အခန်း (၁၇)
Vol. 2 Ch. 17
ဆရာကသူ့ကိုတစ်ချက်ကြည့်လိုက်သည်။
“ သုံးသောင်းဆိုတာကျပန်းစိတ်ဝိညာဉ်တစ်ခုအတွက်ပါ။ မင်းမှာဆယ်နှစ်ဝိညာဉ် (သို့) နှစ်တစ်ရာစိတ်ဝိညာဉ်ကိုရနိုင်တယ်၊ ဒါပေမယ့်မင်းရရှိတဲ့အရာကကျပန်းဘဲ။ မင်းရရှိသော ဝိညာဉ်က မင်းရဲ့သိုင်းဝိညာဉ်အတွက် မသင့်တော်ဖို့အခွင့်အလမ်းအလွန်များတယ်။ ငွေကိုချွေတာပြီးကံကိုလောင်းချင်တဲ့လူတချို့ကဒီအမျိုးအစားကိုရွေးလိမ့်မယ်။ ဒါကြောင့် မင်းအတွက်သင့်တော်သောဆယ်နှစ် စိတ်၀ိညာဉ်ကိုရယူရန်ငါအကြံပြုချင်တယ်၊ အ့တာက ပို၍ အထောက်အကူပြုလိမ့်မယ်”
သူတို့၏အသံနေအသံထားကြောင့် ဒီအဖေနှင့်သားတို့သည်နှစ်တစ်ရာစိတ်ဝိညာဉ်ကို ၀ ယ်ယူနိုင်သောလူများမဟုတ်ကြောင်းရှင်းရှင်းလင်းလင်းသိသည်။
ထန်ဝူလင်း ကသူ့အဖေကိုကြည့်တယ်။ သူ၏စိတ်လှုပ်ရှားမှုသည်လုံး ၀ ပျောက်ကွယ်သွားပြီဖြစ်သည်။
ထန်ကျီရမ် သည် ထန်ဝူလင်း ကိုကြည့်ပြီးဤအခြေအနေတွင်သူဘာပြောရမည်ကိုမသိခဲ့ပေ။
“ သား၊ ဒါဆိုကျပန်း၀ိညာဉ်တစ်ခုကိုရွေးကြစို့။ မင်းရဲ့သိုင်းဝိညာဉ်ကလိုက်လျော ညီထွေမှုကအရမ်းမြင့်ပြီး ၀ိညာဉ်အများစုနဲ့ပေါင်းစည်းနိုင်တယ်။ ”
ထန်ဝူလင်သာငွေပြာမြက်လို့ အမှိုက်သိုင်းဝိညာဉ်မရှိလျှင် ထန်ကျီရမ် သည်ဤသို့အန္တရာယ်များတာကိုမရွေးချယ်ပါ။တကယ်တော့ငွေပြာမြက်ကအမှန်တကယ်တိုးတက်ဖို့မဖစ်နိုင်ဘူး အခုလိုသူ့ကိုအဆင့် ၁၀ အထိပြုစုပျိုးထောင်နိုင်ခဲ့တာဟာအံ့သြဖို့ကောင်းနေပြီ။
“ငါမင်းကိုသတိပေးရမယ်။ “ ဝန်ထမ်းရဲ့အသံသည်သားအဖနှစ်ဦးကိုအာရုံကိုဖမ်းစားသွားသည်။
သူကဆက်ပြောတယ် “ကျပန်းဝိညာဉ်ရွေးချယ်မှုကနေနှစ်တစ်ရာဝိညာဉ်ကိုရနိုင်ပေမယ့်ချို့ယွင်းနေတဲ့ စိတ်၀ိညာဉ်တစ်ခုကိုရဖို့လည်းဖြစ်နိုင်တယ်။ “
ထန်ကျီရမ် က “ချို့ယွင်းတဲ့ စိတ်ဝိညာဉ်လား။ သူတို့ကဘယ်လိုချို့ယွင်းချက်ရှိနိုင်လဲ။ ”
ဝိညာဉ်ဆရာက
“ စိတ်ဝိညာဉ်တစ်ခုကိုထုတ်လုပ်တဲ့အခါတိုင်းအဲဒါကအမြဲတန်း အောင်မြင်မှာမဟုတ်ဘူး။ တစ်ခါတစ်ရံမှာချို့ယွင်းချက်တွေပေါ်လာနိုင်တယ်။ထို့ကြောင့်အ့တာတွေ ကိုကျပန်းရွေးချယ်မှုတွင်ထည့်သွင်းတယ် ။အ့တာကြောင့်စဥ်းစားပါ “
ထန်ကျီရမ် သည် ထန်ဝူလင်း ကိုကြည့်လိုက်ပြီးသူ၏မျက်လုံးထဲတွင်အသက်မဲ့သောအကြည့်တစ်ခုကိုတွေ့လိုက်ရသည်။ ဤသုံးနှစ်အတွင်းကြိုးစားအားထုတ်မှုအားလုံးအပြီးတွင်သူသည်ဤအခြေအနေနှင့်ရင်ဆိုင်ရလိမ့်မည်ဟုသူဘယ်တုန်းကမှမထင်ခဲ့ပေ။
“ သား၊ ငါတို့အိမ်ကိုအရင်ပြန်ရအောင် တစ်ခုခုစဥ်းစားကြတာပေါ့ အခြားနည်းလမ်းမရှိလျှင်ငါတို့ခုနစ်သောင်းကိုကြိုးစားစုမယ် ချေးငှားလို့လည်းရနိုင်တယ် “
ထန်ဝူလင်း ကခေါင်းယမ်းလိုက်သည်။
“ အဖေနဲ့အမေက ကျနော့်အတွက်နေ့တိုင်းပင်ပန်းနွမ်းနယ်နေပြီ။ ဘာပဲဖြစ်ဖြစ်ကျနော့် ရဲ့သိုင်းဝိညာဉ်က ငွေပြာမြက် ပဲလေ။ ကျနော့်ကံကောင်းရင် သင့်တော်တဲ့ ဝိညာဉ်တစ်ခုကိုရနိုင်တယ်။ “
သူ၏သိုင်းဝိညာဉ်နိုးထလာသည့် အချိန်မှစ၍ သူ၏အစာစားနိုင်စွမ်းရည်သည်များစွာမြင့်တက်လာခဲ့သည်။ ထို့ထက် ပို၍ နာအယ်သည်သူမ၏သေးသွယ်သော်လည်းအစာစားချင်ကြီး သည်။ အဖေ့ လစာဖြင့်နေထိုင်သောအိမ်ထောင်စုတစ်ခုအတွက် ထန်ကျီရမ် နှင့် လန်ယွဲ့ တို့အတွက်တော်တော်ခက်ခဲနေပြီ။ ကလေးတွေကိုအစာကောင်းတွေပေးနေတဲ့အတွက် လင်နှင့်မယားတို့သည်အသားစားပင်မစားကြရ
ဆင်းရဲသောကလေးများသည်ငယ်ရွယ်စဉ်ကအိမ်မှုတာဝန်များကိုထမ်းဆောင်ခဲ့ရသည်။ ထန်ဝူလင်း ၏မျက်လုံးများအရသူ၏အိမ်သူအိမ်သားများသည်ယခင်အတိုင်းပင်ရုန်းကန်နေရသည်။ “ ကျနော့်သိူင်းဝိညာဥ်မာစတာတစ်ယောက်ဖို့ချင်ပါတယ် ဒါပေမဲ့ အဖေရယ် အမေရယ် ညီမလေးရယ်ကပိုအရေးကြီးတယ်
ကျနော်ဘယ်သူ့စီကမှငွေမချေးနိုင်ဘူး”
“သူကတကယ်ကိုဥာဏ်ကောင်းပြီးသိတတ်လိမ္မာတဲ့ကလေးတစ်ယောက်ပဲ”
စိတ်မရှည်သောဝန်ထမ်းကထန်ဝူလင်းပြောသောစကားကိုကြားသောအခါသူ၏အမူအရာသည်အနည်းငယ်ပျော့ပြောင်းသွားခဲ့သည်။
ထန်ကျီရမ် ၏သက်ပြင်းသည်ခါးသီးမှုများနှင့်ပြည့်နေသည်။ “ဒါတွေအားလုံးကအဖေအသုံးမကျတာကြောင့်”
ထန်ဝူလင်းက ကသူ့အဖေရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး ဝန်ထမ်းကိုကြည့်ပြီး “ဆရာ ကျနော် ကျပန်းဝိညာဉ်တစ်ခုကိုရွေးချယ်ချင်ပါတယ် “ ဤသို့ပြောသောအခါသူစုဆောင်းခဲ့သောပြည်ထောင်စုငွေဒင်္ဂါးသုံးသောင်းကိုထုတ်လိုက်သည်။
ဝန်ထမ်းကခေါင်းငြိမ့်လိုက်ပြီး
“ မင်းကတကယ့်ကိုလိမ္မာတဲ့ကလေးတစ်ယောက်ပါ။ ငါ့မိသားစုကကလေးထက်အများကြီးပိုေတာ်တယ်။ နဂိုကမင်းကဝိညာဉ်စွမ်းအားစစ်ဆေးမှုအတွက်အခကြေးငွေပေးရလိမ့်မယ်၊ဒါပေမယ့်ငါမင်းကိုကူညီပြီးမင်းကိုကင်းလွတ်ခွင့်ပေးလိုက်မယ်။ ”
ထန်ဝူလင်း က “ကျေးဇူးတင်ပါတယ်”
ဝိညာဉ်မာစတာကသူခေါင်းကိုပွတ်ရင်းရယ်သည်။ “ငါ့နောက်လိုက်ခဲ့ပါ။ မင်းအဖေဒီမှာစောင့်နေလိမ့်မယ်။ သာမန်လူတွေက ဝိညာဥ်မာစတာ လောကကိုမကြည့်နိုင်ဘူး။ ”
ထန်ဝူလင်း ကိုသူခေါ်ခဲ့သည့်အခန်းသည်ရိုးရှင်းပြီးအပြင်ပန်းအသွင်အပြင်နှင့်နှိုင်းယှဉ်လျှင်အတွင်းအပြင်ကွဲပြားသည်။ အခန်းထဲတွင် ခေတ်မီနည်းပညာသုံးပစ္စည်းများဖြင့်ပြည့်နှက်နေသည်။
ဝိညာဉ်တော်သည် ထန်ဝူလင်း အားစကားမပြောခင်သတ္တုထိုင်ခုံပေါ်တွင်ထိုင်ရန်လက်ဟန်ခြေဟန်ပြခဲ့သည်။ “ ငါတို့ ဘာကြောင့်ဝိညာဉ်ရေးရာအဆင့်စမ်းသပ်တာလဲသိလား။ ”
ထန်ဝူလင်းက ကခေါင်းကိုအသာငြိမ့်လိုက်သည်။
ဝိညာဉ်ဆရာကဤသို့ရှင်းပြသည်
-“ ဒါကမင်းစိတ်ဝိညာဉ်ကိုရွေးချယ်ဖို့ပထမဆုံးအကြိမ်လာတာပဲ။ စိတ်ဝိညာဉ်တစ်ခုနဲ့ပေါင်းစပ်လိုက်ရင် မင်းကတကယ့်ဝိဉာဉ်ဆရာတစ် ဦး ဖြစ်လာလိမ့်မယ်။ ဝိညာဉ်စေတီတော်က မင်းရဲ့ဝိညာဥ်စွမ်းအား၊ မင်းပေါင်းစပ်ခဲ့တဲ့ စိတ်ဝိညာဉ်အဆင့်နဲ့အခြားအရာများ အားလုံးကို မှတ်တမ်းတင်ထားလိမ့်မယ်။ မင်းကနောက်ပိုင်းမှာအလယ်အလတ် ဝိညာဥ်မာစတာ အကယ်ဒမီကိုတက်ဖို့အလားအလာများလိမ့်မယ်။ ”
ထန်ဝူလင်း ကတအံ့တသြတုံ့ပြန်လိုက်သည်။
“ ဆရာဝိညာဉ်မာစတာ၊ ဝိညာဉ်ရေးရာစွမ်းအားသည်လည်းအဆင့်ရှိတာလား ဝိညာဉ်စွမ်းအားနဲ့တူလား။ ဝိညာဉ်ရေးရာစွမ်းအားကအရမ်းအရေးကြီးလား။ ”
ဝိညာဉ်ဆရာက“ သာမန် ဝိညာဥ်မာစတာတွေ တွေအတွက်ဝိညာဉ်ရေးရာစွမ်းအားကသိပ်အရေးမကြီးပါဘူး။ အ့တာကိုအဆင့်များ ခွဲလို့ရတယ် ဝိညာဉ်စွမ်းအားတွေလိုတော့ ကိုမခွဲထားဘူး။ ဒါပေမဲ့ အဆင့်မြင့် ဝိညာဥ်မာစတာအဆင့်ကိုရောက်တဲ့အခါ သူတို့ရဲ့ဝိညာဉ်ရေးရာစွမ်းအားများနဲ့ခွန်အားက ပိုသိသာလာတယ်။ အဆင့်မြင့် စိတ်ဝိညာဉ်နဲ့ပေါင်းစည်းဖို့သူ့ ခွန်အားနဲ့ညီမျှတဲ့ဝိညာဉ်
ရေးရာစွမ်းအားလိုအပ်တယ်။ ”
“အစွမ်းဝိညာဉ်တွေ မတည်ရှိမီကဝိညာဉ်ရေးရာစွမ်းအားအတွက် အဆင့်သတ်မှတ်ချက်မရှိဘူး။ သို့သော်အစွမ်းထက်တဲ့ စိတ်ဝိညာဉ်တွေ ပထမဆုံးအကြိမ်ပေါ်တဲ့သောအခါမှာတော့ ပညာရှင်တွေက ကျယ်ကျယ်ပြန့်ပြန့်သုတေသနပြုပြီးနောက်သူတို့ကိုဝိညာဉ်စွမ်းအားအတွက်အဆင့်တွေကိုသတ်မှတ်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်လောက်ကမှ ဒီအဆင့်တွေကို သတ်မှတ်ပြီးစီးခဲ့တာ။ ”
ထန်ဝူလင်း ကမေးလိုက်သည်၊
“ ဒါဆိုဝိညာဉ်စွမ်းအားကိုအဆင့်ဘယ်နှစ်ဆင့်ခွဲထားလဲ”
ဝိညာဉ်ဆရာက
“ အနိမ့်ဆုံးကနေ အမြင့်ဆုံးထိ ဝိညာဉ်ရေးရာစွမ်းအားတွေကို အဆင့်ကိုခွဲခြားထားတယ်။ ဝိညာဉ်မူလ၊ ဝိညာဉ်ဖွင့်ပွဲ၊ ဝိညာဉ်ပင်လယ်၊ ဝိညာဉ်ချောက်နက်၊ ဝိညာဉ်ဒိုမိန်းနှင့်ဒဏ္ဍာရီ မူလအစ ဆိုပြီး ခွဲခြားထားတယ်။ ဒီအဆင့် ခြောက်ပါးကရိုးရှင်းပါတယ်။ ဒီကုန်းမြေမှာ မွေးဖွားလာတဲ့လူတိုင်းမှာ ဝိညာဉ်မူလအစနယ်ပယ်အဆင့်မှာရှိကြတယ်။မင်းကလည်း အဲ့အဆင့်မှာ ရှိသင့်တယ်။ ကျန်တာတွေကိုမင်းကျောင်းမှာသင်ယူရလိမ့်မယ်၊ ဒါကြောင့်ငါမပြောတော့ဘူး။ ကောင်းပြီ။ မင်းရဲ့အဆင့်က ဘယ်အတိုင်းအတာထိရောက်နေပြီလဲငါစမ်းသပ်ပေးမယ်။ “
သံခမောက်လုံးတစ်လုံးသူ့ခေါင်းပေါ်သို့ကျလာသည်။ ထို့နောက်သတ္တုလက်နက်များအတူတကွချိတ်ဆွဲထားပြီးသူ၏ ဦး ခေါင်းကိုသော့ခတ်လိုက်သည်။
“ အရမ်းစိတ်မပူပါနဲ့။ မင်း ခန္ဓာကိုယ်ကိုအနားပေးထားပါ။ မင်းအတွက် အနည်းငယ် ကျင်သလို ခံစားရနိုင်တယ်။ ဒါဟာပုံမှန်ပါပဲ။ မင်းအေးအေးဆေးဆေးနေဖို့ပဲလိုတယ်။ ” ဝိညာဉ်ဆရာကထပ်ခါတလဲလဲသတိပေးတယ်။
“ ဟုတ်ကဲ့။ ” ထန်ဝူလင်း ကအလျင်စလိုပြောလိုက်သည်။
သံခမောက်သည်နူးညံ့ဖြူဖွေးသောအလင်းရောင်ကိုစတင်ထုတ်လိုက်စဉ်အနည်းငယ်ညည်းညူသံထွက်ပေါ်လာသည်။ ဝိညာဉ်တော်သည်ဝိညာဉ်စက်မှထုတ်လွှင့်သည်ဖန်သားပြင်စခရင်ပေါ်တွင်အချက်အလက်များပြသစဉ်ကြည့်ရှုခဲ့သည်။
ဂဏန်းများပထမဆုံးပေါ်လာသောအခါအလွန်လျင်မြန်စွာတက်လာကြသည်။ ခဏအကြာဂဏန်းများတဖြည်းဖြည်းတည်ငြိမ်လာသည်။ ဝိညာဉ်ဆရာကြီးကထိုဂဏန်းကိုမြင်သောအခါအရမ်းအံ့သြ သွားတယ်