← Chapters

မိတ်ဆွေများ၏ အခက်အခဲ

Vol. 21 Ch. 303

မိတ်ဆွေများ၏ အခက်အခဲ

Vol. 21 Ch. 303

ကျန်းချီချီသည် သူမ၏ ဂိုဏ်းတပည့်များအတွက် နတ်ဘုရားအဆင့် လက်နက်များကို ဝယ်ယူလိုခြင်းဖြစ်သည်။ သို့သော် ဟွမ်း၏ မထင်မှတ်ထားသည့် အဖြေကြောင့် ပြန်လည်တုန့်ပြန်နိုင်စွမ်း မရှိတော့ချေ။

‘မလွန်လွန်းဘူးလား..၊ မရေတွက်နိုင်ရလောက်အောင် ဘယ်လောက်အထိများ ပေါများနေတာလဲ..’

ကျန်းချီချီ မောဟိုက်သည့်အလား ခံစားလိုက်ရ၏။ သူမ ဆက်လက်၍ မခံစားလိုပေ။ လိုရင်းသာ ပြောလိုက်တော့သည်။

“ကျွန်မရဲ့ ဂိုဏ်းအတွက် နတ်ဘုရားအဆင့် လက်နက်တစ်ရာ၊ ဝယ်ယူလိုတယ်..”

ဟွမ်းသည် ခေါင်းညိတ်လက်ခံလိုက်၏။ ထို့နောက် သူမသည် ကောင်းကင်သလင်းကျောက် တစ်သိန်းခန့်နှင့်ဝယ်ယူရန်ပြောဆိုလိုက်သည်။

ဟွမ်းသည် ကိန်းဂဏာန်းများနှင့် ပတ်သတ်၍ တိတိကျကျ နားမလည်ပေ။ သူသည် တစ်ခုခု လိုအပ်နေသည်ဟု ခံစားမိသွား၏။

‘ယွီဟွာရှိရင် ကောင်းမှာပဲ..’

သို့သော် ဟွမ်းသည် မငြင်းဆန်ပေ။ သူမသည် များစွာသည့် အကူအညီများ ပေးထားခဲ့၏။ ထို့ကြောင့် ကောင်းကင်သလင်းကျောက်နှင့် ပတ်သတ်၍ များစွာ မစဉ်းစားခဲ့ချေ။

သို့သော် လင်းထျန်းဘုံတွင် ကောင်းကင်သလင်းကျောက်တစ်သိန်းသည် ကမ္ဘာငယ်တစ်ခုကို နှစ်ပေါင်းများစွာ ထောက်ပံ့ရန် လုပ်လောက်၏။

“ဘာလို့ လေဟာနယ်ခွဲပြီး မပြန်တာလဲ..”

ဟွမ်းသည် ရုတ်ချည်းမေးမြန်းလိုက်၏။ သူ အချိန်များစွာပေးကာ ပျံသန်းနေရသည်ကို ပျင်းရိလာသည်။

ထို့အပြင် ကျန်းချီချီသည် တရွေ့ရွေ့နှင့်သာ ပျံသန်းနေ၏။

ဟွမ်း၏ မေးခွန်းကြောင့် ကျန်းချီချီ မှင်သက်သွား၏။

“ရှင်..၊ မသိဘူးလား..”

“မသိဘူး..”

ထို့နောက် ကျန်းချီချီသည် နားလည်သည့် အသွင်နှင့် ခေါင်းညိတ်ကာ ရှင်းပြလိုက်၏။

“လင်းထျန်းဘုံရဲ့ လေထုသိပ်သည်းမှုနဲ့ လေဟာနယ်တည်ရှိမှုက ကမ္ဘာငယ်တွေထက် တင်းကြပ်တယ်..”

“ကမ္ဘာငယ်တွေက လေဟာနယ်ရဲ့ သဘောတရားကို နားလည်ပြီး သွားလာနိုင်ရင်တောင်.. လင်းထျန်းဘုံမှာ အဲ့ဒီလောက်မလွယ်ကူဘူး..”

“လင်းထျန်းဘုံရဲ့ အဆင့်နိမ့် ကျင့်ကြံသူက ကမ္ဘာငယ်မှာ အတွေးတစ်ချက်နဲ့ လိုရာခရီးကို သွားလာနိုင်ပေမဲ့..၊ လင်းထျန်းဘုံမှာ တိုတောင်းတဲ့ တည်နေရာတစ်ခုအထိပဲ ကူးပြောင်းနိုင်လိမ့်မယ်..”

“ဒါက လင်းထျန်းဘုံရဲ့ နိယာမနဲ့ ဖိနှိပ်မှုကြောင့်ပဲ..”

“နယ်မြေဘုရင်တွေတောင် ဝေးကွာတဲ့ လေဟာနယ်အထိရောက်အောင် ဖောက်ထွက်ဖို့ ခက်ခဲတယ်..”

“ပြီးတော့ လေဟာနယ်ကို ဖောက်ထွင်းပြီး ဦးတည်ရာကို ရှာဖို့ အတွက် စွမ်းအင်တွေ အများအပြား အသုံးပြုရတယ်..”

“ဒါ့ကြောင့် လင်းထျန်းဘုံရဲ့ ခရီးဝေးတွေမှာ ပျံသန်းရေးရာ ပစ္စည်းတွေကို အသုံးပြုကြရတယ်..”

ဟွမ်းသည် နားလည်သွား၏။ နတ်ဘုရားကုန်းမြေနှင့် ထျန်းယွမ်ကုန်းမြေကဲ့သို့ ကွာခြားမှုမျိုးပင်။ သို့သော် လင်းထျန်းဘုံသည် ပို၍ တင်းကြပ်ထားဟန်ရှိ၏။

ထို့ကြောင့် သူဖြတ်သန်းခဲ့ရသည့် နေရာများတွင် လေဟာနယ်တံခါးများ ပြုလုပ်ထားသည်ကို တွေးမိသွားသည်။

ဟွမ်းသည် ရုတ်ချည်းရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်များသည် လေဟာနယ်အတွင်းကျရောက်သွား၏။ သူသည် လေဟာနယ်အတွင်းမှ နှင်းဓားဂိုဏ်း၏ တည်နေရာကို ရှာဖွေကြည့်လိုက်သည်။

ကျန်းချီချီသည် ဟွမ်း အပြုမူကြောင့် အံ့ဩသွား၏။ ထို့ကြောင့် သူမသည် မလောစေရန်ပြောဆိုလိုက်သည်။

“စိတ်အေးအေးထားပါ..၊ ကောင်းကင်အလွှာကျင့်ကြံသူတွေ လေဟာနယ်ကို ဖြိုခွဲချင်ရင်တောင် ပေနှစ်ဆယ်ခန့်လောက်ပဲ ရောက်နိုင်သေးတယ်..”

“ဝုန်း..”

ဟွမ်းသည် လေဟာနယ်လမ်းကြောင်းရှာဖွေရတွင် ပုံမှန်ထက် အချိန်ပေးရသည်ဟု တွေးမိ၏။ ထို့နောက် သူသည် လေထုကို ပြင်းထန်သည့် လက်သီးချက်နှင့် ထိုးခွဲလိုက်သည်။

သူ၏ စွမ်းအင်များကို လေဟာနယ်သည် တောင်ခံမထားနိုင်တော့ချေ။ အက်ကွဲမှုသည် တဖြည်းဖြည်း ကြီးမားလာကာ လမ်းတစ်ခုဖွင့်ပေးလိုက်ရ၏။

ကျန်းချီချီ စကားများ ဆက်လက်ပြောဆိုနိုင်စွမ်း မရှိတော့ပေ။ သူမ၏ ရှေ့တွင် ကြီးမားသည် လေဟာနယ် အက်ကွဲကြောင်းကြီး ပေါ်ထွက်လာသောကြောင့်ပင်။

“ဒါက..”

သူမသည် မှင်သက်ကာ ကျောက်ရုပ်ထုသဖွယ်ရပ်တန့်နေ၏။

‘အဲ့လောက် အံ့ဩဖို့ လိုလို့လား..’

ဟွမ်းသည် ကျန်းချီချီကို ပုံကြီးချဲ့သည်ဟု တွေးလိုက်မိ၏။ သာမန်ထက်ပို၍ အားစိုက်ရသော်လည်း အခက်အခဲကြီး ဖြစ်မနေပေ။

သူသည် မှင်သက်နေသည့် ကျန်းချီချီကို စိတ်မရှည်တော့ပဲ သူမ၏ လက်ကို ကိုင်ဆွဲကာ လေဟာနယ် အက်ကွဲကြောင်းအတွင်း ဝင်ရောက်သွား၏။

တစ်ခဏအတွင်းပင် သူတို့နှစ်ဦးသည် နှင်းဖုံးတောင်ထွတ်သို့ ရောက်ရှိလာတော့သည်။

သို့သော် ကျန်းချီချီသည် မလှုပ်မယှက်ပင်။ သူမ၏ ရွှေရင်အစုံသာ နိမ့်ချေမြင့်ချေ ဖြစ်မနေလျှင် အသက်မဲ့သွားပြီဟု မှတ်ယူမိပေမည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမသည် အသိဝင်လာကာ မေးခွန်းထုတ်လိုက်၏။

“ရှင်..ကမ္ဘာငယ်ကရော ဟုတ်ရဲ့လား..”

ဟွမ်း “...”

‘ဒီကိစ္စကို ဘယ်နှစ်ခေါက်လောက် ဖြေနေရမှာလဲ..’

နောက်ရက်များတွင်တော့ ဟွမ်းသည် တိတ်တဆိတ်သာ သူ၏ ဂူတွင်နေထိုင်ခဲ့၏။ ဤရက်များအတွင်း နှင်းဖုံးတောင်ထွတ်သို့ မည်သည့် ဂိုဏ်းတပည့်နှင့် အကြီးအကဲများ ရောက်ရှိမလာပေ။ တားမြစ်နယ်မြေကဲ့သို့ ကန့်သတ်ခံထားရသည့်အလားပင်။

ဤရက်များတွင် ကျန်းချီချီသည် သူ၏ ဂူအတွင်း မကြာခဏ ဝင်ရောက်လာတက်ကာ သူ၏ အကြောင်းကိစ္စများကို စိတ်ဝင်တစားမေးမြန်းခဲ့သည်။

ထိုအချင်းအရာတွက် သူသည် အာပေါက်မတက် ရှင်းပြပြောဆိုခဲ့သော်လည်း သူမ၏ မေးခွန်းများ အတောမသတ်နိုင်ခဲ့ပေ။

ထူးခြားသည်က သူတို့နှစ်ဦးသည် ပို၍ ရင်းနှီးလာခဲ့ကြ၏။ ဟွမ်းသည် ယခင်ကကဲ့သို့ အေးစက်စက်နှင့် မဆက်ဆံတော့ပေ။ ဤနေ့တွင်တော့ ကျန်းချီချီသည် တောင်ထွတ်တွင် ရှိမနေသောကြာင့် ဟွမ်းသည် အေးချမ်းနေ၏။

ထိုအချိန်တွင် ထူးခြားစွာနှင့် နှင်းဖုံးတောင်ထွတ်သို့ ပုံရိပ်တစ်ခု အသောနှင်လာသည်ကို ခံစားမိသွား၏။ သာမန်ဆိုလျှင် မည်သူမျှ မလာရောက်တက်ပေ။

ထို့အပြင် အကြီးအကဲများဆိုလျှင်လည်း တောင်ပေါ်သို့ တိုက်ရိုက် ပျံသန်းလာမည်ဖြစ်သည်။

သို့သော် ဂိုဏ်း၏တပည့်များအတွက် ပျံသန်းခြင်းကို ကန့်သတ်ထားခဲ့၏။ ထိုအရာက တောင်ထွတ်ရှိ အကြီးအကဲများအပေါ် ထားရှိရမည့် လေးစားမှုပင်။

ဟွမ်းသည် အငွေ့အသက်များကို ရင်းနှီးနေသောကြောင့် ဂူအတွင်းမှ ထွက်လာခဲ့၏။ ထိုပုံရိပ်ကား မာယွမ်ထောင်ပင်။

“ရောင်းရင်းဟွမ်း..ဟုန်ယန်..သူ..သူ..”

မာယွမ်ထောင်သည် မောပန်းတကြီးနှင့် ပြောဆိုနေ၏။

“ဖြေးဖြေးပြော..”

ဟွမ်းသည် သူ၏ အသက်ရှုနှုန်းကို ထိန်းသိမ်းစေလိုက်သည်။

“ဟုန်ယန်က အတွင်းစည်းတပည့်နဲ့ တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန်ရ သွားတယ်..”

မာယွမ်ထောင်သည် တိုတိုနှင့် လိုရင်း ရှင်းပြလိုက်၏။

ဟွမ်း မျက်မှောင်ကြုတ်သွားရသည်။ သူတို့သည် အပြင်စည်းတွင်သာ ရှိနေသော်လည်း မည်သည့် အတွက်ကြောင့် အတွင်းစည်းတပည့်နှင့် ပြသနာဖြစ်ရသနည်း။

ထို့နောက် ဟွမ်းသည် အချိန်မဆွဲတော့ပဲ မာယွမ်ထောင်ကို ဆွဲခေါ်သွားကာ အပြင်စည်းသို့ ဦးတည်သွား၏။

ဟွမ်းသည် ထိုနှစ်ဦးကို မိတ်ဆွေအဖြစ်သတ်မှတ်ထားသည်။ တူညီသည့် နေရာမှ ရောက်ရှိလာသူများ မဟုတ်ကြသော်လည်း ထူးခြားစွာနှင့် မိတ်ဆွေများ ဖြစ်လာခဲ့၏။ ထို့ကြောင့် အကြောင်းအရင်းကို အသေးစိတ်ရှင်းပြစေသည်။

ပြသနာ၏ အဓိကအကြောင်းအရင်းသည် ချောင်ဟု ဖြစ်သည်။ ဟုန်ယန်၏ လက်အောက်တွင် ရှုံးနှိမ့်ခဲ့ပြီးနောက် သူ၏ နောက်လိုက်များစွာ ဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် သူနှင့် ရင်းနှီးသည့် အတွင်းစည်းတပည့်တစ်ဦးဖြစ်သည့် ရှီးချန် ဆိုသူကို အကူအညီတောင်းခဲ့လေ၏။ ရှီးချန်ဆိုသူသည် ချီဝူမြို့သခင် ထက်ခွန်အားကောင်းသည် အတွင်းစည်းတပည့်ဖြစ်သည်။

ရှီးချန်သည် ချောင်ဟု၏ မြှောက်ပင့်မှုနှင့် တောင်းဆိုမှုများစွာကြောင့် ဟုန်ယန်တို့ကို ဖိနှိပ်ခဲ့လေသည်။ ထိုအရာသည် ဂိုဏ်းများတွင်ရှိနေကျဖြစ်သည့် သဘောဘာဝများပင်။

မြင့်မားသည့် နောက်ခံ၊ ကိုယ်တိုင်သန်မာမှု စသည်တို့ မရှိပါက အဖိနှိပ်ခံသာ ဖြစ်ပေလိမ့်မည်။

သို့သော် စိတ်ဆတ်သည့် ဟုန်ယန်သည် လက်မခံနိုင်ချေ။ ထို့ကြောင့် ရှီးချန်ကို စိန်ခေါ်ကာ တိုက်ခိုက်ခဲ့သည်။

ရလာဒ်သည်တော့ ကွာဟသည့် အဆင့်ကြောင့် သူကိုယ်တိုင်သာ ဒဏ်ရာရခဲ့လေ၏။

“သူ့ရဲ့ သွေးကြောတစ်ချို့ပြတ်တောက်ကုန်တယ်..၊ အသက်အန္တရာယ်တော့ မရှိပေမဲ့ ပြန်ပြီး ကောင်းမွန်ဖို့ အချိန်အများကြီးယူရလိမ့်မယ်..”

ဟွမ်းသည် ဟုန်ယန်၏ အခြေအနေကို စစ်ဆေးနေရင်း ပြောဆိုလိုက်သည်။ သူ၏လေသံသည် တင်းမာလွန်းနေလေပြီ။

ဆိုရလျှင် သူကိုယ်တိုင်လည်း ဒေါသထွက်သွားရ၏။ သူ့တွင် စွမ်းအားမရှိပါကလည်း ထိုသို့အခြေအနေမျိုး ဆိုက်ရောက်မည်မှာ ကျိန်းသေပင်။

မာယွမ်ထောင်သည် စိတ်ဓာတ်ကျသွား၏။ သူသည် ဟုန်ယန် ဒဏ်ရာကို သက်သာစေရန် မကူညီနိုင်ပေးသောကြောင့် ဟွမ်းကို အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က တိုက်ပွဲတွင် သူ၏ စွမ်းအားနှင့် ဝင်ရောက် မစွက်ဖက်နိုင်ခဲ့ချေ။ ထို့အပြင် အကြီးအကဲများကိုလည်း တင်ပြလျင်လည်း အချည်းအနှီးသာ။

“ဝုန်း..”

ထိုစဉ်တွင် မာယွမ်ထောင်တို့၏ အဆောင်တံခါးသည် အားနှင့် ဆောင့်ကာ ဖွင့်လိုက်သည့် မြည်သံထွက်ပေါ်လာ၏။

“ဒီလအတွက် ကောင်းကင်သလင်းကျောက် ငါးတုံးပေးရမယ်..”

All Chapters