အခန်း (၃၂)
Vol. 3 Ch. 32
မန်ထျန်း က“ ဒါကိုမနေ့ကငါလုပ်ခဲ့တာ။ တစ်ကွင်းစီတိုင်းမှာ တစ်စတုရန်းမီတာရှိတယ် မင်းသုံးဖို့လုံလောက်တယ်။ “
ထန်ဝူလင်းကမန်ထျန်း ကိုတအံ့တသြကြည့်သည်။ ဒါဘာတွေလဲဆိုတာကိုကောင်းကောင်းသိသည်။ “ ဆရာ၊ ဒီသိုလှောင်ဝိညာဉ်ကိရိယာတွေမလား။ ဒါ…အဲဒါတွေကိုကျနော် မယူနိုင်ဘူး။ သူတို့ကအရမ်းတန်ဖိုးရှိတယ်။ ”
မန်ထျန် က“ ဒါတွေကအနိမ့်တန်းသိုလှောင်တဲ့ ၀ိညာဉ်ကိရိယာတွေပါ။ သူတို့မှာ ဝိညာဉ်စွမ်းအင်တောင် မရှိဘူး၊ ဒါကြောင့် ဝိညာဥ်မာစတာတစ်ယောက်သာသူတို့ရဲ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအားကိုသူ့ဆီကိုထည့်ရမယ်။ ဒါဟာတကယ်ပိုက်ဆံအများကြီးမတန်ပါဘူး မင်းငါ့အတွက်အလုပ်လုပ်နေတာကြာပြီ၊ မင်းရဲ့လုပ်အားခလည်းမများဘူး။ မင်းကိုအပိုဆုချတာ ”
“ ဒါပေမယ့်ငွေစင်သတ္ထုကိုလည်း ယူပြီးပြီလေ။ ပီးတော့ဒါက တကယ့်သိုလှောင်သောဝိညာဉ်ကိရိယာတစ်ခု။ သူကတစ်ခုရဖို့တောင်မတွေးဖူးဘူး၊ ဒါပေမယ့်အခု နှစ်ကွင်းတောင် သူ့ရှေ့မှာရှိနေတယ်။ သူ့ဆရာကသူ့ကိုတောင်လက်ဆောင်ပေးလိုက်သေးတယ်။ သူကမလိုချင်ဘူး သူဆရာ့စီကအများကြီးရထားပြီးပါပြီ
မန်ထျန်းထန်ဝူလင်းရဲ့လက်ကိုဆွဲကာဝတ်ပေးလိုက်သည် ထန်ဝူလင်းမျက်ရည်တွေကျလာသည်။
“ဆရာ…”
မန်ထျန်း စကားပုံတစ်ခုရှိတယ်၊ “လက်သီးကလက်ကိုမလွှတ်ဘူး၊ သီချင်းကပါးစပ်ကမထွက်ဘူး။ ငါတို့အတွက်ပန်းပဲသမားကငါတို့လက်ကိုမလွှတ်တာသံတူပဲ။ လမ်းတွေပေါ်မှာကျင်လည်တဲ့အခါမင်းရဲ့တူတွေကိုမင်းနဲ့အတူသယ်သွားရမယ်မလား။ မင်းအသေအချာမှတ်ထားရမှာက သွေးငွေစင်တူ တွေကိုမကြာခဏသုံးရမယ်။ မင်းရဲ့အော်ရာ ၊ မင်းရဲ့သွေးကြောတွေ၊ မင်းရဲ့ ၀ိညာဉ်စွမ်းအားတွေအားလုံးကိုအဲဒါကတိုးတက်လာစေမယ် မင်းအနာဂတ်မှာအင်အားကြီးလာရင်အဲဒါကနောက်ထပ်သန့်စင်တဲ့အကျိုးတစ်ခုကိုတောင်ရနိုင်တယ်။
“ ဒါဆိုအခု အိမ်ပြန်ပြီး မင်းရဲ့ပစ္စည်းတွေကိုထုပ်ပိုးပါ။ မင်း အရှေ့ပင်လယ်မြို့ ကိုမသွားခင်ငါ့ကိုနောက်ထပ်တစ်ခေါက်လာတွေ့ ပါ။ ”
အခုတော့မင်းရဲ့ ဝိညာဉ်စွမ်းအားကိုစနစ်တကျလေ့ကျင့်ပါ။ ဝိညာဉ်စွမ်းအားသည်အရာအားလုံး၏အခြေခံဖြစ်သည်ကိုမင်းအမြဲမှတ်ထားရမယ်။ မင်းမှာနတ်ဘုရားအစွမ်းရှိရင်တောင်သူ့မှာကန့်သတ်ချက်တွေရှိနေမှာပဲ မင်းဝိညာဥ်စွမ်းအားမတိုးတက်ရင် မင်းဘယ်စိတ်ဝိညာဥ်နဲ့မှပေါင်းစပ်နိူင်မှာမဟုတ်ဘူး မင်းရဲ့ သတ္ထုလက်စွပ်တွေကိုစမ်းကြည့် ဝိညာဉ်စွမ်းအားအချို့ထည့်ပြီးထိန်းချုပ်ဖို့မင်းရဲ့ စိတ်ကိုသုံးဖို့ပဲလိုတယ်။ ဒါဆိုရင်မင်းကမင်းလိုချင်တဲ့ဘယ်ပစ္စည်းကိုမဆိုသိမ်းထားမယ်။ ”
ထန်ဝူလင်း ကခေါင်းငြိမ့်လိုက်ပြီးသူ၏တစ်ထောင်သန့်စင်ထားသောလေးလံသောငွေရောင်သံတူနှစ်ချောင်းကိုကောက်ယူလိုက်သည်။
ခေတ်ပြောင်းလာသည်နှင့်အမျှဝိညာဉ်ဆိုင်ရာကိရိယာများသည်လူ့အဖွဲ့အစည်းထဲသို့နက်ရှိုင်းစွာထိုးဖောက်လာသည်။ အမှန်မှာဝိညာဉ်ကိရိယာအားလုံးသည်လည်ပတ်ရန်ဝိညာဉ်စွမ်းအားမလိုအပ်ပါ။ လူသားသည်လေ၊ ရေ၊ နေ၊ စသည့်စွမ်းအားများကိုမည်သို့အသုံးချရမည်ကိုလေ့လာပြီးသားဖြစ်သည်။ ဤနည်းလမ်းသစ်များဖြင့်သူတို့သည်ဝိညာဉ်စွမ်းအားနှင့်ဆင်တူသောစွမ်းအင်များကိုထုတ်လုပ်နိုင်ခဲ့သည်။ အထူးသဖြင့် ဝိညာဥ်စက်ပစ္စည်းဖွံ့ဖြိုးမှုတွင်စွမ်းအင်သစ်ကိုကုန်သွယ်ရေးတိုင်းတွင်အသုံးပြုခဲ့သည်။ ဝိညာဥ်စက်ကိရိယာများသည်အဖွဲ့ချုပ်၏အဓိကတိုက်ခိုက်ရေးလက်နက်အဖြစ်သို့ရောက်နေပြီဖြစ်သည်။
ယခုအရာသည်သူကိုယ်တိုင် ဝိညာဉ်ကိရိယာတစ်ခုကိုပိုင်ဆိုင်သောပထမဆုံးအကြိမ်ဖြစ်သည်။
ထို့ပြင် ထန်ဝူလင်း သည်သိုလှောင်သောဝိညာဉ်လက်စွပ်၏ထွင်းထုထားသောကမ္ပည်းစာများမှ၎င်းသည်သူ၏ဆရာပြောသကဲ့သို့အဆင့်နိမ့်ဝိညာဉ်ကိရိယာတစ်ခုမဟုတ်ကြောင်းရှင်းရှင်းလင်းလင်းသိေနသည်။ အထူးပြုလုပ်ထားသော ၀ိညာဉ်ကိရိယာတစ်ခုဖြစ်သည်။ ၎င်း၏စျေးနှုန်းမှာသေချာပေါက်မြင့်မားမှာပါ။
သူဒါတွေကိုအရမ်းကြိုက်ပြီး သူတကယ်လည်းလိုအပ်နေတာပါ သူသူ့ဆရာ၏အကြင်နာတရားကိုသူ၏နှလုံးသားထဲတွင်မှတ်သားလိုက်သည် ကြီးမားသောကြင်နာမှုကိုရိုးရှင်းသောစကားများဖြင့်မကျေးဇူးတင်နိုင်ပါ၊ ထန်ဝူလင်း သည်သူ၏အတွေးများဖြင့်လက်စွပ်များကိုထိန်းချုပ်လိုက်သောအခါမှိန်ဖျော့နေသောငွေရောင်အလင်းတန်းတစ်ခုထွက်လာပြီး ငွေစင်တူနှစ်ချောင်းသည် သူ့ရဲ့ငွေလက်စွပ်ထဲသို့ ဝင်သွားသောအခုလုံးဝမလေးတော့တစ်စတုရန်းမီတာသည်မကျယ်သော်လည်း တူတစ်စုံအပြင်အခြားအရာများပါထားဖို့လုံလောက်သည်။
အတွေးတစ်ခုနှင့်အတူဝိညာဉ်စွမ်းအားကိုကွင်းထဲသို့ထည့်လိုက်ပြီးတူနှစ်ချောင်းသည်သူ၏လက်ထဲတွင်ပြန်ပေါ်လာသည်။ မန်ထျန်း ခေါင်းညိတ်လိုက်သည်။
“ မင်းအခုအိမ်ကိုပြန် ငါ့သတိပေးချက်တွေကိုလည်း အမြဲသတိရပါ။ ”
“ ဟုတ်ကဲ့။ ’
အိမ်အပြန်လမ်းတွင် ထန်ဝူလင်းအရမ်း ဝမ်းသာနေသည်။ သူရဲ့ တူနှစ်စုံသည် စွမ်းအားများရှိသည်ကိုသိလာသင့်အပြင် သိုလှောင်လက်စွပ်နှစ်ကွင်းပါရလာသည် သူ့အတွက်အဖိုးတန်ဆုံးအရာများပင်ဖြစ်လာခဲ့သည်။
“ဇီရန်၊ မင်းတကယ်ဆုံးဖြတ်ပြီးပြီလား”
လန်ယွဲ့ ကစိတ်ဆင်းရဲမှုအပြည့်နဲ့သူ့ခင်ပွန်းကိုကြည့်ရင်းပြောလိုက်တယ်။
ထန်ကျီရမ် သက်ပြင်းချလိုက်သည်။
“ ငါ့ရဲ့အားနည်းချက်ကငါတို့သားရဲ့အနာဂတ်ကိုထိခိုက်နေပြီ။ ငါဒီအတိုင်းဆက်သွားလို့မရဘူး “
လန်ယွဲ့ကမျက်ရည်များကျနေသောမျက်လုံးများနှင့် “ဒါပေမယ့်ဒီလိုသာဖြစ်ရင်ငါတို့သားလေးနဲ့ ပြန်မတွေ့ခင်ဘယ်လောက်ထိကြာမယ်ဆိုတာဘယ်သူသိမလဲ ... “
ထန်ကျီရမ်က” ငါတို့သားက သာမန်မဟုတ်ဘူး ငါ့ကြောင့်သာမဟုတ်ရင် သူက အားကောင်တဲ့စိတ်ဝိညာဥ်နဲ့တောင်ပေါင်းစပ်နိုင်တယ်။ ငါငွေမရှာနိုင်ခဲ့လို့သာ ။ သူသာ အ့လိုပေါင်းစပ်နိုင်ရင် ပိုပြီးထူးချွန်မှာ
မန်ထျန်း ကလည်းငါ့ကိုပြောတယ် သားက ပန်းပဲပညာမှာတော်တော်လေးတော်တယ်တဲ့ ကြာလာရင် သူ့ထက်တောင်ကျော်သွားနိုင်တယ်တဲ့မန်ထျန်းက ကြယ်ခြောက်ပွင့်ပန်းပဲဆရာလေ သူမန်ထျန်းကိုကျော်သွားရင် ဘယ်အဆင့်ရောက်သွားနိူင်တယ်ဆိုတာဘယ်သူမှတော့မပြောနိုင်ဘူးပေါ့
ဒါပေမဲ့ သူက ဝိညာဥ်မာစတာဖစ်ချင်နေတုန်းပဲ သူဘယ်လောက်ပဲပန်းပဲပညာမှာတော်တော် သူကဝိညာဥ်မာစတာတစ်ယောက်ဖြစ်ချင်တာ သူ့အဖေဖြစ်တဲ့ငါက အ့လိုလုပ်မပေးနိုင်လို့ မချင်မရဲဖြစ်နေတာကြာပြီး
အ့တော့ငါ အခုကိစ္စကိုလုပ်ရမယ် “