← Chapters

ငါ့သူဌေးက မင်းကို သတ်ဖို့လွှတ်လိုက်တာ

Vol. 70 Ch. 1399

ငါ့သူဌေးက မင်းကို သတ်ဖို့လွှတ်လိုက်တာ

Vol. 70 Ch. 1399

ထိုလူသည် အခန်းပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နိုင်အားကို လှည့်ကြည့်လိုက်သည်။

" တစ်ယောက်တည်း ညကြီးသောက်နေတာလား "

နိုင်အားသည် အတင်းပြုံးယူလိုက်သည်။

" မတတ်နိုင်ဘူးလေ။ အတူတူသောက်ဖို့ မိန်းမတစ်ယောက်တော့ ရှာချင်ပေမဲ့ တစ်ယောက်တည်းဖြစ်နေတာတော့ စိတ်မကောင်းစရာပဲ "

" မင်း ဘယ်သူ့ကိုမှ ဒီကိစ္စကို မပြောဘူးမဟုတ်လား "

ထိုလူက မေးလေသည်။

မေးခွန်းသည် မည်သည့်အကြောင်းအရာဖြစ်သည်ကို မပြောသော်လည်း နိုင်အားမှ ချက်ချင်းသဘောပေါက်ပြီး လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" စိတ်မပူပါနဲ့ အစ်ကိုရှောင်း။ ပြောတဲ့အတိုင်း ပါးစပ်ပိတ်ထားပါတယ်။ ဘယ်သူ့ကိုမှ မပြောပါဘူး "

" အဲ့တာဆို ကောင်းတယ် "

ထိုလူက ပြုံးသည်။

" ငါ့ကိုလည်း တစ်ခွက်လောက် ယူပေး။ ငါ မင်းနဲ့အတူ သောက်မယ် "

" ဒီကို လာတာနဲ့တင် တကယ်ဂုဏ်ယူမိပါတယ်။ အစ်ကိုရှောင်း "

နိုင်အား ပြုံးပြီး ခွက်ကိုရှာရန် လှည့်လိုက်သည်။

သို့သော် သူ လှည့်လိုက်ချိန်မှာပင် သူ့အနောက်မှလူသည် ချက်ချင်းပင် အင်္ကျီလက်ထဲမှ ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်သည်။

သူသည် လက်ကို မြှောက်ပြီး နိုင်အား၏ လည်ပင်းကို ဓားနဲ့ထိုးတော့သည်။

ရွှမ်း

ထိုအချိန်တွင် လေကိုခွင်းလာသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် ထိုလူ၏လက်ထဲမှ ဓားမြှောင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

သူ့လက်ကောက်ဝတ်၌ ဓားတစ်ချောင်း ဖြတ်သွားသည်။

" အား ..... "

ထိုလူသည် အော်ဟစ်ပြီး သူ့လက်ကောက်ဝတ်ကို အမြန်ဖုံးလိုက်သည်။

နိုင်အားသည် နောက်ဆုံး၌ အသိပြန်ကပ်လာခဲ့ပြီး သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

ဤလူသည် သူ့ကို ဘာကြောင့် ရုတ်တရက် သတ်ချင်နေသည်ဆိုတာ သူ မသိချေ။

ထိုလူမှ လှည့်ကြည့်လိုက်သည့်အခါ ဗီရိုတံခါး တွန်းပွင့်လာပြီး ယဲ့ဖန်နှင့် ဆံပင်သုံးပင်တို့ အတွင်းမှ ခုန်ထွက်လာသည်ကို မြင်လိုက်သည်။

ထိုလူသည် အံကြိတ်ကာ မြေပြင်မှဓားမြှောင်ကို ထပ်မံကောက်ယူပြီး နိုင်အားကို ဆက်လက်ထိုးသတ်ရန် ရှေ့တက်သည်။

နိုင်အားသည် အနောက်သို့ အမြန်ရှောင်ထွက်ပါသော်လည်း သူ့ခြေထောက်များမှာ အားနည်းနေသောကြောင့် မလှုပ်ရှားနိုင်မီမှာပင် တစ်ဖက်သူ၏ ဓားမြှောင်မှာ သူ့အရှေ့သို့ ရောက်နေပြီ ဖြစ်သည်။

'ချီး၊ ငါတော့သေပြီ'

သူ စိတ်ဓာတ်ကျသွားချိန်မှာပင် လက်တစ်ဖက်သည် ရုတ်တရက် ထွက်လာပြီး သူ့ပုခုံးကို ဆုပ်ကိုင်လိုက်သည်။

ဝူး

ဓားမြှောင်သည် နိုင်အား၏လက်မောင်းကို ဖြတ်လုမတတ် ဖြစ်သွားသည်။

ပြန်ကြည့်လိုက်သည့်အခါ ယဲ့ဖန်မှ သူ့အသက်ကို ကယ်လိုက်သည်။

နိုင်အား ယဲ့ဖန်ကို ကျေးဇူးမတင်နိုင်ခင် ယဲ့ဖန်သည် ထိုလူဘက်ကို လှည့်လိုက်သည်။

ထိုလူ၏အကြံအစည်မှာ ယဲ့ဖန်ကြောင့် ပျက်စီးသွားသည်။

" သေလိုက် "

ထို့ကြောင့် ဒေါသတကြီးနှင့် ဓားမြှောင်ဖြင့် ထိုးသတ်ရန် ရွယ်လိုက်သည်။

ထိုလူသည် အတိုင်းအတာတစ်ခုအထိ ခွန်အားကြီးသည်ကို မြင်နိုင်သည်။

သူ၏ ခုတ်ထစ်မှုသည် မြန်ဆန်ပြီး ကြမ်းတမ်းသည်။

သာမာန်လူသာဖြစ်ပါက ရှောင်တိမ်းရန်ကိုသာ ရွေးချယ်နိုင်ပေသည်။

သို့သော် ယဲ့ဖန်၏ မျက်လုံးထဲ၌ သူ၏လှုပ်ရှားမှုများမှာ အလွန်အားနည်းလွန်းလှသည်။

ယဲ့ဖန်၏ ညာလက်သည် လျှပ်စီးလက်သကဲ့သို့ ဆန့်ထွက်လာကာ ထိုလူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ညင်သာစွာ လိမ်လိုက်သည်။

ဂျွတ်

ဓားမြှောင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြန်သည်။

ယဲ့ဖန်၏ လှုပ်ရှားမှုများသည် နှေးကွေးသွားခြင်းမရှိပေ။

တစ်ချက်လိမ်ရုံဖြင့် ယဲ့ဖန်သည် ထိုလူကို အနိုင်ယူခဲ့သည်။

" အာ ..... "

ထိုလူသည် အကြိမ်အနည်းငယ် ရုန်းကန်ခဲ့သော်လည်း ယဲ့ဖန်၏ ထိန်းချုပ်မှုအောက်မှ သူ လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။

ထိတ်လန့်မှုနှင့် ဒေါသတို့ ရောယှက်နေသော တိရစ္ဆာန်ကဲ့သို့ အော်သံဖြင့် မော်လိုက်သည်။

နိုင်အားသည် ယဲ့ဖန်မှ ထိုလူအား အဆုံးထိ အနိုင်ပိုင်းသည်ကို စောင့်ဆိုင်းနေခဲ့သည်။

" အစ်ကိုရှောင်း၊ ကျွန်တော့်ကို ဘာလို့သတ်ချင်နေတာလဲ "

နိုင်အားသည် လျင်မြန်စွာ လျှောက်သွားပြီး ထိုလူကို ဒေါသတကြီး စိုက်ကြည့်နေသည်။

ထိုလူသည် စကားမပြောချင်သကဲ့သို့ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။

နိုင်အားသည် သူ၏ မထီမဲ့မြင်ပြုသော ပုံစံကြောင့် စိတ်တိုသွားသည်။

သူသည် မြေပြင်ပေါ်ရှိ ဓားမြှောင်ကို ဖမ်းကိုင်လိုက်ပြီး ထိုလူ၏ပေါင်ကို ထိုးလိုက်သည်။

" မေးခွန်းမေးနေတယ်၊ ဖြေလေ "

နိုင်အား၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ပြင်းထန်စွာ စိုက်ကြည့်နေသည်။

ထိုလူသည် နာကျင်နေသော်လည်း အံကြိတ်ကာ ဖြေဆိုရန် ငြင်းဆန်နေသေးသည်။

" မေးတာဖြေ "

" မေးတာဖြေ "

" မေးတာဖြေ "

နိုင်အားသည် တစ်ခွန်းမေးတိုင်း ခြေထောက်ကို ဓားဖြင့် တစ်ချက်ထိုးသည်။

" ရပ် ..... ရပ်၊ ငါပြောမယ် ..... ပြောမယ် ..... "

အစပိုင်း၌ ထိုအမျိုးသားသည် ခေါင်းမာပြီး ဘာမှမပြောသော်လည်း ဆက်တိုက်အထိုးခံရပြီးနောက် မခံနိုင်တော့ဘဲ နောက်ဆုံး၌ အသနားခံတော့သည်။

" ပြော "

နိုင်အားသည် သူ့သွားများကြားမှ စကားတစ်ခွန်းကို ညှစ်ထုတ်ကာ ပြောလိုက်သည်။

" အဲ့တာ .... အဲ့တာ ငါတို့သူဌေးက .... မင်းကိုသတ်ဖို့ လွှတ်လိုက်တာ "

ထိုလူသည် အလွန်နာကျင်နေ၍ နှုတ်ခမ်းများပင် ဖြူဖျော့နေသည်။

သူသည် ရှင်းပြလျက် တုန်ရီသွားသည်။

" မင်းရဲ့ သူဌေးလား "

နိုင်အားသည် ကြောက်စရာကောင်းသော တစ်စုံတစ်ခုကို ကြားလိုက်ပုံရသည်။

သူ့လက်မှာ တုန်ရီပြီး ဓားမြှောင်သည် မြေပြင်ပေါ်သို့ ပြန်ကျသွားသည်။

" သူ့သူဌေးက ဘယ်သူလဲ "

ယဲ့ဖန်သည် နိုင်အား၏ ကြောက်စိတ်ကို မြင်လိုက်ရသည်။

သူ စူးစမ်းစွာ မေးလေသည်။

" သူ့သူဌေးက ..... "

နိုင်အား၏ အကြည့်များသည် အနည်းငယ် မတည်မငြိမ်ဖြစ်သွားသည်။

" အမှန်အတိုင်းပြောရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ခင်ဗျားဘာသာ ကာကွယ်လိုက်တော့ "

နိုင်အားသည် တစ်စုံတစ်ခုအား ဖုံးကွယ်နေသည်ကို ယဲ့ဖန် မြင်သောကြောင့် ချက်ချင်းပင် ခြိမ်းခြောက်လိုက်သည်။

နိုင်အား ချက်ချင်းပင် ထိတ်လန့်သွားသည်။

ယခု သူ့အား ကယ်တင်နိုင်သော တစ်ဦးတည်းသောသူမှာ ယဲ့ဖန် ဖြစ်သည်။

ထိုယဲ့သူဌေးသာ ဘာမှမလုပ်ခဲ့ပါက သူ ဤညပင်ကျော်သည်အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။

" သူ့ရဲ့သူဌေးက ..... သူက တောင်နက်ဂိုဏ်းက ဆရာတစ်ယောက်ပါ "

နိုင်အားသည် ယဲ့ဖန်ကို အံ့အားသင့်စေသည့် နာမည်တစ်ခုကို ပြောလိုက်သည်။

" တောင်နက်ဂိုဏ်းလား "

ဤအမည်ကို ယဲ့ဖန် ကြားခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဖုမာကျန်းဝူမှ ဤတောင်နက်ဂိုဏ်းသည် ကျန်းကောပြည်နယ်တွင် နံပါတ်တစ် မကောင်းဆိုးဝါးအဖွဲ့ဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်။

ဖမ်းခံထားရသောလူမှာ ချက်ချင်းပင် ရယ်မောလိုက်သည်။

" ဟားဟား၊ ကောင်လေး။ အခု ကြောက်နေပြီလား။ ငါတို့တောင်နက်ဂိုဏ်းရဲ့ ကိစ္စကို ဘာကိစ္စ စွက်ဖက်တာလဲ။ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်။ မင်းအတွက် ဘာကောင်းတာလဲဆိုတာ သိရင် ငါ့ကို ချက်ချင်း လွှတ်လိုက်။ မဟုတ်ရင် ..... "

ယဲ့ဖန်သည် သူ့ကို စကားအဆုံးသတ်ရန် အခွင့်အရေးမပေးပေ။

သူ့ကျောကို ရိုက်ချလိုက်သည်။

ထိုလူသည် စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

နိုင်အားသည် အလွန်ကြောက်လန့်သွားသဖြင့် သူ့မျက်နှာသည် ဖျော့တော့ကာ နောက်ဆုတ်သွားတော့သည်။

" စိတ်မပူပါနဲ့၊ သူ မူးသွားရုံပါ "

ယဲ့ဖန်သည် သူ့ကို ပြုံးပြီး နှစ်သိမ့်ပေးလိုက်ပြီးနောက် ထိုင်ခုံတစ်ခုကို ရှာပြီး ထိုင်လိုက်သည်။

" ဆက်ပါဦး၊ တောင်နက်ဂိုဏ်းက ခင်ဗျားကို ဘာလို့သတ်ချင်တာလဲ "

နိုင်အားသည် မြေပြင်ပေါ်ရှိလူကို ငုံ့ကြည့်ကာ အမှန်အတိုင်းပြောရန် အချိန်အတော်ကြာ ချီတုံချတုံ ဖြစ်နေသည်။

" ဘာလို့လဲဆိုတော့ ကျွန်တော်က ဇာမဏီသုံးကောင်အဖွဲ့အစည်းမှာ ရောက်နေတဲ့ တောင်နက်ဂိုဏ်းက သူလျှိုတစ်ယောက်ပါ "

ယဲ့ဖန်သည် စိတ်ဝင်တစား ပြုံးပြသည်။

" စိတ်ဝင်စားစရာပဲ၊ ဆက်ပြော "

နိုင်အားမှ သူ့ကို ချက်ချင်းပြောလိုက်သည်။

မကြာသေးမီနှစ်များအတွင်း ဇာမဏီသုံးကောင်အဖွဲ့အစည်းသည် အရှိန်အဟုန်ဖြင့် ကြီးထွားလာမှုကြောင့် တောင်နက်ဂိုဏ်း၏ မြင့်မားသော အဆင့်ကို ထိခိုက်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

ထို့ကြောင့် ဇာမဏီသုံးကောင်အဖွဲ့အစည်း တိုက်တက်လာပုံများအကြောင်း အချက်အလက် စုဆောင်းရန်နှင့် တောင်နက်ဂိုဏ်းမှ သူလျှိုအဖြစ် သူ့ကို စေလွှတ်ခဲ့သည်။

လွန်ခဲ့သောနှစ်ရက်က သူသည် ဟော်ထုန်းကွမ်းဟုခေါ်သော တောင်နက်ဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးထံမှ ရုတ်တရက်အမိန့်စာကို လက်ခံရရှိခဲ့သည်။

ဆံပင်သုံးပင်ဟုခေါ်သော သူခိုးကို ရှာရန် မြေအောက်ကာစီနိုသို့ သွားခိုင်းကာ သူနှင့်နီးစပ်ရန် နည်းလမ်းရှာပြီး လျုံမိသားစု၏ ကိုယ်ခံပညာသိုင်းကျမ်းအကြောင်းကို ပေါက်ကြားစေခဲ့သည်။

ယဲ့ဖန်သည် နောက်ဘာဆက်ဖြစ်သည်ကို သိထားပြီးဖြစ်သည်။

" သူက ဘာလို့ လျုံမိသားစုကို ရွေးတာလဲ "

ယဲ့ဖန် ထိုအချက်ကို နားမလည်ပေ။

တောင်နက်ဂိုဏ်းသည် ဇာမဏီသုံးကောင်အဖွဲ့အစည်း၏ အင်အားကို အားနည်းစေရန် ကြိုးပမ်းပါက အခြားသူများအား အသုံးပြုနိုင်ပါသော်လည်း လျုံမိသားစုအား ရွေးချယ်ခဲ့သည်။

ကျန်းကောပြည်နယ်တွင် လျုံမိသားစုထက် ပိုမိုအားကောင်းသော မိသားစုများနှင့် ဂိုဏ်းများစွာရှိသည်။

လျုံမိသားစုသည် အသင့်တော်ဆုံးရွေးချယ်မှု မဟုတ်သည်မှာ ထင်ရှားသည်။

" ကျွန်တော်က အမိန့်တွေကို လိုက်နာတဲ့ သာမန်ဂိုဏ်းသားပါ။ ဒီလို အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ "

နိုင်အားသည် ယဲ့ဖန် ဒေါသထွက်မည်ကို စိုးရိမ်၍ သေချာ ကြည့်လိုက်သည်။

သို့သော် ယဲ့ဖန်သည် နိုင်အားပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။

တောင်နက်ဂိုဏ်း ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များအား သူလျှိုတစ်ဦးအား ထုတ်ဖော် ပြောပြမည်မဟုတ်ပေ။

တောင်နက်ဂိုဏ်း ဘာလုပ်နေသည်ကို သိချင်ပါက အမိန့်ပေးသည့်သူကို ရှာရပေမည်။

" အခု ခင်ဗျားပြောခဲ့တဲ့ ဟော်ထုန်းကွမ်းက ဘယ်မှာလဲ "

" မင်း ..... မင်း ဟော်ထုန်းကွမ်းကို ရှာမှာလား။ မသွားနဲ့။ ဟော်ထုန်းကွမ်းက အရမ်းသန်မာပြီး အရမ်းရက်စက်တယ် "

နိုင်အားသည် ယဲ့ဖန်၏ အမေးကိုကြားလိုက်ကာ ကြောက်ရွံ့တုန်လှုပ်သွားသည်။

" အဲ့တာကို စိတ်ပူနေဖို့ မလိုဘူး။ သူ ဘယ်မှာရှိတယ်ဆိုတာကိုပဲ ပြောပြဖို့ လိုတယ် "

All Chapters