အခန်း (၂၃)
Vol. 2 Ch. 23
မန်ထျန်း ဆက်ဆွဲနေသော်လည်း မရပါ။
သို့သော် ထန်ဝူလင်း သည်သူ၏ဝိညာဉ်စွမ်းအားရုတ်တရက်ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။
“အား” ထန်ဝူလင်းအော်ဟစ်လိုက်သည်။
မန်ထျန် ကသူ့ကိုကြည့်လိုက်သည်။ “မင်းတစ်ခုခုဖစ်လို့လား “
ထန်ဝူလင်း ကအမှန်အတိုငွ်း”ကျနော့်ဝိညာဉ်စွမ်းအားတွေကုန်သွားတယ်လို့ခံစားရတယ်”
မန်ထျန်း ကသူ၏တပည့်ကိုကြည့်ရင်းစိတ်ရှုပ်ထွေးသွားပြီး သူငွေပြာမြက်ကိုခွာရန်မကြိုးစားတော့ပါ။သူရဲ့သိူင်းဝိညာဥ်တွေကိုလည်းပြန်သိမ်းလိုက်တယ်။ထန်ကျီရမ် စိုးရိမ်တကြီးမေးတယ်၊ “အစ်ကို မန်, အခြေအနေဘယ်လိုရှိလဲ”
မန်ထျန်း ကသူ့ကိုအနည်းငယ်ပြုံးပြသည်။
“ ကောင်းကင်ကဒီကလေးကိုမစွန့်ပစ်ခဲ့ပါဘူး။ သူ့သိုင်းဝိညာဥ်က သန္ဓေပြောင်းသွားပြီး”
မန်ထျန် က“ အချို့အခြေအနေေတွေမှာ သိုင်းဝိညာဉ်ပြောင်းလဲနိုင်တယ်။ ဥပမာအားဖြင့်၊ အလွန်လိုက်ဖက်ညီသော (သို့) အလွန်လိုက်ဖက်မှုမရှိသော စိတ်ဝိညာဉ် (သို့) ဝိညာဉ်ကွင်း အချက်တစ်ခုကြောင့်ပြောင်းလဲမှုဖြစ်ပေါ်နိုင်တယ်”
“ ပြောင်းလဲမှုတွေအကောင်းနဲ့အဆိုးတွေရှိတယ်။ အားကောင်းသောသိုင်းဝိညာဉ်ကပြောင်းလဲမှုကြောင့်အားနည်းသွားနိုင်တယ်။အခြားတစ်ခုကတာ့ပြောင်းလဲမှုကြောင့်အားနည်းသောသိုင်းဝိညာဉ်သည်အင်အားကြီးလာနိုင်တယ်။ ”
ထန်ဝူလင်း ကိုကြည့်လိုက်သောအခါသူ၏မျက်လုံးများက “ငွေပြာမြက်ကအမှိုက်သိုင်းဝိညာဉ်တစ်ခုဖြစ်တယ်ဆိုတာကိုလူတိုင်းသိတယ်၊အဲ့သိုင်းဝိညာဥ်က မြွေအမျိုးအစားစိတ်ဝိညာဉ်နဲ့သင့်တော်တယ်။ ယေဘူယျအားဖြင့် ငွေပြာမြက်ကနွယ်ပင်အဖြစ်အသွင်ပြောင်းနိုင်တယ်။ သို့သော် ဖြစ်နိုင်ချေအလွန်နည်းတယ်။ ဒါပေမယ့် ငွေပြာမြက်သိုင်းဝိညာဥ်ရဖူးတဲ့သူတစ်ယောက်ကိုငါသိတယ်။ သူကအဆင့် ၁၀ သို့ရောက်တဲ့အခါ သူကမြွေအမျိုးအစား ၀ိညာဉ်နှင့်ရောနှောပြီးသူရဲ့ငွေပြာမြက်က မင်းရဲ့ငွေပြာမြက်ထက်ပိုထူတဲ့စနွယ်ပင်ဖြစ်လာတယ်။ သို့သော်လည်းအလွန်အားနည်းတယ် အဲဒါကိုဆွဲထုတ်ဖို့ ဖို့ငါ့ရဲ့သိုင်းဝိညာဉ်ကိုသုံးစရာတောင်မလိုဘူး။ ဒါပေမယ့်မင်းရဲ့ ငွေပြာမြက် ကလုံးဝကွဲပြားတယ်။ ငါ့ရဲ့ပထမ ဦး ဆုံးဝိညာဉ်စွမ်းရည်နဲ့တောင်မှ ငါအဲဒါကိုမခွဲနိုင်ခဲ့ဘူး။ လူတစ် ဦး ရဲ့ဝိညာဉ်စွမ်းအားနဲ့ဆက်နွှယ်နေတဲ့သိုင်းဝိညာဥ်ကိုငါပထမဆုံးမြင်ဖူးတာပဲ။ ဆိုလိုတာကမင်းရဲ့ ငွေပြာမြက် ကိုမင်းရဲ့ဝိညာဉ်စွမ်းအားမကုန်မချင်းငါဖျက်စီးဖို့ မဖြစ်နိုင်ဘူး။ သိုင်းဝိညာဉ်သန္ဓေပြောင်းလဲချင်းကလွဲလို့ ငါတော့စဥ်းစားမရဘူး”
ထန်ဝူလင်းက မန်ထျန် ကိုဖြည်းဖြည်းချင်းကြည့်လိုက်သည်။ “ဆရာ၊ အ့တာကကောင်းတာလား”
မန်ထျန် က“ ဟုတ်တယ်ဒါကအရမ်းကောင်းတယ်။ တစ်ခုတော့ရှိတယ် အဲ့ဒါကမင်းရဲ့သိုင်းဝိညာဉ်ကိုဘယ်လောက်ကောင်းကောင်းထိန်းချုပ်နိုင်သလဲဆိုတဲ့အပေါ်မှာမူတည်တယ် ငွေပြာမြက်ကနွယ်ပင်အရွယ်အစားဖြစ်လာတဲ့အခါမင်းရဲ့ထိန်းချုပ်နှိုင်မှုကိုတိုးတက်အောင်လုပ်ရမယ်။ မင်းရဲ့ဝိညာဉ်စွမ်းရည်က ထိန်းချုပ်တဲ့နွယ်ပင်အမျိုးအစားပဲ တစ်ဖက်လူကိုနှောက်ယှက်နိုင်တယ်။ မင်းပြိုင်ဘက်ရဲ့စိတ်ဝိညာဉ်စွမ်းအားကမင်းထက်ပိုမြင့်နေရင်ေတာ့သူကမင်းရဲ့ဝိညာဉ်စွမ်းအားတွေကို မြန်မြန်ကုန်စေပြီး လွတ်မြောက်အောင်လုပ်နိုင်လိမ့်မယ် အ့တာကြောင့်သိပ်တော့မကောင်းဘူး ထို့ကြောင့်မင်းရဲ့ငွေပြာမြက်ကိုကြာပွတ်လို့သုံးမယ်ဆိုရင်တော့ကောင်းတယ်။မင်းရဲ့ဒုတိယဝိညာဉ်ကွင်းကိုယူတဲ့အချိန်မှာပြောင်းလဲမှုတွေကြုံရနိုင်သေးတယ် ဒီအတွက်ကြောင့်အနာဂတ်မှာဘယ်လိုဖြစ်လာမလဲဆိုတာကိုငါမပြောနိုင်ဘူး၊ ဒါပေမယ့်အနည်းဆုံးတော့မင်းရဲ့ ငွေပြာမြက်သိုင်းဝိညာဥ်က အမှိုက်သိုင်းဝိညာဉ်မဟုတ်တော့ဘူး။ အဆိုးထဲကအကောင်းတစ်ခုကိုအမြတ်ထုတ်နိုင်တယ်လို့မင်းပြောလို့ရတယ် ”
“တကယ်လား?” ထန်ဝူလင်း ကမေးသည်။သူမယုံကြည်နိုင်ဘူး။ ဒါဟာအမှိုက်သိုင်းဝိညာဉ်မဟုတ်တော့ဘူးလား။ ဒါအစွမ်းမထက်ရင်တောင် အနည်းဆုံးတော့အမှိုက်သိုင်းဝိညာဉ်မဟုတ်တော့ဘူး
မန်ထျန်းက”ငါရဲ့ ပထမ ဦး ဆုံးလက်စွပ်သည်အဖြူရောင် ၁၀ နှစ်သားဝိညာဉ်ဖြစ်ပြီး အ့တာကအားနည်းတယ်။ တော်တော်လေးကြိုးစား အားထုတ်မှုအပြီးမှာငါကနှစ် ၁၀၀ ဝိညာဉ်ကိုဝယ်ယူနိုင်ခဲ့တယ်။ အ့တာအပြင်ငါက နှစ် ၁၀၀၀ ဝိညာဉ်ကိုဝယ်ယူနိုင်ခဲ့တယ်။ ငါကပန်းပဲသမားတစ်ယောက်ဖြစ်တော့ငါလိုချင်တဲ့စိတ် ၀ိညာဉ်တွေကို ၀ ယ်ဖို့ပိုက်ဆံအလုံအလောက်ရှိတယ်။ မင်းကပုံသွင်းရာမှာအရမ်းထက်မြက်တော့ ငါလုပ်နိုင်တာမှန်သမျှမင်းလည်းလုပ်နိုင်မှာပဲ ”
ထန်ဝူလင်းရဲ့နှလုံးအတွင်းမှစိတ်ဓာတ်ကျနေတာတွေပျောက် သွားသည်။ သူ့မှာအမှိုက်သိုင်း ၀ိညာဉ်မရှိတော့သလိုအနာဂတ်မှာပန်းတိုင်တစ်ခုနဲ့သူ့ဆရာလည်းရှိခဲ့တယ်သူရဲ့မျှော်လင့်ချက်ကိုပြန်လည်တောက်ပလာသည်။ ငါအစွမ်းထက် ဝိညာဥ်မာစတာ ဖြစ်ဖို့အခွင့်အရေးရှိနေသေးတယ်။
“မင်းဒီနေ့အလုပ်ကနေ ခွင့်မတောင်းဘူး၊ မင်းမလာဘူး၊ ဒါကြောင့်မင်းရဲ့လစာထဲကတစ်ရက်လုပ်အားခကိုငါဖြတ်မယ်။ “
မန်ထျန် ကဒီစကားပြောပြီးထွက်သွားဖို့လုပ်ပေမယ့် ထန်ဝူလင်း ရဲ့စိတ်လှုပ်ရှားစွာထခုန်လိုက်ပြီး မန်ထျန်း ကိုပွေ့ဖက်လိုက်တယ်။
မန်ထျန်း ကအံ့သြစွာ
“ ဒီကလေးက အားသန်လိုက်တာ ...”
မန်ထျန်း ထွက်ခွာသွားပြီးနောက် မိသားစု၏စိုးရိမ်ပူပန်မှုများသည်ပျော်ရွှင်စရာအဖြစ်သို့ပြောင်းလဲသွားသည်။
“တောင်းပန်ပါတယ်အမေ၊ အဖေကျနော်အဖေ တို့နှစ်ယောက်ကိုစိတ်ပူစေခဲ့တာ “
နာအယ်က တစ်ခုခုပြောချင်ပုံရသော်အဆုံး၌မပြောခဲ့ပေ။
ညနေစာစားပြီးနောက်အခြားနေ့တစ်နေ့ကိုဖြတ်သန်းခဲ့သည်။ ကျီီရမ်နဲ့လန်ယွဲ့ တို့သည်ထိုညကစောစောအိပ်ခဲ့သလို နာအယ် သည်လည်းပင်ပန်းကာအိပ်ယာထဲသို့ ၀ င်လာခဲ့သည်။
ထန်ဝူလင်း တစ်ယောက်သာနိုးနေခဲ့သည်။
သူသည်အိမ်မှတိတ်တဆိတ်ထွက်လာပြီးဥယျာဉ်သို့သွားခဲ့သည်။ ထိုင်ပြီးနောက်သူသည်ကောင်းကင်၌တောက်ပသောလကိုငေးကြည့်နေစဉ်သူ၏နှလုံးသားလှုပ်ရှားနေသည်။
ပျော်ရွှင်ခြင်းမှဝမ်းနည်းခြင်းသို့သူသည်မျှော်လင့်ချက်တစ်ဖန်ပြန်ရခဲ့သည်။
မြွေငယ်လေးသည်လက်ဖဝါးပေါ်မှာ ပေါ်လာသည်။
“ ကျေးဇူးတင်ပါတယ်အငယ်လေး။ မင်းကငါ့ကိုမျှော်လင့်ချက်ပေးခဲ့ပေမယ့်ငါမင်းကိုကျောခိုင်းခဲ့တယ်။ ကိုယ်တစ်ကယ်စိတ်မကောင်းပါဘူး!” ထန်ဝူထင်း ကနူးနူးညံ့ညံ့ပြောသည်။
မြက်မြွေငယ်သည်ခေါင်းကိုအနည်းငယ်မြှောက်လိုက်ပြီးတစ်ခုခုကိုအာရုံခံစားမိပုံရသည်။
ထန်ဝူလင်း ကပြုံးပြီး “ငါနာမည်တစ်ခုပေးမယ်။ အခုကစပြီးငါတို့ကမိတ်ဆွေတွေပြီ ” စိတ်ဝိညာဉ်သည်၎င်း၏သခင်နှင့်တစ်သက်တာအတူလိုက်ပါရပြီးသခင်သေဆုံးပြီးမှသာပျောက်ကွယ်သွားမည်ဖြစ်သည်။
မြက်မြွေငယ်လေးသည်သူ၏စကားများကိုနားလည်ပုံရပြီးသူ့ခန္ဓာကိုယ်ကိုညင်သာစွာတွန့်လိမ်လိုက်သည်။
ထန်ဝူလင်း က “အခုမင်းအတွက်နာမည်ကောင်းကဘာပေးရင်ကောင်းမလဲ”
ထိုအချိန်တွင်မြက်မြွေငယ်၏ခန္ဓာကိုယ်သည်ရုတ်တရက်တောက်ပလာသည်။ နဖူးပေါ်ရှိသေးငယ်သည့်အရေခွံလေး သည်ရွှေရောင်အလင်းတန်းတစ်ခုပေါ်ထွက်လာသည်။
“ ဒါကသန္ဓေပြောင်းတာလား ” သူသည်ဆရာ၏စကားများကိုသံသယမရှိဘဲအခိုင်အမာယုံကြည်ခဲ့သည်။ သူ၏သိုင်းဝိညာဉ်သည်ပုံစံအမျိုးမျိုးပြောင်းလဲသွားပြီးငွေရောင်မြက် သည်သာမန်မဟုတ်တော့ချေ။
“ ဒီရွှေရောင်ကတော်တော်လှတယ်။ မင်းငါ့အတွက်နောက်ထပ်တစ်ကြိမ်ပြဖို့အဆင်ပြေလား? “ ထန်ဝူလင်ကရယ်ရင်းစကားပြောနေစဉ်
သို့သော်မြက်မြွေငယ်လေးကသူ့စကားများကိုမတုံ့ပြန်ခဲ့ပေ။ အဆင့်နိမ့်ဝိညာဉ်သည် ၀ိညာဉ်ကွင်းတစ်ခုသာပေးနိုင်ပြီးအခြားမည်သည့်အကူအညီကိုမျှမပေးနိုင်ပါ။
ထန်ဝူလင်းက“ မင်းကရွှေရောင်ပြောင်းနိုင်တယ်၊ ဒါကြောင့်ငါမင်းကို ရွှေအလင်းရောင် လို့ခေါ်မယ်။ ဘယ်လိုလဲ။ အနာဂတ်မှာမင်းရဲ့တစ်ကိုယ်လုံးရွှေဖြစ်သွားနိုင်ရင်မင်းဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်လဲဆိုတာတွေးကြည့်။ ”
ထုံးစံအတိုင်းမြက်မြွေသေးသေးလေးကလုံးဝမတုံ့ပြန် ထို့ကြောင့်၎င်း၏နာမည်ကို( Goldlight) ရွှေအလင်းရောင် ဟုဆုံးဖြတ်ခဲ့သည်။ ရိုးရှင်းသောနာမည်ဖြစ်သော်လည်းအလှတရားနှင့်လွတ်လပ်မှုတို့ဖြင့်ပြည့်လျှံနေသည်။