← Chapters

လျုံမိသားစုမှာ ဘယ်တုန်းက ဒီလိုဉာဏ်ကြီးရှင်မျိုး ရှိသွားတာလဲ

Vol. 70 Ch. 1395

လျုံမိသားစုမှာ ဘယ်တုန်းက ဒီလိုဉာဏ်ကြီးရှင်မျိုး ရှိသွားတာလဲ

Vol. 70 Ch. 1395

" မသေချင်ရင် စကားမပြောနဲ့ "

ယဲ့ဖန်မှ အေးစက်စွာပြောသည်။

သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လိုက်ကျီချန်း၏ ရင်ဘတ်ကို အကြိမ်အနည်းငယ် နှိပ်ပေးလိုက်သည်။

လိုက်ကျီချန်းသည် ချက်ချင်းပင် သူ့ရင်ဘတ်မှ နာကျင်မှု တဖြည်းဖြည်း ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။

ယဲ့ဖန်သည် သူ့ကို ကယ်တင်ရန် ကြိုးစားနေကြောင်း သူသိသည်။

မဟုတ်ပါက သူသည် ပို၍များသော အတွင်းဒဏ်ရာများ ပြင်းထန်စွာ ခံစားနေရလိမ့်မည်။

သူသည် ခံစားချက်များ ရောထွေးနေသည်။

ယဲ့ဖန်မှ သူ့ကို နှိပ်နယ်ပေးပြီးသည်နှင့် အမြန်ထရပ်ပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။

" တောင်းပန်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အထင်ကြီးမိသွားတာပါ ..... "

ယဲ့ဖန်သည် အစောက ကရုဏာပြခဲ့ကြောင်း လိုက်ကျီချန်း ကောင်းစွာ သိလေသည်။

မဟုတ်ပါက ထိုတံတောင်ဆစ်၏ အရှိန်နှင့် ပြင်းထန်သော ထိုးနှက်ချက်ကြောင့် သူ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။

ထိုဖြစ်နိုင်ချေကို တွေးပြီး တုန်လှုပ်ချောက်ချားသွားသည်။

လျုံမိသားစုသည် ကျန်းကောတွင် ဒုတိယအဆင့် မိသားစုတစ်ခုဟုသာ အမြဲထင်ခဲ့သည်။

လျုံမိသားစုထဲ၌ ဤမျှတော်သော ဉာဏ်ကြီးရှင်ရှိမည်ဟု သူ မမျှော်လင့်ထားပေ။

နှစ်ရာချီ အမွေဆက်ခံထားနိုင်သည့် မိသားစုကြီး ဖြစ်နေသည်မှာ အံ့သြစရာ မရှိပေ။

ဇာမဏီသုံးကောင်အဖွဲ့အစည်းကဲ့သို့ အင်အားအသစ်တစ်ခုဖြင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။

ယဲ့ဖန်သည် ထိုလူ၏ အတွေးကို ဂရုမစိုက်ပေ။

အနောက်သို့ ပြန်လှည့်ပြီး လျုံဝမ်းယွမ်စီသို့ လျှောက်သွားသည်။

" ဆရာကြီး၊ လျုံမိသားစုကို အရင်ပြန်သွားလိုက်ပါ။ ကျွန်တော် ကျင်းရှင်းနဲ့ အပြင်သွားလိုက်ဦးမယ် "

လျုံဝမ်းယွမ်သည် ခေါင်းညိတ်ပြပြီးနောက် သူ့မျက်နှာမှာ စိတ်သက်သာရာရနေပုံရသည်။

" ရှောင်ဖန်၊ ဒီနေ့အတွက် ငါ မင်းကို တကယ် ကျေးဇူးတင်ပါတယ်ဘ"

လျုံ မိသားစုမှ အခြားမိသားစုဝင်များသည်လည်း ယဲ့ဖန်အား ကျေးဇူးတင်သောအမူအရာများ ပြသခဲ့သည်။

" ဆရာ၊ ဘာဖြစ်လို့ ကျေးဇူးတင်စကား ပြောနေသေးတာလဲ "

ယဲ့ဖန်သည် ချက်ချင်းပင် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

" စကားနဲ့ပဲ မပြောပါနဲ့။ တစ်ခုခုလုပ်ရမှာပေါ့ "

ယဲ့ဖန်သည် ပြောသည့်အတိုင်း လက်နှစ်ချောင်းကို ပွတ်သပ်လိုက်သည်။

" ခွေးကောင်လေး၊ မင်းက ဆရာစီက ပိုက်ဆံလိုချင်သေးတာလား။ ငါမင်းကို ရိုက်ထည့်လိုက်မယ် "

လျုံဝမ်းယွမ်သည် ရိုက်တော့မည့်ပုံစံဖြင့် ကြည့်ပြီး ရယ်မောလိုက်သည်။

" သွားကြရအောင် "

ယဲ့ဖန်သည် ရှုကျင်းရှင်းကို အမြန်ဆွဲဒလိုက်ပြီး သနားစရာကောင်းသော အနေအထားဖြင့် ထွက်ပြေးသွားသည်။

" ဟားဟား ..... "

လျုံမိသားစုမှ အားလုံးသညါ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ယဲ့ဖန်၏ လက်ရှိအသွင်အပြင်သည် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦး၏ ပုံစံဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဇာမဏီသုံးကောင်အဖွဲ့အစည်း ဌာနချုပ်၏ အထွေထွေမန်နေဂျာ၏ ရုံးခန်းထဲ၌ ယုဖန်းရှန်းသည် တံခါးဝရှိ စောင့်ကြည့်မှတ်တမ်းဗီဒီယိုကို ထိတ်လန့်တကြား စိုက်ကြည့်နေသည်။

လိုက်ကျီချန်းသည် သူမလက်အောက်ရှိ အပြင်းထန်ဆုံး အဖွဲ့ဝင်နှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။

ယဲ့ဖန်သည် လှုပ်ရှားမှု တစ်ကွက်တည်းဖြင့် သူမတပည့်ကို သတ်ပစ်နိုင်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

" လျုံမိသားစုက ဒီလိုမျိုး ဉာဏ်ကြီးရှင်မျိုးကို ဘယ်တုန်းက မွေးထုတ်ထားတာလဲ "

သူမ မတတ်နိုင်ဘဲ သူမကိုယ်သူမ ရေရွတ်နေမိသည်။

အကယ်၍ သူမသည် ထိုကဲ့သို့သော ဉာဏ်ကြီးရှင်တစ်ဦးကို စုဆောင်းနိုင်ပါက ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ ခွန်အားသည် အတောင်ပါသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်လာလိမ့်မည်။

သူမသည် ထိုအကြောင်း တွေးမိလေလေ၊ ဖြစ်နိုင်ချေ ပိုများလေလေဖြစ်သည်။

လျုံမိသားစုအား ကျန်းကောပြည်နယ်တွင် ဒုတိယအဆင့် မိသားစုအဖြစ် သတ်မှတ်နိုင်သည်။

ထို့အပြင် အရည်အချင်းမရှိခြင်းကြောင့် မျိုးဆက်သစ်လူငယ်များသည် ဂုဏ်သတင်းညှိုးနွမ်းကာ တတိယအဆင့် မိသားစုအဖြစ် ကျဆင်းသွားနိုင်သည့် အရိပ်အယောင်များပင် ရှိလာသည်။

ဇာမဏီသုံးကောင်အဖွဲ့အစည်းသည် ဤအချိန်တွင် ခွန်အားကို တိုးမြှင့်မည်ဆိုပါက ရနိုင်သည်။

သူမသည် ထိုအကြောင်း များများတွေးလေ၊ ဖြစ်နိုင်ချေ ရှိသည်ဟု ထင်လေလေဖြစ်သည်။

ယဲ့ဖန်အား မည်သို့ စုဆောင်းရမည်လဲဆိုတာကို သူမ တွေးနေမိသည်။

ယဲ့ဖန်သည် တစ်စုံတစ်ယောက်မှ သူ့အား ပစ်မှတ်ထားပြီး သူ့ကို လက်ပါးစေအဖြစ် စုဆောင်းချင်နေမှန်း ယဲ့ဖန် မသိပေ။

သူနှင့် ရှုကျင်းရှင်းတို့သည် လမ်းများပေါ်၌ ဦးတည်ရာမရှိ လမ်းလျှောက်နေခဲ့ကြသည်။

ကောင်းကင်ကြီးမှာ မှောင်စပြုနေပြီဖြစ်သည်။

လမ်းပေါ်၌ လူငယ်စုံတွဲများ ဈေးဝယ်ထွက်နေကြသည်။

သူတို့နှစ်ယောက်သည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်နေသည်။

" ရှင် ဒီနေ့ မီးမောင်းထိုးပြခံလိုက်ရတာပဲ "

ရှုကျင်းရှင်းသည် သူ့ညာဘက်ဘေးမှ လိုက်လာပြီး သူ၏ ဘေးတိုက်ပုံစံကို ပြုံးလျက် ကြည့်နေသည်။

" အခြားနည်းလမ်း မရှိဘူးလေ။ ကိုယ့်ရဲ့ ခွန်အားနဲ့ လူမသိသူမသိနေဖို့က မဖြစ်နိုင်ဘူး "

ယဲ့ဖန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" ကျစ်၊ ရှင်ကတော့ ...... "

ရှုကျင်းရှင်း၏ အသံသည် အနည်းငယ် ညင်သာနေသည်။

သူမသည် ထိုသို့ ပြောလိုက်သော်လည်း ကျန်းကော၌ ယဲ့ဖန်၏ လွှမ်းမိုးနိုင်မှုကြောင့် သူမ ထိတ်လန့်နေဆဲဖြစ်သည်။

ကျန်းကောပြည်နယ်၌ နှစ်ရာချီရှိနေခဲ့သည့် လျုံမိသားစုပင် မလုပ်နိုင်ချေ။

သို့သော် ယဲ့ဖန်သည် တကယ်ပင် အလွယ်တကူ လုပ်နိုင်ခဲ့သည်။

သူမသည် သူ့ကို အတော်ပင် လေးစားနေပြီ ဖြစ်သည်။

ယဲ့ဖန်သည် ထိုကိစ္စကို ဆက်ပြီး မစဉ်းစားပေ။

သူသည် လမ်းဘေးရှိ ဈေးဆိုင်တစ်ခုဆီ ပြေးသွားပြီး သကြားလုံးတစ်ချောင်း ဝယ်လိုက်သည်။

သူသည် ပြန်လာပြီး ရှုကျင်းရှင်းကို ပေးလေသည်။

" ကျွန်မ ကလေးမဟုတ်တော့ဘူး။ ဘာလို့ သကြားလုံး စားရမှာလဲ "

ရှုကျင်းရှင်းသည် သူ့ကို ရှက်ရွံ့စွာ စိုက်ကြည့်နေသည်။

" မင်း မစားချင်ရင် ကိုယ် စားမယ် "

ယဲ့ဖန်သည် သကြားလုံးမျှင်ကို ပါးစပ်ထဲထည့်လိုက်သည်။

သို့သော် ရှုကျင်းရှင်း စိတ်ပြောင်းသွားသည်။

သူမသည် သကြားလုံးမျှင်ကို လုယူကာ ချယ်ရီရောင် ပါးစပ်လေးကိုဖွင့်ပြီး ကိုက်လိုက်သည်။

" အင်း၊ အရသာရှိလိုက်တာ "

သူမသည် ချီးကျူးလျက် ပါးပြင်များ ဖောင်းလာသည်။

" ဟား၊ မိန်းမတွေက တစ်မျိုးပြောပြီး နောက်တစ်မျိုး ဆိုလိုနေတာပဲ "

ယဲ့ဖန် မတတ်နိုင်ဘဲ ညည်းညူလိုက်သည်။

ရှုကျင်းရှင်း နှာမှုတ်ပြီး ယဲ့ဖန်ကို တမင်တကာ စိတ်ဆိုးအောင် လုပ်နေသည်။

သူမသည် သကြားလုံးများကို ဝါးလျက် ဝါးနေသည့် အသံများ ထွက်နေသည်။

ယဲ့ဖန် သူမကို ခဏတာ စိုက်ကြည့်နေတယ်။

သူမသည် နောက်တစ်လုပ် ကိုက်ခါနီးတွင် ယဲ့ဖန်သည် ရုတ်တရက် သူ့ခေါင်းကို ရွှေ့ပြီး အရင်ကိုက်လိုက်သည်။

ရှုကျင်းရှင်း သတိလွတ်သွားခဲ့သည်။

မတော်တဆ နှုတ်ခမ်းချင်း ဖိမိသွားသည်နှင့် သူမ၏ လှပသော မျက်လုံးလေးများမှာ ပြူးကျယ်သွားသည်။

သူတို့မျက်လုံးချင်း စက္ကန့်အနည်းငယ်ကြာ ဆုံသွားသည်။

အဆုံး၌ ရှုကျင်းရှင်းမှ ပထမဆုံး တုံ့ပြန်လာခဲ့သည်။

သူမသည် ခေါင်းကို အလျင်စလို ဖယ်လိုက်သော်လည်း မဖယ်ခင် တစ်ဝက်ကို ကိုက်လိုက်သည်။

ယဲ့ဖန်သည် အခြားတစ်ဝက်ကို အောင်မြင်စွာ ကိုက်လိုက်သည်။

" ဟမ်း၊ တကယ် စားကောင်းတာပဲ "

ရှုကျင်းရှင်း မျက်နှာမှာ နီရဲနေပြီ ဖြစ်သည်။

သူမသည် ယဲ့ဖန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" ယဲ့ဖန်၊ ရှင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုရင်ရော ဘာဖြစ်လဲ "

ယဲ့ဖန်သည် အကြော်ခံရမည်ကို မကြောက်သော ဝက်သေတစ်ကောင်ကဲ့သို့ ပြုမူနေခဲ့ရာ ရှုကျင်းရှင်း ဘာမှ မလုပ်နိုင်ခဲ့ပေ။

လူတစ်ဦးသည် အရှက်ကင်းမဲ့ပြီး အင်အားကြီးနေသည့်အခါ ထိုလူကို အမှန်တကယ် အနိုင်ယူနိုင်စွမ်း မရှိပေ။

" ဟွန်း၊ ရှင့်ကို ဂရုမစိုက်တော့ဘူး "

သူမ နှုတ်ခမ်းစူပြီး ရှေ့သို့ လျှောက်သွားသည်။

အမှန်တကယ်တွင် သူမ စိတ်မဆိုးပေ။

ရှက်လွန်း၍ သူ့အား မည်သို့ရင်ဆိုင်ရမည်အား မသိနေခြင်းဖြစ်သည်။

ယဲ့ဖန်သည် ကျန်းကောပြည်နယ်၏ ညမြင်ကွင်းကို ခံစားရင်း သူမအနောက်မှ အေးဆေးစွာ လမ်းလျှောက်လိုက်နေသည်။

[ ဒင်။ စနစ်မှ ရတနာအသစ်ကို ရှာဖွေတွေ့ရှိထားပါသည်။ မီတာ၅၀ တည့်တည့်သွားပြီးနောက် ညာဘက်သို့ ကွေ့ပါ ...... ]

သူတို့နှစ်ယောက် လမ်းလျှောက်နေစဉ် ယဲ့ဖန်၏ နားထဲသို့ စနစ်မှ သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။

သူ ခဏတာ ထိတ်လန့်သွားသည်။

ဒီစနစ်က ဘယ်လိုကစားရမလဲ တကယ် သိတာပဲ။

ညကြီး ရတနာထွက်ရှာခိုင်းတာလား။

သို့သော် မည်သို့ပင်ဖြစ်စေ ယဲ့ဖန်သည် ရတနာရှာဖွေရမည့်တာဝန်ကို ဟာသအဖြစ် မမှတ်ယူနိုင်ပေ။

ဤသည်မှာ လေးနက်သည့်ကိစ္စ ဖြစ်သည်။

" ခဏစောင့်ပါဦး "

သူသည် ရှုကျင်းရှင်းကို အမြန်တားလိုက်သည်။

" ဘာလဲ "

ရှုကျင်းရှင်း၏ လှပသော မျက်နှာလေးသည် ဒေါသအရိပ်အယောင်များ ရှိနေဆဲဖြစ်ပြီး သူမကို ချော့လို့မရသည်မှာ ထင်ရှားနေသည်။

" ကိုယ် ..... မင်းကို တစ်နေရာရာ ခေါ်သွားမယ် "

" ကျွန်မတို့ ဘယ်သွားမလို့လဲ ..... "

ယဲ့ဖန်သည် သူမကို ထပ်မေးရန် အခွင့်အရေး မပေးခဲ့ချေ၊

သူမလက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် အမြန် လျှောက်သွားသည်။

သူတို့နှစ်ဦးသည် လူစည်ကားသော လမ်းများကို အမြန်ကျော်ဖြတ်ပြီး အထပ်နိမ့်အဆောက်အဦးများရှိသော လူနေရပ်ကွက်တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

ဤနေရာရှိ လမ်းမီးများသည် မှိန်ဖျော့နေပြီး အစောက စည်ကားနေသော မြင်ကွင်းနှင့် ခြားနားနေသည်။

ယဲ့ဖန်သည် ရှုကျင်းရှင်းအား မှောင်နေသော လမ်းကြားထဲသို့ ဆွဲခေါ်သွားခဲ့သည်။

သူမ နှလုံးခုန်သံများ အရိုင်းဆန်စွာ ခုန်ပေါက်နေသည်။

သူက သားရဲတစ်ကောင်လို ပြုမူပြီး သူမကို ညစ်ပတ်တာ တစ်ခုခု လုပ်ချင်နေတာ ဖြစ်နေမလား။

ထိုဖြစ်နိုင်ချေကို တွေးမိပြီး သူမ၏ စိတ်မှာ တုန်လှုပ်သွားသည်။

သူမ လှည့်ထွက်ပြေးချင်သော်လည်း ယဲ့ဖန်သည် သူမလက်လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

သူမ အလွယ်တကူနှင့် လွတ်မြောက်နိုင်မည် မဟုတ်သည်ကို သိလိုက်သည်။

သူမ၏ စိတ်ကူးများ အရိုင်းဆန်နေချိန်တွင် ယဲ့ဖန်သည် ခြံဝင်းတစ်ခုရှေ့၌ ရုတ်တရက် ရပ်လိုက်ပြီး ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သည်။

ရှုကျင်းရှင်းသည် သူ၏ လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ကို မြင်သောအခါ မတတ်နိုင်ဘဲ စိတ်ပူနေတော့သည်။

အားကန်ကြောင့် လမ်းလွဲပြီး သူခိုးအဖြစ် အလုပ်ပြောင်းချင်နေတာလား။

All Chapters