းဆချက်ကတော့ စစ်ခုန်းကျန့်ကို စစ်ခုန်းယုံက သင်ပေးခဲ့တာဖြစ်မည်။ ဒါဟာ သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီးသားပါပင်။
စုဝေးပွဲမှာ လူတိုင်းက အတွေးကိုယ်စီနှင့်။ မုန့်စန်းသည် ဆုံးရှုံးမှုကြီးကြီးမားမားကို ခံစားခဲ့ရပြီး သူ၏ လက်အောက်ငယ်သား သုံးဦး သေဆုံးသွားကာ စစ်ခုန်းကျန့်က သူ၏ ကျော်ကြားမှုကို ခိုးယူခံလိုက်ရသည့်အတွက် မျက်နှာ ညှိုးငယ်နေ၏။
“ကံကောင်းလို့… ဒီတာဝန် ပြီးသွားပြီလို့ ယူဆလို့ရတယ်။”
စူးချန်ခုန်းလည်း သူ့စိတ်ထဲတွင် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ ရန်သူကိုရင်ဆိုင်ရန် ဧရာမဝေလငါးနည်းပညာကို အသုံးပြုပြီးနောက် သူသည် စစ်ခုန်းကျန့် အစစ်အမှန် မဟုတ်ကြောင်း မည်သူမျှ သံသယ မရှိကြတော့ပေ။
စစ်ခုန်းဟွမ်လည်း ပိုပြီး စိတ်အေးသွားသလို ခံစားရသည်။ စူးချန်ခုန်းသည် သူ့ကိုယ်သူ ဖော်ထုတ်လိုက်မည်ကို ယခင်က စိုးရိမ်ခဲ့ဖူးသည်။ သို့ရာတွင် စူးချန်ခုန်းသည် စင်မြင့်ထက်တွင် ထိတ်လန့်ကြောက်ရွံ့မှုမရှိဘဲ သတ္တိရှိပြီး ဗျူဟာကျကျနှင့် သူ စိတ်ကူးထားသည်ထက် ပိုထူးခြားသည်။ အသက်ငယ်ငယ်လေးနှင့်သူ၏ ခွန်အားသည် လက်ထောက်ခန်းမခေါင်းဆောင် သုံးဦးကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့သည်။
ပွဲမပြီးခင် ညဉ့်နက်တဲ့အထိ ကျင်းပခဲ့ပြီး လူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် အခင်းဖြစ်ပွားရာကနေ ထွက်သွားကြသည်။
ပွဲပြီးသွားတော့ အမြန်ဆုံး ထွက်သွားတဲ့သူကတော့ မုန့်စန်းပင် ဖြစ်သည်။ သူ့အတွက်ကတော့ ဒီညနေမှာ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရပြီး စောစောထွက်သွားဖို့ မစောင့်နိုင်တော့ပါ။
"ဟမ့်... ငါမင်းကို ခဏလောက်တော့ ပျော်ခိုင်း ထားလိုက်မယ်" မုန့်စန်းက စိတ်ထဲကနေ ရေရွတ်ရင်း သူ့နှုတ်ခမ်းတွေ ဒေါသတကြီး တွန့်ချိုးသွားလေ၏။ သူဆိုသည်မှာ ရန်ငြိုးကြီးသူ ဖြစ်ပြီး ယနေ့ဆုံးရှုံးမှုကို ပြန်လည်ပေးဆပ်စေရန် ဆုံးဖြတ်ခဲ့သည်။
စူးချန်ခုန်းနှင့် စစ်ခုန်းဟွမ်တို့ ထွက်ခွာသွားသည်နှင့် လူတိုင်းက ကိုယ်ပိုင်အတွေးကိုယ်စီနှင့်။
"နောက်ဆုံးတော့ ပြီးသွားပြီ!"
တိတ်ဆိတ်သောခန်းမထဲတွင် စူးချန်ခုန်းသည် ရုပ်ဖျက်တာကို ဖယ်ရှားလိုက်ပြီး ပင်ပန်းနွမ်းနယ်မှုကိုလည်း ခံစားလိုက်ရသည်
သူသည် စစ်ခုန်းကျန့်အယောင်ဆောင်ကာ ခယ့်ကျန်းလင်၊ မုန့်စန်းနှင့် အခြားသူများနှင့် တိုက်ရပြီး စုဝေးပွဲတွင် သူ့ကိုယ်သူ ထုတ်မပြမိအောင် လုပ်ရတာက သူ့စိတ်ရောကိုယ်ပါ ကျဉ်းကျပ်စေသည်။
ကံကောင်းထောက်မစွာနှင့် အားလုံးက ချောချောမွေ့မွေ့ပြီး အခုအချိန်မှာတော့ သူ အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်သက်နေသင့်သည်။
လူသတ်သည့် နှစ်ပတ်လည် စုဝေးပွဲပြီးနောက် စူးချန်ခုန်းသည် ခန်းမထဲတွင် ပုံမှန်အတိုင်း ကိုယ်ခံပညာကို သုံးရက်ကြာသည်အထိ ဆက်လက်လေ့ကျင့်ခဲ့သည်။
ထိုနေညနေပိုင်းတွင် စစ်ခုန်းဟွမ်သည် စူးချန်ခုန်းကို ထပ်မံတွေ့ရန် ရောက်လာသော်လည်း ယခုတစ်ခေါက်တွင် သူနှင့်အတူ တစ်ယောက်ယောက် ပါလာသည်။
အနှီပုဂ္ဂိုလ်က ဂုဏ်သိက္ခာရှိရှိနှင့် လူထွားကြီးတစ်ယောက်ဖြစ်ကာ စူးချန်ခုန်း အလွန်ရင်းနှီးသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စူးချန်ခုန်း ယခင်က သူ့အယောင်ဆောင်ထားသောကြောင့် ဖြစ်သည်။ ထိုလူက တကယ့် ဂိုဏ်းခေါင်းဆောင်ငယ်လေး စစ်ခုန်းကျန့်ဖြစ်သည်။
စစ်ခုန်းကျန့်သည် ကောလဟာလများထဲကအတိုင်း အနည်းငယ် အားနည်းနေပုံရသည်။ အရင်က ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အပြည့်အဝပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။
“အစ်ကိုကြီး၊ ဒါက ဆရာစူးပါ” စစ်ခုန်းဟွမ်က စူးချန်ခုန်းနှင့် စစ်ခုန်းကျန့်ကို မိတ်ဆက်ပေးသည်။
စစ်ခုန်းကျန့်က ခေါင်းညိတ်ပြပြီး သူ့မျက်နှာက ကျေးဇူးတင်တဲ့အပြုံးနဲ့ ပြည့်နေလေ၏။ "ညီလေးစူး၊ အစ်ကို့ကိုယ်စား ပွဲတက်ပေးတဲ့အတွက် တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင် ကိစ္စတွေက အရမ်းရှုပ်ထွေးသွားနိုင်တယ်!"
စစ်ခုန်းကျန့်၏ဒဏ်ရာများ မပျောက်သေးသဖြင့် မုန့်စန်း၏ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အရေးယူရန် ရွေးချယ်ခဲ့လျှင် သူတော်တော်လေး ခံစားခဲ့ရပေလိမ့်မည်။ သို့သော် စူးချန်ခုန်း၏ ကိုယ်စားတက်ရောက်မှုသည် သူတို့အား အကျပ်အတည်းကို ကျော်ဖြတ်စေခဲ့ရုံသာမက သူ၏ဂုဏ်သိက္ခာကိုလည်း ပိုမိုတိုးတက်စေခဲ့လေ၏။