← Chapters

လေနှင့် မိုးကြိုးနတ်ဘုရားမြှား! ဝေလငါး ရေရှူသွင်းခြင်း။ (၃)

Vol. 11 Ch. 152

လေနှင့် မိုးကြိုးနတ်ဘုရားမြှား! ဝေလငါး ရေရှူသွင်းခြင်း။ (၃)

Vol. 11 Ch. 152

အေးစက်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် စူးချန်ခုန်းသည် ထိုအသံကို အနည်းငယ်ရင်းနှီးနေ၏။ သူသည် ကျောက်တုံးကြီးတစ်ခု၏ နောက်ကွယ်မှ ထွက်ပေါ်လာသော ချောမောလှပသည့် ရုပ်သွင်ဆီသို့ အံ့ဩတကြီး လှည့်ကြည့်လိုက်သည်။

"ဒုတိယသခင်မလေး" စူးချန်ခုန်းသည် သူ့ရှေ့မှ လူကို အံ့သြစွာ ကြည့်လိုက်သည်။

အနှီလူက ရင်သပ်ရှုမောဖွယ်ရာ မျက်နှာသွင်ပြင်၊ မပိုမလိုသော ၀တ်စားဆင်ယင်မှု၊ ကြယ်များကဲ့သို့ ခမ်းနားထည်ဝါသော မျက်ခုံး မျက်လုံးများနှင့် ခံ့ညားသော ရောင်ဝါတို့ ပိုင်ဆိုင်ထားသည့် စစ်ခုန်းဟွမ်ဖြစ်သည်။

စစ်ခုန်းဟွမ်၏နောက်ကျောတွင် အမည်မသိပစ္စည်းအချို့ဖြင့် ပြုလုပ်ထားသည့် လေးရှည်ကြီးတစ်ခုရှိပြီး ၎င်း၏မျက်နှာပြင်သည် လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီးကြောင်းများ ပုံဖော်ထားသည့်အတိုင်း သမုဒ္ဒရာအပြာရောင် လှိုင်းပုံစံများဖြင့် ထွင်းထုထားလေ၏။

သေချာပါသည်။ မြှားဖြင့် ချီချန်းဟုန်အား တိတ်တဆိတ် လျှို့ဝှက်ပစ်သတ်ခဲ့သောသူမှာ စစ်ခုန်းဟွမ် ဖြစ်သည်။

စစ်ခုန်းဟွမ်သည် မရေရာသော မျက်လုံးများဖြင့် စူးချန်ခုန်းကို ကြည့်လိုက်သည်။ စူးချန်ခုန်းသည် သူ၏အသွင်အပြင်ကို ပြောင်းလဲထားသော်လည်း စူးချန်ခုန်းနှင့် ချီချန်းဟုန်တို့ကြားက ယခင်တိုက်ပွဲမှ သူက အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသော အဂ္ဂိရတ်ပညာရှင် စူးချန်ခုန်း ဖြစ်သည်ကို သူသိသည်။

ဧရာမဝေလငါးဂိုဏ်းထဲက မထင်ရှားတဲ့ အဂ္ဂိရတ်ပညာရှင် စူးချန်ခုန်းဟာ ဒီလောက် နက်​​နက်နဲနဲ ဖုံးကွယ်ထားခဲ့တာလား။ သူက လီလေ့ကိုခုတ်ထစ်ပြီး ချီချန်းဟုန်ကိုသတ်နိုင်ခဲ့ရာ ဧရာမဝေလငါးဂိုဏ်းအတွင်းတွင် သူ၏အင်အားကို အနိုင်ယူနိုင်သူ ဆယ်ယောက်အောက်သာ ရှိပေမည်။

“အဟွတ် အဟွတ်…ခုနက အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဒုတိယသခင်မလေး”

စူးချန်ခုန်းက ကျေးဇူးတင်ကြောင်းပြောရင်း ချောင်းဆိုးလာသည်။ သူ ထိုနေရာ၌ အဘယ်ကြောင့် ရှိနေရလဲဆိုတာ မသိသော်လည်း သူသာ ကြားမဝင်ခဲ့ပါက ယခုအချိန်တွင် စူးချန်ခုန်းသည် ချီချန်းဟုန်နှင့်အတူ ဆုံးပါးသွားပေလိမ့်မည်။

"ဒါက ဘာမှမဟုတ်ပါဘူး။ နောက်ဆုံးတစ်ခေါက်တုန်းကတော့ နှလုံးကာဝိညာဉ်ဆေးပြားအတွက် ရှင့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် ပြန်ဆပ်တယ်လို့ မှတ်ယူလိုက်ပါ" ဟု စစ်ခုန်းဟွမ်က ခေါင်းယမ်းကာ ဆိုလေ၏။

စူးချန်ခုန်းက သူ့မှာ အမှန်တကယ် ဆိုးရွားသော ရည်ရွယ်ချက် မရှိကြောင်း သိလိုက်ရသဖြင့် သက်ပြင်းချလိုက်သည်။ သူ မတ်တပ်ထရပ်ရင်း အားနည်းနေသော သူ့ခန္ဓာကိုယ်ကို ထောက်ကာ စစ်ခုန်းဟွမ်အား "ဒုတိယသခင်မလေး၊ စကားပြောဖို့ အိမ်ထဲသွားရအောင်ပါ" ဟု လှမ်းပြောလိုက်သည်။

“အင်း”

စစ်ခုန်းဟွမ်သည် ဧရာမဝေလငါးဂိုဏ်းသို့ မဝင်ရောက်မီ ဤအိမ်ယာသည် စူးချန်ခုန်း နေထိုင်ခဲ့သည့် နေရာဖြစ်ကြောင်း အသိအမှတ်ပြုပြီး လှည့်ကြည့်လိုက်သည်။

တစ်ချိန်တည်းတွင် စစ်ခုန်းဟွမ်သည် စူးချန်ခုန်း၏နောက်ခံကြောင့် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့။ စူးချန်ခုန်းသည် ဤမျှ ထူးခြားသည့် အဂ္ဂိရတ်ပညာကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း သူ၏ ကိုယ်ခံပညာ လေ့ကျင့်မှုသည် ချီသွေးနယ်ပယ်သို့ ရောက်ရှိသွားကာ ချီချန်းဟုန်ကဲ့သို့သော ကျွမ်းကျင်ပညာရှင်နှင့်ပင် တန်းတူယှဉ်နိုင်သည်။ သူ၏ သရုပ်မှန်နှင့် နောက်ခံသည် ထင်သလောက် မရိုးရှင်းနိုင်ပါ။ သို့ပေမယ့် သူဘာလို့ ဧရာမဝေလငါးဂိုဏ်းထဲကို ဝင်ခဲ့သနည်း။

စစ်ခုန်းဟွမ်သည် စူးချန်ခုန်း၏ ဧည့်ခန်းထဲသို့ လိုက်သွားခဲ့သည်။ သူနောက်ဆုံးပြန်ရောက်လာတာ တစ်နှစ်ခွဲကျော်ရှိလေပြီ။ အထဲမှာ ဖုန်မှုန့်တွေ ရှိနေ၏။ စစ်ခုန်းဟွမ် စိတ်ထဲမထားဘဲ ဖုန်မှုန့်တွေကို ဖြည်းညှင်းစွာသုတ်ပြီး ထိုင်လိုက်သည်။

"ဒုတိယသခင်မလေး၊ ဘာလို့ဒီကိုရောက်နေတာလဲ" စူးချန်ခုန်းက မနေနိုင်ဘဲ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ အံသြမိလေ၏။ သူသည် သူ၏အသွင်အပြင်၊ အဝတ်အစားများကို ပြောင်းလဲကာ လူဦးရေသန်းပေါင်းများစွာ နေထိုင်နိုင်သည့် တောနက်စီရင်စုမြို့ကဲ့သို့သော မြို့ကြီးတစ်မြို့သို့ ဝင်ရောက်ခဲ့သည်။ ယုတ္တိရှိရှိပြောရလျှင် ခက်ခဲနက်နဲသော စွမ်းရည်များဖြင့်ပင် စစ်ခုန်းဟွမ်နှင့် ချီချန်းဟုန်တို့သည် သူ့ကို ဤမျှ မြန်မြန် ရှာမတွေ့သင့်ပါ။

"ရှင်ဧရာမဝေလငါးဂိုဏ်းကနေ ထွက်သွားတယ်ဆိုတဲ့ သတင်းကို ကျွန်မရခဲ့တယ်။ မကြာခင်မှာပဲ ချီချန်းဟုန်လည်း ထွက်သွားခဲ့တယ်။ ချီချန်းဟုန်က မုန့်စန်းရဲ့လူလေ။ နောက်ဆုံးတစ်ခေါက် ရှင့်ရဲ့ အဂ္ဂိရတ်ပညာနဲ့ ကျွန်မကို ကူညီခဲ့တုန်းက ရှင် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လားလို့ သိချင်တဲ့အတွက် ရှင့်ကို လိုက်ကြည့်ဖို့ လိုက်လာခဲ့တာပဲ။"

စစ်ခုန်းဟွမ်က စူးချန်ခုန်း၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

"သိပါပြီ" စူးချန်ခုန်း သဘောပေါက်သွားသည်။

စစ်ခုန်းဟွမ်သည် လောကီရေးရာများကို ဘာမှမသိသော တုံးအသည့် သခင်မလေး မဟုတ်ပေ။ ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ အစ်ကိုကြီးနောက်ကို လိုက်ရင်း များစွာ ကြိုးစားရုန်းကန်ခဲ့ရပြီး မုန့်စန်းရဲ့ အငြိုးထားတတ်တဲ့ သဘာဝကို သတိထားမိခဲ့သည်။

စူးချန်ခုန်းကို အဂ္ဂိရတ်ပညာနှင့် တိတ်တဆိတ် ကူညီရန် သူသွားရှာခဲ့တုန်းက အချက်အလက်များကို ဖုံးကွယ်ထားခြင်းမှာ မုန့်စန်း ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန် ရည်ရွယ်ခြင်းပင်။ ဆေးများကို အောင်မြင်စွာ ဖန်တီးပြီးနောက် မုန့်စန်းသည် စူးချန်ခုန်းကို ပြဿနာရှာနိုင်မလားဟုလည်း အနည်းငယ်စိုးရိမ်ခဲ့သည်။ အထူးသဖြင့် စစ်ခုန်းဟွမ်သည် ကုန်းကျန့် သေဆုံးခြင်းနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်အခြေအနေများကို သိရှိသောကြောင့် စူးချန်ခုန်းကိုလည်း စောင့်ကြည့်ခဲ့သည်။

အဲ့ဒီနေ့မှာတော့ စူးချန်ခုန်းက ဧရာမဝေလငါးဂိုဏ်းက ထွက်သွားပြီး လီလေ့ကို သတ်လိုက်တဲ့အခါ သတင်းက မပျံ့သေးသော်လည်း မုန့်စန်းက ချီချန်းဟုန်နဲ့ တွေ့ခဲ့သည်။ ထို့နောက် မကြာမီ ချီချန်းဟုန် ထွက်ခွာသွားခဲ့သည်။ ထိုသတင်းကိုရရှိသောအခါ စစ်ခုန်းဟွမ်သည် အဖြစ်အပျက်နှစ်ခုကြားတွင် ဆက်စပ်မှုရှိနေသည်ဟု သံသယရှိသောကြောင့် ချီချန်းဟုန်နောက်ကနေ တောနက်စီရင်စုမြို့သို့ လျှို့ဝှက်စွာ လိုက်လာခဲ့ခြင်းပင်။

ထို့နောက် စူးချန်ခုန်းနှင့် ချီချန်းဟုန်တို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး အချိန်တိုလေးအတွင်းမှာပင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် သတ်ရန် ရည်ရွယ်ချက်ဖြင့် အပြင်းအထန် တိုက်ခိုက်နေခဲ့ကြသည်။ သူတို့ကို မတားနိုင်တော့သောကြောင့် စူးချန်ခုန်းကို ကူညီဖို့ ဆုံးဖြတ်ခဲ့သည်။

ပထမဆုံးအနေနှင့် ချီချန်းဟုန်သည် မုန့်စန်း၏လူဖြစ်ပြီး ရမ်းကားပြီး ထိန်းချုပ်၍မရကာ တပည့်များကို တမင်တကာ ဒဏ်ရာရစေသောကြောင့်ဖြစ်သည်။ သူ၏ ကြီးမားသော ခွန်အားကြောင့် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်မခံရဘဲ သူ၏ ခန်းမခေါင်းဆောင် ရာထူးကိုသာ ရုတ်သိမ်းခဲ့သည်။ ဒုတိယအချက်မှာ စူးချန်ခုန်းသည် ထိုအခက်အခဲကို ကြုံတွေ့ရသည့် အကြောင်းအရင်းမှာ သူ့အား အဂ္ဂိရတ်ပညာဖြင့် ကူညီပေးခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ချီချန်းဟုန် သေဆုံးပြီး စူးချန်ခုန်း အသက်ရှင်ခဲ့သည်။

နားထောင်နေရင်း စူးချန်ခုန်းလည်း အံ့သြသွားသည်။ ဒီဒုတိယသခင်မလေးကို သူ လျှော့တွက်ခဲ့တာပင်။

သူ ဆေးသန့်စင်နေချိန်အတွင်း စစ်ခုန်းဟွမ်ကလည်း သူ့ကို စောင့်ကြပ်ထားနိုင်သည်။ အကယ်၍ သူသည် ဆေးလုံးကို အဆိပ်သင့်စေခဲ့မည်ဆိုလျှင် စစ်ခုန်းဟွမ်သည် ဆေးပြားကို ဖန်တီးပြီးနောက် စေ့စေ့စပ်စပ် စစ်ဆေးမှုပြုလုပ်ပြီး ဆေးပြား၏ ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် စူးချန်ခုန်းသည် မုန့်စန်းက သူ့ကို အမှန်တကယ် ကာကွယ်လိမ့်မည်ဟု မယုံကြည်ခဲ့ပေ။

ဒါလိုကြည့်လိုက်တော့ အဲဒီအချိန်တုန်းက သူ့ဆုံးဖြတ်ချက်က တစ်ဝက်မှန်ခဲ့သည်။

"ချီချန်းဟုန် ကျွန်တော့်ကို ဘယ်လိုရှာတွေ့သွားတာလဲ။ ကျွန်တော့်ရဲ့အသွင်အပြင်ကို သိသိသာသာကြီး ပြောင်းထားတာပါ။" စူးချန်ခုန်းက နောက်ထပ် သူ ဇဝေဇဝါဖြစ်နေသည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။ နောင်တွင် အလားတူအခြေအနေများကို ရှောင်ရှားရန် ဤအချက်ကို ရှင်းလင်းရမည်။

ခဏလောက်စဉ်းစားပြီးတဲ့အခါ စစ်ခုန်းဟွမ်က ဆိုသည်။ "သူတို့က အနံ့ခံပိုးကောင်ကို သုံးတာဖြစ်မယ်။ အနံ့ခံပိုးကောင်ကသာ သိနိုင်တဲ့ အထူးရနံ့တစ်ခုရှိတယ်။ အဲ့ဒီအနံ့က ရှင့်မှာ စွဲနေပြီး မုန့်စန်းရဲ့အကူအညီနဲ့ အနံ့ခံပိုးကောင်ကို သုံးလိုက်တော့ ရှင့်ရဲ့အသွင်အပြင်ကို ပြောင်းလဲတာက ဘာအသုံးဝင်ဦးမှာလဲ။"

“အဲ့လိုလား…” စူးချန်ခုန်းက အကြောင်းပြချက်ကို နားလည်ကာ သူ့ကိုယ်သူ အနံ့ခံလိုက်သော်လည်း ထူးထူးခြားခြား ဘာအနံ့မှ မရပေ။

စူးချန်ခုန်းကို ကိုင်တွယ်ဖို့ဆိုရင် မုန့်စန်းက သူ့ကို ခြေရာလက်ရာ မကျန်ဘဲ ထွက်ပြေးတာကို တားဆီးချင်တဲ့အတွက် တစ်စုံတစ်ယောက်အား သူ့အခန်းထဲ ခိုးဝင်စေပြီး အဝတ်အစား ဒါမှမဟုတ် သူ့ပစ္စည်းတွေကို သူထွက်မသွားမီ တစ်ရက် နှစ်ရက်အကြိုလောက်မှာ သုတ်လိမ်းခိုင်းထားမှာပင်။

ဆေးသန့်စင်ခန်းတွင် သူ၏နေ့ရက်အများစုကို ကုန်ဆုံးနေသောကြောင့် မုန့်စန်းအတွက် တစ်စုံတစ်ဦးကို လွှတ်ကာ သူ့အခန်းထဲသို့ ခိုးဝင်ပြီး သူ့အဝတ်အစား သို့မဟုတ် ပစ္စည်းများတွင် အနံ့သုတ်လိမ်းစေဖို့က အလွယ်လေးပင်။

ချီချန်းဟုန်က သူ့ရနံ့နောက်ကို လိုက်ဖို့ အနံ့ခံပိုးကောင်ကို လွှတ်ပြီး နောက်ကလိုက်ခဲ့တာပင်။ စူးချန်ခုန်းသည် စားသောက်ဆိုင်တွင် ထူးဆန်းသော အင်းဆက်ပိုးကောင်ကို တွေ့ခဲ့သည်ကို သတိရသွားသည်။

အမှန်တော့ သိုင်းလောကသည် အန္တရာယ်များပြီး ပုန်းလျှိုးကွယ်လျှိုးနှင့် အလှည့်တိုင်းတွင် အဆုံးမရှိ ကောက်ကျစ်သည့် ဗျူဟာများဖြင့် အမှတ်မထင် ထောင်ချောက်ထဲ ကျသွားနိုင်သည်။

"နောက်မှ သေချာဆေးကြောပြီး ငါ့ပစ္စည်းတွေအားလုံးကို သန့်ရှင်းရေးလုပ်ရမယ်!"

စူးချန်ခုန်းသည် ရင်ထဲသိမ့်ကနဲ ဖြစ်သွားသည်။ ဤအရာကြောင့် သူ့အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။

"ဒီကိစ္စကို လောလောဆယ် မပြောနဲ့တော့။" စစ်ခုန်းဟွမ်က ဒီကိစ္စကို ဆက်မပြောတော့ဘဲ သူ့ရဲ့ တောက်ပတဲ့ မျက်လုံးတွေက စူးချန်ခုန်းကို စူးစူးစိုက်စိုက်ကြည့်ရင်း "ရှင် ခုနက ကုသဖို့ သုံးတဲ့ နည်းပညာက ဧရာမဝေလငါးအတတ်မလား” ဟု မေးလိုက်လေ၏။

All Chapters