အခန်း (၂၂)
Vol. 2 Ch. 22
ထန်ဝူလင်း သည်သူ့ကိုသတိပြုမိပြီး “ ဆရာ”
မန်ထျန်း ခေါင်းညိတ်လိုက်သည်။ “ဒီကိုလာ။”
ထန်ဝူလင်း ကသူ့အမေနဲ့သူ့ဆရာကိုကုတင်ပေါ်ကနေမဆင်းခင်ကြည့်လိုက်တယ်။ သူကသူ၏ညာလက်ကိုမြှောက်လိုက်ပြီးအခန်းသည်ချက်ချင်းလင်းလာသည်။
အဖြူရောင်အလင်းတန်းတစ်ခုကသူ့ခြေဖဝါးမှဖြည်းဖြည်းချင်းတက်လာပြီးသူ့ခန္ဓာကိုယ်အနှံ့လှည့်ပတ်သွားသည်။
ဒါက ဝိညာဥ်မာစတာ ရဲ့ဝိညာဉ်ကွင်းပဲ။ အဖြူရောင်ဝိညာဉ်ကွင်းကအနိမ့်ဆုံးအမျိုးအစား ၁၀ နှစ်သားဝိညာဉ်ကွင်းကိုကိုယ်စားပြုသည်။
ထန်ဝူလင်း တောက်ပသော အပြာရောင်အလင်းတန်းတစ်ခုကို ထုတ်လိုက်ပြီး ငွေပြာမြက်ဝိညာဥ်ထွက်လာသည်။ယခူအချိန်သည်သူတကယ် စိတ်ဝိညာဉ်ဆရာဖြစ်လာပြီးကတည်းကသူ၏သိုင်းဝိညာဉ်ပထမဆုံးအကြိမ်ထုတ်ခြင်း ဖြစ်သည်။ အရင်တုန်းကဝိညာဥ်ကွင်း မရှိခြင်းနှင့်ယခုရှိခြင်းသည်အဖြူနှင့်အမည်း လိုခြားနားသည်။ ၁၀နှစ်သက်တမ်းဝိညာဉ်ကွင်းတစ်ခုသာဖြစ်သော်လည်းအဖြူရောင်အလင်း၏စည်းချက်အတက်အဆင်းလှုပ်ရှားမှုသည် ထန်ဝူလင်းရဲ့ခန္ဓာကိုယ်ကိုတောက်ပေနစေခဲ့သည်။ ဝိညာဉ်ကွင်းတစ်ခုတည်းကတောင်မှ သာမန်လူတစ်ယောက်ကို ပြောင်းလဲသွားစေတယ်
လန်ယွဲ့ သည်အံ့သြသွားတယ်။မန်ထျန်း ကသူ့လက်မောင်းကိုမြှောက်လိုက်ပြီး ငွေပြာမြက် အချို့ကိုဆွဲယူလိုက်သည်။ အားနည်းနေပုံပေါ် တဲ့ ငွေပြာမြက်တွေက ပြတ်ထွက်သွားတယ်။ နောက်ဆုံးတော့အမှိုက်သိုင်း ၀ိညာဉ်နဲ့ချို့ယွင်းနေတဲ့စိတ်ဝိညာဉ်တစ်ခုကကောင်းမွန်တဲ့ပေါင်းစည်းမှုမလုပ်နိုင်ဘူးဆိုတာသိသွားတယ်။မန်ထျန်းကထန်ဝူလင်း ကိုကြည့်ပြီး
“စိတ်ဓာတ်မကျပါနဲ့။ မင်းရဲ့ စိတ်ဝိညာဉ်ကသိပ်မကောင်းဘူးဆိုပေမယ့် မင်းကတကယ့် ဝိညာဥ်မာစတာ တစ်ယောက်ဖြစ်နေတုန်းဘဲ။ မင်းရဲ့ဝိညာဉ်စွမ်းအားလည်းဆက်လက်ကြီးထွားနေမှာပဲ ဝိညာဉ်စွမ်းအား၏ပိုင်ဆိုင်တာက ဘယ်လို အလုပ်အကိုင်အတွက်မဆိုလွယ်ကူစေတယ်။ လွန်ခဲ့သောနှစ်တစ်သောင်းက ဝိညာဥ်မာစတာ များစွာက သူတို့ရဲ့သိုင်းဝိညာဉ်တွေနဲ့ ၀ိညာဉ်ကွင်းတွေက အစွမ်းမထက်တာ ကြောင့်ဝိညာဉ်လက်နက်တွေ ကိုတီထွင် ခဲ့ကြတယ်။ သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ဝိညာဉ်ကိရိယာမတွေပေါ့။ စက်လက်နက်တွေ နဲ့အတူတူပဲ။ မင်းမှာ ၀ိညာဉ်စွမ်းအားရှိနေသရွေ့ မင်းကစွမ်းအားကြီးတဲ့ စိတ်၀ိညာဉ်ရဲ့အကူအညီမပါရင်တောင်မင်းက စက်လက်နက်ဒါမှမဟုတ် စက်ရုပ်မာစတာ တစ်ယောက်ဖြစ်လာနိုင်တယ်။”
မန်ထျန်းက ငွေပြာမြက်ကိုကြမ်းပြင်ပေါ် ကိုလွှတ်ချလိုက်သည်။
“ဟင်!”
မန်ထျန်းသည့ ငွေပြာမြက်ကိုပြန် ကောက်ယူလိုက်သောအခါအံ့သြသွားတယ်။ သူ့မျက်ခုံးတွေ ချက်ချင်းတွန့်သွားသည်။
“အစ်ကို မန်၊ အဲဒါဘာလဲ”
ထန်ကျီရမ်က မန်ထျန် ၏တုံ့ပြန်မှုကိုသတိပြုမိပြီးမေးလိုက်သည်။မန်ထျန်ကဘာမှပြန်မပြောပဲငွေပြာမြက်ကိုကောက်ယူဖို့ပဲလုပ်နေတယ်
ပန်းပဲဆရာတစ်ယောက်ရဲ့ကာယဗလကိုသာစိတ်ကူးကြည့်နိုင်သည်။ ငွေပြာမြက်သည် အားနည်းပုံပေါ်သော်လည်း မန်ထျန်တစ်လောက်ဘယ်လိုမှပြန်ကောက်လို့မရအောင်အရမ်းလေးနေတယ်။
“ မင်းရဲ့ ငွေပြာမြက် ကနည်းနည်းတော့ပုံမှန်မဟုတ်တာဘဲ။ ”
မန်ထျန်းကထန်ဝူလင်း ကိုပြောတယ်။
ထန်ဝူလင်းက “ ဆရာ၊ အဲဒါကဘယ်လို ပုံမှန်မဟုတ်တာလဲ။ ”
မန်ထျန် က “ ပထမဆုံးအနေနဲ့သူ့ရဲ့အလေးချိန်ပေါ့။ ပထမတော့ငါမသိခဲ့ရဘူး၊ ဒါပေမယ့်မြေပြင်ပေါ်ကိုကျသွားတဲ့အခါထွက်လာတဲ့ အသံကလုံးဝမပေါ့ပါးဘူးဆိုတာကိုငါသတိထားမိတယ်။ ထပ်စစ်ဆေးလိုက်တော့အ့တာက အလွန်သေးငယ်ပေမဲ့ အလွန်လေးလံကြောင်းငါတွေ့ခဲ့တယ်။ ဝိညာဉ်ကွင်းတစ်ခုသာရှိတဲ့ သာမန်ငွေပြာမြက်သိုင်းဝိညာဥ် မှာဒီလိုအစွမ်းသတ္တိမျိုး မရှိနိုင်ဘူး။ ငါပြန်စမ်းကြည့်မယ်”
သူပြောသောအခါသူ၏မျက်လုံးများသည်ရုတ်တရက်တောက်ပလာသည်။ ထို့နောက် မန်ထျန်း ဝိညာဥ်ကွင်းများဖြစ်သော အဖြူရောင်နှစ်ကွင်း အဝါရောင်တစ်ကွင်းနှင့်ခရမ်းရောင်တစ်ကွင်းပေါ်လာသည်။
ထန်ဝူလင်းအံ့သြသွားသည်။ဝိညာဥ်မာစတာ ကိုဘယ်လိုအဆင့်သတ်မှတ်ခဲ့သလဲဆိုတာအရ အဆင့် ၀ နေ ၁၀ အထိက ဝိညာဥ်အခြေခံ ဖြစ်ပြီးအဆင့် ၁၁ ကနေ ၂၀ က ဝိညာဥ်မာစတာ ဖြစ်သည်။ အဆင့် ၁၀ ဆင့်တိုင်းမှာသူတို့ကဘွဲ့ခေါင်းစဉ်အသစ်တစ်ခုဖြင့် အဆင့်သတ်မှတ်ခံရတယ်။ ဝိညာဥ်မာစတာမှ စတင်ကာ ဝိညာဥ်ဂရမ်းမာစတာ ဝိညာဥ်အကြီးအကဲ ဝိညာဥ်ဘိုးဘေ ဝိညာဥ်ဘုရင် ဝိညာဥ်ဧကရာဇ် ဝိညာဥ်သူတော်စင် ဝိညာဥ်တုံ့လော်နဲ့ ဖုန်းဟောက်တုံ့လော်အဆင့် ထိအဆင့်ဆင့်ရှိသည်။ သူ၏ဆရာသည်မမျှော်လင့်ဘဲဝိညာဉ်လေးကွင်းရှိသောအစွမ်းထက် ဝိညာဥ်ဘိုးဘေးဖြစ်နေသည်။
ဝိညာဉ်ကွင်းပေါ်လာပြီးနောက် မန်ထျန်း ၏ပခုံးပေါ်၌စိတ်ဝိညာဉ်သုံးခုပေါ်လာသည်။ ပထမတစ်ကောင်သည်အသေးငယ်ဆုံးနှင့်အားအပျော့ဆုံးယုန်လေးဖြစ်သည်။ အဖြူရောင်အလင်းတန်းတစ်ခုကိုထုတ်လွှင့်ပြီး သွားနေသည်။ အဝါရောင်စိတ်ဝိညာဉ်သည်အဝါရောင်တောက်နေသောသံတူတစ်ခုဖြစ်သည်။ နောက်ဆုံး ၀ိညာဉ်သည်ခရမ်းရောင်တစ်မီတာခန့်မြင့်သောအညိုရောင်ဝက်ဝံတစ်ကောင် ဖြစ်သည်။ ထွက်လာသော ၀ိညာဉ်သုံးမျိုးအပြင် မန်ထျန်း ၏သိုင်းဝိညာဉ်ကိုလည်းပြသခဲ့သည်။ အ့တာကသံတူတစ်ခုဖြစ်သည်။ သံတူ၏ထိပ်တွင်အနက်ရောင်သွေးကြောလေးတွေ ရှိသည်။
မန်ထျန် ရဲ့သိုင်းဝိညာဉ်သည် မြေကြီးတူပါ။
သူ၏ပထမ ဦး ဆုံးယုန်ဖြူလေးသည်သူ့ခန္ဓာကိုယ်ကိုဖုံးလွှမ်းသညးပြီး အဖြူရောင်အလင်းတန်းတစ်ခုအသွင်သို့ပြောင်းသွားတယ်
ပထမဝိညာဉ်စွမ်းအား၊ ဆယ်နှစ်ဝိညာဉ်စွမ်းရည်၊
ထိုစွမ်းရည်သည် မန်ထျန်း၏ ကြွက်သားများကိုပိုမိုပျော့ပျောင်းပြီးအားကောင်းစေသောသာမန်ဝိညာဉ်စွမ်းရည်တစ်ခုဖြစ်သည်။
မန်ထျန်း သည်သူ၏စိတ်ဝိညာဉ်နှင့်သူ၏ကြောက်စရာကောင်းသောစိတ်ဝိညာဉ်စွမ်းအားတို့ဖြင့် ငွေပြာမြက် ကိုအတင်းဆွဲယူလိုက်သည်။
သူတို့အားလုံးရှေ့မှာထူးဆန်းတဲ့မြင်ကွင်းတစ်ခုပေါ်လာတယ်။ ငွေပြာမြက်ကိုခွာနိုင်လိမ့်မယ်လို့မျှော်လင့်ရသော်လည်း ေငွပြာမြက်က ဆွဲလေလေ လေးလေလေဖစ်နေတယ်။