ဒါကမှ ထိပ်တန်းအဆင့်ကြီးပဲ
Vol. 70 Ch. 1392
ယဲ့ဖန်သည် သူ့တပည့်အပေါ် ယုံကြည်မှုမရှိသောကြောင့် လျုံဝမ်းလုံနှင့် အခြားသူများကို ထိုအကြောင်းကို မပြောခဲ့ပေ။
သို့သော် မိနစ်၂၀ ကြာပြီးနောက် သူ့ဖုန်းမှ မြည်လာတော့သည်။
" ဆရာကြီး၊ ကျွန်တော် တွေ့ပါပြီ။ အဲ့ဒီကောင်ရဲ့ နာမည်က ဆံပင်သုံးမွေးပါ။ သူက ဒေသခံဓားပြတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိအခု မြေအောက်ကာစီနိုမှာ လောင်းကစားလုပ်နေပါတယ် ....... "
ဖန်းရှောင်ကွန်းသည် သူခိုး၏ အသေးစိတ်အချက်အလက်များကို ပြောပြသည်။
ယဲ့ဖန်သည် ဖုန်းကို ချလိုက်ပြီးနောက် မတ်တပ်ထရပ်ပြီး လျုံဝမ်းယွမ်စီသို့ လျှောက်သွားလိုက်သည်။
" ဆရာ၊ ကျွန်တော် သူ့ကို ရှာတွေ့ပြီ "
လျုံဝမ်းယွမ်သည် လျုံဝမ်းလုံနှင့် အတူ မိသားစုဝင်များနှင့် ဗျူဟာအသစ်အကြောင်း ဆွေးနွေးနေသည်။
သူ့စကားကို ကြားပြီးနောက် လူတိုင်း အံ့ဩသွားကြသည်။
" ဘာပြောလိုက်တာလဲ။ ဘယ်သူ့ကို တွေ့တာလဲ "
လျုံဝမ်းယွမ်သည် သူ နားကြားမှားသည်ဟု ထင်ပြီး ထပ်မေးသည်။
" သူခိုးကို ရှာတွေ့ပြီ။ သူ့နာမည်က ဆံပင်သုံးမွေးတဲ့။ အခု မြေအောက် ကာစီနိုရုံမှာ ရှိနေတယ် ..... "
ယဲ့ဖန်သည် ဖန်းရှောင်ကွန်းပြောခဲ့သည်များကို ထပ်၍ ပြောလိုက်သည်။
ထို့နောက် လျုံမိသားစုမှ အားလုံးသည် သူ့အား အံ့ဩစွာ ကြည့်နေကြသည်ကို မြင်လိုက်ရသည်။
" ရှောင်ဖန်၊ မင်းရဲ့သတင်းက ယုံကြည်ရရဲ့လား "
လျုံဝမ်းလုံ သေချာသိရရန် မေးသည်။
ယဲ့ဖန်အား သူ မယုံကြည်သည် မဟုတ်သော်လည်း ဤသတင်းမှာ မြန်ဆန်လွန်းလှသည်။
လျုံမိသားစုသည် ကျန်းကောပြည်နယ်တွင် နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့သည်။
သို့သော် ဤမြို့နယ်ကြီးအတွင်း လူတစ်ယောက်ကို ရှာရန်မှာ ကောက်ရိုးပုံထဲမှ အပ်ရှာသလိုပင် ခက်ခဲလေသည်။
ထို့အပြင် ယဲ့ဖန်သည် ကျန်းကောပြည်နယ်သို့ ရောက်သည်မှာ ရက်ပိုင်းသာရှိသေးသည်။
ဒါကို လျုံမိသားစု မလုပ်နိုင်တဲ့ အရာကို သူက လုပ်နိုင်တာလား။
ဒါက မယုံနိုင်စရာပဲ။
" အချက်အလက်တွေကို ယဲ့ဖန်ရဲ့ တပည့်စီက ရခဲ့တာပါ။ ပြဿနာမရှိလောက်ပါဘူး "
ရှုကျင်းရှင်း ထရပ်ပြီး ယဲ့ဖန်အတွက် ပြောလိုက်သည်။
" ရှောင်ဖန်ရဲ့ တပည့်လား "
လျုံဝမ်းလုံ အံ့အားသင့်သွားသည်။
သူသည် လှည့်လိုက်ပြီး လျုံဝမ်းယွမ်ကို ကြည့်လိုက်သည်။
လျုံဝမ်းယွမ်လည်း ခါးသီးစွာ ပြုံးပြသည်။
" ရှောင်ဖန်က တကယ်ပဲ တပည့်တစ်ယောက် ရထားတယ်။ မနေ့က ရထားဘူတာရုံမှာ တွေ့ခဲ့သေးတယ်၊ ဒါပေမယ့် အသေးစိတ်ကိုတော့ ကျွန်တော်လည်း သိပ်မသေချာဘူး "
ရှုကျင်းရှင်းမှ ဆက်၍ ရှင်းပြသည်။
" ယဲ့ဖန်တပည့်ရဲ့ မျိုးရိုးနာမည်က ဖန်းတဲ့။ သူ့အဖေက ကျန်းကောပြည်နယ် Battle Fanကလပ်ကလို့ ကျွန်မ ကြားထားတယ် "
သူမ ပြောလိုက်သည့်အခိုက်တွင် လျုံမိသားစု၏ အထက်ပိုင်းခေါင်းဆောင်များအားလုံး ချွေးအေးများထွက်လာကြသည်။
သူတို့သည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
လျုံမိသားစုသည် ကျန်းကောပြည်နယ်ရှိ သက်တမ်းရင့် မိသားစုကြီးတစ်ခု ဖြစ်သောကြောင့် ကျန်းကောပြည်နယ်၏ အထက်တန်းအလွှာများကို ကောင်းစွာသိသည်။
ကျန်းကော Battle Fan ကလပ်ရှိ ဖန်းမျိုးရိုးအမည်မှာ အမှန်တကယ် ထိပ်တန်းတစ်ဦးဖြစ်သည်။
ထို့အပြင် သူသည် ကျန်းကောပြည်နယ် တစ်ခုလုံးကိုပင် လှုပ်ခတ်စေနိုင်သော ဖြစ်တည်မှုမျိုး ဖြစ်သည်။
" ရှောင်ဖန်၊ အဲ့တာ ... အဲ့တာ အမှန်ပဲလား "
လျုံဝမ်းလုံသည် တံတွေးကို မျိုချလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
" ဟုတ်ပါတယ် ...... မှန်တယ် "
ယဲ့ဖန် သူ့နှုတ်ခမ်းကို မသိမသာမဲ့လိုက်သည်။
သူသည် တပည့်ဖြစ်သူ၏ ဂုဏ်ကို မညှိုးစေလိုပေ။
ယဲ့ဖန်၏ တိကျသောအဖြေကို ရပြီးနောက် လျုံမိသားစု၏ အဆင့်မြင့်အရာရှိများသည် ငြိမ်သက်မနေနိုင်တော့ပေ။
သူတို့အားလုံးသည် ထိုင်ခုံ၌ ထိုင်နေကြသော်လည်း ရုတ်တရက် မတ်တပ်ထရပ်လိုက်ကြသည်။
ယဲ့ဖန်သည် လျုံဝမ်းယွမ်၏ တပည့်ဖြစ်ခြင်းမှာ သူတို့အတွက် အာရုံစူးစိုက်ရန် မလုံလောက်ပေ။
တောင်ပိုင်းကွမ်တုန်းပြည်နယ်ရှိ ယဲ့ဖန်၏ အစွမ်းအစကို သူတို့ သိလျှင်ပင် သူတို့ အံ့သြသွားရုံသာ ဖြစ်ပေလိမ့်မည်။
တောင်ပိုင်းကွမ်တုန်း၌ မည်မျှပင် ဩဇာကြီးသည်ဖြစ်စေ ကျန်းကောပြည်နယ်၌ နေရာရှိမည် မဟုတ်ပေ။
သို့သော် ယဲ့ဖန်သည် ကျန်းကောပြည်နယ်မှ ခြယ်လှယ်သူကြီး၏ ဆရာသခင်ဖြစ်နေလျှင် သူ၏အခြေအနေသည် များစွာ ကွာခြားသွားမည်ဖြစ်သည်။
ဒါက ဘယ်လိုလုပ် 'ရှောင်ဖန်' ဖြစ်ရမှာလဲ။
ဒါက လုံးဝကို အံ့ဩစရာကောင်းတဲ့ 'မာစတာဖန်'ပဲ။
ဒါကမှ တကယ့် ထိပ်တန်းအဆင့်ကြီးပဲ။
" ရှောင်ဖန် ...... မဟုတ် ..... ယဲ့ဖန် ... ယဲ့လူကြီးမင်း ..... ငါ ..... "
လျုံဝမ်းလုံ စကားထစ်နေတော့သည်။
ယဲ့ဖန် ဘယ်လိုပြောရမည်လဲ မသိတော့ပေ။
" တတိယဦးလေး၊ ကျွန်တော် အရင်ကမပြောထားလို့လား။ ကျွန်တော့်ကို ရှောင်ဖန်လို့ ခေါ်နိုင်ပါတယ် "
ယဲ့ဖန် ရယ်ရမလား ငိုရမလား မသိတော့ပေ။
" ဒါပေမယ့် ...... "
လျုံဝမ်းလုံသည် ယဲ့ဖန်ကို ထိုသို့ခေါ်သည်မှာ မလေးစားရာရောက်သည်ဟု ခံစားရသည်။
ယဲ့ဖန်သည် ကျန်းကောပြည်နယ် ခြယ်လှယ်နိုင်သူ၏ ဆရာသခင်အနေအထား အဆင့်ရှိသောသူ ဖြစ်သည်။
သူ့ကို 'ရှောင်ဖန်'လို့ ခေါ်တာ မသင့်တော်ဘူး မဟုတ်လား။
" တတိယဦးလေး၊ အပြင်လောကမှာ ကျွန်တော် ဘာပဲလုပ်လုပ် ကျွန်တော့်ဆရာရဲ့ မိသားစုရှေ့မှာ ကျွန်တော်က အမြဲတမ်း အငယ်တန်းတစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် ကျွန်တော့်ဆရာက ခွင့်လွှတ်မှာမဟုတ်ဘူး "
ယဲ့ဖန်သည် သူ၏ သဘောထားကြီးမြတ်မှုကို ပြသလေသည်။
လျုံဝမ်းယွမ် ပြုံးကာ ထရပ်လိုက်သည်။
" တတိယအစ်ကို၊ ရှောင်ဖန် စကားကို နားထောင်လိုက်ပါ "
" သူ အပြင်မှာ ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ အိမ်မှာ သူက အငယ်တန်းပဲ။ သူ မင်းစကားကို မနာခံရင် သူ့ကို ရိုက်နှက်ပြီး ဆူပူကြိမ်းမောင်းသင့်တယ်။ ငါ့ကို မျက်နှာသာပေးစရာ မလိုဘူး "
" ဆရာ၊ ကျွန်တော့်ကိုတော့ မျက်နှာသာပေးရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း ဆရာဖြစ်နေပြီ "
ယဲ့ဖန်သည် သူ့ဆရာကို စနောက်ရန် အခွင့်အရေးယူလိုက်သည်။
" ဟမ်း၊ မင်းက မဟာဆရာကြီး ဖြစ်တေရင်တောင် ငါ့တပည့် ဖြစ်နေတုန်းပဲ။ မင်းငါ့ရှေ့မှာ မဟုတ်တာလုပ်ရဲရင် ငါမင်းကို သင်ခန်းစာပေးပစ်မယ် "
လျုံဝမ်းယွမ်သည် နှာမှုတ်ပြီး ဆရာတစ်ယောက်၏ ပုံစံကို ပြသသည်။
အစည်းအဝေးခန်းမ၏ အငွေ့အသက်မှာ အနည်းငယ် သဟဇာတဖြစ်လာသည်။
" ကောင်းပြီ၊ နောက်နေတာတွေ ရပ်လိုက်ပြီး သူခိုးကို အမြန်ဖမ်းရအောင်။ သူ့ကို နောက်တစ်ကြိမ် မလွတ်စေနဲ့ "
ရှုကျင်းရှင်း သူတို့ကို သတိပေးသည်။
ထိုမှသာ လူတိုင်းက တုံ့ပြန်လာကြသည်။
လျုံမိသားစုဝင်များသည် လုပ်ဆောင်သင့်သည်များကို အမြန်စီစဉ်ပြီး မြေအောက် ကာစီနိုသို့ သွားကြသည်။
................................................
" ချီး၊ ဒီနေ့ ငါ့ကံက ဆိုးလွန်းတာပဲ "
မြေအောက်ကာစီနိုထဲတွင် ဆံပင်သုံးပင်သည် လောင်းကစား စားပွဲကို ရိုက်နေသည်။
သူ မနေ့က ရထားသည့် ပိုက်ဆံများ အကုန်ဆုံးရှုံးသွားသည်။
" ဆံပင်သုံးချောင်း၊ ငါတို့ ကစားဦးမှာလား "
လောင်းကစားဝိုင်းမှ ကစားသမားများသည် အန်စာတုံးများကို လှုပ်ခါခိုင်းသည်။
" ဘာအတွက် ကစားချင်နေသေးတာလဲ။ မင်းတို့အားလုံး အနိုင်ရပြီးပြီပဲ။ မင်းတို့ ငါ့ကို လှည့်စားဖို့ အုပ်စုဖွဲ့တယ်လို့ ငါသံသယရှိတယ် "
ဆံပင်သုံးချောင်းသည် ဒေါသထွက်ကာ မကျေမနပ်ဖြစ်နေသည်။
" ဆံပင်သုံးချောင်း၊ ခွေးသား။ မင်း အဓိပ္ပါယ်မရှိတဲ့ စကားတွေ လာမပြောနဲ့။ မင်းမှာ အထောက်အထားမရှိရင် မင်းလျှာကို သတိထားနေလိုက် "
အန်စာတုံးကို ယမ်းနေသောလူသည် သူ့ပါးစပ်ထဲသို့ စီးကရက်တစ်လိပ်ကို ထည့်လိုက်ပြီး သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည်။
ဆံပင်သုံးပင်သည် အလွန်ကြောက်လန့်သွားပြီး လည်ပင်းကို ကျုံ့ကာ တောင်းပန်သည့်ပုံစံဖြင့် အမြန်ပြုံးလိုက်သည်။
" ကျွန်တော် မဟုတ်တဲ့စကားတွေ ပြောမိတာပါ။ မင်းတို့တွေ ဆက်ကစားကြ။ ပြန်သွားပြီး ပိုက်ဆံနည်းနည်း ယူလိုက်ဦးမယ်။ မနက်ဖြန် ပြန်လာမယ် "
ထိုစကားကို ပြောပြီးနောက် သူသည် အားအင်လျော့နည်းစွာဖြင့် ကာစီနိုထဲမှ ထွက်သွားတော့မည် ဖြစ်သည်။
တစ်ခါက သူသည် ပိုက်ဆံများ ရှုံးပြီး ပြန်မပေးနိုင်၌ သူ့ခြေထောက်တစ်ဖက် ကျိုးသွားခဲ့ရသည်။
ထို့ကြောင့် သူ့ပိုက်ဆံများ အကုန်ကုန်ပါက ဆက်မကစားပေ။
သို့သော် တံခါးဝသို့ ရောက်သည်နှင့် တစ်စုံတစ်ယောက်ကို ဝင်တိုက်မိပြီး သူ့စိတ်ထဲ၌ ဒေါသကြောင့် ပူလောင်လာပြန်သည်။
" မင်း မျက်စိကန်းနေတာလား။ မင်း လမ်းလျှောက်လာပြီး လူကို မမြင်ဘူးလား
.... "
သူ့စကား မပြီးခင်မှာပင် သူ့လည်ချောင်းကို တစ်စုံတစ်ယောက်မှ ဖမ်းဆုပ်လိုက်၍ စကားကို အဆုံးမသတ်နိုင်တော့ပေ။
ဆံပင်သုံးချောင်းသည် မျက်လုံးကို မှေးကာ ဂရုတစိုက် ကြည့်လိုက်သည်။
မုတ်ဆိတ်မွေးအပြည့်ရှိသည့်လူကို သူ မြင်လိုက်သော်လည်း ထိုလူကို သူ မသိပေ။
သူ့အနောက်တွင် လူအုပ်ကြီးတစ်စု ရှိသည်။
" အစ်ကိုကြီး ...... လူမှားနေတာလား မသိဘူး "
သူသည် ရှင်သန်ခြင်းအနုပညာကို ကောင်းစွာ တတ်ကျွမ်းပြီး အချိန်တန်ပါကတွင် အရှုံးကို ဝန်ခံရန် တွန့်ဆုတ်မနေချေ။
လောင်းကစားရုံရှိ လူများသည် တစ်စုံတစ်ဦးမှ ရန်လာစနေသည်ကို မြင်သောအခါ တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ထရပ်လိုက်ကြသည်။
" အိုး၊ အစ်ကိုလုံရဲ့ နယ်မြေမှာ ဒုက္ခပေးရဲတာလား။ နေထိုင်ရတာ ပင်ပန်းနေပြီလား "
သူ စကားမဆုံးခင်မှာပင် နောက်ထပ်လူတစ်စု အပြင်မှ ပြေးဝင်လာသည်။
သူတို့အားလုံးသည် ရဲရင့်သော ကိုယ်ရောင်ဝါကို ပေးစွမ်းနိုင်ကြသည်။
ကာစီနိုထဲမှ လူများသည် ဉာဏ်များသူများ ဖြစ်ကြသည်။
ဤလူအုပ်စုသည် သာမန်မဟုတ်သည်ကို သူတို့ ချက်ချင်းမြင်လိုက်ကြပြီး အလျင်အမြန် ပြန်ဆုတ်သွားကြသည်။
" မင်းက ဆံပင်သုံးပင်လား "
လျုံဝမ်းလုံသည် ဖြည်းညှင်းစွာ လျှောက်လာပြီး ဆံပင်သုံးချောင်းကို အကဲခတ်ပြီးနောက် အထူးသဖြင့် သူ၏ ခြေထောက်ကို လှမ်းကြည့်လိုက်သည်။
" ကျွန်တော်က ဆံပင်သုံးပင်ပါ။ အစ်ကိုကြီးတို့က ဘယ်ဂိုဏ်းကလဲ။ ဒီညီလေးက ဘယ်လို စော်ကားမိခဲ့လို့လဲတာ သိလို့ရနိုင်မလား "
ဆံပင်သုံးပင်သည် လျုံဝမ်းလုံကို ကြောက်လန့်တကြား ကြည့်လေသည်။
သူ့ဘောင်းဘီထဲ ဆီးထွက်ကျသွားသလို ခံစားလိုက်ရသည်။
" မနေ့ညက လျုံမိသားစုရဲ့ ဘိုးဘွားခန်းမကို မင်း သွားခဲ့သေးလား "
လျုံဝမ်းလုံသည် ထိုသူခိုးဖြင့် လေကုန်မခံချင်သောကြောင့် အဓိကအကြောင်းကို ချက်ချင်း ပြောလိုက်သည်။
" လျုံမိသားစုရဲ့ ဘိုးဘွားခန်းမလား။ ကျွန်တော် .... မသွားပါဘူး ...... "
ဆံပင်သုံးပင်၏ အမူအရာသည် အစတွင်ပြောင်းလဲသွားသော်လည်း နောက်ဆုံး၌ ငြင်းလိုက်သည်။