← Chapters

လက်ထဲမှ နဂါးကိုးခွက်

Vol. 70 Ch. 1398

လက်ထဲမှ နဂါးကိုးခွက်

Vol. 70 Ch. 1398

နိုင်အားသည် ချက်ချင်းပင် စိတ်ရှုပ်သွားသည်။

" ဒီဟာကို မပေးနိုင်ဘူး "

ထိုသို့ပြောပြီးနောက် ယဲ့ဖန်စီမှ ပြန်လုရန် လက်လှမ်းလိုက်သည်။

ယဲ့ဖန်၏ မျက်နှာထားမှာ မည်းမှောင်သွားသည်။

" အစ်ကိုနိုင်အားက ကပ်စေးနည်းလွန်းနေတာ မဟုတ်ဘူးလား။ ခင်ဗျားစီက ၆သန်းဖိုးတောင် ဝယ်ထားတာကို ဒီခွက်လေးတစ်ခွက်တောင် မပေးနိုင်ဘူးလား "

ဆံပင်သုံးပင်ကလည်း ဝင်ပြောသည်။

" ဟုတ်တယ် အစ်ကိုနိုင်။ ဒါက ခွက်ပဲ့လေးပဲ မဟုတ်ဘူးလား။ ယဲ့လူကြီးမင်းကို လက်ဆောင်ပေးလိုက်လည်း ရပါတယ် "

" မင်း ဘာသိလဲ။ ဒါ ငါတို့မိသားစုရဲ့ အမွေဆက်ခံလာတဲ့ပစ္စည်းပဲ။ ဘိုးဘွားစဉ်ဆက် ပေးလာတာ "

နိုင်အားသည် သူ့အား စိုက်ကြည့်လိုက်သည်။

အပြင်လူဘက်မှပါ၍ အပြစ်တင်နေသည်မှာ သိသာသည်။

ယဲ့ဖန်သည် ဒေါသထွက်သော အမူအရာလုပ်လိုက်သည်။

ထို့နောက် နဂါးကိုးခွက်ကို ကိုင်ကာ စားပွဲပေါ်လို့ ရိုက်ချလိုက်သည်။

သေချာပေါက် သူ့ခွန်အားကို ထိန်းလိုက်လေသည်။

ခွန်အားအများကြီး သုံးလိုက်ပုံပေါက်သော်လည်း အမှန်မှာ အလွန်အားဖျော့လေသည်။

" အစ်ကိုနိုင်၊ ခင်ဗျားက တော်တော်လေး ပြတ်သားတော့ မိတ်ဖွဲ့ချင်တာလို့ ထင်ခဲ့တာ။ အမြတ်နည်းနည်းအတွက်နဲ့ ဒီလို ကပ်စေးနည်းတဲ့လူ ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ ဟား၊ မေ့လိုက်ပါ။ ကျွန်တော်တို့ရဲ့ သဘောတူညီချက်က မအောင်မြင်လည်း ဒီအတိုင်းပဲ ထားလိုက်တာပေါ့ "

ယဲ့ဖန် ဒေါသတကြီးပြောပြီး လှည့်ထွက်သွားသည်။

သူ ထွက်သွားတော့မည်ကို နိုင်အား မြင်သောအခါ ချက်ချင်း ထိတ်လန့်သွားပြီး အမြန်ဆွဲကာ တားလိုက်သည်။

" ယဲ့သူဌေး၊ စျေးနှုန်းကို ဆွေးနွေးပြီးသား မဟုတ်ဘူးလား။ အခု ဒီပစ္စည်းတွေကို မလိုချင်တော့ဘူးလား "

" ဟမ်း၊ ကျွန်တော်က ပြတ်သားတဲ့ လူတွေနဲ့ပဲ စီးပွားရေးလုပ်တာ။ အမြင်တိုတဲ့သူတွေဆို ထားလိုက်တော့ "

ယဲ့ဖန်သည် သူ့လက်ကို ခါလိုက်ပြီး အပြင်ကို ဆက်လျှောက်သွားတော့မည် ဖြစ်သည်။

" ကောင်းပြီ ခွက်လေးတစ်ခွက်ပဲ ပေးလို့မရဘဲ နေမလား "

နိုင်အားသည် ပြုတ်ထားသောဘဲတစ်ကောင်သည် ပျံသွားတော့မည်ကို မြင်ပြီး အမြန်သဘောတူလိုက်သည်။

အမှန်တကယ်၌ သူသည် ဤခွက်အား ရှေးဟောင်းဈေးမှ ယွမ် ၂၀၀နှင့် ဝယ်ခဲ့ခြင်း ဖြစ်သည်။

သူ ဝယ်ခဲ့စဉ်က ဤခွက်မှာ ရိုးရှင်းပြီး ဈေးမကြီးဘူးဟု ထင်ခဲ့သည်။

ထို့ကြောင့် ဝိုင်ခွက်အဖြစ် သုံးရန် ဆုံးဖြတ်လိုက်သည်။

သူ ထိုသို့ ပြောခဲ့ရသည့်အကြောင်းရင်းမှာ ယဲ့ဖန်အား အခွင့်ကောင်းယူပြီး ငွေညှစ်ချင်သောကြောင့် ဖြစ်သည်။

သို့သော် ယဲ့ဖန်မှ ထိုသို့ ပြုမူမည်ဟု သူ မထင်ထားပေ။

မတိုက်ခိုက်ရသေးခင်မှာပင် အရှုံးပေးလိုက်ရသည်။

" သေချာ စဉ်းစားပြီးပြီလား။ ခင်ဗျား ပေးချင်တာသေချာလား "

ယဲ့ဖန်သည် ရပ်တန့်သွားသော်လည်း ချက်ချင်း ပြန်မလျှောက်လာပေ။

" ဘာတွေများ ရှုပ်စရာရှိလို့လဲ။ ဒီခွက်က သူဌေးပိုင်ပြီ "

နိုင်အားသည် ခွက်ကို အမြန်ယူလိုက်ပြီး ယဲ့ဖန်၏ လက်ထဲသို့ ထည့်လိုက်သည်။

သူ့လက်ထဲသို့ နဂါးကိုးခွက် ရောက်လာသည်နှင့် ယဲ့ဖန်၏အမူအရာမှာ ပိုကောင်းလာသည်။

" တကယ် ကျွန်တော် ဂရုစိုက်တာ ဒီခွက်မဟုတ်ဘဲ ခင်မင်မှု။ မိတ်ဖွဲ့ပြီးရင် နောက်ကျ ကျွန်တော်က ခင်ဗျားကို စီးပွားရေးပိုင်းမှာ အရေးပေးနိုင်တာပဲ မဟုတ်လား "

" ဟုတ်ပါတယ်၊ ဟုတ်ပါတယ် "

နိုင်အားသည် သေချာ ခေါင်းညိတ်ပြပြီးနောက် မေးလိုက်သည်။

" ယဲ့သူဌေး၊ ပိုက်ဆံက ..... ဘယ်အချိန်ရမှာလဲ *

" စိတ်မပူပါနဲ့။ ဒီငွေနည်းနည်းက ကျွန်တော့်အတွက် ဘာမှမဟုတ်ဘူး။ ကျွန်တော်ခင်ဗျားကို လိမ်သွားမှာကို ကြောက်နေတာလား "

ယဲ့ဖန်မှ ငြီးတွားလိုက်သည်။

ချက်ချင်းပင် ဖုန်းကို ထုတ်ပြီး ဘဏ်အကောင့်ကို တောင်းကာ လွှဲလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် နိုင်အား ဘဏ်မှ မက်ဆေ့ချ်တစ်ခု လက်ခံရရှိခဲ့သည်။

၆.၂သန်းအား သူ့အကောင့်ထဲသို့ လွှဲပြောင်းပေးပြီးကြောင်း အတည်ပြုပြီးသည့်အခါ နိုင်အား အလွန်ပျော်ရွှင်သွားခဲ့သည်။

" ယဲ့လူကြီးမင်း၊ မင်းက တကယ်ကို စီးပွားရေးသမားကြီးပဲ။ အစောကသာ တွေ့ခဲ့ရင် သူငယ်ချင်းဖြစ်နေမှာ သေချာတယ် "

နိုင်အားသည် ဒူးထောက်ပြီး ယဲ့ဖန်အား အဖေဟုပင် ခေါ်ချင်စိတ်ပေါက်သွားသည်။

ဤရှေးဟောင်းပစ္စည်းများကို စုဆောင်းရန်အတွက် သူ များစွာအားထုတ်ခဲ့ရသည်။

တစ်ဖက်သူမျိာ မျက်မှောင်ပင်မခတ်ဘဲ ယွမ် ၆သန်းကျော်ကို ပေါ့တန်စွာ သုံးစွဲပြခဲ့သည်။

ဤသည်မှာ ခြားနားချက်ဖြစ်သည်။

" ယဲ့သူဌေး၊ စိတ်မရှိရင် အတူတူ သောက်ရအောင်ပါ "

နိုင်အားသည် စားပွဲပေါ်မှ ဟင်းပွဲများကို လက်ညှိုးထိုးပြပြီး သူတို့ကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

ယဲ့ဖန်သည် ဟန်ဆောင်ငြင်းဆန်ခဲ့ပြီးနောက် အဆုံးတွင် ဖိတ်ခေါ်ချက်ကို မငြင်းပယ်ဘဲ ထိုင်ခဲ့သည်။

ဆံပင်သုံးပင်လည်း ပါလေသည်။

သူတို့ သုံးယောက်မှာ မြေပဲ၊ ကြက်ခြေထောက်၊ ဘဲလည်ပင်းတို့ကို စတင်စားခဲ့ကြသည်။

ဝိုင်သုံးခွက်လောက် သောက်ပြီးနောက် ယဲ့ဖန်သည် အေးဆေးသည့်ပုံစံဖြင့် မေးသည်။

" အစ်ကိုနိုင်၊ ရှေးဟောင်းပစ္စည်းတွေကို ဘယ်က ရခဲ့တာလဲ။ ခင်ဗျားမှာ အချိတ်အဆက်တွေရှိတာလား "

ဝိုင်ခွက်ကို ကိုင်ထားသည့် နိုင်အား၏လက်သည် အေးခဲသွားသည်။

သူ့မျက်နှာပေါ်ရှိ အပြုံးသည်လည်း အနည်းငယ် အဆင်မပြေဖြစ်ပုံပေါ်လာသည်။

" ဟားဟားဟား၊ ဘယ်က လမ်းကြောင်းတွေ ရှိနိုင်မှာလဲ။ ရှေးဟောင်းပစ္စည်းလမ်းမှာ လျှောက်ပတ်ပြီး ကောက်ရခဲ့တာတွေပါ "

" အိုး၊ ခင်ဗျားမှာ အချိတ်အဆက်တချို့ ရှိနေတယ်လို့ ထင်ခဲ့တာ။ ဒီလိုမျိုး အချိတ်တစ်ခု တကယ်ရှိနေရင် လုပ်ငန်းကို ပိုကြီးအောင်လုပ်ဖို့ အတူတူ လုပ်လို့ရတယ် "

ယဲ့ဖန် စိတ်ပျက်သွားသည်။

နိုင်အားသည် ယဲ့ဖန်စကား မည်မျှမှန်ပြီး အတုအယောင်တွေ မည်မျှရှိသည်ကို မသိသောကြောင့် မကြားချင်ယောင်သာဆောင်နေလိုက်သည်။

သို့သော် ယဲ့ဖန်သည် နောက်ထပ်မေးခွန်းတစ်ခုမေးလိုက်ရာ နိုင်အား၏အမူအရာမှာ သိသာစွာ ပြောင်းလဲသွားတော့သည်။

" ဒါဆို လျုံမိသားစုမှာ လက်သီးသိုင်းကျမ်းစာအုပ် ရှိတယ်ဆိုတာကို ဘယ်လိုသိတာလဲ။ အဲ့တာကို ဘယ်သူပြောတာလဲ "

ယဲ့ဖန်သည် နိုင်အားကို စိုက်ကြည့်လျက် သူ့မျက်နှာပေါ်တွင် အန္တရာယ်ကင်းသည့် အပြုံးတစ်ခု ရှိနေသည်။

ဆံပင်သုံးပင်ကို လှည့်ကြည့်လိုက်ပြီး နိုင်အား၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

ကြက်ခြေထောက်ကို ကိုက်နေသော ဆံပင်သုံးပင်သည် ကြောင်အစွာပြုံးလိုက်သည်။

" မင်းသူ့ကို ပြောခဲ့တာလား "

နိုင်အားသည် ဓားကဲ့သို့ စူးရှစွာ ဆံပင်သုံးပင်ကို စိုက်ကြည့်နေသည်။

ဆံပင်သုံးပင် လက်ထဲမှ ဘဲကင်ပြုတ်ကျသွားသည်။

" အစ်ကိုနိုင်အား၊ ကျွန်တော် ...... "

ယဲ့ဖန်သည် ဆံပင်သုံးပင်အတွက် ဝင်ပြောပေးခဲ့သည်။

" အစ်ကိုနိုင်အား၊ သူ့ကို ခက်ခဲအောင် မလုပ်ပါနဲ့။ ကျွန်တော်တို့တွေ အများကြီးသောက်ပြီး မတော်တဆထွက်သွားတာပါ "

နိုင်အားသည် ဆံပင်သုံးပင်ကို လွှတ်ပေးလိုက်သော်လည်း သူ၏အမူအရာမှာ မကောင်းလာခဲ့ပေ။

" အကြံတစ်ခုပေးလိုက်မယ်။ တချို့အရာတွေက မမေးတာ အကောင်းဆုံးပဲ။ ဒါတွေအားလုံးက မင်းအတွက် ပြောတာ "

ယဲ့ဖန်သည် ထိုနိုင်အားဆိုသူမှ ဤမျှ ကြီးမားစွာ တုံ့ပြန်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဤနောက်ကွယ်၌ လျှို့ဝှက်ချက်ကြီး ရှိနေသည်ဆိုတာ ပိုသေချာသွားစေသည်။

နိုင်အား ပြောထွက်လာစေရန် မည်သို့လုပ်ရမည်ကို ယဲ့ဖန် စဉ်းစားနေသည်။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

နိုင်အား၏ မျက်နှာသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။

" ဟား၊ ဒီညက တကယ် အသက်ဝင်တာပဲ။ ဒီကို ပျော်ပွဲစားလာကြတာလား "

သူသည် ပြောနေရင်းဖြင်ပ ထရပ်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။

အပြင်သို့ လှမ်းအော်လေသည်။

" ဘယ်သူလဲ "

" ငါပါ "

ထိုလူ၏အသံမှာ အနည်းငယ်နိမ့်ပြီး စကားနှစ်လုံးသာ ပြောလာသည်။

သို့သော် နိုင်အားသည် ထိုစကားလုံးနှစ်လုံးကို ကြားလိုက်သောအခါ သူ့အမူအရာ ပြောင်းသွားသည်။

သူသည် ယဲ့ဖန်တို့ဘက် အမြန်လှည့်ပြီး အသံတိုးတိုးဖြင့် ပြောသည်။

" မင်းတို့နှစ်ယောက် ဒီမှာပဲနေ။ ထွက်မလာနဲ့ "

ထိုသို့ ပြောပြီးနောက် အမြန်ထွက်သွားခဲ့သည်။

ယဲ့ဖန်သည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ကို ကြည့်လိုက်သည်။

နိုင်အားသည် ခြံတံခါးဖွင့်ရန် အပြေးသွားသည်။

ထို့နောက် အနက်ရောင်၀တ်စုံဖြင့် လူတစ်ယောက် ခြံဝင်းထဲသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

" အစ်ကိုရှောင်း၊ ဘာလို့ ဒီအချိန်ကြီးလာတာလဲ "

နိုင်အားသည် ထိုလူကို အိမ်ထဲသို့ ဖိတ်ခေါ်ရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ခြံဝင်းထဲတွင်သာ စကားပြောနေခဲ့သည်။

" အထဲမှာ စကားပြောရအောင် "

ထိုလူသည် စကားပြောလျက် အိမ်ထဲသို့ ဝင်တော့မည်ဖြစ်သည်။

" အစ်ကိုရှောင်း၊ ကျွန်တော် .. ကျွန်တော့်အခန်းက နည်းနည်းရှုပ်နေတယ်။ ပြောစရာရှိရင် ဒီမှာပဲ ပြောကြရအောင် "

နိုင်အားသည် ထိုလူမှ ယဲ့ဖန်တို့အား တွေ့မည်ကို စိုးရိမ်နေခဲ့သည်။

သူ့ကို ဆက်ပြီးတားလေသည်။

" ငါ ရေငတ်နေပြီ။ ရေလေးတောင် ဝင်သောက်လို့ မရဘူးလား "

အဆက်မပြတ် ပိတ်ဆို့ခံရပြီးနောက် ထိုလူသည် အနည်းငယ် ဒေါသထွက်နေပြီဖြစ်သည်။

သူ့မျက်လုံးများက နိုင်အားကို စိုက်ကြည့်နေသည်။

နိုင်အားသည် သူ၏ ပြင်းထန်သော အကြည့်ကြောင့် တားနေသောလက်ကို ဖြည်းညှင်းစွာ ဖယ်လိုက်သည်။

ထိုလူသည် သူ့အား လှည့်ပတ်ပြီး ပင်မအိမ်ဆီသို့ တန်းမတ်စွာ သွားခဲ့သည်။

နိုင်အားသည် အမြန်လိုက်လာပြီး သူ့နှလုံးသားမှာ လည်ချောင်းထဲ ရောက်နေသလို ခံစားရသည်။

သို့သော် သူတို့နှစ်ယောက် အခန်းထဲသို့ ဝင်လာချိန် ယဲ့ဖန်နှင့် ဆံပင်သုံးပင်တို့ မရှိတော့သည်ကို သူ သိလိုက်ရသည်။

စားပွဲပေါ်၌ ဝိုင်ခွက်နှင့် တူများသာ ကျန်နေခဲ့သည်။

နိုင်အားသည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး သူ၏ စိုးရိမ်သောကရောက်နေသော နှလုံးမှာ နောက်ဆုံး၌ ပြေလျော့သွားတော့သည်။

All Chapters