သဘာဝလွန် သံဖြတ်ဓား။ သွေးသန့်စင်ခြင်း အဆင့် (၃)။ (၁)
Vol. 11 Ch. 165
"ဒါက ကျွန်တော်လုပ်သင့်တဲ့အရာပါ" စူးချန်ခုန်းသည် အကျိုးခံစားခွင့်များရရှိခဲ့သောကြောင့် ထုံးစံအတိုင်း အစွမ်းကုန်ကူညီသင့်သောကြောင့် ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမျှမခံစားရပါ။ ထို့အပြင် သူသည် မုန့်စန်းကို အလွန်ရန်ငြိုးကြီးသည်ဖြစ်ရာ သူအရေးနိမ့်သွားကို မြင်တွေ့ရသည်မှာ တကယ် ကောင်းမွန်ပါသည်။
သို့ပေမယ့် မကြာခင်မှာပဲ စစ်ခုန်းကျန့်က လေသံပြောင်းပြီး မေးလိုက်လေ၏ "ဟွမ့်အာဆီက ငါကြားရတာတော့ မင်း ဧရာမဝေလငါးအတတ်ကို သင်ပြီးပြီဆို"
စူးချန်ခုန်း ချက်ချင်း သတိကပ်လိုက်သည်။ ဧရာမဝေလငါးနည်းပညာကို သင်ယူပြီးပါက ၎င်းသည် ဧရာမဝေလငါးဂိုဏ်း၏ ထိပ်တန်းအတတ်ပညာဖြစ်သောကြောင့် ၎င်းကို အသုံးပြုပြီးနောက် စွန့်ပစ်ခံရခြင်းအထိပင် ပြဿနာရှိလာနိုင်သည်ဟု ယခင်က မှန်းဆခဲ့ဖူးသည်။ အခုတော့ စစ်ခုန်းကျန့်က ဒီအကြောင်း ပြောလာလေပြီ။
“အမ်…အဲ့ဒါက ကျွန်တော် မထင်မှတ်ဘဲ ရလာတဲ့ အခွင့်အရေးတစ်ခုပါ” စူးချန်ခုန်း အတန်ငယ် ခေါင်းညိတ်လိုက်သည်။
စစ်ခုန်းကျန့်က သက်ပြင်းချလိုက်ပြီး " ဧရာမဝေလငါးနည်းပညာက ဧရာမဝေလငါးဂိုဏ်းရဲ့ ထိပ်တန်းနည်းပညာဖြစ်ပြီး မျိုးဆက်တွေတစ်လျှောက် ဂိုဏ်းခေါင်းဆောင်ကသာ သင်ယူခွင့်ရှိတယ်။ ညီလေးစူး၊ မင်းက ဧရာမဝေလငါးဂိုဏ်း၏အဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် ဧရာမဝေလငါးနည်းပညာကို ကျင့်ကြံတာက တကယ်ကို မသင့်လျော်ဘူး။"
စူးချန်ခုန်းက တိတ်တဆိတ် နားထောင်နေသည်။ စစ်ခုန်းကျန့်ကို မပြောဘဲ စစ်ခုန်းဟွမ်က ဧရာမဝေလငါးနည်းပညာ ကျင့်ကြံနည်းကို ပေးခဲ့တယ်ဆိုတာ သူ မယုံပါ။ စစ်ခုန်းကျန့် သဘောမတူခဲ့ပါက စစ်ခုန်းဟွမ်သည် ၎င်းကို သေချာပေါက် ပေးမည်မဟုတ်ပေ။
စစ်ခုန်းကျန့်က "ညီလေးစူး၊ ညီလေးက တော်တော်ငယ်သေးပုံရတယ်။ ကြည့်ရတာတော့ အိမ်ထောင်မပြုရသေးဘူးမလား။"
"အာ?" စူးချန်ခုန်းသည် အနည်းငယ် ထိတ်လန့်သွားပြီး တစ်စုံတစ်ခုကို ရိပ်မိသွားသည်။
မျှော်လင့်ထားသည့်အတိုင်း စစ်ခုန်းကျန့်က "အစ်ကို့ညီမလေးက ဒီနှစ််ဆို နှစ်ဆယ့်တစ်နှစ်ပဲရှိသေးတယ်။ ညီလေးစူးထက် နှစ်နှစ်ပဲကြီးတာ။ တောနက်စီရင်စုမှာ သူ့အခြေအနေတွေက ဒုတိယလူ မရှိဘူးနော်။ အစ်ကိုကြီး အဖရာဆိုသလို ညီလေးစူးဆန္ဒရှိရင် သူ့ကို စေ့စပ်ထားလို့ရပါတယ်။ အဲဒီလိုဆိုရင် အစ်ကိုတို့ မိသားစုတစ်စုတည်း ဖြစ်သွားပြီလေ။"
စစ်ခုန်းကျန့်ရဲ့ စကားတွေက အရမ်းရိုးရှင်းပါသည်။ အပြင်လူ စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းမှ စစ်ခုန်းမိသားစုဂိုဏ်း၏ ထိပ်တန်းအတတ်ပညာကို သင်ယူခဲ့သည်။ ထုံးစံအတိုင်း ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက စူးချန်ခုန်းကို သူတို့ကိုယ်ပိုင်ဖြစ်လာအောင် လုပ်ဖို့ပါပဲ။
စူးချန်ခုန်းသည် ငယ်ရွယ်ပြီး သိုင်းပညာတွင် သူ၏စွမ်းရည်က အံ့မခန်းပင်။ အချိန်တိုအတွင်း သူသည် အလွန်လိုအပ်ချက်များသော ဧရာမဝေလငါးနည်းပညာကို ကျင့်ကြံရာတွင် တော်တော်လေး တိုးတက်ခဲ့သည်။ သူ့ကို စစ်ခုန်းမိသားစုရဲ့ အဆင့်ထဲ ဆွဲသွင်းလိုက်တာ နှစ်အနည်းငယ်အတွင်းမှာတော့ သူက ဒုတိယ စစ်ခုန်းယုံ ဖြစ်လာစေနိုင်လောက်သည်။
ဒီအတွက် စစ်ခုန်းကျန့်က စစ်ခုန်းဟွမ်နဲ့ အထူးတလည် ဆွေးနွေးခဲ့ပြီး ဒီနေ့ ဒီလိုဖြစ်ရပ်မျိုးကို ဖြစ်လာခဲ့တာပင်။
အလွန်အေးဆေးတည်ငြိမ်နေပြီး အလည်အပတ်လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိနေသော စစ်ခုန်းဟွမ်ကို စူးချန်ခုန်း ကြည့်လိုက်သော်လည်း သူ၏မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အမြွက်တို့ ရှိနေ၏။
ဒါက လက်ထပ်ပေါင်းစည်းဖို့ သူ့ကို စူးချန်ခုန်းအား ဆွဲသွင်းရန် အသုံးချခြင်းပင်။
စူးချန်ခုန်းသည် အမှန်တကယ် ထူးချွန်ပြီး သူ့အတွက် လုံးဝ ကွက်တိ ဖြစ်နေသော်လည်း စစ်ခုန်းဟွမ်က ဒါကို သဘောမကျသေးပေ။ သူက အလွန်မာနကြီးသည်။ မဟုတ်ပါက သမီးတစ်ယောက်အနေနှင့် သူ့ကံကြမ္မာကို ထိန်းချုပ်နိုင်ရန် ငယ်စဉ်ကတည်းက သိုင်းခံပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့မည်မဟုတ်။
ဒါပေမယ့် သူဟာ သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ စစ်ခုန်းမိသားစုရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်တာကြောင့် သက်ဆိုင်ရာ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်သင့်ပါပေသည်။ သူလုပ်နိုင်သမျှ အစီအစဉ်ကို လက်ခံဖို့ပင်။
စစ်ခုန်းကျန့်၏ တောင်းဆိုချက်ကို သဘောတူလိုက်ခြင်းဖြင့် ဧရာမဝေလငါးနည်းပညာ၏ ပြဿနာကို ဖြေရှင်းနိုင်ရုံသာမက စစ်ခုန်းမိသားစုသည် စူးချန်ခုန်းကို ပြုစုပျိုးထောင်ရန် ကြိုးပမ်းအားထုတ်မှုကို နှမြောမည်မဟုတ်ပေ။ ဒါက ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်ဖြစ်ပုံပေါ်သည်။
ဒါပေမယ့် စူးချန်ခုန်းက မျက်နှာထားတည်တည်ဖြင့် ဆိုလေ၏။ "ခေါင်းဆောင်ငယ်လေး ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ကျွန်တော် သဘောမတူနိုင်ပါဘူး"
ဒါက စစ်ခုန်းကျန့် မျက်မှောင်ကြုတ်စေ၏။ "ဘာလို့လဲ။ ငါ့ညီမ မင်းအတွက် မလုံလောက်ဘူးလား"
"မဟုတ်ပါဘူး" စူးချန်ခုန်းက ခေါင်းခါလိုက်သည်။ "ဒါက ထိုက်တန်တာ မထိုက်တန်တာနဲ့ မဆိုင်ပါဘူး။ ကျွန်တော်ရဲ့ရည်မှန်းချက်က ဒီနေရာမှာ ရပ်တန့်သွားမှာမဟုတ်လို့ပါပဲ။ ကျွန်တော် လိုက်စားတဲ့အရာက သာမန်အဆင့်ထက် အများကြီး သာလွန်ပါတယ်။ ကျွန်တော်အော င်မြင်တဲ့အထိ အရှုံးမပေးချင်ပါဘူး။ အဲ့ဒီပန်းတိုင်ကိုမရောက်ခင် ကျွန်တော့်မှာ တွယ်တာမှုတွေ အများကြီး ရှိနေလို့မဖြစ်ဘူး။ အဲ့တာက ကျွန်တော်ရဲ့ ခြေလှမ်းတွေကို အဟန့်အတားဖြစ်စေလို့ပါ။"
စူးချန်ခုန်းသည် ကျော်ကြားမှု သို့မဟုတ် ချမ်းသာမှုကို မလိုက်စားဘဲ သိုင်းပညာ၏ အမြင့်ဆုံးနယ်ပယ်ဖြစ်သော အမတကျင့်စဉ်ကို အရယူဖို့ပင်။
သာမာန်လူတိုင်း၊ မင်းသားတိုင်း၊ မျိုးရိုးမြင့်သည့် လူတိုင်း၊ ဧကရာဇ်တိုင်းသည် အမတတရားကို တောင့်တကြသည်။
မသေမျိုးသည် လူတိုင်း၏ အိပ်မက်ထဲတွင် လိုချင်တောင့်တသော အရာဖြစ်သော်လည်း ၎င်းသည် ရရှိနိုင်ရန် မယုံနိုင်လောက်အောင် ခက်ခဲသော နယ်ပယ်တစ်ခု ဖြစ်သည်။
အိမ်ထောင်ပြုခြင်းနှင့် ကလေးယူခြင်းသည် လောလောဆယ်တွင် စူးချန်ခုန်း ထည့်သွင်းစဉ်းစားမည့် အရာမဟုတ်ပေ။ သူ့တွင် မာနရှိသည်ဟူသောအချက်ကို မဆိုထားနှင့် စစ်ခုန်းဟွမ်သည် သူ့အတွက် ထိုခံစားချက်မျိုး မရှိပေ။ သူက စစ်ခုန်းမိသားစု၏ ဖိအားကြောင့် မဆန့်ကျင်ခဲ့တာပင်။
စူးချန်ခုန်းသည် စစ်ခုန်းဟွမ်နှင့် ပတ်သတ်၍ အလားတူ ခံစားရသည်။ ဒီလိုဆိုရင် နှစ်ဖက်စလုံးက အဘယ်ကြောင့် အပေးအယူလုပ်ပြီး ဖြေရှင်းရမည်နည်း။
စစ်ခုန်းကျန့်က “ညီလေးစူး၊ ယောက်ျားတစ်ယောက်က လက်ထပ်ပြီး ဘဝမှာ အခြေချဖို့ လိုအပ်တယ်။ မင်း အခုချက်ချင်းလက်ထပ်ဖို့ လိုတာ မဟုတ်ဘူးလေ။ အခုက စေ့စပ်ထားရုံပဲ”
"ခေါင်းဆောင်ငယ်လေး၊ အတင်းအကြပ်ပြောနေစရာ မလိုပါဘူး။ တကယ်အလုပ်မဖြစ်ဘူးဆိုရင် ဧရာမဝေလငါးနည်းပညာကို ဘယ်တော့မှ ထပ်မကျင့်ကြံတော့ဘူးလို့ ကျိန်ဆိုနိုင်ပါတယ်" ဟု စူးချန်ခုန်းကပြောလိုက်သည်။
သူက အေးဆေးတည်ငြိမ်ပြီး ပြတ်သားသော လေသံဖြင့် ခေါင်းယမ်းလိုက်လေ၏။
စစ်ခုန်းကျန့်နှင့် စစ်ခုန်းဟွမ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး စူးချန်ခုန်း၏ ပြတ်ပြတ်သားသား ငြင်းဆန်မှုကြောင့် နှစ်ယောက်စလုံး စိတ်သက်သာရာရသွားကြသည်။
စစ်ခုန်းကျန့်၏ စိတ်နေစိတ်ထားအရ သူသည် ဤသိုင်းပညာရှင်ငယ်လေးကို အရယူနိုင်ရန် သူ့ညီမ၏ ဘဝတစ်ခုလုံးကို စတေးဖို့ ဆန္ဒမရှိပေ။
စစ်ခုန်းဟွမ်သည် အခြေအနေ၏ ဖိအားကြောင့် သဘောတူခဲ့သည်။ စူးချန်ခုန်း၏ ငြင်းဆန်မှုကြောင့် သူ သက်ပြင်းချမိသည်။
တစ်ချိန်တည်းမှာပင် နှစ်ယောက်သား သူ့ကို တိတ်တဆိတ် သဘောကျနေမိသည်။ အခြားသူသာဆိုလျှင် အများအားဖြင့် သဘောတူနိုင်သော်လည်း စူးချန်ခုန်းတွင် သူ့စည်းနဲ့သူရှိသည်။ ထိုစည်းကို ထိမိလျှင် တစ်လက်မမှ နောက်ပြန်ဆုတ်မည်မဟုတ်ပေ။
ဤကိစ္စနှင့် ပတ်သက်၍ စူးချန်ခုန်း၏ စရိုက်သည် အလွန်ယုံကြည်ထိုက်ပေ၏။
စစ်ခုန်းကျန့်က သူ့ကို နှစ်လိုသဘောကျစွာ ကြည့်ပြီး ဆိုလေ၏။ "ညီလေးစူး၊ ညီလေးက လူငယ်တွေမှာ တွေ့ရခဲ့တဲ့ မာနတရားကို ဆုပ်ကိုင်ထားတာပဲ။ ဒါက ပထမဆုံးအကြိမ် တွေ့တာဆိုပေမယ့် ညီလေးနဲ့ ချက်ချင်း ဆက်နွယ်မှုရှိနေတယ်လို့ ခံစားရတယ်။ အစ်ကိုတို့ သွေးသောက် ညီအစ်ကိုတွေ ဖြစ်လာကြရင်ရော။"
"ဆရာစူး ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်းချီကို ရသွားတာက ကံတရားကြောင့်ပဲ ဖြစ်ရမယ်။" ဟု စစ်ခုန်းဟွမ်က သဘောတူကာ ခေါင်းညိတ်လိုက်သည်။
ဒါကိုကြားတော့ စူးချန်ခုန်းက သူတို့ရဲ့ ရည်ရွယ်ချက်ကို အကြမ်းဖျင်း သဘောပေါက်သွားသည်။ ယောက်ဖတွေ မဖြစ်နိုင်တော့တဲ့အတွက် အချင်းချင်းဆက်ဆံရေးကို ခိုင်မြဲစေချင်သောကြောင့် ညီအစ်ကိုတွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ အကောင်းဆုံးရွေးချယ်ခဲ့ကြသည်။
ခဏလောက်စဉ်းစားပြီးနောက် စူးချန်ခုန်းသည် သူက ဧရာမဝေလငါးနည်းပညာကိုသင်ယူခဲ့ပြီး စစ်ခုန်းကျန့်သည် စစ်ခုန်းမိသားစုသို့လက်ထပ်ရန် အတင်းအကြပ်မလုပ်သောကြောင့် ဒီရွေးချယ်မှုဟာ စစ်ခုန်းမိသားစုမှ အလွန်အကျွံ လိုက်စားခြင်းကို ရှောင်ရှားရန် တကယ့်အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်ပါ၏။