အခန်း (၂၇)
Vol. 2 Ch. 27
ထန်ဝူလင်း သည် ငွေစင်သတ္ထု နှင့်ပတ်သက်သောဗဟုသုတကိုပြန်လည်တွေးရင်းသူ့ရဲ့သံတူများကို ယူလိုက်သည်။ သူရဲ့သန့်စင်ထားသောသံတူများ ၏အေးမြသောလက်ကိုင်များသည်သူ့အားလန်းဆန်းစေသည်။ ဒီအချိန်မှာသူ့ရဲ့စိတ်ဓာတ်ကျမှုကပျောက်သွားတယ်။ သူ့စိတ်ထဲတွင်စကားလုံးနှစ်လုံးသာရှိသည်။ ပြုပြင်မွမ်းမံမှုတစ်ထောင်အဆင့်......
ငွေစင်သတ္ထုကိုအပူပေးမီးဖိုတွင်နာရီဝက်အပူပေးပြီးနောက်ပုံသွင်းမှု ပြုလုပ်ရန်သင့်တော်သောအပူချိန်ကိုရောက်ရှိလာသည်။
ထန်ဝူလင်း သည် ငွေစင်သတ္ထု ကိုထုတ်ယူလိုက်သည်။ ထို့နောက်သူသည်သူ၏သန့်စင်ထားသောသံတူများ ကိုဆုပ်ကိုင်လိုက်ပြီးစူးစိုက်ကြည့်လိုက်သည်။ သူ့ညာဘက်တူကိုမြှင့်လိုက်ပြီး သတ္ထု ကိုညင်သာစွာထုလိုက်သည်။
ဤစမ်းသပ်မှုကို တူစမ်းသပ်ခြင်း ဟုခေါ်သည်။ ပန်းပဲသမားများသည်သူတို့၏လုပ်ငန်းမစခင်၊ သူတို့ကသတ္တု၏အကြမ်းခံမှုကိုစမ်းသပ်ရန်ယခုလိုပြုလုပ်ကြသည် ထန်ဝူလင်းပြီးပြည့်စုံသောလုပ်ကိုင်ပုံကိုမြင်သောအခါ မန်ထျန်း ကခေါင်းညိတ်သည်။ ဤကလေး၏ညဏ်ရည်သည်အလွန်မြင့်မားသောကြောင့်သာမဟုတ်ပါက သူသည်ဤသုံးနှစ်အတွင်းအလွန်ကောင်းမွန်သောအခြေခံကိုရနိုင်ခဲ့မည်မဟုတ်ပေ။ သူသည်အလွန်ထက်မြက်သော်လည်းတည်ငြိမ်သည်။ မန်ထျန် သည်သူ၏အမွေကိုဤကလေးအားလက်ဆင့်ကမ်းရန်သာသင့်တော်ကြောင်းတွေးမိ သည်။
ယခုအချိန်တွင်သူရင်ဆိုင်နေရသောပြုပြင်မွမ်းမံမှုတစ်ထောင်သည်သူ့အတွက်အလွန်အရေးကြီးသောစမ်းသပ်မှုတစ်ခုဖြစ်မည်မှာသေချာသည်။ မန်ထျန်း ကအနောက်ဘက်မှာရပ်ပြီး ထန်ဝူလင်း ကိုစောင့်ကြည့်တဲ့အခါသူရဲ့ ဒီစာမေးပွဲကိုအောင်နိုင်တယ်လို့ယုံကြည်တယ်။ သူသည်ယခုနှစ်တွင်ကိုးနှစ်သာရှိသေးသည်။ သူသာဒီသန့်စင်မှုအဆင့်တစ်ထောင်ကိုတကယ်ပြည့်စုံအောင်လုပ်နိုင်ခဲ့ရင် ထန်ဝူလင်း သည် စံချိန်သစ်တစ်ခုတင်သွားနိုင်သည် ။ပန်းပဲဆရာအဖဲ့စည်းတွင်လက်ရှိစံချိန်မှာတစ်ထောင်အားသန့်စင်မှုအဆင့်ကိုပန်းပဲသမားတစ်ဦးအသက် ၁၃ နှစ်၊ ၃ လနှင့် ၂ ရက်တွင်အောင်မြင်ခဲ့သည်။ ထန်ဝူလင်းသည်မန်ထျန်း ၏အတွေးများကိုသတိမထားမိခဲ့။သူသည်သူ့ရှေ့ရှိ သတ္ထု ပေါ်တွင်သူ၏အာရုံနှင့်စိတ်ဝိညာဉ်အားလုံးကိုအာရုံစိုက်နေသည်။
သူကဘယ်ဖက်လက်၌တူကိုမြှောက်လိုက်ပြီး ငွေစင်သတ္ထုရဲ့ အစွန်းကိုထုရိုက်လိုက်သည်။
ဒန်!
ညာလက်ရှိတူနှင့်လည်းမိုးကြိုးပစ်သကဲ့သို့အရှိန်နှင့်အတူတစ်ဖန်ထပ်ထုရိုက်ခတ်နေပြီဖြစ်သည်။
သူသည်ပြုပြင်မွမ်းမံမှုတစ်ထောင်အဆင့်သို့မရောက်သေးသော် လည်းသူသည်သတ္တုအစိတ်အပိုင်းပေါင်းရာချီကိုယခင်ကတည်းကထုတ်လုပ်နိုင်ခဲ့သည်။ ရာပေါင်းများစွာသောပြုပြင်မွမ်းမံခြင်းလုပ်ငန်းစဉ်များအတွင်းသူသည်ထူးခြားချက်များကိုနားလည်လာသည်။
တူနှစ်ရံသည်ဟန်ချက်ညီစွာလှုပ်ရှားခဲ့ပြီး ေငွစင်သတ္ထု ကိုအဆက်မပြတ်ထုရိုက်ေနသည်။ သူသည်သူ့အားအပြည့်ကိုမသုံး၊ သူ့စွမ်းအားရဲ့သုံးဆယ်မှလေးဆယ်ရာခိုင်နှုန်းသာအသုံးပြုနေသည်။
မီးပွားများသည်နေရာတိုင်း၌ပျံဝဲေနသည်။
အကြိမ်တစ်ရာသန့်စင်ပြီးနောက်ထန်ဝူလင်းငွေစင်သတ္ထုရဲ့သဘောတရားကိုနားလည်လာ သည်။ ပထမဆုံးအနေနဲ့ သတ္ထု ရဲ့မာကျောမှုကသူအရင်ကလုပ်ဖူးတဲ့သတ္တုအားလုံးပိုတယ်။အ့တာအပြင် အလွန်ပျော့ပြောင်းပြန် သည်။ထုရိုက် သောအခါထန်ဝူလင်း ၏အင်အားကိုခုခံနေသလိုခဏခဏတုန်တုန်သွားသည်။
ကံကောင်းထောက်မစွာ၊ ထန်ဝူလင်း သည်သူ၏အစွမ်းအားကိုအပြည့်မသုံးခဲ့သောကြောင့်သူသည်သံတူကိုထိန်းချုပ်ရန်စွမ်းအင်များစွာရှိနေသေးသည်။
အလေးချိန် ၄၀ ကီလိုဂရမ်အလေးချိန်ရှိသောသန့်စင်ပြီးသောသံတူနှင့်ထုရိုက်ပုံသွင်းသန့်စင်လျှင် ၈၀ ကီလိုဂရမ်အလေးချိန်ရှိသောသာမန်သတ္တုများသည်တစ်ချက်ထိရုံနှင့်သိသိသာသာပြောင်းလဲနိုင်သည်။ သို့သော် ငွေစင်သတ္ထု သည်တစ်ချက်ထုပြီးတိုင် အနည်းငယ်သာပုံပျက်သည်၊ အပူချိန်တစ်ခုတွင်အပူပေးခံရသည့်တိုင်ပုံမပျက်။ ဤခိုင်ခန့်သောသတ္တုမျိုးကိုအကြိမ်တစ်ထောင်သန့်စင် ရန်လွယ်ကူမည်မဟုတ်ပေ။
ဤသုံးနှစ်တာကာလအတွင်း ထန်ဝူလင်း သည်သည်းခံခြင်းရဲ့တန်ဖိုးကိုသိရှိခဲ့သည်။ သူသည်စိုးရိမ်ပူပန်မှုအရိပ်အယောင်ကိုပင်မခံစားရ ထိုသတ္တုအတွက်အကြိမ်တစ်ထောင်မသန့်စင် နိုင်လျှင်အနည်းဆုံးအကြိမ် တစ်ရာတော့ သန့်စင်ပေးနိုင်မယ်။
သူ၏ရိုက်နှက်အားကိုမတိုးတော့ဘဲသူ့ခွန်အားကိုနည်းနည်းထိန်းလိုက်သည်။ ငွေစင်သတ္ထု ၏သွေးကြောများနှင့်လက္ခဏာများကိုနားလည်လာသည်။ ဖြည်းဖြည်းချင်းသူကလုံးဝသန့်စင်ပေးနိုင်လာသည်။
မန်ဖျန်း သည်အခြားနေ့များတွင်ခက်ထန်သော်လည်းသူကတဖြည်းဖြည်းပြုံးလာသည်။ ဒီကလေးကတကယ်ကိုတော်တယ်။ သူက ထန်ဝူလင်း အတွက်ဘာအကြံဥာဏ်မှမပေးေသာ်ထနိဝူလင်းသည်ကိုယ်ပိုင်နည်းလမ်း ကိုရှာနိုင်ခဲ့တယ်။
ထန်ဝူလင်း သည်အချိန်ကြာလာသည်နှင့်အမျှအံ့သြဖွယ်ကောင်းအောင် ပုံသွင်းမှုတွင်ပိုအာရုံစိုက်လာသည်။ သူ့အာရုံထဲရှိတစ်ခုတည်းသောအရာသည်သူ့ရှေ့တွင် ငွေစင်သတ္ထု ဖြစ်သည်။ သူ၏စိတ်ဝိညာဉ်စွမ်းအားသည်သူ၏ခွန်အားကိုမြှင့်တင်ပေးပြီးသူ၏ခံနိုင်ရည်ကိုပိုတိုးလာေစသည်။
ယခုကဲ့သို့နာကျင်မှုဝေဒနာတွေခံစားရပြီးနောက်သူ့ရဲ့ဝိညာဉ်စွမ်းအားကအဆင့်မြင့်တက်လာခဲ့တယ်။
ဝိညာဉ်ဖွင့်ပွဲ၏နယ်ပယ်အောက်ရှိဝိညာဉ်ရေးရာ စွမ်းအားသည်လုံး၀အသုံးမ၀င်ဟုထင်ရသော်လည်းယခုနေရာတွင်အတော်အသုံးဝင်သည်။ အ့တာလူတစ်ဦး၏အမြင်အာရုံကိုတိုးတက်စေနိုင်ပြီးလူတစ် ဦး ခွန်အားကိုအထောက်အပံ့ပေးသည်။
ထန်ဝူလင်း သည်ဝိညာဉ်ရေးရာစွမ်းအား(ဝိညာဉ်စွမ်းအားနဲ့မတူဘူးနော် ဝိညာဥ်ရေးရာစွမ်းအားဆိုတာ စိတ်ခံနိုင်ရည်စွမ်းအား) များတိုးလာသည်နင့်အမျှသူ၏ပုံဖော်မှုအပေါ် ပိုအာရုံစိုက်လာသည်။
တစ်နာရီအကြာတွင် ငွေစင်သတ္ထု ဘာမှမထူးခြားပဲ အနည်းငယ်သာပုံပျက်သွားသည်။
နှစ်နာရီအကြာတွင်သံတူရဲ့ ပြင်းထန်စွာရိုက်ခတ်လာသံများထွက်လာသည်။နဖူးတွင်ချွေးများဖြင့်ဖုံးလွှမ်းနေသည်။ သူ၏အဆက်မပြတ်ပုံသွင်းမှုအပြီးတွင်သူ၏ခန္ဓာကိုယ်သည်နွမ်းလျနေပြီဖြစ်သော်လည်းသူ၏စိတ်ဝိညာဉ်သည်လန်းဆန်းတက်ကြွနေတဲ။ နှစ်နာရီအကြာတွင်အနည်းငယ်ပြောင်းလဲလာသည်။ ၂ နာရီအတွင်းငွေစင်သတ္ထုတုံးနှင့်အသားကျလာသည်။ သတ္ထု ၏မျက်နှာပြင်ကိုအနီးကပ်ကြည့်လျှင်ထောင့်တိုင်း၌စက်ဝိုင်းငယ်တစ်ခုရှိသည်ကိုတွေ့ရမည်။ တူနဲ့ဘယ်နှစ်ခါထုရိုက်ပြီးသည်ကိုပင်မမှတ်မိတော့။
ထန်...!
ယခုတစ်ကြိမ်ရိုက်သံသည်ယခင်ထက်သိသိသာသာပိုကျယ်လာပြီးအနားရှိမန်ထျန်း မျက်ခုံးကိုမြှင့်လိုက်သည်။ထန်ဝူလင်း သည်ပိုမိုအင်အားသုံးလာခဲ့သည်။ ထို့နောက်တွင်ကျယ်လောင်သောထရိုက်သံများကတစ်ခုပြီးတစ်ခုပဲ့တင်ထပ်သွားသည်။
နှစ်နာရီကြာအောင်ဂရုတစိုက်ပုံသွင်းပြီးနောက်သူသည်ဤသတ္တု၏စရိုက်ကိုနားလည်လာသည်။
သူသည်သံကိုရိုက်လိုက်တိုင်းသူ့တစ်ကိုယ်လုံးတုန်နေသည်။ သူ၏ခြေထောက်များမှစကာအားများသည် ကျောရိုးတစ်လျောက်စီးဆင်းလာပြီး လက်မောင်းမှတစ်ဆင့်သံတူပေါ်သို့ရောက်သွားသည်။ ရိုက်ချက်တစ်ခုစီရဲ့အား သည် ၃၀၀ ကီလိုဂရမ်ကျော်လွန်နေပြီဖြစ်သည်။မီးဖိုမှထွက်လာေသာလိမ္မော်ရောင်မီးတောက်များသည် ငွေစသ်သတ္ထု ကိုနီရဲတောက်ပလာစေသည်။