← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

ပန်းပဲသမားရဲ့ကြံ့ခိုင်မှုစမ်းသပ်မှုကိုဘယ်နဲ့ညာနှစ်ဖက်ခွဲထားတယ်။ ထန်ဝူလင်းအား မန်ထျန်း အားပထမဆုံးအကြိမ်စမ်းသပ်စဥ်ကအံ့သြသွားခဲ့ပြီးထန်ဝူလင်းရဲ့ဘယ်နှင့်ညာလက်မောင်းများသည်အင်အားတူညီသော ကြောင့်ဖြစ်သည်။ ထန်ဝူလင်းသည်သံတူများကိုဆုပ်ကိုင်ကာ

အသက်ပြင်းပြင်းရှူလိုက်ပြီးသူ့ခန္ဓာကိုယ်ကိုတစ်ဝက်လှည့်လိုက်သည်။ ထို့နောက်သူ့လက်နှစ်ဖက်သည်ခွန်အားကိုအပြည့်အဝအားထုတ်လိုက်သောအခါသူ၏ကျောရိုးမှနွေးထွေးသောစီးဆင်းမှုကိုသူခံစားရသည်။ လျှပ်တစ်ပြက်တွင်ဤနွေးထွေးမှုသည်သူ၏ကျောရိုးတစ်လျှောက်ပျံ့နှံ့သွားသည်။ သံတူသည်ဝီစီမှုတ်လိုက်သလိုသတ္ထုကို ကြမ်းတမ်းစွာရိုက်ခွဲထုရိုက်လိုက်သည်။

ဘန်း.............

အမှတ်တိုင်အတွင်းမှမာကျူရီအမှတ်များတဖျတ်ဖျတ်ရိုက်ခတ်တက်လာသည်။

ဤအချိန်တွင်ဖန်သားပြင်သည်နံပါတ်တစ်ခုကိုဖော်ပြလာသည်။အီလက်ထရောနစ်အသံတစ်သံက

“ ခွန်အား၊ ၄၈၃ ကီလိုဂရမ်”

ထန်ဝူလင်းနဲ့မန်ထျန်း တို့သည်ထိတ်လန့်စွာမတ်တပ်ရပ်နေသည်။

သူသည်ယခင်နှစ်စမ်းသပ်မှုတွင် ထန်ဝူလင်းသည်သူ၏ညာလက်မောင်းမှကီလို ၂၀၀ ကီလိုဂရမ်ကိုထုတ်နိုင်သောအခါ မန်ထျန်း အံ့သြ နေပြီးသားပါ။ သို့သော်ယခုဤအရေအတွက်အမှတ်သည်အရွယ်ရောက်ပြီးသော အကိုလုံ ထက်ကျော်လွန်နေပြီဖြစ်သည်။

အချိန်တိုလေးအတွင်းမှာပင်သူ၏ခွန်အားသည်အံ့သြဖွယ်ကောင်းလောက်အောင်သိသိသာသာပြန်လည်မြင့်တက်လာခဲ့သည်။ ထို့ပြင် အ့တာက ဘယ်ဘက်လက်မောင်းပဲဖြစ်သည်…ကိုးနှစ်အရွယ်ကလေးတစ် ဦး သည်လက်တစ်ဖက်တည်းဖြင့်အင်အား ၅၀၀ ကီလိုဂရမ်နီးပါးအမှန်တကယ်ထုတ်နိုင်ခဲ့သည်။ အမှန်တကယ်ပင်မဖစ်နိုင်တဲ့ခွန်အားဖြစ်သည်။

မန်ထျန်း က “ညာလက်အား” ဟုပြောသည့်အတိုင်း

ထန်ဝူလင်း သည်တူကိုသူ၏ညာလက်သို့ပြောင်းလိုက်ပြီးတစ်ဖန်အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏မျက်လုံးများအတွင်းမှရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ သူကသူ့ခန္ဓာကိုယ်ကိုတစ်ဖန်ပြန်လှည့်လိုက်ပြီးသူ့လက်မောင်းကိုလွှဲလိုက်သည်။ နောက်တစ်ဖန်သူ၏ကျောရိုးမှနွေးထွေးသောခံစားချက်တစ်ခုသူ့ဆီသို့စီးဆင်းလာသည်။

ဘန်း..........

သူ၏ရိုက်စွမ်းအားအောက်တွင်တစ်ခန်းလုံးအနည်းငယ်တုန်လှုပ်သွားသည်။ ဒီတစ်ခါတော့မန်ထျန်း သူ့ နားကိုပင်အုပ်ထားရတယ်။ ရိုက်ခတ်မှုကြောင့်အခန်းသည်ဆက်လက်တုန်လာသည်။

“ ခွန်းအား ၅၄၃ ကီလိုဂရမ်” ၅၄၃ ကီလိုဂရမ် သူသည် ၅၀၀ ကီလိုဂရမ်ကိုကျော်သွားခဲ့သည်။ ကောင်လေးရဲ့အင်အားကနည်းနည်းလေးတိုးလာတယ်ဆိုတာသူမှန်းဆထားပြီးသားဖြစ်ပေမဲ့ဒီလောက်အတိုင်းအတာထိတိုးတက်လာလိမ့်မယ်လို့သူလုံးဝမမျှော်လင့်ထားဘူး။

အသက်ကိုးနှစ်အရွယ်တွင်သူ၏လက်နှစ်ဖက်သည်စုစုပေါင်းကီလိုဂရမ်တစ်ထောင်ကျော်ခွန်အားရှိခဲ့သည်။ အ့တာကိုဘီလူးတစ်ကောင်ရဲ့ခွန်အားလိြ့တောင်တင်စားလို့ရတယ်။ ဝိညာဥ်ဂရမ်းမာစတာအဆင့် များပင်ယခုလိုအစွမ်းသတ္တိကိုပိုင်ဆိုင်မှာမဟုတ်ဘူး။ ဝိညာဥ်အကြီးအကဲ အဆင့်ရောက်မှအ့လိုခွန်အားမျိုးပိုင်ဆိုင်မှာပါ။

သူ့ကိုယ်မှာမြင့်မြတ်တဲ့ခွန်အားမျိုးရှိရင်သိုင်းဝိညာဉ်ကငွေပြာမြက် ဘာကြောင့်ဖစ်ရတာလဲအ့တာအစား ခွန်အားအမျိုးအစားသိုင်းဝိညာဉ်ဖြစ်သင့်သည်။ သူ၏သိုင်းဝိညာဉ်သာသံတူဖြစ်လျှင်သူသည်တကယ်ထူးချွန်သူဖြစ်မှာပါ

ထန်ဝူလင်း သည်လည်းသူ၏ကိုယ်ပိုင်အစွမ်းသတ္တိကြောင့်အံ့အားသင့်သွားသည်။ ခွန်အား ၅၀၀ ကီလိုဂရမ်၏အရေးပါပုံကိုသူနားမလည်သာ်လည်း ဝိညာဉ် ကွင်းတစ်ခုသာရှိသောသူအတွက်ဤစွမ်းအားသည်မည်မျှကြောက်စရာကောင်းကြောင်းရှင်းရှင်းလင်းလင်းနားလည်နိုင်သေးသည်။ လူအနည်းစုသည်သူတို့၏ဝိညာဉ်စွမ်းရည်ကိုအသုံးပြုလျှင်ပင်သူ၏အင်အားနှင့်နှိုင်းယှဉ်နိုင်သည်။

“ ဆရာ၊ကျနော် ပြုပြင်မှုတစ်ထောင်ကိုတကယ်သင်ယူရမှာလား” သူအစမ်းသဘောမေးလိုက်တယ်။

မန်ထျန်း ကြောင်နေရာမှနိုးလာပြီးခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ခွန်အားကဒီလောက်အဆင့်ထိရှိလိမ့်ငါမမျှော်လင့်ခဲ့ဘူး။ မင်းပန်းပဲပစ္စည်း လုပ်တဲ့အခန်းကိုသွားရအောင်။ “

ထန်ဝူလင်း ရဲ့ပုံသွင်းခန်းသို့ပြန်လာပြီးနောက် မန်ထျန်း သည်ငွေဖြူရောင်သတ္တုအပိုင်းအစတစ်ခုကိုထုတ်လိုက်သည်။

“ပြုပြင်ပြောင်းလဲမှုတစ်ထောင်ကိုဘယ်လိုသတ္ထုအမျိုးအစားတွေသုံးနိုင်တယ်ဆိုတာကိုငါသင်ပေးပြီးပြီ။ ဒါက သိပ်သည်းတဲ့ငွေသတ္ထု အပိုင်းအစတစ်ခုဖြစ်တယ်။ အ့တာသန်မာမှုအလွန်ကောင်းမွန်ပြီးကောင်းမွန်သောဝိညာဉ်စွမ်းအားရနိုင်သောဂုဏ်သတ္တိများရှိတယ်။ ပြုပြင်မွမ်းမံမှုတစ်ထောင်အဆင့်မှသာ ဒီသတ္တုကိုအဆင့်အတန်းမှီအပြည့်အဝထုတ်ပေးနိုင်တယ်။ မင်းအဲဒါကိုယူပြီးမင်းရဲ့ပထမတစ်ထောင်ပြင်ဆင်မှုကိုကြိုးစားဖို့သုံးပါ။ ”

“ပြုပြင်မွမ်းမံမှုတစ်ထောင်လို့ခေါ်တာကသတ္တုကိုအကြိမ်တစ်ထောင်လောက်ရိုက်ရုံလောက်မရိုးရှင်းဘူး။ အ့တာအစား၊ သတ္တု၏အညစ်အကြေးကိုအဆက်မပြတ်ထုရိုက်မှုအောက်တွင်ဖယ်ရှားပစ်ရမည်ဖြစ်ပြီးအ့တာသတ္ထုသိပ်သည်းဆကိုတိုးစေရမယ်။ ထို့ပြင်ပြုပြင်မွမ်းမံမှုတစ်ထောင်ရဲ့အရေးအပါဆုံးက သတ္ထုကိုသန့်စင်တာပဲ။ သတ္တုကိုသန့်စင်ပြီးပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ရင် အဲ့တာကိုပြင်ဆင်ခြင်းတစ်ထောင်လို့ခေါ်နိုင်တယ်။ ”

“ ဥပမာ၊ မင်းအခုအသုံးပြုနေတဲ့သန့်စင်ပြီးတဲ့ သတ္ထုတူက သန့်စင်ခြင်းတစ်ထောင်ပြုလုပ်ထားတဲ့သံတူပဲ။ အဲ့တာကအလွန်အားကောင်းနေပြီဖြစ်ပေမဲ့ပြုပြင်မွမ်းမံမှုတစ်ထောင်ကိုပြုလုပ်ပြီးနောက်မူလအရွယ်အစားရဲ့သုံးဆခန့်ကြုံ့ ကျသွားတယ်။ နောက်ထပ်အကျိုးသက်ရောက်မှုတစ်ခုကတူရဲ့အလေးချိန်ကသုံးဆယ်ရာခိုင်နှုန်းမြင့်တက်လာမယ် ။အရည်အသွေးပြောင်းလဲမှုတစ်ခုကသာ သတ္ထုရဲ့အလေးချိန်နဲ့မာကျောမှုအားကိုတိုးစေနိုင်တယ်။

“ အဖြိုက်နက်သံမဏိသန့်စင်မှုကအရိုးရှင်းဆုံးပြုပြင်မွမ်းမံမှုများအနက်မှတစ်ခုဖြစ်တယ် ထူးခြားကောင်းမွန်သောပြုပြင်မွမ်းမံမှုတစ်ထောင်သည် ပိုပီးတော့ထူးခြားတဲ့အကျိုးသက်ရောက်မှုများဖြစ်ပေါ်စေနိုင်တယ်။ သန့်စင်မှုပိုကောင်းလေ၊ သန့်စင်ထားသောသတ္တုရဲ့တန်ဖိုးသည်မြင့်လေဖြစ်တယ်။ ပြုပြင်မွမ်းမံမှုတစ်ထောင်အဆင့်သို့ရောက်ရှိပြီးပုံဖော်ရန်အခြားနည်းလမ်းများကိုအသုံးမပြုမီ မင်းထမ ဦးဆုံးသတ္ထုကိုပြုပြင်မှုတစ်ထောင်အဆင့်ကအောင်ပြုလုပ်ရမယ်။

ပန်းပဲသမားကိုးဆယ်ရာခိုင်နှုန်းအတွက် မန်းထျန် ပြောသောအဆင့်သည်မဖြစ်နိုင်သည့်အိပ်မက်တစ်ခုဖြစ်သည်။

ပြုပြင်မှုတစ်ထောင်သည်အင်အားပိုလိုအပ်သည်။ အမှန်တကယ်အရေးကြီးသည်မှာ အထူးသဖြင့်သတ္တု၏ခံစားချက်များနှင့် ပတ်သက်၍ အတော်နားလည်ရမှာဖစ်တယ်။ထန်ဝူလင်း သည်သုံးနှစ်ကြာခက်ခက်ခဲခဲလေ့လာခဲ့ရသည်။ ယခုသူရဲ့ခွန်အားနှင့် တွဲ၍ နောက်ဆုံးမှာတော့ သူသည်ပြုပြင်မွမ်းမံမှုတစ်ထောင်ကိုကြိုးစားရန်အရည်အချင်းမှီခဲ့သည်။

“ ဆရာ၊ ပြုပြင်မွမ်းမံမှုတစ်ထောင်ကိုဆောင်ရွက်တဲ့အခါမှာဘာတွေ လိုအပ်လဲ။ ”

ထန်ဝူလင်း ကမေးသည်။

မန်ထျန်း ကခေါင်းယမ်းလိုက်သည်။

“ မင်းကိုငါသင်ပေးနိုင်တဲ့နည်းတွေတော့ မရှိဘူး။ ငါမင်းကိုပြောနိုင်တဲ့တစ်ခုတည်းသောအရာကသတ္တုကိုမင်းကသက်ရှိတစ်ခုလိုသဘောထားရမယ်။ သတ္တုပစ္စည်းတစ်ခု ပြုလုပ်ရာမှာ မင်းသတ္တုနဲ့တစ်သားထဲဖစ်မဲ့ နည်းလမ်းတစ်ခုကိုမင်းစဉ်းစားရမယ်။ ပြီးပြည့်စုံတဲ့ဆက်သွယ်ရေးမှုတွေနဲ့သတ္ထုရဲ့ လျှို့ဝှက်ချက်များ၊ အသက်သွေးကြောတွေ ကိုရှာပါ။ ပြုပြင်မွမ်းမံမှုတစ်ထောင်ကို ခံစားချက်ဆက်သွယ်မှု လို့လည်းခေါ်တယ်။ သူတို့အားလုံးမှာသူတို့ရဲ့ကိုယ်ပိုင်ထူးခြားတဲ့ပုံစံတွေ ရှိတယ်။ မင်းရဲ့နှလုံးသားကိုသုံးပါ။ မင်းငါ့စကားတွေကိုနားလည်အောင် ကြိုးစားပါ။ ”

“ ဟုတ်။ ”

ထန်ဝူလင်း ခေါင်းညိတ်လိုက်သည်။မန်ထျန်း ကအနည်းဆုံးသူ့ကိုသရုပ်ပြပေးလိမ့်မယ်လို့သူထင်ခဲ့ပေမယ့်လုံးဝကွဲပြားနေတယ်။

စာပွဲကိုဖွင့်ပြီးနောက်သူ က ငွေသတ္ထု ကို မီးဖိုထဲကိုထည့်လိုက်ပြီးစတင်အပူပေးသည်။သတ္ထု

အပိုင်းအစသည် ၃၀ စင်တီမီတာခန့်ရှိသည်။ သတ္ထုကငွေရောင်အလင်းမှိန်မှိန်လေးထွက်နေ သည်။ မီးဖိုထဲသို့ရောက်သောအခါ ထန်ဝူလင်း သည် မန်ထျန်း အရင်တုန်းကသင်ပေးခဲ့သော ငွေသတ္ထု ၏ဂုဏ်သတ္တိများအကြောင်းကိုပြန်သတိရလာသည်။

ငွေသတ္ထု သည်တစ်ကီလိုမီတာကျော်သောပင်လယ်ကြမ်းပြင်များပေါ်တွင်သာတွေ့နိုင်သောအဆန်းသတ္ထုတစ်မျိုးဖြစ်သည်။ ထူးကဲစွာခက်ခဲပြီးမြင့်မားသောအပူချိန်ကိုခံနိုင်မှုရှိသည်၊ ၎င်းသည်လည်းဝိညာဉ်စွမ်းအားပါဝင်မှုအလွန်ကောင်းသည်။ထိုသတ္ထုကိုစက်မှုအတွက်သော်လည်းကောင်း၊ စက်ဝိညာဥ်များ ထုတ်လုပ်ရေးအတွက်သော်လည်းကောင်း၎င်းသည်ရရန်ခဲယဉ်းသောအလွန်ကောင်းသောသတ္တုတစ်ခုဖြစ်သည်။ငွေသတ္ထု သည်အားနည်းချက်များမရှိ။ ၎င်းသည်ရိုးရှင်းလွန်း။ အလွန်ထူးခြားသောအလေးချိန်ရှိသည်။ ဥပမာ၊ သတ္ထုရဲ့သုံးပုံတစ်ပုံ အပိုင်းအစသည်အလေးချိန် ၂၀၀ ကီလိုဂရမ်ကျော်ရှိသည်။ ကီလို ၃၀၀ နီးနီးရှိသည်။

ထို့ကြောင့်စက်များတွင်အများကြီးအသုံးပြုမရပေ

ငွေစင်သတ္ထုကို ကုန်းတွင်းမြို့များတွင်တွေ့ရခဲသည်။ ပင်လယ်ကမ်းစပ်မြို့များတွင် ပိုတွေ့ရ ပြီးကမ်းခြေမြို့များအတွက်အဓိက ၀ င်ငွေအရင်းအမြစ်တစ်ခုဖြစ်ခဲ့သည်။သူ့ဆရာကသူ့ကို ေငွစင်သတ္ထု တစ်တုံးပေးခဲ့တယ်။ စစ်ဆေးမှုအရပုံမှန်ထက်ပိုလေးတယ်လို့ခံစားရတယ်။

မီးအပူပေးရန်ခက်ခဲသော်လည်း ပုံသွင်းရန်သင့်တော်သောအခြေအနေသို့ရ ရှိနေပြီဖစ်တယ်။

All Chapters