← Chapters

ကူးတို့ခ

Vol. 21 Ch. 304

ကူးတို့ခ

Vol. 21 Ch. 304

ဟုန်ယန်ကဲ့သို့ ကိစ္စများကို အကြီးအကဲများသည် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ သွားရောက်အကြောင်းကြားပါကလည်း အတွင်းစည်း တပည့်ဘက်မှသာ ရပ်တည်ကြပေမည်။

သူတို့သည် အားနည်းသည့် အပြင်စည်းတပည့်ထက် အနာဂတ်အလားအလာရှိသည့် အတွင်းစည်းတပည့်ကိုသာ ဦးစားပေးမည်ဖြစ်သည်။

ချောင်ဟုသည် ဟုန်ယန် အပြင်းအထန် ဒဏ်ရာရရှိသွားသောကြောင့် အပြင်စည်းတွင် ကြောက်ရွံ့ရသူမရှိတော့ချေ။

ထို့ကြောင့် မောက်မာစွာနှင့် ဟုန်ယန်တို့၏ အဆောင်တံခါးကို ဆောင့်ကန်ကာ ဝင်ရောက်လာခြင်းပင်။

“မင်း..”

သို့သော် သူ၏ ခန္ဓာကိုယ်သည် မြင်လိုက်ရသည့် ပုံရိပ်တစ်ခုကြောင့် ရုတ်ချည်း ရပ်တန့်သွားသည်။

ထို့ပုံရိပ်ကြောင့် သူ၏ မေ့လျော့ချင်သည့် မှတ်ဉာဏ်များ ပြန်မြင်ယောင်လာသည်။ သူအား ခွေးသေကောင်တစ်ကောင်ကဲ့သို့ ရိုက်နှက်ခဲ့သူပင်။

သူသည် အနည်းငယ် တုန်ယင်နေသည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။

“မင်း..အသက်ရှင်သေးတာလား..၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ..”

ဟွမ်းသည် သူ၏ မေးခွန်းကြောင့် မျက်မှောင်ကြုတ်မိသွားသည်။

ဟွမ်းသည် ကျန်းချီချီ ခေါ်ဆောင်သွားသည်ကို ချောင်ဟု မှတ်မိခဲ့၏။ ထို့ကြောင့် အကြီးအကဲကျန့်ကျုးကိုပင် တင်ပြခဲ့သေးသည်။

သို့သော် ကျန့်ကျုးသည် တပည့်အဖြစ် ခေါ်ဆောင်သွားခြင်း မဟုတ်ကြောင်း ပြန်လည်ပြောဆိုခဲ့၏။ သို့သော် အတိအကျ ဖြေရှင်းချက်ထုတ်ခဲ့ခြင်း မရှိခဲ့သည့်အပြင် မပေါက်ကြားစေရန်လည်း သတိပေးခဲ့လေသည်။

ဟွမ်းသည် ဂိုဏ်းကိုရောက်စတွင် ဂိုဏ်းသားများကို ရိုက်နှက်ခဲ့သောကြောင့် အပြစ်ပေးခံရပြီဟု ကျိန်းသေမှတ်ယူခဲ့သည်။ ထိုသို့ အဖြစ်အပျက်ကြောင့် ဂိုဏ်း၏ မျက်နှာမပျက်စေရန်အတွက် သတင်းဖုံးခိုင်းသည်ဟု ထင်မိခဲ့၏။

ထို့အပြင် ရိုက်နှက်ခံရသူသည် သူကိုယ်တိုင်ဖြစ်၏။ သူ့အတွက် ရှက်စရာကောင်းသည့် သတင်းမျိုး ကျိန်းသေဖုံးကွယ်ခဲ့ခြင်းပင်။

သို့သော် ဟွမ်းသည် မယုံနိုင်ဖွယ် သူရှေ့တွင် ရောက်ရှိနေ၏။ တုန်လှုပ်မှုကို ခံစားမိသွားသည်။

“ဂိုဏ်းထဲမှာ လူသတ်လို့ရလား..”

ဟွမ်းသည် မာယွမ်ထောင်ကို မေးခွန်းထုတ်လိုက်၏။ သို့သော် သူ၏ အကြည့်သည် ချောင်ဟု၏ ခန္ဓာကိုယ်ပေါ်သာ ကျရောက်နေသည်။

“မရဘူး..၊ ဂိုဏ်းအကြီးအကဲတွေက အပြစ်ပေးလိမ့်မယ်..၊ ခြေကျိုးလက်ကျိုးတော့ ရတယ်..”

မာယွမ်ထောင်သည် တွေးတွေးဆဆနှင့် ပြောလေ၏။

“ဒါဆို အရိုးတွေကို အကုန်ချိုးရင်ရော..”

ဟွမ်းသည် သာမန်မေးခွန်းတစ်ခုအလား မေးမြန်းလိုက်သည်။

“ဘုန်း..”

ချောင်ဟုသည် ရုတ်ချည်းဆိုသလို မြည်သံကျယ် ထွက်ပေါ်လာသည်အထိ ကြမ်းကြမ်းတမ်းတမ်း ဒူးထောက်ချလိုက်၏။

“ငါ့...အမှား..ငါတောင်းပန်...”

သူ၏ နှုတ်မှလည်း တောင်းပန်စကားများ တသွင်သွင် ပြောဆိုနေသည်။ သူသည် ဟွမ်းမရှိတော့ဘူး ဟုထင်မှတ်သောကြောင့် အနိုင်ကျင့် ဖိနှိပ်ခဲ့ခြင်းပင်။

သူ၏ ခန္ဓာကိုယ်သည် တဆက်ဆက်တုန်ယင်နေ၏။ သူသည် ဟွမ်းကို မဆန့်ကျင်နိုင်ပေ။ ဟွမ်း၏ တိုက်ခိုက်မှုကို ခံစားဖူးသောကြောင့် မလွတ်မြောက်နိုင်သည်ကို သိ၏။ ထို့ကြောင့် ချက်ချင်းဆိုသလို တောင်းပန်မှုပြုလိုက်ခြင်းပင်။

“တောက်..တောက်..”

ကောင်းကင်သလင်းကျောက်ငါးတုံးကို ချောင်ဟု ရှေ့တွင် ပစ်ပေးလိုက်သည်။

ကျန်းချီချီနှင့် အလဲလှယ်ပြုလုပ်ပြီးနောက်တွင် သူသည် ထူးထူးခြားခြား ချမ်းသာနေ၏။ သို့သော် ကျန်းချီချီသည် သူ့ကို မျက်နှာသာပေးကာ လိုအပ်သည်ထက်ပို၍ ပေးအပ်ခဲ့ခြင်းကိုတော့ မသိပေ။

“ငါ..မယူဝံ့ရဲပါဘူး..”

ချောင်ဟုသည် ပြာယာခပ်သွားသည်။ သူသည် ကောင်းကင်သလင်းကျောက် ကောက်ခံရန် ရောက်ရှိလာသော်လည်း ပေးအပ်နေသူသည် ဟွမ်းဖြစ်နေသောကြောင့် ယူရန် မဝံ့တော့ချေ။

ဟွမ်းသည် ထိုသို့အမှိုက်မျိုးနှင့် အချိန်မဖြုန်းချင်ပေ။

“မင်းရဲ့ ကူးတို့ခ..”

ထိုစကားကြောင့် ချောင်ဟုသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား တုန်လှုပ်သွားလေသည်။

ဟွမ်းသည် ဟေးယန်ကို အမိန့်ပေးလိုက်၏။

“ဟေးယန်..၊ သူ့အလောင်းချန်ထား..”

“မင်း..၊ ငါ့ကို သတ်ဖို့ကြိုးစားရင် နှင်းဓားဂိုဏ်းက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူးကွ..”

ဟွမ်း၏ စကားသံကြောင့် ထိတ်လန့်သွားကာ ချောင်ဟုသည် ဒေါသတကြီး တုန့်ပြန်လိုက်၏။ သူ့ကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားသည့်အလားပင်။

ထိုစဉ်အနက်ရောက်မီးတောက်များသည် ဦးတည်ရာမဲ့ ထွက်ပေါ်လာပြီး ချောင်ဟု၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

“အား..”

ချောင်ဟုသည် နာကျင်စွာ ဟစ်အော်ရင်း ရုန်းကန်နေရသည်။ ထိုမီးတောက်များသည် သူ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက်လောင်ကျွမ်းနေပြီး ပြန်လည်တွန်းလှန်ခြင်း မပြုနိုင်ဖြစ်နေ၏။

“ရောင်းရင်းဟွမ်း..၊ ဂိုဏ်းထဲက သူ့ကို သတ်လိုက်ရင် ပြသနာတွေများလာလိမ့်မယ်..”

မာယွမ်ထောင်သည် စိုးရိမ်ကြီးစွာ သတိပေးလိုက်၏။ ဟွမ်းထံမှ ထွက်ပေါ်လာသည့် မီးတောက်သည် ထူးခြားချက်မရှိဟု ထင်ရ၏ သို့သော်လည်း ချောင်ဟု အသည်းအသန် အော်ဟစ်နေရပုံသည် သာမန်မဖြစ်နိုင်ပေ။

“မင်းတို့အတွက် ငါတက်နိုင်တာ ကူညီပေးခဲ့မယ်..”

ဟွမ်းသည် ဤဂိုဏ်းတွင် ကြာရှည်စွာ နေထိုင်မည် မဟုတ်ပေ။ သူထွက်ခွာသွားပါက သူ၏ မိတ်ဆွေနှစ်ဦးသည် နည်းမျိုးစုံနှင့် နှိပ်စက်ခံရမည်မှာ ကျိန်းသေပင်။

ထို့ကြောင့် သူတို့နှစ်ဦး အတွက် တက်နိုင်သည့်အရာကို ကူညီပေးခဲ့ပေမည်။

သူ၏ တန်ဖိုးသတ်မှတ်ချက်သည် အဆင့်အတန်းမြင့်တိုင်း အလေးပေးဆက်ဆံမည်မဟုတ်သလို နိမ့်ကျသောကြောင့် အမှိုက်ကဲ့သို့ ဆက်ဆံမည်မဟုတ်ပေ။

သူ၏ စိတ်ခံစားချက်အရသာ တန်ဖိုးဖြတ်ပြီး သူ၏ စိတ်ရင်းအတိုင်းသာ ပြုမှုခြင်းဖြစ်၏။

ထို့ကြောင့် ဆုံတွေ့သည်မှာ ကြာရှည်မှုမရှိသေးသော်လည်း မာယွမ်ထောင်နှင့် ဟုန်ယန်တို့အပေါ်တွင် ကောင်းမွန်စွာဆက်ဆံနေခြင်းပင်။

မိနစ်ပိုင်းမျှ ရုန်းကန်ပြီးနောက် ချောင်ဟု၏ ခန္ဓာကိုယ်သည် မလှုပ်ရှားတော့ပေ။

ချောင်ဟု၏ စိတ်ဝိညာဉ်ကို ဟေးယန် ဝါးမြိုခဲ့ပြီး ဖြစ်သည်။ သူ၏ အသက်ဝိညာဉ်ကင်းမဲ့နေသည့် ခန္ဓာကိုယ်သာ ကျန်ရှိနေတော့၏။

“ဒီအမှိုက်ကို အတွင်းစည်းထဲအထိ သယ်ခဲ့..”

ချောင်ဟု၏ ခန္ဓာကိုယ်ကို မာယွမ်ထောင်အား သယ်ဆောင်စေခဲ့သည်။

မာယွမ်ထောင်သည် တုန်လှုပ်နေသော်လည်း ဟွမ်း၏ စကားကို နားထောင်လိုက်၏။ သူ၏ ကြောက်ရွံ့စိတ်များသည် ဟွမ်းရှိနေလျှင် လျော့ပါးသွားသည်ဟု ခံစားမိ၏။

ထို့နောက် သူတို့နှစ်ဦးသည် အတွင်းစည်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အတွင်းစည်းတပည့်များအတွက် တောင်ထွတ်တစ်ခု ပေးအပ်ထား၏။ ထိုတောင်ထွတ်တွင် အပြည်စည်းတပည့်များ ဝင်ရောက်ခြင်းကို ကန့်သတ်ထားသည်။

သို့သော် ဟွမ်းသည် ဂရုမစိုက်၊ အလျှင်အမြန် ပျံသန်းလာခဲ့သောကြောင့် အတွင်းစည်းတောင်ထွတ် ရောက်ရန် အချိန်များစွာ မကြာခဲ့ချေ။

“ဘုန်း..”

ချောင်ဟု၏ ခန္ဓာကိုယ်သည် အတွင်းစည်း၏ ရင်ပြင်တွင် အရှိန်ဟုန်ပြင်းပြင်းနှင့် ကျဆင်းသွား၏။

ကျယ်လောင်လှသည့် မြည်သံကြောင့် အတွင်းစည်းဂိုဏ်းသားများသည် အလျှင်အမြန်ထွက်လာကြသည်။

အပြင်စည်းတွင် တပည့်ပေါင်း သောင်းချီရှိနေသော်လည်း အတွင်းစည်းတွင် တပည့်အရေအတွက်သည် ဆယ်ဂဏာန်းမျှသာ ရှိလေ၏။ ထို့ကြောင့်ပင် အကြီးအကဲများသည် အတွင်းစည်းတပည့်များကို တန်ဖိုးထားကြခြင်းဖြစ်သည်။

“မင်း..ဘယ်သူလဲကွ..”

အတွင်းစည်းတပည့်တစ်ဦးသည် ဟွမ်း၏ လုပ်ရပ်ကြောင့် ဒေါသတကြီး အော်ဟစ်လိုက်၏။

အချို့တပည့်များသည် ချောင်ဟု၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ကြသည်။

“သူ..သေနေပြီ..”

တစ်ပည့်တစ်ဦးသည် တုန်လှုပ်စွာ ရေရွတ်လိုက်၏။

“မင်း ဂိုဏ်းသားအချင်းချင်းကို သတ်ဖြတ်ရဲတယ်လား..၊ မင်းရဲ့ အပြစ်အတွက် ခွင့်လွှတ်နိုင်စရာမရှိဘူး..”

တပည့်တစ်ဦးသည် ဒေါသလေသံနှင့် ကြိမ်းမောင်းလိုက်သည်။ မာယွမ်ထောင်၏ ဝတ်စုံကြောင့် နှင်းဓားဂိုဏ်း၏ အပြင်စည်းတပည့်များဟု သိလိုက်ရ၏။

သို့သော် တစ်ဖက်သူသည် အတွင်းစည်းအထိ ရဲရဲတင်းတင်း ဝင်ရောက်လာရဲသောကြောင့် မလှုပ်ရှားကြသေးချေ။ သူ၏ နောက်ခံသည် ကြီးမားနေပါက သူတို့အနာဂတ် ခက်ခဲသွားနိုင်သည်။

“ဟုန်ယန်ကို တိုက်ခိုက်တဲ့သူ ရှေ့ထွက်လာခဲ့...”

ဟွမ်းသည် အတွင်းစည်းတပည့်များကိုကြည့်ရင်း မောက်မာစွာ ပြောဆိုလိုက်၏။

“မင်း..၊ မောက်မာလှချေလားကွ..”

အတွင်းစည်းတပည့်များသည် ဒေါသတကြီး ဖြစ်ကုန်သည်။ သူတို့သည် အတွင်းစည်းတပည့်များ ဖြစ်သည့် အပြင် အလယ်လတ်အလွှာ ကျင့်ကြံသူများ ဖြစ်နေ၏။

သို့သော် အပြင်စည်းတပည့်၏ မောက်မာမှုကို သည်းခံနိုင်စွမ်းမရှိတော့ပေ။

“သေစမ်း..”

အတွင်းစည်း တပည့်တစ်ဦးသည် ရုတ်ချည်းဆိုသလို လှံတံစင်းထုတ်ကာ ဟွမ်းကို ဦးတည်၍ ထိုးနှက်လိုက်၏။

“ဘုန်း..”

ဟွမ်းသည် ထိုတပည့်ထက် မြန်ဆန်သည့် အရှိန်နှင့် ထွက်ပေါ်လာကာ ကြမ်းကြမ်းတမ်းတမ်း ရိုက်ချလိုက်၏။

“ဝုန်း..”

ပြင်းထန်လွန်းသည့် ရိုက်ချက်ကြောင့် ထိုတပည့်သည် မြေလွှာတွင် စိုက်ဝင်သွားရသည်။

ထိုတပည့်သေသလား၊ ရှင်သလား ဂရုမစိုက်ပေ။ ဟွမ်းသည် အခြားတပည့်များကို ကြည့်ကာ ဆိုလိုက်၏။

“ဘယ်သူလာဦးမလဲ..”

All Chapters