← Chapters

အခန်း (၁၉)

Vol. 2 Ch. 19

အခန်း (၁၉)

Vol. 2 Ch. 19

အဖြူရောင်ဝိညာဉ်ဘောလုံးအတွင်းမှအဖော်ငယ်သည်တိတ်ဆိတ်စွာတွားသွားေနသည်။

အ့တာကအလွန်သေးငယ်သည်၊ အလျားဆယ်စင်တီမီတာခန့်သာ ရှိပြီး ကလေးလက်ချောင်းကဲ့သို့သေး သည်။ ၎င်း၏ခန္ဓာကိုယ်သည်အဝါရောင်ရှိပြီးအနီးကပ်ကြည့်လျှင်သေးငယ်သည့် အချောင်းလေး ပုံစံကိုမြင်နိုင်သည်။

"ဒါက စိတ်ဝိညာဉ်လား" ထန်ကျီရမ် ကခေါင်းမော့ပြီးသံသယ ၀ င်တဲ့အသံနဲ့မေးရင်း ဝိညာဥ်မာစတာကိုကြည့်လိုက်တယ်။

လူတိုင်းနီးပါးကဒီသေးငယ်တဲ့အရာကဘာလဲဆိုတာသိတယ်။ ဘာလို့လဲဆိုတော့ဒါကပှံမှန်ဆိုမြင်လေ့မရှိတဲ့မြက်မြွေပါ အန္တရာယ်မရှိတဲ့တိရစ္ဆာန်ငယ်လေးတစ်ကောင်ဖြစ်သည်။ ၎င်းသည်မြွေအမျိုးအစားဖြစ်သော်လည်း၎င်းသည်၎င်း၏မျိုးစိတ်များတွင်အအားနည်းဆုံးဖြစ်သည်။

ထိုမျိုးစိတ်မှ အားအကြီးဆုံးသောမြွေတစ်ကောင်ပင်အလျားနှစ်ဆယ်မှသုံးဆယ်စင်တီမီတာနှင့်လက်ချောင်းတစ်ချောင်းခန့်ထူလိမ့်မည်။ အားနည်းတဲ့သောအင်းဆက်အချို့ကိုသာစားနိုင်သည်။

၎င်းကိုအရိုးရှင်းဆုံးစကားလုံးများဖြင့်ဖော်ပြရလျှင် လူသားမွေးမြူထားေသာအန္တရာယ်မပေးနိုင်ေသာတိရစ္ဆာန်များဖစ်သည်။

သူ၏သိုင်းဝိညာဉ်နိုးလာပြီးသူသည်ဝိညာဉ်စွမ်းအားကိုပိုင်ဆိုင်သည်ကိုတွေ့ရှိခဲ့စဉ်ကတည်းက ထန်ဝူလင်းသည်သူ၏ပထမဆုံးသောစိတ်ဝိညာဉ်မည်သို့ဖြစ်မည်ကိုစိတ်ကူးယဉ်ခဲ့သည်။ သူရဲ့သိုင်းဝိညာဉ်အား စိတ်ဝိညာဉ်တစ်ခုနှင့်ပေါင်းစပ်ပြီးနောက်သူ၏သိုင်းဝိညာဉ်သည်တိုးတက်လာပြီးအင်အားကြီးလာလိမ့်မည်ဟုစိတ်ကူးယဉ်ခဲ့သည်။ ၎င်းသည်အံ့သြဖွယ်ကောင်းလောက်အောင်အစွမ်းထက်သောဝိညာဉ်စွမ်းရည်ကိုသူ့အားပေးလိမ့်မည်၊

စိတ်ကူးယဉ်မှုများအဆင်ပြေခဲ့သည်၊ သို့သော်လက်တွေ့မှာရက်စက်သည်။မြက်မြွေလား။ ဒါကသူ့ရဲ့အစွမ်းသတ္တိကိုမေးခွန်းထုတ်တာမဟုတ်ဘူး၊ ဒါပေမယ့်တကယ်က စိတ်ဝိညာဉ်လား၊ ဝန်ထမ်းကသက်ပြင်းရှည်တစ်ချက်ကိုထုတ်လိုက်ပြီး

“ ကလေးရေ၊ မင်းရဲ့ကံက တကယ်ပဲ ... "

စိတ်ဝိညာဉ်များသည်သူတို့ဖန်တီးခဲ့သောစိတ်ဝိညာဉ်သားရဲ၏မျိုးရိုးဗီဇကိုမှီခိုနေရဆဲဖြစ်သည်။ ဝိညာဉ်သားရဲများတဖြည်းဖြည်းမျိုးသုဉ်းပျောက်ကွယ်မှုကြောင့်ဝိညာဉ်သားရဲမျိုးဗီဇများလည်းအဆက်မပြတ်ပြုန်းတီးလာသည်။ ဝိညာဥ်စေတီတော် မှသုတေသီများသည်သားရဲမျိုးဗီဇများကို စိတ်ဝိညာဉ်တစ်ခုဖန်တီးရန်အကြိမ်ကြိမ်ကြိုးစားခဲ့သည်။

စမ်းသပ်မှုများလည်းအောင်မြင်ခဲ့သည်၊ သို့သော်ထိုမျိုးဗီဇများမှ စိတ်၀ိညာဉ်များသည်သနားစရာကောင်းအောင် အားနည်းတာလည်းရှိခဲ့သည်။ အခြေခံအားဖြင့်မည်သူမျှသူတို့ကို ၀ ယ်ရန်ဆန္ဒမရှိကြပေ

ဒီမြက်မြွေဟာစောစောကသူပြောခဲ့တဲ့ချို့ယွင်းချက်တစ်ခုထဲကတစ်ခုပဲ ထို့အပြင်၎င်းသည်ဝိညာဉ်သားရဲမျိုးဗီဇအနည်းငယ်တောင် မရှိသော စိတ်ဝိညာဉ်တစ်ခုဖြစ်သည်။ဝိညာဉ်ဆရာကသက်ပြင်းချလိုက်ပြီးခေါင်းညိတ်လိုက်သည်။ “ ဒါက စိတ်ဝိညာဉ်တစ်ခုဆိုတာသေချာပါတယ်၊ ဒါပေမယ့်အဲဒါကအားနည်းတဲ့ စိတ်ဝိညာဉ်ပဲ။ စိတ်ဝိညာဉ်က်ုထုတ်ပြီးနှစ်ဆယ့်လေးနာရီအတွင်းစုပ်ယူရမယ်။ မဟုတ်ရင်သေသွားလိမ့်မယ်။ ဒါနဲ့ ပေါင်းစပ်လိုလားဆိုတာကတော့ မင်းကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ မင်းမဆန္ဒရှိဘူးဆိုရင်မင်းအနာဂတ်အတွက်အခြားဝိညာဉ်တစ်ခုကိုရွေးဖို့ပြန်လာနိုင်တယ်။ ”

ထန်ကျီရမ် သည်သူ၏အသက်မဲ့နေသောသားငယ်ကိုကြည့်ရင်း သူ့နှလုံးသားနာကျင်မှုကိုမထိန်းနိုင်ခဲ့ပေ။ သူကသူ့သားရဲ့ပခုံးကိုကိုင်ပြီး

"လင်းလင်း၊ ငါတို့အိမ်ပြန်ရအောင်"

ထန်ဝူလင်း သည်သူစတင်ထွက်ခွာသွားစဉ်နှုတ်ဆိတ်နေခဲ့သည်။

"ခဏလေး" ဝန်ထမ်းကသည်းမခံနိုင်တော့ဘဲသူတို့ကိုအော်ခေါ်လိုက်သည်။

“ မင်းဒီစိတ်ဝိညာဉ်ကိုစွန့်လွှတ်သင့်တယ် “

ထန်ဝူလင်း ကသူဘယ်လိုအိမ်ပြန်လာမှန်းမသိပေ ။ ထိုမြက်မြွေဝိညာဉ်သည်အလွန်ချစ်စဖွယ်အသွင်အပြင်ရှိသည် အမှန်အားဖြင့်အဆင့်နိမ့်စိတ်ဝိညာဉ်သည်မည်သည့်အသိဥာဏ်မှမရှိပေ။

"စိတ်မပူပါနဲ့သား အဖေကငွေအလုံအလောက်ရအောင်နည်းလမ်းတစ်ခုစဉ်းစားမယ်။ မင်းစိတ်အေးအေးထားပါ ငါအချိန်တိုအတွင်းမှာလုံလောက်တဲ့ငွေရှာမယ်၊ သင့်တော်တဲ့ စိတ်ဝိညာဉ်တစ်ခု ၀ယ်ပေး မယ်။ ”

ထန်ဝူလင်း ကခေါင်းကိုညင်သာစွာခါလိုက်သည်။ "အဖေ၊ကျနော် အခန်းအရင်သွား ဦး မယ်"

ဘေးနားတွင်ငြိမ်သက်စွာထိုင်နေသော နာအယ် သည်ထပြီး အခန်းသို့လိုက်သွားသည်။

သူကသူ့ကုတင်ပေါ်မှာထိုင်ပြီးသူ့လက်ထဲရှိ စိတ်ဝိညာဉ်ကိုစူးစိုက်ကြည့်ပြီးနောက်သူ့လက်များကိုကြည့်လိုက်သည်။ အဆုံးမှာသူ့မျက်နှာမှထိန်းမနိုင်သိမ်းမရမျက်ရည်များစီးကျလာသည်။

သူ၏သိုင်းဝိညာဉ်နိုးထလာသည့်တိုင်၎င်းသည် ငွေပြာမြက် ကဲ့သို့အမှိုက်ဝိညာဉ်ကိုရှာဖွေတွေ့ရှိရတာကိုမငိုခဲ့ပေ။ နောက်ဆုံးတော့သူကဝိညာဉ်စွမ်းအားကိုပိုင်ဆိုင်ခဲ့တယ်။ သူ့တွင်ဝိညာဉ်စွမ်းအားရှိနေသရွေ့သူ့မှာအခွင့်အလမ်းရှိနေသေးသည်။

သူ့အဖေကသူ့မိသားစုအခြေအနေသိပ်မကောင်းဘူးလို့ပြောခဲ့တယ်။ သူတို့အတွက်သူ့အတွက် စိတ်ဝိညာဉ်တစ်ခု ၀ ယ်ဖို့ပိုက်ဆံမရှိဘူးလို့ပြောတုန်းကတောင်သူမငိုခဲ့ဘူး။ သူ့အဖေကသူ့ကိစ္စတွေကိုသူတာဝန်ယူရမယ်လို့ပြောခဲ့တယ်။ သူ့မိဘများကိုကူညီရင်းသူကိုယ်တိုင်ငွေရှာခဲ့သည်။

သူသည် မန်ထျန် ၏အလုပ်ရုံသို့ပထမဆုံးရောက်သောအခါသံတူကိုကြိမ်ဖန်များစွာထုလှန်ပစ်လိုက်သောအခါလက်များနာကျင်လာပြီးသူထမင်းပင်မစားနိုင်ခဲ့။ သူကြိုးစားအားထုတ်ပြီးစမ်းသပ်မှုများကိုကျော်ဖြတ်ခဲ့ပြီးသူပိုမိုမျှော်လင့်ချက်ခဲ့သည်။ သူ့မှာမျှော်လင့်ချက်ရှိနေသရွေ့သူအောင်မြင်နိုင်မယ့်အခွင့်အရေးတစ်ခုရှိမယ်လို့စိတ်ကူးယဥ်ခဲ့မိတယ်

သူသည်လွန်ခဲ့သောသုံးနှစ်တာကာလအတွင်းနေ့စဉ်အဆက်မပြတ်ကြိုးစားခဲ့စဉ်ချွေးပေါင်းမရေမတွက်နိုင်သွန်းခဲ့သည်။ သူ၏အတန်းဖော်များသည်အိမ်တွင်ကစားနေစဉ်သူသည်သတ္တုကိုကြိမ်ဖန်များစွာရိုက်ခတ်ခဲ့ရသည် သူသည်မျက်ရည်တစ်စက်မှမကျဘဲနာကျင်မှုဝေဒနာများကိုသည်းခံကာ အခြားသူများထက်ကြာရှည်စွာတရားထိုင်ခဲ့သည်။

ယခုမူ သူငိုနေရ သည်။

နောက်ဆုံးတွင်သူသည်သုံးနှစ်အကြာတွင်လုံလောက်သောငွေကိုစုဆောင်းနိုင်ခဲ့ပြီးသူ၏ဝိညာဉ်စွမ်းအားသည်လည်းအဆင့် ၁၀ သို့ရောက်ရှိခဲ့သည်။ သူကအောင်မြင်ဖို့အကြောင်းပဲရှိသေးတယ်။ ဒင်္ဂါးသုံးသောင်း။ သူ၏ချွေးများအားလုံးသည်ထိုဒင်္ဂါးသုံးသောင်းထဲသို့ကျသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာအဲဒီဒင်္ဂါးသုံးသောင်းဟာစိတ်ဝိညာဉ်သားရဲမျိုးရိုးဗီဇတွေမပါဘဲဒီစိတ်ဝိညာဉ်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ သူ၏ကြိုးစားမှုအားလုံးသည်ရေစုံမျောခဲ့ပြီ။သူ၏ခိုင်မာမှု၊ ခွန်အားနှင့်ဆုံးဖြတ်ချက်များအားလုံးသည်အခိုက်အတန့်တွင်ကြေမွသွားပြီးမျက်ရည်အဖြစ်သို့ပြောင်းလဲသွားသည်။ တစ်စက်ပြီးတစ်စက်စီးဆင်းလာကြတယ်။

မျက်ရည်စက်များသည်ဝိညာဉ်ဘောလုံးပေါ်သို့တစ်စက်ပြီးတစ်ပေါက်ကျဆင်းလာပြီးမြက်မြွေသေးသေးလေးကိုတဖြည်းဖြည်းနှစ်သွားသည်။ မြက်မြွေသည်မျက်ရည်၏အရသာကိုခံစားနေရသကဲ့သို့အနည်းငယ်တွန့်သွားသည်။

နူးညံ့သောလက်တစ်စုံကသူ့ဆီသို့ဆန့်၍ သူ့မျက်ရည်များကိုသုတ်ပေးလိုက်သည်။ နာအယ်သည်နီရဲသောမျက်လုံးများနှင့်သူ့ရှေ့တွင်ရပ်လိုက်သည်။

ယခုအခိုက်အတန့်တွင်သူတို့၏နှလုံးသားများကိုတပြိုင်နက်ချိတ်ထားသကဲ့သို့ဖြစ်နေသည်။ သူမသည်သူ့နှလုံးသားတစ်ခုလုံးတွင်လည်းနာကျင်မှုေနသည်။

စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ထန်ဝူလင်း၏နှလုံးသားအတွင်း၌တည်ရှိနေသောခံစားချက်အမျိုးမျိုးကြောင့်ထန်ဝူလင်း အော်ဟစ်ချင်သော်လည်းယခုအချိန်တွင်အော်ဟစ်ရန်ပင် ခွန်အားများမရှိဖြစ်နေသည်။

"အစ်ကိုကြီး၊ အစ်ကိုကြီး၊ မငိုပါနဲ့။ " မျက်ရည်များကိုမသုတ်ဘနာအယ် ရှေ့သို့တိုးသွားပြီးသူ၏ခေါင်းကိုပွေ့ပိုက်ထားလိုက်သည်။

ထန်ဝူလင်း ကငိုကြွေးရင်း“ ဘာကြောင့်လဲ။ ကောင်းကင်ကငါ့ကိုဘာလို့ဒီလောက်မတရားဆက်ဆံနေတာလဲ။ ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကိုတောင်ငါပိူင်ဆိုင်ဖို့အခွင့်အလမ်းတစ်ခုမှမရှိဘူး။ ဝိညာဥ်မာစတာ တစ်ယောက်ဖြစ်ချင်တယ်။ ငါအစွမ်းထက် ဝိညာဥ်မာစတာ တစ်ယောက်ဖြစ်ချင်တယ်။ ”

All Chapters