← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

ထန်ဝူလင်း ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။ မန်ထျန်းက ပတ်တီးတစ်ခုကိုယူကာ ထန်ဝူလင်းလက်ကောက်ဝတ်မှဒဏ်ရာကိုအုပ်ပေး လိုက်သည်။အံကြိတ်ထားသောကြောင့်ထန်ဝူလင်းသွားများနာနေတယ်။။ သံတူသိုင်းဝိညာဥ်မရှိလို့ဘာမှပြောင်းလဲမသွားဘူး။ပါရမီရှင်ကတော့ပါကမီရှင်ပါပဲ။ အ့လိုချို့တဲ့မှုကသူ့ကိုပိုစွမ်းေစသည်။

ပြုပြင်မွမ်းမံမှုတစ်ထောင် ပန်းပဲသမားအများစုကြားတွင်မအောင်မြင်နိုင်သောစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်းဤ ၉ နှစ်အရွယ်ကလေး၏လက်၌အမှန်တကယ်ပြုလုပ်နိုင်ခဲ့သည်။ ဒါဟာမယုံနိုင်စရာလုပ်ရပ်တစ်ခုဖြစ်တယ်။

ထန်ကျီရမ်သူ့သားကိုပွေ့ချီလိုက်တယ်

မန်ထျန်းက တိတ်တဆိတ်နဲ့

“ ပါရမီ၊ ဒါဟာပါရမီရှင်တစ်ယောက်ပဲ။ ဝူလင်း၊ မင်းဒီနေ့လုပ်ဆောင်ခဲ့သမျှ ကိုအမြဲသတိရနေရမယ်။ မင်းအတွက်၊ ဒါကအစပဲရှိသေးတယ်…ဒါကပန်းပဲသမားလောကကိုမင်းပထမဆုံး ဝင်ရောက်ချင်းပဲ “

ထန်ဝူလင်း ကသူ့ဆရာပြောသောစကားကိုမကြားလိုက် သူသည်သူ့အဖေ၏ရင်ခွင်ထဲတွင်ရောက်နေ ပြီးသားဖြစ်သည်။

***

သူနိုးလာသောအခါ ထန်ဝူလင်း သည်သူ့အိပ်ရာပေါ်တွင်ရောက်နေသည်။

ကောင်းကင်ကတောက်ပနေပြီးနေရောင်ခြည်သည်ပြတင်းပေါက်မှ ဖြတ်၍ အခန်းထဲသို့ ၀ င်သည်။ နာအယ် ထွက်သွားပြီးသော်လည်း ထန်ဝူလင်း သည်သူ့မိဘများအားသူမ၏အိပ်ရာကိုဖယ်ရှားရန်ခွင့်မပြုခဲ့နာအယ် တစ်နေ့ပြန်လာလိမ့်မည်ဟုသူအမြဲခံစားခဲ့ရသည်။

သူ၏လက်ကောက်ဝတ်များသည်မနာကျင်သော်လည်းသူ၏ခန္ဓာကိုယ်သည်အားနည်းနေသည်။ သူသည်တစ်စုံတစ်ရာကိုခံစားလိုက်ရသည်။

သူပြုံးလိုက်မိသည်။ ပြုပြင်မွမ်းမံမှုတစ်ထောင်၊ အောင်မြင်ခဲ့သည်။

နောက်ပိုင်းမှာဘာတွေဖြစ်ခဲ့မှန်းမသိခဲ့ပင်မဲ့သူအောင်မြင်ပြီလို့ယုံကြည်တယ်။

‘ငါပန်းဘဲသမားနဲ့ပတ်သက်လာရင်အနည်းဆုံးအမှိုက်မဟုတ်ဘူး။ ဝိညာဉ်မာစတာတစ်ယောက်အနေနဲ့လည်း ငါ့ငွေပြာမြက်က သာမာန်ငွေပြာမြက်မဟုတ်တော့ဘူး

‘နာအယ် မင်းအနားမှာရှိနေရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ အစ်ကိုပိုသန်မာလာပြီးမင်းကိုကာကွယ်ပေးမယ်၊ မင်းကိုဘယ်သူကမှထိခိုက်စေမှာမဟုတ်ဘူး။

‘နာအယ် ကျေးဇူးပြုပြီးပြန်လာခဲ့ပါ၊ မဟုတ်ရင်မင်းဘယ်မှာလဲဆိုတာငါ့ကိုပြောပါ။ မင်းမထွက်ခင်ဘာကြောင့်ကိုယ့်ကိုယ်ကိုရှင်းရှင်းလင်းလင်းမရှင်းပြတာလဲ။ ငါမင်းကိုအရမ်းလွမ်းတယ်။’

နာအယ် ၏ချိုသာသောအပြုံးသည်သူ့စိတ်ထဲတွင်စွဲထင်လာသည်။ သူမကအစ်ကိုဟုခေါ်သော အခါသူ့ကိုအလွန်ကျေနပ်စေခဲ့သည်။

‘ငါအနာဂတ်မှာမင်းကိုသေချာပေါက်တွေ့ရှာမယ် မင်းကိုကတိပေးတယ်။’

တဖြည်းဖြည်းသူ့ခန္ဓာကိုယ်မှ နွေးလာပြီးအိပ်မောကျသွားသည်။

***

သူနိုးလာသောအခါကောင်းကင်ကမှောင်နေပြီ။ သူကမနေ့ညကတည်းကအိပ်ပျော်သွားပြီးတစ်နေကုန်အိပ်ပျော်သွားတယ်

“အမေ အဖေ!” ထန်ဝူလင်သည်ထအော်သည်။ သူ၏ပင်ပန်းနွမ်းနယ်မှုပျောက်ကွယ်သွားပသော်လည်းသူ၏ဗိုက်ဆာနေသည်။

“သား၊ နိုးပြီလား” လန်ယွဲ့ အမြန်ပြေးဝင်လာသည်။

“အမေ၊ သားပြုပြင်မှုတစ်ထောင်အဆင့်ကိုအောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ။ “

လန်ယွဲ့ ၏မျက်လုံးများသည်နီရဲလာသည်။ သူမအတွက်ဒါကအရေးမကြီးပါဘူး၊ အရေးကြီးတာကသူ့သားရဲ့ကျန်းမာရေးကောင်းဖို့ပဲ။

“ကောင်လေး၊ မင်းရဲ့ခန္ဓာကိုယ်ကမသက်သာဘူးလား

ထန်ဝူလင်း ကခေါင်းခါလိုက်ပြီး “ဟင့်အင်ကျနော်ဗိုက်စာနေတာ စားစရာရှိသေးလား “

“ အမေကမင်းအတွက်ကြက်တစ်ကောင် ၀ ယ်ပြီးကြက်စွပ်ပြုတ်ပြုတ်ထားတယ်။ မင်းဆရာကမင်းနိုးတာနဲ့အားကုန်ထားလိုဗိုက်အရမ်းဆာမယ်လို့ပြောထားတယ်

***

၁၅ မိနစ်အကြာ။

လင်မယားနှစ်ယောက် တို့သည်စကားမပြောဘဲသားကိုငေးကြည့်နေသည်။။

ဒီ ၉ နှစ်အရွယ်ကလေးတစ်ယောက်ဟာကြက်စွပ်ပြုတ်တစ်အိုး၊ ပေါင်မုန့် ၅ လုံးနဲ့ဟင်းသီးဟင်းရွက်ပန်းကန် ၂ လုံးတို့နဲ့ပြည့်ဖြိုးနေတဲ့ကြက်သားတစ်ကောင် လုံးကိုစားလိုက်တယ်။ ဒါ့အပြင်သူကဗိုက်မဝသေးတဲ့ပုံပေါက်နေတယ်။ သူကသူ့ရဲ့ခြောက်ခုမြောက် မုန့်ကိုစားနေတုန်း

“ ငါတို့သားအတွက်ဟင်းအနည်းငယ်ထပ်ချက်ပါ ဦး” ထန်ကျီရမ် ကတံတွေးတစ်ချောင်းကိုမျိုချရင်းပြောလိုက်တယ်။ သားဖြစ်သူကဒီလိုစားနေတာကိုကြည့်ရင်းသူပါစားချင်လာတယ်။

လန်ယွဲ့ သည်ချက်ချင်းဆိုသလိုထရပ်လိုက်သည်။

ထန်ဝူလင်း သည်တကယ်စားနိုင်သည်၊ အထူးသဖြင့်ခွန်အားများစွာသုံးထားတာကို။

သူ့မျက်နှာမှာအပြုံးတစ်ခုရှိတယ်၊ “ အမေချက်ပြုတ်တာကအကောင်းဆုံးဘဲ။ ကျနော်ဗိုက်ပြည့်သွားပြီ ”

အဲ့အချိန်မှာ ထန်ဝူလင်း ကသတိရပြီး “အဖေ၊ မနေ့ကတစ်ထောင်ပြင်ဆင်မှုမှာကျနော် အောင်မြင်ခဲ့လား။ “

ထနိကျီရမ်ကပြုံးပြီးခေါင်းညိတ်သည်” မင်းအောင်မြင်ခဲ့တယ် မင်းရဲ့ဆရာကတောင်ချီးကျူးနေတာ မင်းသူ့ကိုမြန်မြန်သွားတွေ့ဦး”

ထန်ဝူလင်း “ဒါဆိုကျနော် သွားတော့မယ်!”

လန်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။ “အရမ်းနောက်ကျနေပြီ၊ မနက်ဖြန်ဘာလို့မသွားတာလဲ”

……

အဖနှစ်ယောက်မန်ထျန်း ၏အလုပ်ရုံသို့ ဦး တည်သွားကြသည်။

“ဆရာ၊ ကျနော်ရောက်ပြီ!” တံခါးဝကိုရောက်တာနဲ့ အော်လိုက်တယ်။ မန်ထျန်းအလုပ်ရုံထဲကနေထွက်လာတယ် သူက ထန်ဝူလင်းကိုမြင်တော့ပြုံးလိုက်ပြီး “ မင်းနိုးလာပြီးလား လာလာ မင်းမနေ့က လုပ်ထားတဲ့သန့်စင်မှုတစ်ထောင်ငွေသတ္ထုကို သွားကြည့်ရအောက် ငါအ့တာကို နေရာတောင်ရွေ့မထားဘူး” ဆိုပြီး ငွေစင်သတ္ထုကိုညွှန်ပြလိုက်သည်။

All Chapters