← Chapters

ယဲ့ဖန်ရဲ့ မိတ်ဆွေကို စမ်းကြည့်ခိုင်းရအောင်

Vol. 70 Ch. 1390

ယဲ့ဖန်ရဲ့ မိတ်ဆွေကို စမ်းကြည့်ခိုင်းရအောင်

Vol. 70 Ch. 1390

ထိုအချိန်တွင် လျုံမိသားစု အထက်ပိုင်းမိသားစုဝင်၏ အမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားသည်။

အမှန်တကယ်၌ သူတို့သည်လည်း လျုံဝမ်းထျန်းနှင့် စိတ်တူလေသည်။

လျုံဝမ်းလုံသည် လျုံဝမ်းယွမ်ကြောင့် အစည်းအဝေးခန်းမထဲသို့ ယဲ့ဖန်အား ဖိတ်ခေါ်ခဲ့သည်ဟု ထင်ကြသည်။

သို့သော် ယခုအချိန်၌ လျုံဝမ်းလုံမှ ယဲ့ဖန်အပေါ် ပြသသည့် သဘောထားကို မြင်လိုက်ပြီးနောက် ဤသည်မှာ မရိုးရှင်းတော့သည်ကို နားလည်လိုက်သည်။

ဒီလူငယ်လေးက အမည်မသိ နောက်ခံကြီစရှိလို့ ဖြစ်နေလား။

အားလုံးသည် ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ယဲ့ဖန်၏ အမူအရာသည် အစမှ အဆုံးထိ ငြိမ်သက်နေသည်။

သူသည် မပျော်သလို ဝမ်းနည်းနေပုံလည်း မပြပေ။

" တတိယဦးလေးက ယဉ်ကျေးလွန်းနေပါပြီ။ အငယ်ကို လူကြီးက ဆူတာ သဘာဝကျပါတယ် "

သူ၏ ရိုသေတတ်မှုသည် လျုံမိသားစု အထက်တန်းမိသားစုများအားလုံး၏ မျက်နှာသာကို ရရှိစေခဲ့သည်။

အခြားအရာများကို ဖယ်လိုက်လျှင်ပင် ဤသို့စိတ်ဓာတ်မျိုးသည် လျုံမိသားစု၏ မျိုးဆက်သစ်များကြား၌ပင် ရှားပါးသည်။

လျုံဝမ်းလုံသည်လည်း သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

သူ၏ ညီခုနစ်သည် တပည့်ကောင်းတစ်ဦးကို သေချာမွေးထားပုံရသည်။

သို့သော် သူသည် မိသားစု၏ အဖိုးတန်ရတနာကို ပို၍စိုးရိမ်သောကြောင့် ထပ်မေးသည်။

" ယဲ့လူကြီးမင်း၊ နည်းလမ်းရှိတယ်လို့ ပြောတာ ဘာများလဲ "

" တတိယဦးလေး၊ ကျွန်တော့်ကို ယဲ့လူကြီးမင်းလို့ မခေါ်ပါနဲ့။ ကြားရတာက အဆင်မပြေဘူး။ ကျွန်တော့်ကို ရှောင်ဖန်လို့ ခေါ်နိုင်ပါတယ် "

ယဲ့ဖန်သည် အငယ်တန်းတစ်ဦး၏ သဘောထားအပြည့်ရှိသည်။

" ကောင်းပြီ၊ ရှောင်ဖန်။ မင်းရဲ့ အစီအစဉ်ကို အရင်ပြောပါဦး "

လျုံဝမ်းလုံသည် ယဲ့ဖန်၏သဘောထားကြောင့် အချင်းချင်း ပို၍ ရင်းနှီးလာခဲ့သည်။

" ကျွန်တော့်မှာ သူခိုးဂိုဏ်းက သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက သူခိုးအတတ်မှာ အရမ်းကျွမ်းကျင်တယ်။ ဘိုးဘွားခန်းမကို စစ်ဆေးခိုင်းလို့ရတယ်။ သဲလွန်စတွေရှာလို့ရနိုင်လိမ့်မယ် "

ယဲ့ဖန်မှ သူ့အစီအစဉ်ကို ရှင်းပြသည်။

လျုံဝမ်းလုံ အနည်းငယ် စိတ်ပျက်သွားသည်။

" ရိုးရိုးသားသားပြောရရင် သူခိုးဂိုဏ်းက ကျွမ်းကျင်သူတချို့ကို လာကြည့်ခိုင်းထားပြီးသား။ ဒါပေမယ့် ခြေရာလက်ရာတွေ မတွေ့ဘူး "

" ဒါက သူတို့က လုံလောက်အောင် မသန်မာဘူးဆိုတာ သက်သေပြနေတာပဲ။ ကျွန်တော့်မိတ်ဆွေကို ကြိုးစားခွင့်ပေးကြည့်လိုက်ပါ "

ယဲ့ဖန်မှ အခိုင်အမာပြောသည်။

လျုံဝမ်းလုံသည် ယဲ့ဖန်မှ ထိုသို့ ပြောလာပြီးဖြစ်၍ ငြင်းလို့ မကောင်းချေ။

သူ ခေါင်းညိတ်လိုက်သည်။

" ဒါဆို မင်းမိတ်ဆွေကို စမ်းကြည့်ခိုင်းရအောင် "

သူ ထိုသို့ပြောလိုက်သော်လည်း မျှော်လင့်ချက် သိပ်မရှိချေ။

ယဲ့ဖန်လည်း တခြားဘာမှ မပြောကေ။

သူ ချက်ချင်းပင် အားကန်ကို ခေါ်လိုက်သည်။

အားကန်သည် ရှေ့ပြေးထောက်လှမ်းရန် ကျန်းကောသို့ ရောက်ရှိနေပြီး ဖြစ်သည်။

" ယဲ့လူကြီးမင်း၊ ကျန်းကောကို ရောက်ပြီလား "

ဖုန်းမှာ တစ်ကြိမ်သာမြည်ပြီးနောက် အားကန်မှ ချက်ချင်း ကိုင်လေသည်။

သူသည် အသက်ရှုသံ အနည်းငယ် ကျယ်လောင်စွာ ထွက်နေပြီး မည်သို့ပြင်းထန်သော လေ့ကျင့်ခန်းမျိုး လုပ်နေသည်ကို မသိနိုင်ပေ။

" မင်း ဘာလုပ်နေတာလဲ "

ယဲ့ဖန် သိချင်သွားခဲ့သည်။

" ကျွန်တော် ….. ဘာမှမလုပ်ပါဘူး ...... "

သူ၏စကား မပြီးခင်မှာပင် ဖုန်းတစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏အသံ ထွက်လာသည်။

" မရပ်နဲ့လေ၊ ဘာလို့ရပ်လိုက်တာလဲ "

ချက်ချင်းပင် ပါးရိုက်သံကို ကြားလိုက်ရသည်။

ထို့နောက် အားကန်၏ ကျိန်ဆဲသံကို ဆက်၍ ကြားရသည်။

" ထွက်သွားလိုက်တော့။ ငါ့သူဌေးက ငါ့ကိုရှာနေတယ်။ ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြစို့ "

တစ်ဖက်မှ ကိစ္စကို ဖြေရှင်းပြီးနောက် အားကန်၏အသံ ထပ်ထွက်လာသည်။

" ဟားဟား၊ ယဲ့လူကြီးမင်း။ ကျွန်တော် ...... အင်္ဂလိပ်စာ လေ့လာနေတာပါ "

ယဲ့ဖန်သည် သူ့ကို မေးထုတ်ရန် စိတ်မ၀င်စားပေ။

" စာလုပ်တာကို ရပ်လိုက်။ လျုံမိသားစုဆီ မြန်မြန်လာ "

" ကောင်းပါပြီ၊ ဆယ်မိနစ်လောက်စောင့်ပါ "

အားကန် ဘာမှ မမေးဘဲ ဖုန်းချလိုက်သည်။

ဆယ်မိနစ်အကြာတွင် တစ်စုံတစ်ယောက်သည် အစည်းအဝေးခန်းမသို့ ရောက်လာပြီး အပြင်ဘက်၌ ယဲ့လူကြီးမင်းပြောထားသော အသွင်အပြင်ဖြင့်လူ ရောက်လာကြောင်း သတင်းပို့သည်။

လျုံဝမ်းလုံသည် ယဲ့ဖန်၏မိတ်ဆွေ ရောက်ရှိလာကြောင်းကို သိပြီးနောက် ချက်ချင်းခေါ်ဆောင်လာရန် တစ်စုံတစ်ဦးကို ပြောလိုက်သည်။

" ယဲ့လူကြီးမင်း "

တံခါးမှ အားကန် ဝင်လာသည်နှင့် သူသည် မြှောက်ပင့်သောအပြုံးဖြင့် ယဲ့ဖန်စီသို့ ပြေးသွားခဲ့သည်။

ယဲ့ဖန်သည် အနည်းငယ်ရှက်စရာကောင်းသည်ဟု ခံစားမိသည်။

အားကန်၏ အရည်အချင်းကို အားကိုးရမည်ဆိုသည့် အချက်ကြောင့်သာ မဟုတ်ပါက ဤလူနှင့် သိကျွမ်းသည်ဆိုသောအကြောင်းအား မည်သူ့ကိုမှ မသိစေချင်ပေ။

" တတိယဦးလေး၊ ဒါက ကျွန်တော့်မိတ်ဆွေပါ။ လောင်းကစားမြို့ရဲ့ သူခိုးဘုရင်၊ အားကန် "

ယဲ့ဖန်သည် လှည့်ကြည့်လိုက်ပြီး လျုံဝမ်းလုံကို မိတ်ဆက်ပေးလိုက်သည်။

လျုံဝမ်းလုံသည် 'သူခိုးဘုရင်'ဟု ခေါ်သည်ကိုပင် စိတ်မဝင်စားသော်လည်း ယဲ့ဖန်မှ မိတ်ဆက်ပေးထားသူ ဖြစ်သည့်အတွက် လျစ်လျူမရှုရဲပေ။

မတ်တပ်ထရပ်ပြီး အားကန်နှင့် လက်ဆွဲလိုက်သည်။

အားကန်သည် သူ့မျက်လုံးများထဲမှ မထီမဲ့မြင်ပြုပုံကို သတိပြုမိပုံရပြီး မျက်နှာပေါ်၌ လိမ္မာပါးနပ်သော အမူအရာတစ်ခု ပေါ်လာသည်။

" လျုံဆရာကြီး၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ် "

လျုံဝမ်းလုံ အံ့အားသင့်သွားသည်။

" ဘာကိုဆိုလိုတာလဲ "

" ဒီဆေးက အဆိပ်၃၀%ပါတယ်။ ဒီ လျုံဝေ့ဒီဟွမ်းဆေးက တရုတ်ဆေးမူပိုင်ခွင့်ရထားတဲ့ ဆေးဖြစ်ပေမယ့် တတ်နိုင်သမျှ နည်းနည်းပဲ စားသင့်တယ် "

အားကန်သည် ပြောသည့်အတိုင်း သူ့လက်ဖဝါးကို ဖွင့်ပြလိုက်ရာ လျုံဝေ့ဒီဟွမ်း ဆေးပုလင်း ပေါ်လာသည်ကို လျုံဝမ်းလုံ တွေ့လိုက်ရသည်။

လျုံဝမ်းလုံ၏ အမူအရာ ပြောင်းလဲသွားသည်။

ထို့နောက် သူ့အိတ်ကပ်ကို အမြန်ထိလိုက်သည်။

မူလက သူ၏ အိတ်ကပ်ထဲတွင် ဆေးပုလင်းတစ်ပုလင်းရှိခဲ့သော်လည်း ယခုအခါ မရှိတော့ချေ။

အားကန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သူ့မျက်နှာ၌ အရှက်၊ ဒေါသ၊ တုန်လှုပ်မှုများနှင့် ပြည့်နှက်နေတော့သည်။

သို့သော် ထိုသူဌေးဘုရင်ကို လျှော့မတွက်ရဲတော့ပေ။

အားကန်သည် လျုံဝမ်းလုံ၏ လေးစားမှုကို ရရှိလိုက်သည်။

လျုံဝမ်းလုံသည် မတွန့်ဆုတ်ဘဲ လျုံမိသားစု၏ ဘိုးဘွားခန်းမသို့ ချက်ချင်း လိုက်ပို့ပေးခဲ့သည်။

လျုံမိသားစု၏ ဘိုးဘွားခန်းမနှင့် လျုံမိသားစု၏ အိမ်တော်ကြားတွင် လမ်းတစ်ခုသာ ရှိသည်။

ထိုနေရာ၌ မင်မင်းဆက်နှင့် ချင်မင်းဆက်များမှ ဗိသုကာပုံစံများဖြင့် ထွင်းထုထားသော ရုပ်တုများ၊ ထုပ်တန်းများ၊ ဆေးခြယ်ထားသော အဆောက်အဦးများ ရှိသည်။

ဘိုးဘွားခန်းမကို လျုံမိသားစု၏ ဘိုးဘွားကမ္ပည်းတိုင်များအတွက် ရည်စူးထားရှိသည်။

နေ့စဉ်ထိန်းသိမ်းနေသူများ ရှိသောကြောင့် အတွင်းပိုင်း၌ အလွန်သန့်ရှင်းသည်။

" ရပ်လိုက် "

လူအုပ်စုကြီးသည် ဘိုးဘွားခန်းမ ဝင်ပေါက်သို့ ရောက်သောအခါ အားကန်သည် သူတို့ကို တားရန် ရုတ်တရက် သူ့လက်ကို မြှောက်လိုက်သည်။

သူ ဘာဆက်လုပ်မည်ဆိုတာကို လူတိုင်း မသိသော်လည်း သူတို့လမ်းကြောင်းမှာပင် ရပ်ပေးလိုက်ကြသည်။

ထို့နောက် အားကန်မှ ခွေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ငုံ့နေပြီး အနံ့ခံနေသည်ကို တွေ့လိုက်ရသည်။

လျုံဝမ်းလုံနှင့် လျုံမိသားစု၏ အထက်ပိုင်း မိသားစုဝင်များသည် ယဲ့ဖန် ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

ယဲ့ဖန်လည်း 'ကျွန်တော်လည်း နားမလည်ဘူး'ဟူသော သဘောဖြင့် ပုခုံးတွန့်ကာပြသည်။

အားကန်သည် မြေပြင်ပေါ်ပြန်ငုံ့ကုန်းပြီး ရှူရှိုက်နေသည်။

ထို့နောက် လက်ခုပ်တီးကာ မတ်တပ်ရပ်လိုက်သည်။

" သွားပြီ။ ခင်ဗျားတို့က အခင်းနေရာကို ဖျက်ဆီးပစ်လိုက်တာပဲ။ ဘယ်ခြေရာက သူခိုးခြေရာလဲဆိုတာ မပြောနိုင်တော့ဘူး "

လျုံဝမ်းလုံ၏ နှလုံးသည် တင်းကျပ်လာတော့သည်။

" အခြားနည်းလမ်းရှိသေးလား "

" အဲ့ဒီလက်သီးသိုင်းကျမ်းကို ဘယ်မှာဝှက်ထားတာလဲ "

အားကန် ခဏတာ စဉ်းစားလိုက်ပြီးနောက် ခေါင်းမော့ကာ မေးလိုက်သည်။

လျုံဝမ်းလုံသည် သူ့ကို ဘိုးဘွားခန်းမအနောက်ဘက်သို့ ချက်ချင်း ခေါ်သွားခဲ့သည်။

ထိုနေရာ၌ လုံခြုံရေးသေတ္တာရှိသော်လည်း ဖွင့်လျက်ဖြစ်နေပြီး ဗလာဖြစ်နေသည်။

အားကန်သည် စစ်ဆေးရန် ထိုင်ချလိုက်ပြီးနောက် မတတ်နိုင်ဘဲ ခေါင်းယမ်းလိုက်သည်။

" ခင်ဗျားတို့ ရူးနေကြတာလား။ ဒီလို အဖိုးတန်ပစ္စည်းကို ဒီလိုအမှိုက်နေရာမျိုးမှာ တကယ်ကြီး ဝှက်ထားတာလား။ ဒီလိုအမှိုက်မျိုးကို ဘယ်သူက အကာအကွယ်ပေးနိုင်မှာလဲ "

သူ၏ စကားများသည် အလွန်တည့်တိုးဆန်သောကြောင့် လျုံမိသားစုမှ အကြီးပိုင်းမိသားစုဝင်များအားလုံး အနည်းငယ် စိတ်မချမ်းမသာ ဖြစ်လာကြသည်။

ထိုသူခိုးဘုရင်အား တောင်းဆိုစရာမရှိပါက သူတို့ စိတ်လွတ်ကာ ပြဿနာရှာကြမည် ဖြစ်သည်။

" မင်း ဘာလို့ ဒီလောက် မဟုတ်တာတွေပြောနေတာလဲ။ သဲလွန်စ ရှာလို့ရလား၊ မရဘူးလား "

အားကန်သည် မည်သို့ ဟန်ဆောင်နေသည်ကို မြင်သောအခါ ယဲ့ဖန် သည်းမခံနိုင်တော့ပေ။

အားကန်သည် အခြားသူများရှေ့၌ ဟိတ်ဟန်ထုတ်ရသည်ကို သဘောကျလေသည်။

သို့သော် ယဲ့ဖန်အား ရင်ဆိုင်ရသည့်အခါမှ ချော့မော့သော အမူအရာကို ပြသသည်။

" ဟားဟား၊ ဒီသူခိုးကြီးမှာ ကျွမ်းကျင်မှု တစ်ခု ရှိပါတယ် "

" အခြားတစ်ယောက်ယောက်သာ စုံစမ်းမယ်ဆိုရင် သူတို့ ဘာမှ ရှာလို့ တွေ့မှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်က မတူဘူး။ ကျွန်တော်က ...... "

" ကြွားလုံးထုတ်တာကို ရပ်လိုက်။ မင်း စုံစမ်းနိုင်ရန် မြန်မြန်လုပ်။ မဟုတ်တဲ့စကားတွေ ထပ်ပြောရဲသေးတယ်ဆိုရင် ငါ မင်းကို ဘယ်လိုရှင်းမလဲ စောင့်ကြည့်နေလိုက် "

ယဲ့ဖန်သည် ထိုလူ၏ ကြွားလုံးထုတ်ခြင်းကို နားမထောင်ချင်တော့ပေ။

အားကန်ကို တိုက်ရိုက် ခြိမ်းခြောက်လိုက်တော့သည်။

အားကန်သည် အမြန် ခေါင်းညိတ်ပြလိုက်ပြီး သူ့အိတ်ကပ်ထဲမှ စက္ကူအိတ်ကို ထုတ်လိုက်သည်။

စက္ကူအိတ်ကို ဖွင့်ပြီးနောက် အတွင်း၌ အမည်မသိ အဖြူရောင်အမှုန့်တစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။

All Chapters