ကြောက်မက်ဖွယ်အဖွဲ့အစည်း
Vol. 155 Ch. 2201
နေရာအသီးသီးမှ ကျင့်ကြံသူများအားလုံးက ဤနေရာ၌ စုဝေးနေကြသည်။ တုန်းဟွာနယ်မြေနှင့် ရှန်ချင်းနယ်မြေမှ လာသူများသည်လည်း ရီဖူရှင်းနှင့် အခြားလူများကို မြင်တွေ့ခဲ့ပေသည်။
ထိုအခိုက်တွင် တစ်စုံတစ်ယောက်က အလွန် ထက်ရှသော အကြည့်တို့နှင့် ရီဖူရှင်းကို စိုက်ကြည့်နေခဲ့သည်။ သူ၏ မာနကြီးသော မျက်လုံးများထဲ၌ ရက်စက်ကြမ်းကြုတ်သော အကြည့်တို့ ရှိနေခဲ့ပြီး သူ့အောက်မှ လူတိုင်းကို အထင်အမြင်သေးပုံပေါ်ပေသည်။ ထိုသူမှာ တုန်းဟွာနယ်မြေ၌ အလားအလာအကောင်းဆုံး ပါရမီရှင်ဟု ကျော်ကြားသော တုန်းဟွာနယ်မြေသခင်အိမ်တော်မှ ဒုနယ်မြေသခင် နင်ဟွာပင် ဖြစ်သည်။
သူ့အနီး၌ ရပ်နေသော တန်ခိုးရှင်များအားလုံးက တုန်းဟွာနယ်မြေမှ ဖြစ်ကြသည်။ သူတို့က မူလဘုံသို့ ရောက်သောအခါ တကွဲတပြား မသွားခဲ့ကြပေ။ ယခု မူလဘုံသည် ကြီးမားသော အပြောင်းအလဲအောက်တွင် ရှိနေခဲ့ပြီး သူတို့အားလုံး၌ အနည်းနှင့်အများ တူညီသော ရည်ရွယ်ချက်များ ရှိသည်။ ထို့ကြောင့် သူတို့က နယ်မြေသခင်အိမ်တော်မှ အင်အားစုကို အဓိကထားကာ အဖွဲ့တစ်ခုအဖြစ် စုဝေးခဲ့ကြသည်။
တုန်းဟွာနယ်မြေမှ တန်ခိုးရှင်များသည် ရီဖူရှင်း ရှန်ချင်းနယ်မြေ၌ ဖြစ်စေခဲ့သော မုန်တိုင်းအကြောင်း သိကြပေသည်။ ထိုစဥ်က လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီနှင့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အင်ပါယာယန်တို့သည် လေးမျက်နှာကျေးရွာကိုပင် တိုက်ခိုက်ခဲ့ကြသည့်အတွက် သူတို့သည် ထိုနေရာကို အထူးအာရုံစိုက်မိခဲ့ကြသည်။ ထိုအချိန် သူတို့သည် ရီဖူရှင်းက ရှန်ချင်းနယ်မြေတစ်ခွင်ကို တုန်လှုပ်စေကာ နာမည်ကျော်ကြားလာပြီး လေးမျက်နှာကျေးရွာ၏ အဓိကလူပင် ဖြစ်လာလိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်မထားမိခဲ့ပေ။ သူသည် လေးမျက်နှာကျေးရွာမှ ဆရာသခင်၏ ကာကွယ်ပေးမှုကိုပင် ရရှိခဲ့၏။ ရှန်ချင်းနယ်မြေမှ တန်ခိုးရှင်များက သူ့ကို တိုက်ခိုက်လာသည့်အခါ ဆရာသခင်က ထိုလူများကို အဝေးသို့ မောင်းထုတ်ခဲ့သည်။
ယခု ရီဖူရှင်း၏ အဆင့်အတန်းက အလွန် မြင့်မားလာပြီဖြစ်၏။ ထို့ကြောင့် သူတို့သည် သူ့ကို ဆန့်ကျင်လှုပ်ရှားချင်လျှင်ပင် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက နင်ဟွာကို ကြည့်လိုက်ပြီး သူ့ မျက်လုံးများမှ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများက ကြောက်မက်ဖွယ် ထွက်ပေါ်လာသည်။ သူသည် တုန်းဟွာနယ်မြေအတွင်းမှ တိုက်ပွဲတွင် ကျုံးချန်၏ သေဆုံးခြင်းကို မေ့ဖျောက်ပစ်လိမ့်မည် မဟုတ်ပါချေ။ သူသည် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ ပျက်စီးခြင်းကိုလည်း မည်သည့်အခါမှ မေ့ပစ်လိမ့်မည်မဟုတ်ပေ။
ကျုံးချန်သည် ဆေးအင်ပါယာ၏ အနှစ်သက်ဆုံး တပည့်ဖြစ်ကာ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်၏ အကျော်ကြားဆုံး ပါရမီရှင် ဖြစ်လေသည်။ သူက ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ခုနစ်မှ အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူသည် တုန်းဟွာနယ်မြေအတွင်း အကျော်ကြားဆုံး ပုဂ္ဂိုလ်လေးယောက်မှ တစ်ယောက်ဖြစ်သည်။ သူ့တွင် နှိုင်းယှဥ်၍မရအောင် တောက်ပသော အနာဂတ် ရှိသည်။ သူက တစ်ခေတ်တစ်ခါတွင် ကျော်ကြားသော လူစွမ်းကောင်းများထဲမှ တစ်ယောက် ဖြစ်လာရန် ကံကြမ္မာရှိ၏။
သို့သော် သူက တုန်းဟွာနယ်မြေသခင်အိမ်တော်မှ ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကို ပစ်မှတ်ထားသည့် တိုက်ပွဲတွင် နင်ဟွာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။ ရီဖူရှင်းက ထိုအဖြစ်ကို မေ့ပစ်နိုင်မည် မဟုတ်ပေ။
ဤအကြွေးကို သေချာပေါက် ပြန်ယူရပေလိမ့်မည်။
အကယ်၍ ချန်ယိသာ သူ့ကို ထိုတိုက်ပွဲမှ ခေါ်မထုတ်လာခဲ့လျှင် အင်ပါယာရှီကသာ နင်ဟွာကို တားဆီး၍ သူ့အား ကယ်တင်ကာ လိပ်နတ်ဘုရားကျွန်းသို့ ခေါ်ဆောင်လာပေးရန် သူ၏ ကိုယ်ပိုင်တပည့် ရန်ဝူချီကို မပို့လွှတ်ခဲ့ပါလျှင် သူ့အတွက် အရာအားလုံးက ဆိုးရွားစွာ အဆုံးသတ်သွားရပေလိမ့်မည်။ သူက နင်ဟွာ၏ လက်များထဲ၌ သေဆုံးသွားရမည် ဖြစ်ပေသည်။
ရီဖူရှင်းသည် ရှေးဟောင်းတော်ဝင်ယန်မိသားစုနှင့် လင်းရှောင်နန်းတော်မှ ကျင့်ကြံသူများထက်ပင် နင်ဟွာကို သတ်ပစ်ရန် ဆန္ဒရှိပေသည်။ သူက ထိုလူကို ကျိန်းသေ သတ်ဖြတ်ရမည် ဖြစ်သည်။
သူတို့နှစ်ယောက်က အချင်းချင်း စိုက်ကြည့်နေခဲ့ပြီး သူတို့၏ မျက်လုံးများက အေးစက်ကာ သတ်ဖြတ်လိုသည့် ဆန္ဒများနှင့် ပြည့်နေခဲ့သည်။ နင်ဟွာ၏ မျက်လုံးများ၌ မောက်မာမှုများ ရှိနေဆဲဖြစ်သလို ရီဖူရှင်း၏ မျက်လုံးများတွင်လည်း ပြတ်သားသော ဆုံးဖြတ်ချက်များ ရှိနေခဲ့သည်။ နင်ဟွာက တုန်းဟွာနယ်မြေသခင်အိမ်တော်မှ ဒုနယ်မြေသခင်ဖြစ်နေလျှင်ပင် သူက သူ့ကို သတ်ပစ်ရန် ဆုံးဖြတ်ထားနေဆဲ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လှပသော အမျိုးသမီးတစ်ယောက်က ရီဖူရှင်းကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ “ကျွန်မတို့ ခွဲခွာပြီးကတည်းက ရှင် အဆင်ပြေပြေရှိနေမယ်လို့ ကျွန်မ ယုံကြည်ပါတယ် အင်ပါယာရီ။”
ရီဖူရှင်းက သူမကို ကြည့်လိုက်သည်။ ချင်းချင်းသည် တုန်းဟွာနယ်မြေ မြူနှင်းဝေနတ်နန်းတော်ရှိ ဓားနတ်မိမယ်၏ တပည့်သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သူမဘေးတွင် အခြားနတ်မိမယ်နှစ်ပါးဖြစ်သော ကျန်းယွဲ့လီနှင့် ချူးဟန်ရှီတို့ ရှိနေခဲ့သည်။
ထို့ပြင် ဓားနတ်မိမယ်သည်လည်း သူတို့ သုံးယောက်ရှေ့၌ ရပ်နေခဲ့၏။ သူမက ဤနေရာသို့ ကိုယ်တိုင်လာရောက်ခဲ့ပေသည်။
ရီဖူရှင်းနှင့် နယ်မြေသခင်အိမ်တော်ကြားမှ ရှုပ်ထွေးလှသော ဆက်ဆံရေးကြောင့် တုန်းဟွာနယ်မြေ၏ တန်ခိုးရှင်များသည် ရီဖူရှင်းထံမှ အကွာအဝေးတစ်ခု ခြားထားကြပေသည်။ ချင်းချင်းက ထိုသို့ မလုပ်ခဲ့ပေ။ ပထမ အကြောင်းပြချက်မှာ မြူနှင်းဝေနတ်နန်းတော်မှ နတ်မိမယ်များသည် ရီဖူရှင်းနှင့် ပတ်သတ်၍ ကောင်းမွန်သော သဘောထားရှိပြီး နင်ဟွာထက်ပင် ပိုမို ကောင်းသည့် အလားအလာရှိသည်ဟု တွေးထင်ထားကြသည်။ ဒုတိယအကြောင်းပြချက်သည် မြူနှင်းဝေနတ်နန်းတော်၏ ကိုယ်ပိုင်အင်အားကြောင့် ဖြစ်သည်။ ဓားနတ်မိမယ်က တုန်းဟွာနယ်မြေ၌ ဓားစွမ်းရည်၌ အကျွမ်းကျင်ဆုံး ဖြစ်လေသည်။ နယ်မြေသခင်သည်ပင် သူမကို လေးစားရပေသည်။ ထို့ကြောင့် သူတို့က ဤရှုပ်ထွေးသော ဆက်ဆံရေးကို သိပ်ဂရုမစိုက်ကြပေ။
“မင်းလည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။” ရီဖူရှင်းက ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ဓားနတ်မိမယ်ကို ကြည့်ကာ ပြောလိုက်သည်။ “စီနီယာကို အရိုအသေပေးပါတယ်။”
ဓားနတ်မိမယ်က ခေါင်းညိတ်လိုက်သည်။ သူမသည် ရှန်ချင်းနယ်မြေ၌ ဖြစ်ပျက်ခဲ့သော အကြောင်းများ အားလုံးကို သိရှိပေသည်။ သူက အမှန်တကယ်ပင် လူစွမ်းကောင်းတစ်ယောက်ဟု ခေါ်ထိုက်ပေသည်။ သူက တုန်းဟွာနယ်မြေမှ ထွက်သွားစဥ်မှစကာ ပို၍ ထူးချွန်အောင်မြင်လာပေသည်။ ယခု လေးမျက်နှာကျေးရွာ၏ ဆရာသခင်သည်ပင် သူ့ကို အရေးပေးနေပေသည်။ နယ်မြေသခင်နင်ယွမ်က သူ့ကို ဆန့်ကျင်ချင်လျှင် သူက သေသေချာချာ စဥ်းစားရပေလိမ့်မည်။
ထိုက်ဟွာတောင်တန်းမှ ထိုက်ဟွာကောင်းကင်အရှင်နှင့် နတ်မိမယ်ထိုက်ဟွာကဲ့သို့ အခြားလူများကလည်း ရီဖူရှင်းကို ကြည့်နေကြသည်။ ရီဖူရှင်းသည် နတ်တေးသွား၌ အရည်အချင်းရှိပြီး သူက သူတို့ထံ၌ နက်ရှိုင်းသော အထင်ကြီးမှုကို ချန်ရစ်ထားခဲ့နိုင်သည်။
ပျက်စီးခြင်းနတ်နန်းတော်မှ ဟွမ်းသည်လည်း ရီဖူရှင်းကို ကြည့်နေခဲ့၏။ ဤပါရမီရှင်က တုန်းဟွာကျောင်းတော်၌ လွန်စွာ အစွမ်းထက်သော နတ်ဝင်ရိုးကို ပြသခဲ့ပြီး သူ ထွက်သွားပြီးနောက် ရှန်ချင်းနယ်မြေတွင် အလွန်ကျော်ကြားလာခဲ့သည်။ သူက အခု မည်မျှ အစွမ်းထက်နေလိမ့်မည်ကို မည်သူက သိပါမည်နည်း။
ရီဖူရှင်း၏ ရန်သူတော်ကြီးများဖြစ်သည့် ရှေးဟောင်းတော်ဝင် ယန်မိသားစုမှ အင်ပါယာယန်နှင့် လင်းရှောင်နန်းတော်သခင် လင်းယွင်ကျီတို့လည်း ရောက်နေကြပြီး သူတို့က ရီဖူရှင်းကို သတ်ဖြတ်လိုသည့် ပြင်းထန်လိုသော ဆန္ဒများနှင့် စိုက်ကြည့်နေခဲ့ကြသည်။
နယ်မြေသခင်အိမ်တော်မှ နယ်မြေသခင်နင်ယွမ်က မလာခဲ့ပေ။ နယ်မြေသခင်နင်ယွမ်က သူတို့၏ နေထိုင်ရာနေရာကို စောင့်ရှောက်ပေးမည်ဟု ကတိပေးခဲ့သောကြောင့် အင်ပါယာယန်နှင့် လင်းယွင်ကျီတို့က ဤနေရာသို့ လာခဲ့ခြင်း ဖြစ်ပေသည်။ လင်းရှောင်နန်းတော်သည် တုန်းဟွာနယ်မြေအတွင်း တည်ရှိသောကြောင့် နင်ယွမ်က တိုက်ရိုက် စောင့်ကြပ်ပေး၍ ရသည်။ ရှေးဟောင်းတော်ဝင် ယန်မိသားစုသည်လည်း အနီးအနားတွင် ရှိသည့်အတွက် နယ်မြေသခင်အိမ်တော်မှ ထိပ်သီးပုဂ္ဂိုလ်တစ်စုကို လျှို့ဝှက်စေလွှတ်ပေးခဲ့ပေသည်။ ထို့ပြင် နယ်မြေသခင်အိမ်တော်သည် ထိုအင်အားစုနှစ်ခုနှင့် ဆက်သွယ်နိုင်ရန် အာကာသခရီးဝင်္ကပါကို တည်ဆောက်ခဲ့သည့်အတွက် အန္တရာယ်ကြုံလာသည့် သူတို့က ချက်ချင်း အထောက်အပံ့ ပေးနိုင်ပေလိမ့်မည်။
သူတို့၏ ရည်ရွယ်ချက်က သိသာစွာပင် ဆေးအင်ပါယာနှင့် လီချန်ရှန်းတို့ လက်မှ ကာကွယ်ရန် ဖြစ်ပေသည်။ သူတို့က ထိုနှစ်ယောက် ထွက်ပေါ်လာစဥ်၌ အနာဂတ်ပြဿနာများမှ ရှောင်ရှားရန် သူတို့ပူးပေါင်းကာ ထိုနှစ်ယောက်ကို ချေမှုန်းရန် ကြံစည်နေခြင်း ဖြစ်သည်။ မဟုတ်လျှင် ၎င်းအင်အားစုနှစ်ခုက ငြိမ်းငြိမ်းချမ်းချမ်း အိပ်နိုင်စားနိုင်မည် မဟုတ်ပေ။ သူတို့သည် မည်သို့သော ကမူးရှူးထိုးနိုင်သည့်အရာကိုမှ မပြုလုပ်ဝံ့ကြပေ။ သူတို့ထွက်သွားသည့်အခါ သူတို့က နေထိုင်ရာအိမ်များ၏ လုံခြုံရေးကို စိတ်ပူနေကြပေသည်။
နယ်မြေသခင်နင်ယွမ်သည်လည်း ထွက်မသွားရဲပေ။ ဆေးအင်ပါယာနှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်က နက်ရှိုင်းသော ဆက်သွယ်မှုရှိနေသည်။ နတ်မျှော်စင်ကို ပိုင်ဆိုင်ထားသော ဆေးအင်ပါယာသည် ၎င်း၏ စွမ်းအားကို အသုံးပြုကာ ကြောက်မက်ဖွယ် တိုက်ပွဲစွမ်းရည်ကို ထုတ်ဖော်နိုင်စွမ်း ရှိပေသည်။ သူသည် ယခင်တစ်ကြိမ်၌ နင်ယွမ်နှင့်ပင် တိုက်ခိုက်နိုင်စွမ်း ရှိခဲ့သည်။ ထို့ကြောင့် နင်ယွမ်က နယ်မြေသခင်အိမ်တော်၌ နေခဲ့ခြင်း ဖြစ်သည်။
ရီဖူရှင်းက ထိုအင်အားစုများမှ လူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ မူလဘုံက အရှုပ်အထွေးများထဲ ကျရောက်နေသည့်အခါ လူအများက နေရာအနှံ့တွင် စုဝေးနေကြသည်။ ဆေးအင်ပါယာ၊ လီချန်ရှန်း၊ ကျုံးချန်နှင့် ဝမ်ရှန့်စောင့်ကြည့်မျှော်စင်မှ အခြားတန်ခိုးရှင်များလည်း ဤနေရာမှာ ရှိသင့်ပေမယ့် သူတို့၏ အစအနပင် ရှိမနေနိုင်ခဲ့ပေ။ ကျုံးချန်က အသတ်ခံခဲ့ရပြီး ဆေးအင်ပါယာနှင့် လီချန်ရှန်းက လျှို့ဝှက်စွာ ပုန်းကွယ်နေခဲ့ရသည်။ ဤသည်မှာ နယ်မြေသခင်အိမ်တော်၏ အမှားသာ ဖြစ်၏။
သူသည် ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်တို့ ဤနေရာ၌ ရှိနေရခြင်းမှာ နယ်မြေသခင်အိမ်တော်၏ စေလွှတ်ခြင်းကြောင့် ဖြစ်ကြောင်း သဘောပေါက်ပေသည်။ နယ်မြေသခင်အိမ်တော်က သူတို့ကို ကျောထောက်နောက်ခံပြုနေသည်။
အခြားတစ်ဖက်တွင် ရီဖူရှင်းသည် ရှန်ချင်းနယ်မြေမှ အင်အားစုများစွာကိုလည်း မြင်တွေ့နေရပေသည်။ နန်ဟိုင်မိသားစု၊ လုမိသားစု၊ နတ်ဆိုးတိမ်လွှာကလန်နှင့် အခြားအင်အားစုများမှ တန်ခိုးရှင်များစွာက ဤနေရာ၌ ရှိနေကြသည်။ သူတို့သည်လည်း ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။
ယနေ့တွင် ရှန်ချင်းနယ်မြေ၌ ရီဖူရှင်းကို မသိသည့်သူ မည်သူမှ မရှိပေ။
သူတို့က လေးမျက်နှာကျေးရွာကို ခြိမ်းခြောက်ခဲ့သော တိုက်ပွဲတွင် ဆရာသခင်က နတ်ဘုရားတစ်ပါးကဲ့သို့ တိုက်ခိုက်ခဲ့သည်။ ရီဖူရှင်း၏ အမည်နာမက ယခု အလွန် ကျော်ကြားလှပြီး လောကတစ်ခွင်ကို ပျံ့နှံ့သွားခဲ့ပေသည်။
ရီဖူရှင်းအနီးမှ အစွမ်းထက်ကျင့်ကြံသူများစွာကို ကြည့်ကာ သူတို့သည် ရီဖူရှင်းက မူလဘုံမှလာခြင်းဖြစ်ကာ သူက ဤနေရာမှ ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ပြောနိုင်ပေသည်။ သို့သော် သူတို့သည် မူလဘုံအတွင်း၌ အလွန် အစွမ်းထက်သော အင်အားစုတစ်ခုမှ ဖြစ်လိမ့်မည်ဟု တွေးထင်ထားခြင်း မရှိပေ။ ထို့ပြင် အစွမ်းထက်သော လူများစွာက သူ့နောက်မှ လိုက်ပါလာကြပေသည်။
သေချာသလောက်ပင် ထိုသို့သော လူတစ်ယောက်၏ အလင်းကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ သူ မူလဘုံမှ ထွက်ခွာမလာခင်ကပင် ဤဘုံတစ်ခွင်အား လှုပ်ခတ်စေခဲ့ပြီး ဖြစ်သည်။
မူလဘုံမှ အင်အားစုများက အများကြီး ပြောရန် မလိုအပ်ပေ။ သူတို့က ရီဖူရှင်း အကြောင်းကို အလွန် ရင်းနှီးလှသည်။
ကြည့်ရသည်မှာ ရီဖူရှင်းသည် သူ သွားလေရာနေရာတိုင်း၌ နက်ရှိုင်းသော ထင်မြင်ချက်တို့ကို ချန်ရစ်ထားနိုင်ပုံရသည်။
သို့သော် အဓိကကုန်းမြေမှ လာသော ထိပ်သီးပုဂ္ဂိုလ်ကြီးများက ရီဖူရှင်းကို မသိကြပေ။ တန်ခိုးရှင်အများစုမှာ ကြောက်မက်ဖွယ်ပင် အရှိန်အဝါတို့ ရှိပြီး သူတို့၏ စွမ်းအားက ကောင်းကင်တစ်ခွင်ကို ပြည့်နှက်နေသည်။ သူတို့က ရှေးခေတ်နတ်ဘုရားများကဲ့သို့ မားမားမတ်မတ် ရပ်နေကြ၏။
ရီဖူရှင်းသည် ထိုသို့သော ကြောက်မက်ဖွယ် ဖွဲ့စည်းပုံကို မည်သည့်အခါကမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ ထိုစဥ်က ကောင်းကင်ဒေသနှင့် အင်အားစုကြီးနှစ်ခု တိုက်ခိုက်သောအခါ၌ပင် ထိုကဲ့သို့သော အင်အားဖွဲ့စည်းပုံမရှိခဲ့ပေ။
အဆုံးမှာတော့ ထိုစဥ်က ၎င်းအင်အားစုသုံးခု၏ စွမ်းအားများက ကန့်သတ်ခံထားရပေသည်။ သို့သော် ဤတစ်ကြိမ်က ကွာခြားသည်။ တော်ဝင်နန်းတော်သည် ကောင်းကင်ဒေသမှ အင်အားစုများအားလုံးကို ဤနေရာသို့ စေလွှတ်ခဲ့ပြီး မှော်နက်လောကနှင့် နတ္ထိဘုံမှလည်း သူတို့၏ ထိပ်သီးအင်အားစုများကို မူလဘုံသို့ စေလွှတ်ခဲ့သည်။
ထို့ကြောင့် မူလဘုံက အပြောင်းအလဲများ စတင်သည့်အခါ ခန့်မှန်း၍ မရနိုင်အောင် အားကောင်းသန်မာပုံရသည့် အဖွဲ့က ပေါ်ပေါက်လာသည်။ မူလဘုံမှ တန်ခိုးရှင်များသာမက ကျယ်ပြောသော လောကမှ ထိပ်သီးအင်အားစုများအားလုံး ပါဝင်ပေသည်။
ထွက်ပေါ်လာသော တန်ခိုးရှင်များအပြင် အမှောင်ထုထဲမှလာသော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုလည်း ရှိနေသည်။ မည်သူမှ အထဲကို မသွားခဲ့သော်လည်း လူတိုင်းသည် ၎င်းမှ စိမ့်ထွက်လာနေသော မမြင်နိုင်သည့် အရှိန်အဝါတို့ကို ခံစားမိနိုင်ကြပေသည်။ မူလဘုံ၏ စွမ်းအားကို တန်ခိုးရှင်မည်မျှ လိုချင်တပ်မက်နေသည်ကို မည်သူ သိပါမည်နည်း။
ထို့ကြောင့် သောကျောက်က အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်အား ဆူပူခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဒေသမှ အင်အားစုများက လောဘကြီးသော်လည်း အများစုသည် စောင့်ထိန်းမှု ရှိကြပြီး အရမ်းကာရော မပြုမူရဲကြပေ။ တော်ဝင်နန်းတော်မှ လူများသည်လည်း ဤနေရာ၌ ရှိနေသည့်အတွက် သူတို့က ဘုံကိုးဘုံကို တိုက်ရိုက်ဖျက်ဆီးရဲလိမ့်မည် မဟုတ်ပါချေ။
သို့သော် စီဝေ့ဘုံ၏ ဒေသခံအင်အားစုတစ်ခုအနေနှင့် အင်ပါယာရှင်းကျောင်းတော်သည် အမှန်တကယ်ပင် သူတို့၏ ကိုယ်ပိုင်အင်အားစုအတွက် အခြေစိုက်ရာနေရာကိုပင် ဖျက်ဆီးပစ်ခဲ့သည်။ သူတို့က ကမ္ဘာမြေ၏ အသက်သွေးကြောကို ဖွင့်ပစ်ခဲ့လေသည်။ ရလဒ်အနေနှင့် အခြားအင်အားစုများက ပျော်ရွှင်စွာဖြင့် ဤနေရာသို့ တစ်ယောက်ချင်း ရောက်လာကြပေသည်။
အင်ပါယာရှင်းကျောင်းတော်မှ နန်းတော်သခင်သည် ထိုအထဲမှ စွမ်းအားနှင့် လိုက်လျောညီထွေဖြစ်နေသော တောင်ဝှေးကို ကိုင်ဆောင်ထားနိုင်သည့်အတွက် သူက သူ ရနိုင်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ရီဖူရှင်းဘေးမှ အဘိုးမာကလည်း ထိုနက်ရှိုင်းသော တွင်းကြီးကို ကြည့်နေခဲ့သည်။ “အဲဒီနေရာက ထွက်လာနေတဲ့စွမ်းအားက တကယ် ကြောက်စရာပဲ။ အထဲကို ဝင်ဖို့ လွယ်မှာမဟုတ်ဘူး။”
ကြောက်မက်ဖွယ်အလင်းများက ထွက်ပေါ်နေပြီး ထိုတွင်းပေါက်ကြီးမှ စိမ့်ထွက်လာနေသော စွမ်းအားများက ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများပင် အထဲသို့ ခြေချနိုင်လိမ့်မည် မဟုတ်ပေ။
“အဲဒီစွမ်းအားတွေက စီဝေ့ဘုံတစ်ခုလုံးကို ဖြန့်ကျက်နေခဲ့တာ မင်း မြင်တယ်မလား။ တကယ်လို့ အဲဒါက အထွတ်အထိပ်စွမ်းအားကိုသာ ထုတ်လွှတ်လာခဲ့ရင် စီဝေ့ဘုံတစ်ခုလုံး ပျက်စီးခြင်းစိုက်သွားနိုင်တယ်။” အင်ပါယာနန်က စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ ထိုသို့သာ ဖြစ်ခဲ့လျှင် စီဝေ့ဘုံမှ တန်ခိုးရှင်များအတွက် အမှန်တကယ် ကံမကောင်းခြင်း ဖြစ်ပေသည်။ သူတို့က ကံဆိုးခြင်းတွင်းနက်ထဲ ကျရောက်သွားကြပေလိမ့်မည်။
အင်ပါယာရှင်းကျောင်းတော်၏ အပြုအမူက သနားငဲ့ညှာထောက်ထားခြင်း အနည်းငယ်မှ မရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
***