← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

"အဲ့တာ ငါ့ညီမထိုးထားတာကွ"

စောင်ပေါ်တွင်ပန်းပုံစံ ချည်ထိုးပန်းချီများသည် မပြည့်စုံသော်လည်း နာအယ်၏ အမှတ်တရတစ်ခုဖြစ်နေတုန်းပင်ဖြစ်သည်။

ထန်ဝူလင်း ထိုအချိန်ကိုသေချာမှတ်မိနေသေးသည်။

သူကသူမကိုတောင် လှောင်ပြောင်ပြီး

"ဒီပန်းလေးတွေက မင်းလောက်မလှသေးပါဘူး" ဟုပင်ပြောခဲ့ဖူးသည်။

"လူယုတ်မာက ဒီမှာနော် ငါကတရားခံ"

ကျောင်ကျန်စီက သူ့ကိုသူ လက်ညိုးထိုး

ညွှန်ပြနေသည်။

အခြားကုတင်ပေါ်တွင်ထိုင်နေသော ယွမ်ရှောင်သည် အခြေထဲရှိ အခြေအနေမှာ တစ်ခုခုမှားနေပြီဟု ရုတ်တရက်ခံစားလိုက်ရသည်။

တစ်ခုခုက အခန်း၏လေထုကိုလွှမ်းမိုးလာသည်။ အခန်းသည် ယရင်ကထက်ပင် ပိုအေးလာသည်ဟု ခံစားနေရသည်။

ထန်ဝူလင်းသည် သူ့ခေါင်းကိုဖြည်းဖြည်းချင်းမြှောက်လိုက်သည်။

သူ၏မျက်လုံးများသည်နီရဲလာပြီး လက်သီးများကို တင်းကြပ်စွာဆုပ်ထားသည်။ လက်သီးမှာမှ တဖျစ်ဖျစ်အသံများပင် ထွက်နေသည်။

ကျောင်ကျန်းစီသည် ထန်ဝူလင်းကို အပေါ်မှမိုးကြည့်ပြီး

"မင်းငါ့ကို ပြေးကိုက် မလို့လား"

ထန်ဝူလင်းသည် ဘာကိုမှမပြောပဲ လက်မောင်းကို ဆန့်တန်းလိုက်ပြီးအမြောက်ဆံကဲ့သို့ လက်သီးမျိုးဖြင့် ကျောင်ကျန်စီကိုပြေးထိုးသည်။

ကျောင်ကျန်စီသည် အရူးတစ်ယောက်မဟုတ်သဖြင့် ထန်ဝူလင်းသည် မည်သည့်အချိန်မဆို ပေါက်ကွဲနိုင်သည်ကို သိထားသည်။ သူ အဆင်သင့်ဖြစ်ပြင်ထားပြီသားဖြစ်သည်။

သူ့ဆီကို ဝင်လာသောလက်သီးကို

တွေ့လိုက်သည်နှင့် ချက်ချင်းဆိုသလို သူ့ရဲ့ညာလက်ဖြင့် ထိုလက်သီးကို လမ်းကြောင်းပြောင်းရန်

ဖမ်းစီးလိုက်သည်။ ကျောင်ကျန်းစီသည် ထန်ဝူလင်း၏ လက်သီးကို အသာအယာဖမ်းနိုင်မည်ဟု မှတ်ထင်ထားသော်လည်း ထန်ဝူလင်း၏ လက်သီးသည် သူဖမ်းလိုက်သောနေရာတွင် ရပ်မသွားပဲ သူ၏ ရင်ဘက်သို့ထိမှန်သွားကာ ကျောင်ကျန်စီသည် ပြတင်းပေါက်မှတစ်တဆင့် အိပ်ဆောင်အပြင်ဖက်သို့လွင့်ထွက်သွားလေသည်။ ထိုနောက် ပြုတ်ကျသံနှင့်အတူ ငြီးသံများထွက်လာသည်။

ထန်ဝူလင်းလက်မှ အငွေ့များထွက်နေပြီး ယွမ်ရှောင်မှာ လက်ထဲရှိစာအုပ်ပင်လွတ်ကျသွားသည်ထိ လန့်သွားသည်။

ကျောင်ကျန်းစီ ၏သိုင်းဝိညာဉ်သည် တိုက်တန်လူဝံဖြစ်သည်။ သူသည်အဆင့် ၁၁ ဝိညာဉ်မာစတာဖြစ်သည်။

သူ၏ဝိညာဉ်စွမ်းအားသည်အလွန်မြင့်မားခြင်းမရှိသော်လည်း သူသည် သူ့အသက်၌ ယွမ်ရှောင် တွေ့ဖူးသမျှထဲတွင်အစွမ်းထက်ဆုံးသောသူဖြစ်သည်။

ယွမ်ရှောင်သည် ထန်းဝူလင်း ကျောင်ကျန်စီကိုထိုးလိုက်သည်မှာ ဝိညာဥ်စွမ်းအား

လုံးဝ မပါသည်ကို သိသည်။ ထိုလက်သီးသည်ပြင်းထန်သော ခွန်အားသီးသန့်ဖြင့်သာ ထိုးခဲ့ခြင်းဖြစ်သည်။

ကျောင်ကျန်းစီ၏သိုင်းဝိညာဉ်သည် တိုက်တံလူဝံ ဖြစ်နေသောကြောင့် သူ၏အရိုးများသည် သာမန်လူတစ်ယောက်ထက် ပိုမိုမာကျောသည်။ ရလဒ်အနေနှင့်သူသည်ကိုးနှစ်သားအရွယ်၌ ပုံမှန်ထက်တောင့်တင်းလေသည်။

ဤမျှ တောင့်တင်းသောကိုယ်ခန္ဓာဖြင့်ပင် ထန်ဝူလင်း၏ထိုးနှက်မှုကြောင့်ပြတင်းပေါက်မှ လွင့်သွားခဲ့သည်။

ဒီလိုလုပ်ဖို့အင်အားဘယ်လောက်လိုလဲ ... ?

ထိုအချိန်တွင် လူငယ်တစ်ဦးသည် အေးစက်နေသောမျက်နှာနှင့်အနက်ရောင်အားကစားဝတ်စုံ ၀တ်ထားကာ အခန်းထဲသို့ ၀င်လာခဲ့သည်။

သူသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသောအရာများကို ကြည့်ပြီး သူ့မျက်မှောက်ကြုတ်လိုက်သည်။ ထို့ကြောင့် အခန်းထဲသို့ဝင်ရန် ကြမ်းပြင်ရှိ အရာများကို ခြေထောက်ဖြင့် ကန်၍ လမ်းရှင်းလိုက်သည်။

ထန်ဝူလင်းသည် ကျောင်ကျန်စီမှာ နာအယ်ထိုးထားသောပန်းပွင့်ပေါ်သို့ တက်နင်းလိုက်သောအခါ သူအလွန်ဒေါသထွက်သွားခဲ့သည်။ ယခုလည်း ရေခဲမျက်နာဖြင့် ဤလူငယ်သည် ထိုပန်းပွင့်ပုံစံများပါသော စောင်ကိုကန်လိုက်သောအခါ နောက်တစ်ကြိမ်ဒေါသထွက်လာပြီး တိုက်ခိုက်ရန်ပြေးဝင်လိုက်သည်။ ရေခဲမျက်နာနှင့်သူသည် တစ်ဖက်သို့စောင်းကားရှောင်လိုက်ပြီး သူ့အားလှည့်ပင်မကြည့်ပဲ တံတောင်ဖြင့် ကျောကုန်းကို တိုက်ခိုက်လိုက်သည်။

ထန်ဝူလင်းလဲကျသွားသည်။ အေးစက်သောမျက်နာဖြင့် လူငယ်သည် ထန်ဝူလင်းနောက်ကျောကို တံတောင်ဖြင့် ထိလိုက်ရသောအခါ ထန်ဝူလင်းထံမှ ပြင်းထန်သောအားတစ်ခုကိုခံစားလိုက်ရသည်။

ထန်ဝူလင်း ချက်ချင်းပင် ပြန်ထလာသည်။

အေးစက်သောမျက်နာဖြင့်လူငယ်သည် စွမ်းအားမကြီးမားသော်လည်း သူ၏ တိုက်ခိုက်မှုကို ရွယ်တူများအနေဖြင့် မည်သူမျှမခံနိုင်ခဲ့ပေ။ ယခု ထန်ဝူလင်းကဘာမှမဖြစ်သကဲ့သို့ ထ လာလေရာ သူ အံ့သြမိ သွားသည်။ ယွမ်ရှောင်သည် မူလတန်းကျောင်း တွင် မာစတာဦးနောက်ဟု တင်စားခံသော်လည်း ယခုလူများကြားတွင် ဘာမှမဟုတ်သလိုခံစားနေရသည်။

ထန်ဝူလင်း၏ခြေထောက်မှအဖြူရောင် ဝိညာဥ်ကွင်း ထွက်လာပြီး လက်မှငွေပြာမြက်သိုင်းဝိညာဥ် ထွက်လာသည်။

ငွေပြာမြက်နွယ်ပင်များသည် အခန်းထဲကို ဖုံးလွှမ်းသွားသည်။ မာနကြီးပုံရသောလူငယ်သည် သွက်လက်သော်လည်းအခန်းကျဥ်းလေးထဲတွင် ငွေပြာမြက်နွယ်ပင်များကို ဘယ်လိုမှမရှောင်နိုင်ခဲ့ပေ။

ထန်ဝူလင်းနှင့်အတူ သူ့တွင်လည်း အဝါရောင်ဝိညာဥ်ကွင်းတစ်ခု ထွက်လာပြီး ဓားမြှောင်ပုံစံ သိုင်းဝိညာဥ်တစ်ခုထွက်လာသည်။ သူသည် ငွေပြာမြက်များကို လွယ်လွယ်ကူကူ ဖျက်စီးနိုင်မည်ဟု ထင်မှတ်ထားသော်လည်း အထင်နှင့်အမြင်လွဲသွားခဲ့သည်။ မာနကြီးပုံရသောလူငယ်သည် ငွေပြာမြက်များကို ဓားမြှောင့်ဖြင့်ခုတ်ဖြတ်ရန်ကြိုးစားခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ငွေပြာမြက်များသည် သူ့ကိုတင်းကြပ်စွာရစ်ပတ်ထားလာသည်နှင့်အတူ သူ၏ ဓားမြှောင်သိုင်းဝိညာဥ်ပင်အားပျော့လာသည်။ ထိုအချိန်တွင် နဂါးဟိန်းသံနှင့်အတူ လူတစ်ယောက်ထွက်လာသည်။

All Chapters