← Chapters

အကျိုးဆက်

Vol. 21 Ch. 312

အကျိုးဆက်

Vol. 21 Ch. 312

“ခေါင်းဆောင်ကျွီး..၊ ခင်ဗျားရဲ့ နည်းလမ်းက အလုပ်ဖြစ်ပါ့မလား..”

နေမီးတောက် မျိုးနွယ်ခေါင်းဆောင် ယန့်လီသည် ဘဝင်မကျဟန်နှင့် မေးမြန်းလိုက်သည်။

“ကျုပ်ရဲ့သားက စဦးအလွှာကို ရောက်သွားပြီလေ..၊ ထျန်းဟုန် ထပ်ပြီးတောင့်ခံနိုင်မှာ မဟုတ်တော့ဘူး..”

ကျွီးမျိုးနွယ်ခေါင်းဆောင် ကျွီးကျင့်သည် စိုးရိမ်စရာမလိုကြောင်း ပြောဆိုလိုက်၏။ ထို့အပြင် သူ၏ သားကို ဂုဏ်ယူနေဟန်ရှိသည်။

လျှပ်စီးမျိုးနွယ်သည် နတ်ဘုရားနယ်မြေမှကျင့်ကြံသူများကို သိမ်းသွင်းရန် သူတို့အား တာဝန်ပေးအပ်ထားသည်။ သို့မှသာ သူတို့နှစ်ဦး၏ စိတ်ဝိညာဉ်များကို ပြန်လည်ပေးအပ်ကာ လွပ်လပ်ခွင့်ပေးမည်ဖြစ်၏။

သို့သော် ထျန်းဟုန်သည် ခေါင်းမာစွာနှင့် ငြင်းဆန်နေခဲ့၏။ ထိုအချင်းအရာကြောင့် သူတို့သည် စိတ်ပျက်နေကြသည်။ သူတို့မျိုးနွယ်၏ အကြီးအကဲအချို့သည် စဦးအလွှာသို့ ရောက်ရှိသွားကြသော်လည်း သူတို့သည် အဆင့် မတက်နိုင်သေးပေ။

ထို့ကြောင့် ထျန်းဟုန်ကို စည်းရုံးရန် ဆန္ဒစောနေသည်။

သူတို့နားမလည်သည်က လျှပ်စီးမျိုးနွယ်သည် သူတို့အတွက် အာရုံစိုက်ရန် အရေးမပါချေ။ စဦးအလွှာအောက်ကျင့်ကြံသူများသည် အသုံးမဝင်ပေ။ ထို့ကြောင့် လူ့သဘာဝကို အသုံးချ၍ အချင်းချင်း ရန်တိုက်ကာ ရှင်းလင်းလိုက်ခြင်းပင်။

သို့သော် ကျွီးကျင့်နှင့် ယန့်လီတို့အတွက်တော့ မတူညီပေ။ ဤအရာသည် သူတို့ လွပ်လပ်နိုင်မည့် အခွင့်အရေးပင်။

မည်သူက အခြားသူ၏ ချုပ်နှောင်မှုအောက်တွင် နေလိုပါ့မည်နည်း။

သို့သော် လောကကြီးတွင် အချုပ်အနှောင်ကို နှစ်သက်သည့် အမျိုးသားများလည်း ရှိနေကြ၏။

“ခင်ဗျား...အစီအစဉ်က အလုပ်ဖြစ်ဖို့ မျှော်လင့်ရတာပဲ..”

ယန့်လီသည် ဘဝင်မကျသော်လည်း လက်ခံလိုက်၏။ ထျန်းဟုန်သည် ကောင်းကင်ဧကရာဇ်ဖြစ်ခဲ့သည် ဟူသည့် ဂုဏ်ပုဒ်ကြောင့် အနည်းငယ် စိုးရွံ့နေကြသည်။

ဘဝတစ်လျှောက်လုံး ထျန်းဟုန်ကို လေးစားကြောက်ရွံ့ခဲ့ကြရ၏။ သို့သော် ယခုတွင်တော့ ထိုလေးစားမှုများကို ဥပက္ခာပြုခဲ့လေပြီ..။

“ခင်ဗျား..စိတ်ချနေပါ..၊ ကျုပ်တို့လဲ လွပ်လွပ်လပ်လပ် ကျင့်ကြံခွင့်ရတော့မှာ..”

ကျွီးကျင့်သည် အေးအေးဆေးဆေးပြောဆိုလိုက်၏။

“ဝုန်း..”

သူတို့နှစ်ဦး ဆွေးနွေးနေသည့် ခန်းမအတွင်းသို့ ခန္ဓာကိုယ်တစ်ခုသည် ပုံပျက်ပန်းပျက်နှင့် ကျဆင်းလာ၏။

“ဘယ်သူလဲ..”

ခေါင်းဆောင်နှစ်ဦးသည် အလွန်ဒေါသထွက်သွားရ၏။

“ငါ့ သား...”

ကျွီးကျင့်သည် တုန်လှုပ်ခြောက်ခြားစွာနှင့် ရေရွတ်မိသွားသည်။

ပြုတ်ကျလာသည့် အရာသည် သူ့သား၏ အသက်မဲ့နေသည့် ခန္ဓာကိုယ်ပင်။

“ဘယ်သူလဲကွ..မင်းကိုငါသတ်မယ်..”

ကျွီးကျင့်သည် နဖူးကြောများထောင်ထလာသည် အထိဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် ခန်းမအတွင်းသို့ ရောက်ရှိလာ၏။

“မင်း...ဟွမ်း...”

ခေါင်းဆောင်နှစ်ဦးလုံး အဖြုရောင်ပုံရိပ်ကြောင့် တုန်လှုပ်သွားကြသည်။ တုန်ယင်နေသည့် လေသံများနှင့် ရေရွတ်မိသွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ..၊ မင်းဘယ်လိုလုပ်ရောက်လာတာလဲ..”

နတ်ဘုရားကုန်းမြေ၏ ကြောက်စရာအကောင်းဆုံး တည်ရှိမှုပင်။ သူတို့သည် ဤနေရာသို့ ဟွမ်းမပါရှိသောကြောင့် စိတ်လွတ်လက်လွတ် နေထိုင်နိုင်ခဲ့ကြသည်။

သို့သော် ထိုအိမ်မက်ဆိုးသည် သူတို့ထံသို့ ကျရောက်လာပြီဖြစ်၏။

“မင်းတို့မျိုးနွယ်နဲ့ ထပ်ဆုံဖြစ်ရင် အသေသတ်မယ်လို့ ငါသတိပေးခဲ့ဖူးတယ်မလား..”

ဟွမ်းသည် ကျွီးကျင့်ကို အေးစက်သည့် အကြည့်များနှင့် မေးခွန်းထုတ်လိုက်၏။

ကျွီးကျင့် တုန်ယင်သွားသည်။ သူ့သား သေဆုံးရသည်ကို ပြသနာ မရှာနိုင်သည့် အပြင် အတိတ်က ဆိုးဝါးသည့် မှတ်ဉာဏ်များ ပြန်လည်ပေါ်ထွက်လာ၏။

ထိုစဉ်က သူတို့သည် စုန့်ချင်းထံမှ နတ်ဝိညာဉ် လုယူခဲ့သည့် အချိန်တွင် ဖြစ်သည်။

သူတို့သည် စုန့်ချင်းကို သတ်ဖြတ်မှုတွင် ဦးဆောင်လှုပ်ရှားခဲ့သူများဖြစ်၏။ သူတို့သည် စုန့်ချင်းကို သတ်နိုင်ခဲ့သော်လည်း ကြက်သွေးရောင်သံလိုက်အိမ်မြှောင်ကို ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် နတ်ဝိညာဉ်ကိုလည်း မရရှိခဲ့ပေ။ သို့သော် ထိုအရာက သူတို့အတွက် မဆိုးဝါးသေးချေ။

တကယ့်အိမ်မက်ဆိုးသည် စုန့်ချင်းသေဆုံးပြီး လအနည်းငယ် အကြာတွင် ကျရောက်ခဲ့ခြင်းပင်။

ဟွမ်းသည် ထိုစဉ်က ကျွီးမျိုးနွယ်သို့ ရောက်ရှိလာခဲ့ပြီး သူတို့၏ ဘိုးဘေးဖြစ်သူကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည်။ ထိုအရာက စုန့်ချင်း၏ သေဆုံးမှု အတွက်ကြောင့်ပင်။

သို့သော် ဟွမ်းနှင့် စုန့်ချင်း၏ စပ်ဆက်မှုကို နားမလည်နိုင်ခဲ့ပေ။

ကျွီးမျိုးနွယ်ဝင်အားလုံး မသေမရှင် အခြေအနေအထိ ရောက်အောင်ပင် ရိုက်နှက်ခံခဲ့ရသည်။

ထို့နောက်တွင် ဟွမ်းသည် ကျွီးမျိုးနွယ်ဝင်များ သူ၏ မျက်စိရှေ့ ထပ်မံတွေ့မြင်ရပါက အားလုံးကို သတ်ဖြတ်မည်ဟု ရာဇသံပေးခဲ့၏။

သူတို့သည် ထျန်းဟုန်ကို ထိုမျှအထိ မကြောက်ရွံ့သော်လည်း ဟွမ်းသည် မတူညီပေ။ သူသည် ပြတ်သားကြမ်းတမ်းလွန်းသည်။

ထို့ကြောင့်ပ သူတို့သည် နတ်ဘုရားနယ်မြေအတွင်း ဟွမ်းနှင့် ရှောင်တိမ်းခဲ့ရသည်။ သို့သော် ယနေ့တွင် သူ့တို့သည် ထိပ်တိုက်ဆုံတွေ့ ခဲ့ရလေပြီ..။

“ပြီးတော့မင်း..၊ ကျေးဇူးကြွေးကို ရန်ကြွေးနဲ့ တုန့်ပြန်တဲ့ကောင်..”

ဟွမ်းသည် ယန့်လီကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။

နေမီးတောက်မျိုးနွယ်တွင် အမှောင်စွမ်းအင်များ ပေါ်ပေါက်ခဲ့ခြင်းကြောင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် ပူးပေါင်း အကူအညီပေးခဲ့ကြသည်။

ထို့အပြင် ထျန်းဟုန်သည် ထိုသို့ အဖြစ်မျိုး မတားဆီးနိုင်သောကြောင့် လင်းထျန်းဘုံတွင် နယ်မြေကျွန် ဖြစ်စေခဲ့ခြင်းပင်။

သို့သော် ထိုမျိုးနွယ်နှစ်ခုသည် သက်သာသည့် လမ်းကို ရွေးချယ်ကာ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို ဒုက္ခပေးခဲ့ကြလေသည်။

“ဟွမ်း...၊ ငါရှင်းပြပါ့မယ်..”

ယန့်လီ၏ လေသံသည် တုန်ယင်နေ၏။ စဦးအလွှာ သုံးဦးသည် သေဆုံးသွားသည်မှာ သေချာသလောက်ပင်။

သူတို့သည် ယခင်ကတည်းက ဟွမ်း၏ စွမ်းအားကို ခန့်မှန်းနိုင်ခြင်း မရှိခဲ့ချေ။

“ဒီနေရာကို ရောက်ရှိလာတဲ့ ရည်ရွယ်ချက်က မင်းတို့ရဲ့ ဖြေရှင်းချက်ကို နားထောင်ဖို့မဟုတ်ဘူး..”

ဟွမ်း အသံဆုံးသွားသည်နှင့် တပြိုင်နက် မျိုးနွယ်နှစ်ခုရှိရာ တည်နေရာတစ်ခုလုံးတွင် အနက်ရောင်မီးတောက်များ ဖုံးလွှမ်းလာသည်။

မျိုးနွယ်နှစ်ခု၏ ကျင့်ကြံသူများသည် အထိတ်ထိတ်အလန့်လန့် ဖြစ်ကုန်ကြ၏။

“ဟွမ်း..၊ ရပ်လိုက်စမ်း..၊ နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေကို သတ်ဖြတ်ဖို့ ကြိုးစားနေတာလား..”

ကျွီးကျင့်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူတို့သည် ထိုမီးတောက်ကို မလွန်ဆန်နိုင်ပေ။

“မင်းတို့က နတ်ဘုရားကုန်းမြေက ကျင့်ကြံသူတွေ မဟုတ်တော့ဘူး..”

ဟွမ်းသည် အေးစက်စက်နှင့်သာ တုန့်ပြန်လိုက်၏။

“ငါတို့ကို သတ်ရင် လျှပ်စီးမျိုးနွယ်ရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရလိမ့်မယ်..”

ယန့်လီသည် ချိန်းခြောက်ဟန် ပြောဆိုလေပြီ။ သို့သော် အနက်ရောင်မီး‌တောက်များသည် တဖြည်းဖြည်းနှင့် ကြုံ့ဝင်လာ၏။

“ရပ်စမ်း..၊ မင်း လင်းထျန်းဘုံမှ ခြေချစရာနေရာမရှိဖြစ်သွားမယ်..”

ကျွီးကျင့်သည့် အထိတ်ထိတ်အလန့်လန့်နှင့် အော်ဟစ်လိုက်၏။ အကြောင်းမှာ ဟွမ်းသည် ဤနေရာမှ ထွက်ခွာသွားသောကြောင့်ပင်။ သူတို့သည် မုချ သေရတော့မည်။

“ဆုံးဖြတ်ချက်တစ်ခုချပြီးရင် အဆုံးထိ တာဝန်ယူနိုင်ရတယ်..”

သူတို့အတွက် ဟွမ်း၏ နောက်ဆုံးစကားသာ ဖြစ်သည်။

“ဟွမ်း..ငါတို့တောင်းပန်ပါတယ်..၊ ဒီတစ်ကြိမ်ပဲ ခွင့်လွတ်ပေးပါ..”

သူတို့၏ နည်းလမ်းများသည် အလုပ်မဖြစ်တော့သည်ကို သိလိုက်ရသောကြောင့် အလောတကြီး တောင်းပန်လိုက်ကြသည်။

သို့သော် နောက်ကျသွားလေပြီ။ သူတို့ ဆုံးဖြတ်ချက်၏ အကျိုးဆက်ကို ခံယူရမည်ဖြစ်၏။

ဟွမ်းသည် ဤနေရာတွင် ရှိမနေတော့ချေ။

ထို့အတူ အနက်ရောက်မီးတောက်များသည် သူတို့နှင့် နီးကပ်လာပြီး စတင်လောင်ကျွမ်းတော့လေသည်။

သူတို့သည် မီးတောက်များအတွင်းမှ နည်းလမ်းမျိုးစုံနှင့် အော်ဟစ်တောင်းပန်နေသော်လည်း အချည်းအနှီးသာ..။

ဟွမ်းသည် ကောင်းကင်ထက်မှ အနက်ရောင်မီးတောက်များ ကျုံဝင်လာခြင်းကို စောင့်ကြည့်နေ၏။

ဘေးနားရှိ ကျန်းချီချီသည် ဟွမ်း၏ အသွင်ကို တိတ်တခိုးကြည့်လိုက်မိသည်။ ဟွမ်း၏ အသွင်ကို စေ့စေ့စပ်စပ် ကြည့်ရှု့လိုက်ချိန်တွင် သူမသည် စိတ်လှုပ်ရှားလာသည်ဟု ခံစားမိသွား၏။

ထို့နောက်သူမ၏ စိတ်ကို ထိန်းချုပ်လိုက်ချိန်တွင် အတွေးများ ပေါ်ထွက်လာသည်။

ထိုသူသည် ပြတ်သားလွန်း၏။ မည်သူ့ကိုမျှ အလွတ်မပေးခဲ့ချေ။ သူသည် မိတ်ဆွေများအပေါ် အလွန်ကြင်နာခဲ့သော်လည်း ရန်သူများအတွက်မူ ရက်စက်လွန်းလေသည်။

ကျန်းချီချီသည် ပူပန်မိသွား၏။ လျှပ်စီးမျိုးနွယ်တွင် များပြားလှသည့် ကောင်းကင်အလွှာများနှင့် နယ်မြေသခင်များစွာ ရှိနေသည်။

ဟွမ်း၏ အသွင်သည် တားဆီး၍ ရနိုင်မည်မဟုတ်ပေ။ ဟွမ်း၏ ခွန်အားသည် နယ်မြေသခင်များကို ကျော်လွန်နိုင်မည်လောဟု တွေးမိနေ၏။

သူမ အတွေးနက်နေစဉ် အနက်ရောင်မီးတောက်များသည် မျိုးနွယ်နှစ်ခုလုံး၏ ကျင့်ကြံသူများကို လောင်ကျွမ်းမှု ပြီးဆုံးသွားလေပြီ..။

All Chapters