ငါ့ကို လာမတိုက်ဖို့ အကြံပေးမယ်
Vol. 70 Ch. 1394
ယဲ့ဖန်ပင်လျှင် ယုဖန်းရှန်းကို မတတ်နိုင်ဘဲ အကြိမ်အနည်းငယ်မျှ ကြည့်မိသည်။
သူမ၏ အလှကြောင့် သူမကို ဆွဲဆောင်မှုရှိသည်ဟု မြင်ခြင်းမဟုတ်ပေ။
ထိုသည်မှာ အကြောင်းအရင်းတစ်ခု ဖြစ်သော်လည်း ဒုတိယနေရာမှ အကြောင်းအရင်းသာဖြစ်သည်။
အဓိက အကြောင်းအရင်းမှာ ဤအမျိုးသမီးသည် အလွန်ပင် ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်တတ်သည်ဟု သူ ခံစားမိသောကြောင့် ဖြစ်သည်။
အမှန်တကယ်တွင် သူမသည် အရေးယူချင်ပါက သူမအမှား မဟုတ်ပေ။
သူမသည် ဤသိုင်းကျမ်းစာအုပ်ကို ပြန်မပေးခဲ့လျှင်ပင် သူမကို မည်သူမှ အပြစ်မရှာနိုင်ချေ။
သို့သော် သူမသည် ကတိကို တည်ကာ သိုင်းစာအုပ်ကို အေးဆေးစွာ ပြန်ပေးခဲ့သည်။
ဤသည်မှာ အလွန်ပင် အထင်ကြီးစရာကောင်းလှသည်။
ယုဖန်းရှန်းသည် လျုံမိသားစုထံ စာအုပ်ကို ပြန်ပေးပြီးနောက် သူမသည် ဆံပင်သုံးပင်ဘက်ကို လှည့်လိုက်သည်။
" ငါ စာအုပ်ကို သူတို့စီ ပြန်ပေးလိုက်ပြီ။ စာအုပ်ကို ဝယ်ဖို့ ငါ သုံးလိုက်တဲ့ ပိုက်ဆံတွေ ပြန်ပေးပြီးရင် ဒီကိစ္စက ပြေလည်ပြီ "
ဆံပင်သုံးပင်သည် ချက်ချင်းပင် ခါးသီးသော အမူအရာပေါ်လာသည်။
" ဥက္ကဌယု ...... နောက်ထပ် ရက်နည်းနည်းလောက် ပေးနိုင်မလား။ အဲ့ဒီငွေတွေက ...... အခု ပျောက်သွားလို့ပါ "
" မထုတ်ပေးနိုင်ဘူး ဟုတ်လား "
ယုဖန်းရှန်းသည် ဆံပင်သုံးပင် အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူမ၏မျက်နှာ၌ ချိုမြိန်သော အပြုံးတစ်ခု ရှိနေသည်။
သို့သော် သူမသည် သံတုတ်ကို ရုတ်တရက် ကိုင်မြှောက်လိုက်သည်။
ဖြောင်း
သံတုတ်ချောင်းသည် ဆံပင်သုံးပင်၏ မျက်နှာအား ပြင်းထန်စွာ ရိုက်ချသွားသည်။
ဆံပင်သုံးပင်သည် မြေပြင်ပေါ်သို့ အရိုက်ခံရပြီး သူ၏မျက်နှာမှာ စုတ်ပြတ်သတ်သွားကာ သူ့ပါးစပ်မှ သွေးစိမ်းများ စီးကျလာသည်။
" အား .... "
ဆံပင်သုံးပင်သည် နာကျင်စွာဖြင့် မြေပြင်ပေါ်၌ လှိမ့်နေပြီး အော်ဟစ်နေသည်။
" မင်း ငါ့ကို ခိုးထားတဲ့ပစ္စည်းကို လာရောင်းရဲတာလား။ ငါ့ပိုက်ဆံက လွယ်လွယ်ရတယ်လို့ ထင်နေလား "
ယုဖန်းရှန်းသည် သူ့ရင်ဘတ်ကို လှမ်းဆွဲကိုင်လိုက်ပြီး ဓားလို ထက်မြက်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
" ဥက္ကဌယု၊ ကျွန်တော့်အသက်ကို သက်ညှာပေးပါ။ အသက်ကို ချမ်းသာပေးပါ "
ဆံပင်သုံးပင်သည် အမျိုးသမီးတစ်ဦး၏ ခြေရင်းတွင် ဒူးထောက်ကာ အသနားခံနေသည်။
လျုံမိသားစုမှ လူတိုင်းသည် ယုဖန်းရှန်း၏ နည်းလမ်းများကြောင့် ထိတ်လန့်သွားကြသည်။
ဒီအမျိုးသမီးက ခုနကတော့ စကားပြောရတာ အဆင်ပြေနေတာပဲ။
သူမကို ဒီလောက်ထိ ရက်စက်တဲ့သူ ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။
သူမလက်ထဲမှ သံတုတ်သည် ဆံပင်သုံးပင်၏ ခန္ဓာကိုယ်ကို ဆက်၍ ထိရိုက်သွားသည်။
ဆံပင်သုံးပင်သည် မကြာခင်မှာပင် သေလုမျောပါး ဖြစ်သွားတော့သည်။
သူသည် အသက်ပင် မနည်းရှုနေရသော်လည်း ယုဖန်းရှန်းသည် ရပ်တန့်ရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိပေ။
" ဒီလောက်ဆို လုံလောက်ပါပြီ။ ခင်ဗျား တကယ်ပဲ သူ့ကို သေတဲ့အထိ တိုက်ခိုက်ချင်တာလား "
ဆောင်းရာသီမှ ပုစဉ်းရင်ကွဲများကဲ့သို့ လူတိုင်း တိတ်ဆိတ်နေချိန်၌ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
ယုဖန်းရှန်းသည် သူမလုပ်နေသည်များကို ရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက် သူမကို ဘာမှမထူးခြားသော အမူအရာဖြင့် ကြည့်နေသည် ။
" ငါသူ့ကိုရိုက်တာ မင်းနဲ့ဘာဆိုင်လဲ "
" ဆိုင်တယ်၊ ကျွန်တော်တို့က သူ့ကို ဒီကို လာခေါ်ခဲ့တာဖြစ်တဲ့အတွက် သူ့ကို ပြန်ခေါ်သွားရမယ်။ သူ့ကို ဒီလိုမျိုး သတ်လိုက်ရင် ကျွန်တော်တို့လည်း စက်ကွင်းလွတ်မှာ မဟုတ်ဘူး "
စကားပြောသည့်သူမှာ ယဲ့ဖန် ဖြစ်သည်။
ယုဖန်းရှန်းသည် ကျိုးကြောင်းဆီလျော်သည်ဟု ယဲ့ဖန် ထင်ခဲ့သော်လည်း သူမသည် ကြမ်းတမ်း ရူးသွပ်သောသူ ဖြစ်နေရန်လည်း မမျှော်လင့်ခဲ့ပေ။
ဆံပင်သုံးပင်သည် မုန်းတီးစရာကောင်းသော်လည်း သူသည် သေရန်မထိုက်တန်ပေ။
" သူ့ကို စိတ်ပူပေးရင် မင်းရော အရိုက်ခံမလား "
ယုဖန်းရှန်းသည် သွေးစွန်းနေသော သံတုတ်ကို ကိုင်လိုက်ပြီး ယဲ့ဖန်စီသို့ လျှောက်သွားသည်။
လျုံမိသားစုဝင်များသည် ထိုသည်ကို မြင်သည့်အခါ ချက်ချင်းပင် သူမကို တားရန် ရှေ့သို့ လျှောက်သွားကြသည်။
သို့သော် ယဲ့ဖန်သည် သူတို့ကို တားရန် သူ့လက်ကို မြှောက်လိုက်သည်။
သူသည် ယုဖန်းရှန်းကို အေးဆေးစွာသာ ကြည့်နေလိုက်သည်။
" ငါ့ကို မတိုက်ဖို့ အကြံပေးတယ်။ ငါက ရက်စက်လွန်းတယ် "
ဇာမဏီသုံးကောင်အဖွဲ့အစည်းသည် သူ၏ မာနထောင်လွှားပုံကို ကြားသောအခါ ချက်ချင်း ပေါက်ကွဲကြပြီး ထိုစကားမှန်သည်လား စတင်စမ်းသပ်ချင်ကြသည်။
ယုဖန်းရှန်းမှ အမိန့်ပေးလိုက်သည်နှင့် သူတို့သည် ရှေ့တက်ပြီး ယဲ့ဖန်ကို သတ်ပစ်ကြမည် ဖြစ်သည်။
ယုဖန်းရှန်းသည် ယဲ့ဖန်ကို စိုက်ကြည့်လျက် သူမ၏ မျက်လုံးများမှာ စူးရှနေသည်။
သို့သော် ယဲ့ဖန်၏ မျက်လုံးများသည် ရေကဲ့သို့ ငြိမ်သက်နေသည်။
ထိုအကြည့်များသည် ခံစားချက်မရှိသော်လည်း နားမလည်နိုင်သော ဖိအားကြီးတစ်ခု ရှိသည်။
အကြောင်းတစ်စုံတစ်ရာကြောင့် ယုဖန်းရှန်းသည် သူမ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ကြောက်ရွံ့မှုကို အမှန်တကယ် ခံစားလိုက်မိသည်။
" နောက်တစ်ခါ ငါ့လက်ထဲကို မရောက်လာစေနဲ့။ မဟုတ်ရင် မင်းကို ငါ ဘယ်လိုရှင်းမလဲ စောင့်ကြည့်နေလိုက် "
ယုဖန်းရှန်းသည် ယဲ့ဖန်ကို ပြင်းထန်စွာ စိုက်ကြည့်သည်။
သံတုတ်ကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် အဆောက်အဦးဆီသို့ ပြန်လှည့်သွားသည်။
ထိုအခါမှသာ လျုံမိသားစုဝင်များ သက်ပြင်းချနိုင်ခဲ့ကြသည်။
" သွားကြရအောင် "
ယဲ့ဖန်သည် ယုဖန်းရှန်း၏ နောက်ကျောကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် သူ လှည့်ပြီး ထွက်သွားတော့မည် ဖြစ်သည်။
လျုံမိသားစုမှ အဖွဲ့ဝင်နှစ်ဦးသည် သေခါနီးဖြစ်နေသော ဆံပင်သုံးပင်ကို သယ်ဆောင်ကာ ယဲ့ဖန်အနောက်သို့ လိုက်သည်။
" ရပ်လိုက် "
တံခါးမှ ထွက်ခါနီးတွင် ယဲ့ဖန်တို့အနောက်မှ ဒေါသတကြီး အော်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
လူတိုင်း လှည့်ကြည့်လိုက်သည့်အခါ ဥက္ကဌယု၏ တပည့်ဖြစ်သည့် လိုက်ကျီချန်းဆိုသူမှ ဒေါသတကြီး ထွက်လာပြီး ယဲ့ဖန်စီ ဦးတည်လာနေသည်။
" အခြားကိစ္စ ရှိလို့လား "
ယဲ့ဖန်သည် သူ့ကို တိတ်ဆိတ်တည်ငြိမ်စွာ ကြည့်နေသည်။
" ကောင်လေး၊ မင်း အရမ်းမာနကြီးတာပဲ။ ငါတို့ ဥက္ကဌကြီးကို မင်း ဘယ်လိုလုပ် ပြောရဲတာလဲ။ မင်း သေချင်နေတာလား "
ယဲ့ဖန်ကို စိုက်ကြည့်သော လိုက်ကျီချန်း၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်နှင့်တူသည်။
" အိုးကမပူ၊ အဖုံးက ပူနေတာပဲ။ မင်းရဲ့ဥက္ကဌကတောင် ဘာမှမပြောဘူး။ မင်းက ဘာလို့ ဒီလောက် ဖြစ်နေတာလဲ "
ယဲ့ဖန်သည် ထိုလူ၏စကားအား သဘောကျသွားသည်။
" ငါတို့ရဲ့ ဥက္ကဌက မင်းနဲ့ အငြင်းပွားဖို့ စိတ်မ၀င်စားပေမဲ့ ငါတို့ ဇာမဏီသုံးကောင်အဖွဲ့အစည်းကို မင်း ဝင်ချင်သလိုဝင် ထွကချင်သလိုထွက်လို့ရတဲ့နေရာလို့များ ထင်နေတာလား "
လိုက်ကျီချန်းသည် ယဲ့ဖန်နှာခေါင်းကို ထိုးညွှန်ဒပြီး ချောက်ချားစရာကောင်းသည့် လေသံနှင့် ပြောလိုက်လေသည်။
" ငါ့ခြေထောက်တွေက ငါ့ခန္ဓာကိုယ်ပေါ်မှာ။ သွားချင်ရင် ထွက်သွားရုံပဲ မင်းက တားနိုင်မှာလား "
ယဲ့ဖန်သည် မထီမဲ့မြင်ပြုသော အပြုံးဖြင့် ထွက်ခွာရန် ပြင်ဆင်သည်။
" သေလိုက်စမ်း "
ယဲ့ဖန်သည် သူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုရဲကြောင်း လိုက်ကျီချန်း မြင်လိုက်ရပြီး ချက်ချင်းပင် ဒေါသဖြစ်သွားခဲ့သည်။
သူသည် လက်ထဲမှ သံတုတ်ကို မြှောက်လိုက်ပြီး ယဲ့ဖန်၏ ခေါင်းအနောက်ဘက်သို့ ရိုက်ချလိုက်သည်။
" ရပ်လိုက် "
လျုံဝမ်းလုံနှင့် အခြားလူများမှာ တုန်လှုပ်သွားပြီး ထိုလူကို တားဆီးရန် ကြိုးစားကြသည်။
သို့သော် လိုက်ကျီချန်း၏ ခိုးဝင်တိုက်ခိုက်မှုသည် ရုတ်တရတ်ဆန်လွန်းသဖြင့် သူ့ကိုတားဆီးရန် အချိန်နှောင်းသွားခဲ့သည်။
ယဲ့ဖန်အား ထိခိုက်တော့မည် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် လူတိုင်းသည် သူတို့၏ အမြင်အာရုံများ မှုန်ဝါးသွားသည်ဟု ခံစားလိုက်ရသည်။
လိုက်ကျီချန်းသည် သွေးတစ်လုတ် ထွေးထုတ်လိုက်ရပြီး သုံးမီတာအကွာသို့ လွင့်သွားခဲ့သည်။
မြေကြီးပေါ်သို့ လဲကျသွားပြီးနောက် အချိန်အတော်ကြာ မထနိုင်တော့ပေ။
" ဘာဖြစ်သွားတာလဲ "
လျုံမိသားစုမှ အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
လျုံဝမ်းလုံ၊ လျုံဝမ်းယွမ်နှင့် အခြားအနည်းငယ်မှ လွဲ၍ အများစုသည် ယဲ့ဖန် မည်သို့ တိုက်ခိုက်လိုက်သည်ကို မမြင်လိုက်ကြပေ။
လျုံဝမ်းလုံနှင့် လျုံဝမ်းယွမ်ပင်လျှင် အကြမ်းဖျင်း သဘောတရားတစ်ခုသာ နားလည်လိုက်နိုင်သည်။
ယဲ့ဖန်သည် အချိန်မီ လိုင်ကျီချန်းအား ရုတ်တရက် တံတောင်ဆစ်ဖြင့် ပြင်းပြင်းထန်ထန်စွာ ကာရိုက်လိုက်သည်။
သို့သော် ထိုတံတောင်ဆစ်၏ ခွန်အားသည် ပြင်းထန်လွန်းလှသည်။
၈၀ကီလိုဂရမ် ခန့်ရှိသော အမျိုးသားတစ်ဦးပင် သုံးမီတာမှ လေးမီတာအကွာထိ လွင့်သွားစေခဲ့သည်။
ထို့အပြင် လိုက်ကျီချန်း၏ ကျွမ်းကျင်မှုသည် သာမန်မဟုတ်ကြောင်း မြင်နိုင်သည်။
သူသည်ပင် အချိန်မီ မတုံ့ပြန်နိုင်ပေ။
ဤသည်မှာ ယဲ့ဖန်၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန်မြန်ဆန်လွန်းလှသည်ဟု ဆိုလိုနေလေသည်။
လျုံမိသားစု၏ အပြင်းထန်ဆုံးအဖွဲ့ဝင်များသည်ပင် ယဲ့ဖန်၏ တံတောင်ဆစ်တိုက်ချက်ကို တားဆီးနိုင်မည်လားဆိုသည်မှာ တွေးချင်စရာ ဖြစ်နေသည်။
သို့သော် သူတို့အားလုံး အဆုံး၌ အားကိုးရာမဲ့သည့် အဖြေတစ်ခု ရခဲ့သည်။
ယဲ့ဖန်အား တားဆီးနိုင်မည့်သူ မရှိနိုင်တော့ပေ။
လျုံဝမ်းယွမ်သည် သူ့မျက်နှာပေါ်၌ ရှုပ်ထွေးသော အပြုံးတစ်ခု ရှိနေသည်။
ဤသို့သော တပည့်တစ်ဦးရှိခြင်းအတွက် ဂုဏ်ယူမိသော်လည်း တစ်ချိန်တည်းမှာပင် ရှုံးနိမ့်ခြင်း၏ နက်နဲမှုကို ခံစားရသည်။
သူ၏ တပည့်ဖြစ်သူသည် ကိုယ်ခံပညာကို တစ်နှစ်ကျော်သာ လေ့ကျင့်ရသေးသော်လည်း သူ၏ ခွန်အားသည် သူ၏ ဆရာသခင်ထက် သာလွန်နေသည့်အပြင် ကြောက်စရာကောင်းသော နယ်ပယ်တစ်ခုသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ယဲ့ဖန်အား သူ့တပည့်အဖြစ် လက်ခံလိုက်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်သူဖြစ်ကြောင်း သူ သိထားပြီး ဖြစ်သည်။
သို့သော် သူသည် ယဲ့ဖန်မှာ ဤမျှလောက် အရည်အချင်းရှိမည်ဟု မမျှော်လင့်ထားပေ။
လိုက်ကျီချန်း အနောက်မှ လိုက်လာသော ဇာမဏီသုံးကောင်အဖွဲ့အစည်းဝင်များသည် လဲကျနေသည်ကို ကြည့်ပြီး ဘာလုပ်ရမည်မှန်း မသိကြတော့ပေ။
လိုက်ကျီချန်းသည် ဇာမဏီသုံးကောင်အဖွဲ့အစည်းမှ အနီရောင်လူကြမ်းကြီးဖြစ်ပြီး အလွန်မြင့်မားသော အဆင့်တစ်ခုရှိသည်။
အကယ်၍များ အခြားသူဖြစ်ပါက ထိုလူအား လက်စားချေရန် ဝိုင်းအုံကြမည်မှာ သေချာသည်။
သို့သော် ယဲ့ဖန် ပြသခဲ့သည့် ခွန်အားမှာ ပြင်းထန်လွန်းလှသည်။
လူတိုင်းသည် တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေကြပြီး ဘယ်သူမှ ရှေ့သို့ မတိုးရဲကြပေ။
ယဲ့ဖန် သူတို့ကို လျစ်လျူရှုလိုက်သည်။
သူသည် မတ်တပ်ထရပ်ပြီး လိုက်ကျီချန်းစီသို့ လျှောက်သွားသည်။
လိုက်ကျီချန်းသည် မြေပြင်ပေါ်တွင် ရုန်းကန်နေရသည်။
ယဲ့ဖန် လမ်းလျှောက်လာသည်ကို မြင်ပြီး ကြောက်စိတ်ဖြင့် ချက်ချင်း ပြန်ဆုတ်သွားသည်။
" မင်း ..... မင်း ...... "