← Chapters

ငါ့ကို ယုံတာကလွဲပြီး တခြားဘာရွေးချယ်စရာ ရှိလို့လဲ

Vol. 70 Ch. 1396

ငါ့ကို ယုံတာကလွဲပြီး တခြားဘာရွေးချယ်စရာ ရှိလို့လဲ

Vol. 70 Ch. 1396

ယဲ့ဖန်သည် စူးစမ်းချင်စိတ်ဖြစ်နေသည်။

စနစ်က ဘာလို့ ဒီခြံအသေးလေးဆီ လမ်းညွှန်ခဲ့တာလဲ။

သို့သော် ယဲ့ဖန်သည် အတွင်းကျနက်နဲသည့်စနစ်ကို ဖွင့်လိုက်ပြီး ခြံထဲကို ကြည့်ပြီးနောက် သူ အံ့ဩသွားတော့သည်။

" နဂါးကိုးခွက်လား "

ပထမ၌ သူ မယုံကြည်နိုင်ဖြစ်နေ၍ အကြိမ်အနည်းငယ် စစ်ဆေးနေလိုက်သည်။

အဆုံး၌ အံ့အားသင့်စရာကောင်းစွာ မှန်နေခဲ့သည်။

ဒီခြံထဲမှာ တကယ်ပဲ နဂါးကိုးခွက်ရှိနေတာလား။

ယဲ့ဖန်သည် ထိုအချိန်က အသက်မွေးဝမ်းကြောင်း စတင်ရန် နဂါးကိုးခွက်ကို အားကိုးခဲ့သဖြင့် ဤအရာနှင့် ရင်းနှီးလွန်းလှသည်။

သို့သော် ဤမျှ မိုင်ထောင်ချီဝေးကွာသော ကျန်းကောပြည်နယ်တွင် နဂါးကိုးခွက်ကို ရှာတွေ့သည်မှာ အံ့သြစရာ ဖြစ်သည်။

နဂါးကိုးခွက်အပြင် ခြံဝင်းအတွင်းထဲ၌ အခြား အဖိုးတန် ရှေးဟောင်းပစ္စည်းများလည်း ရှိသေးသည်။

ဤခြံပိုင်ရှင်၏ နောက်ခံအကြောင်းကို ယဲ့ဖန် မတတ်နိုင်ဘဲ သိချင်လာမိသည်။

ဘာလို့ ဒီလောက်များတဲ့ ရှေးဟောင်းပစ္စည်းတွေ ရှိနေတာလဲ။

အခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်ပင် သူသည် နဂါးကိုးခွက်ကို သေချာပေါက် ယူရမည်မှာ သေချာသည်။

သို့သော် သူသည် ခြံတံခါးကို ညမိုးချုပ်မှ လာခေါက်ပါက တစ်ဖက်သူ၏ သံသယကို နှိုးဆွမိမည်အား စိုးရိမ်ရသည်။

ထို့ကြောင့် ယဲ့ဖန် အကြောင်းပြချက်ကောင်းကို ရှာနေရတော့သည်။

ယဲ့ဖန် တွေးတောနေစဉ်မှာပင် လမ်းကြားထဲမှ ရုန်းရင်းဆန်ခတ်သံ ထွက်ပေါ်လာသည်။

လူအတော်အများ ရှိနေပုံရသည်။

သူသည် ရှုကျင်းရှင်းကို အလျင်အမြန်ဆွဲထုတ်ပြီး သူတို့ဘေး၌ ရပ်ထားသည့် ကားအနောက်မှာ ပုန်းနေလိုက်သည်။

ခဏအကြာ၌ ခြေသံများမှာ ပို၍ နီးကပ်လာသည်ကို ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် လူနှစ်ယောက် စကားပြောသံကိုလည်း ကြားလိုက်ရသည်။

" ဒီခြံဝင်းပါ "

" ဒီနေရာ သေချာလား။ ငါမင်းကို သတိပေးလိုက်မယ်။ ငါ့ကို လှည့်စားတာမျိုး မလုပ်နဲ့။ မဟုတ်ရင် မင်းကို ငါ ခွင့်မလွှတ်ဘူး "

" ကျွန်တော် မလိမ်ပါဘူး။ ကျွန်တော့်ကို တကယ်ပဲ နိုင်အားက ပြောခဲ့တာပါ "

ယဲ့ဖန်သည် သူတို့ စကားပြောသံကို ကြားသောအခါ သူ အံ့အားသင့်သွားသည်။

ထိုအသံနှစ်ခုမှာ အလွန်ရင်းနှီးနေသည်။

သူတို့သည် လျုံကျယ်နှင့် ဆံပင်သုံးပင်တို့ ဖြစ်လေသည်။

ရှုကျင်းရှင်းသည်လည်း ကြားလိုက်ရပြီး အံ့သြသွားသည်။

" သူတို့ ဘာလို့ ဒီကိုရောက်နေတာလဲ "

ယဲ့ဖန် ခေါင်းယမ်းလိုက်ပြီး ဖြည်းညှင်းစွာ ထွက်သွားသည်။

ထိုအချိန်တွင် လျုံကျယ်သည် လျုံမိသားစုမှ လူအနည်းငယ်ကို ဦးဆောင်ကာ ဆံပင်သုံးပင်ကို ခေါ်ပြီး ခြံရှေ့သို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

လျုံကျယ် တံခါးခေါက်တော့မည် ဖြစ်သည်။

" လျုံကျယ်၊ ဒီမှာ ဘာလုပ်နေတာလဲ "

ယဲ့ဖန် အသံတိုးတိုးဖြင့် မေးလိုက်သည်။

လျုံကျယ်သည် အသံကို ကြားလိုက်သောအခါ ခဏတာ အံ့အားသင့်သွားသည်မှာ သိသာသည်။

လမ်းမီးတိုင်အောက်မှာ ယဲ့ဖန်၏မျက်နှာကို မြင်လိုက်ပြီး ပို၍ပင် အံ့သြသွားသည်။

" ယဲ့လူကြီးမင်း၊ ဘာလို့ ဒီကိုရောက်နေတာလဲ "

" အဲ့တာ .... ရှုမိန်းကလေးနဲ့ လမ်းလျှောက်ထွက်ရင်း ...... လမ်းပျောက်နေလို့ "

ယဲ့ဖန်သည် အကြောင်းပြချက်တစ်ခုကို ရှာပြောလိုက်သည်။

လျုံကျယ်သည် သူတို့နှစ်ယောက်ကို ကြည့်ပြီး မှောင်နေသောလမ်းကြားကို ကြည့်လိုက်သည်။

သူ ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။

" အိုး၊ ဘယ်လိုဖြစ်ရတာလဲ ဟားဟားဟား။ တကယ်ပဲ ဒီနေရာတွေက လွယ်လွယ်နဲ့ လမ်းပျောက်တတ်တယ် "

သူ၏ သရုပ်ဆောင်စွမ်းရည်မှာ အတော်ပင် ညံ့ဖျင်းလှသည်။ ထို့အပြင် ပြုံးနေသည်မှာလည်း မသတီစရာကောင်းလှသည်။

ရှုကျင်းရှင်းသည် မူလက အေးဆေးနေသော်လည်း သူ့အပြုံးကို သူမ မြင်လိုက်သောအခါ ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရပြီး သူမ၏ မျက်နှာလှလှလေးမှာ နီရဲသွားသည်။

ကံကောင်းစွာဖြင့် ဤနေရာတွင် အလင်းရောင် မှိန်နေသောကြောင့် မည်သူမျှ သတိမထားမိပေ။

" ဒီမှာ ဘာလုပ်နေတာလဲ "

ယဲ့ဖန်သည် လျုံကျယ်ဘေးမှ ဆံပင်သုံးပင်ကို စိုက်ကြည့်ပြီး ဆက်မေးသည်။

" ဒီကောင်လေးရဲ့ အပြောအရ ဇာမဏီသုံးကောင်အဖွဲ့အစည်းရဲ့ဥက္ကဌက ဂိုဏ်းပေါင်းစုံက သိုင်းတွေကို လေ့လာရတာ သဘောကျကြောင်း သူ့ကို နိုင်အားက ပြောပြခဲ့တာပါ။ သူက လျုံမိသားစုမှာ လက်သီးသိုင်းကျမ်း ရှိနေတဲ့ကြောင်းကိုလည်း သိထားပါတယ် "

လျုံကျယ်သည် အဖြစ်အပျက်ကို ရှင်းပြသည်။

ဤစကားကို ယဲ့ဖန် ကြားပြီးနောက် သူ အံ့အားသင့်သွားသည်။

" နိုင်အား ဒီလူက ဒီအကြောင်းတွေကို ဘယ်လိုသိတာလဲ "

လျုံကျယ် လှည့်ပြီး ဆံပင်သုံးပင်ကို ကန်လိုက်သည်။

" မင်းကိုမေးနေတယ် တစ်ခုခုဖြေလေ "

ဆံပင်သုံးပင်သည် သူ့အား ယုဖန်းရှန်းမှ ရိုက်နှက်ထားတာကြောင့် သူ့ခန္ဓာကိုယ်သည် ပုံမှန်ထက် အားနည်းနေသည်။

ထို့ကြောင့် သူသည် အကန်ခံရသည့်အခါ မြေပြင်ပေါ်သို့ လဲကျသွားပြီး ခက်ခဲစွာ ပြန်ထနေရသည်။

" နိုင်အားက ဇာမဏီသုံးကောင်အဖွဲ့အစည်းကပါ "

ဆံပင်သုံးပင်သည် တုန်လှုပ်သောအသံဖြင့် ပြန်ပြောသည်။

" ဒါဆို သူ့ကို ဘယ်လိုသိတာလဲ "

ယဲ့ဖန် ဆက်မေးသည်။

" လွန်ခဲ့တဲ့နှစ်ရက်က မြေအောက်ကာစီနိုမှာ ဖဲကစားရင်း တွေ့ခဲ့ကြတာပါ။ အဲ့ဒီတုန်းက ပိုက်ဆံအများကြီး ရှုံးပြီး ကာစီနိုမှာ ယွမ် ၁သောင်း အကြွေးတင်ခဲ့တယ်။ အဲ့တာကို သူက ကူညီပေးတော့ အဲ့လိုနဲ့ တစ်ယောက်နဲ့တစ်ယောက် သိလာတာပါ "

" ဘာလို့ သူ့ဘက်ကစပြီး မင်းရဲ့အကြွေးကို ဆပ်ပေးတာလဲ "

" သူက တော်တော်လေး ကောင်းစားနေတာလို့ ပြောပြီးတော့ ယွမ်၁သောင်းက သူ့အတွက် အရေးမပါဘူးလို့ ပြောပါတယ် "

ယဲ့ဖန်သည် ဆံပင်သုံးပင်၏ ဖော်ပြချက်ကို နားထောင်လိုက်ပြီးနောက် မျက်ခုံးများ ပို၍ပင်တွန့်လာသည်။

အကြောင်းတစ်ခုခုကြောင့် ဤကိစ္စသည် ထူးဆန်းလွန်းသည်ဟု ယဲ့ဖန် ခံစားမိသည်။

ဤနိုင်အားသည် ဆံပင်သုံးပင်စီသို့ စတင် ချဉ်းကပ်ခဲ့ပြီး လျုံမိသားစု၏ လက်သီးသိုင်းကျမ်းကို ခိုးယူစေကာ ဇာမဏီသုံးကောင်အဖွဲ့အစည်းသို့ ရောင်းချရန် သတင်းပေးခဲ့သည်။

ဘာလို့ ဒီလိုတွေဖြစ်လာတာလဲ။

" ဒီ နိုင်အားက ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာ ကြိုက်တာလား "

ယဲ့ဖန် စိတ်ထဲမှ သံသယများကို ဖျောက်ပြီး ဆံပင်သုံးပင်ကို ဆက်မေးသည်။

" ဘယ်လိုသိတာလဲ "

ဆံပင်သုံးပင်သည် အံ့အားသင့်သွားရာ လျုံကျယ်က သူ့ကို ထပ်ကန်လိုက်သည်။

" မေးတာကိုပဲ ဖြေ။ မဟုတ်တာတွေ ထပ်ပြောနေရင် ငါမင်းကို ပါးရိုက်မယ် "

ဆံပင်သုံးပင်သည် ကြောက်လန့်စွာ ပြန်ဖြေလိုက်သည်။

" ဟုတ်ပါတယ်၊ နိုင်အားက အများသောအားဖြင့် ရှေးဟောင်းပစ္စည်းတွေ ရောင်းတာကို ကြိုက်တယ်။ သူက ဝယ်သူတွေကို မိတ်ဆက်ပေးရင် ကော်မရှင်ခပေးမယ်လို့ ပြောတယ် ..... "

ယဲ့ဖန်၏ မျက်လုံးများ ချက်ချင်းပြောင်းသွားသည်။

သူ့စိတ်ထဲ၌ အစီအစဥ်ပေါ်လာသည်။

" လျုံကျယ်၊ သူ့ကို ကျွန်တော်နဲ့ ထားခဲ့လိုက်။ ခင်ဗျားရဲ့လူတွေကို အရင်ပြန်ခေါ်သွားနိုင်ပြီ "

" ကောင်းပါပြီ "

လျုံကျယ်သည် ဘာကြောင့်လဲဆိုသည်ကို မမေးဘဲ ခေါင်းညိတ်ပြလိုက်သည်။

" မင်းလည်း သူနဲ့ အရင်ပြန်လိုက်သွားသင့်တယ် "

ထို့နောက် ယဲ့ဖန်သည် တစ်ဖက်လှည့်ပြီး ရှုကျင်းရှင်းကို ညွှန်ကြားလိုက်သည်။

" ဒါဆို .... သတိထားပါ "

ရှုကျင်းရှင်းသည် အလွန်နားလည်ပေးတတ်သည်။

သူမသည် ယဲ့ဖန်ကို မနှောင့်ယှက်ဘဲ လျုံမိသားစုနှင့်အတူ ထွက်သွားခဲ့သည်။

သူတို့ ထွက်သွားပြီးနောက် ယဲ့ဖန်သည် ဆံပင်သုံးပင်ကို လှည့်ကြည့်လိုက်သည်။

သူ့မျက်လုံးများသည် မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နေသည်။

အထူးသဖြင့် ညဘက်မှာ ကြောက်စရာကောင်းစွာ တောက်လောင်နေသည်။

ဆံပင်သုံးပင်သည် ချက်ချင်းပင် ကြောက်သွားရာ သူ့အသံမှာ တုန်နေသည်။

" ယဲ့ ..... ယဲ့လူကြီးမင်း ..... ဘာလုပ်မလို့လဲ "

ဆံပင်သုံးပင်သည် စကားပြောလျက် မှောင်နေသောလမ်းကို လှမ်းကြည့်လိုက်သည်။

ဒီယဲ့လူကြီးမင်းက အကြိုက်ထူးခြားပြီး သူ့ကို တစ်ခုခုလုပ်မှာများ ဖြစ်နေမလား။

ယဲ့ဖန် သူ့ကို ဖမ်းထားလိုက်သည်။

" မသေချင်ရင် ငါပြောသလို လုပ် "

ထို့နောက် ဆံပင်သုံးပင်၏ နားထဲသို့ စကားအနည်းငယ် ပြောပြီး ပုခုံးကို ပုတ်လိုက်သည်။

" ငါပြောတဲ့အတိုင်း မင်းလုပ်တာနဲ့ ပြီးရင် မင်းကို လွှတ်ပေးမယ် "

ဆံပင်သုံးပင်သည် အစတွင် ကြောက်လန့်နေသော်လည်း ယဲ့ဖန်ပြောသည့် ဇာတ်လမ်းကို နားထောင်ပြီးနောက် သူ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

" တကယ်ပြောတာလား။ ဒါပြီးရင် ကျွန်တော့်ကို တကယ်လွှတ်ပေးမှာလား "

သူသည် ယဲ့ဖန်၏ ကတိကို မယုံကြည်နိုင်ပေ။

" ငါ့ကိုယုံဖို့က လွဲပြီး တခြားရွေးချယ်စရာရှိသေးလို့လား "

ယဲ့ဖန်သည် ခြိမ်းခြောက်သည့် သဘောထားကို ပြသလိုက်သည်။

ဆံပင်သုံးပင်သည် ပြန်၍ တုန်ရီလာတော့သည်။

သူ စကားမပြောရဲတော့ချေ။

ထို့နောက် တံခါးရှိရာသို့ သွားလိုက်သည်။

ဆံပင်သုံးပင်သည် တံခါးကို တရစပ်ခေါက်သည်။

ခဏကြာပြီးနောက် အတွင်းထဲမှ ခြေသံများ ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အသံတစ်ခု ထွက်ပေါ်လာသည်။

" ဘယ်သူလဲ၊ ဒီညကြီးသန်းခေါင်မှ တံခါးလာခေါက်နေတာ သေချင်နေတာလား "

သူ့အသံမှာ အနည်းငယ် မူးနေပုံရပြီး စကားများမှာလည်း ဝေဝါးနေသည်၊

" အစ်ကို၊ ကျွန်တော် ဆံပင်သုံးပင်ပါ "

ဆံပင်သုံးပင်က အမြန်ပြန်ဖြေသည်။

ကျွီ

သစ်သားတံခါးဟောင်းကို ဆွဲဖွင့်လိုက်ပြီး အရက်မူးနေသော အမျိုးသားတစ်ဦးသည် သူ့ခန္ဓာကိုယ်တစ်ဝက် ထွက်လာကာ ချောင်းကြည့်သည်။

သူသည် ဆံပင်သုံးပင်ကို ကြည့်ပြီးနောက် ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ဆံပင်သုံးပင်လား။ ညလယ်ခေါက်ကြီးမှာ ဘာလာလုပ်တာလဲ။ ဒါက ဘယ်သူလဲ "

" အစ်ကိုနိုင်အား၊ ကျွန်တော် အချိန်ရရင် ရှေးဟောင်းပစ္စည်း ဝယ်လက်တွေကို မိတ်ဆက်ပေးမယ်လို့ မပြောဘူးလား။ ငါ ဒီနေ့ တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရခဲ့တယ်။ သူက ပစ္စည်းတွေကို အရင်ကြည့်ချင်လို့တဲ့ "

ဆံပင်သုံးပင်သည် ယဲ့ဖန် သင်ပေးထားသည်များအတိုင်း အလျင်စလို ပြန်ပြောသည်။

All Chapters