← Chapters

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း၏အခြားတစ်ဖက်ရှိနှစ်ထပ်ကုတင်တွင် အပေါ်ဆုံးထပ်ကိုဖျက်ဆီးခဲ့ပြီးအောက်ဆုံးထပ်မှာကျောင်ကျန်စီ၏အိပ်ယာ ဖြစ်သည်။

ထန်ဝူလင်း ကသူ့ပစ္စည်းတွေကိုသပ်သပ်ရပ်ရပ်လုပ်ပြီးကြမ်းပြင်မှာထားလိုက်တယ်။

ကျောက်ကျန်စီက “ မင်းထစမ်း “

ထန်ဝူလင်းက “ တော်ပြီး မတိုက်ချင်တော့ဘူး “

ကျောက်ကျန်စီက “ မင်း “

ထိုစဥ် ယွမ်ရှောင်က အပေါ်ထပ်ကုတင်ကမှ ဆင်းလာပြီး

“ မင်းဆရာလုံပြောတာတွေမကြားဘူးလား မင်း တိုက်ခိုက်ရေးသမားတစ်ယောက်မဖြစ်ချင်တော့ဘူးလား “

ကျောင်ကျန်စီတစ်ယောက် ပျက်စီးလက်စ ကုတင်ကို ရိုက်ခွဲပြီးစိတ်လျော့လိုက်သည်။ ထိုအချိန်မှာ

“ ရန်ကတော့ ဖြစ်သင့်တယ် “

လူလတ်ပိုင်းတစ်ယောက်က ကုတင်ကြီးတစ်ခုသယ်ပြီးဝင်လာလေသည်။ လူလတ်ပိုင်းလူ သည် လူငယ်လေးယောက်ကြားက အငွေ့အသက်တွေကိုကြည့်ပြီး ကျော ချမ်းသွားသည်။ထို့နောက် ပျက်စီးနေသောကုတင်ကို ဖယ်လိုက်ပြီး သူယူလာသော ကုတင်ဖြင့် အစားထိုးလိုက်သည်။ထိုနောက်

“ မင်းတို့ ကျောင်းစတက်တဲ့နေ့မှာတိုက်ခိုက်ကြတာမှန်တယ် မင်းတို့ က်ုတောက်ပတဲ့အနာဂတ်တွေစောင့်ကြိုနေတယ် ခုတော့ ယခုတော့ခုကုတင်က ဒင်္ဂါး ၁၀၀၀၀ ကျတယ်။

ဒါကြောင့်မင်းတို့ပိုဖျက်စီးလေ ငါပိုက်ဆံပိုရလေပဲ “

ဒင်္ဂါ10000 ထန်ဝူလင်းအံ့သြ သွားတယ်။ သူသုံးနှစ်လုံးအလုပ်လုပ်တာမှ30000ပဲစုလို့ရခဲ့တာပါ ထို့ကြောင့် “ ဆရာမှားများနေလား ကျနော်အပြင်က သွားဝယ်လို့ရမလား”

ဆရာက “ မရဘူး ကျောင်းမှာ ကျောင်းပိုင်ပစ္စည်းတွေကိုဖျက်စီးတာက အရမ်းအပြစ်ကြီးတယ် မင်းက ထန်ဝူလင်းဖြစ်ရမယ် မင်းကုတင် ပြတင်းပေါက် နဲ့နံရံပြုပြင်ခ 34000ကျတယ် ရုံးခန်းမှာသွားပေးလိုက်ပါ “ ထန်ဝူလင်း အံ့သြသွားသည်။

ထန်ဝူလင်း ကသူ့ကုတင်ပေါ်မှာထိုင်ပြီးဘာလုပ်ရမလဲစဉ်းစားနေတယ်။ ဖက်ဒရယ်ဒင်္ဂါးပြား ၃၄၀၀၀ ၎င်းသည်စုဒင်္ဂါးပြား ၃၄၀၀၀ ဖြစ်သည်။

"ငါ့နာမည် ရှဲ့ရှဲ့" မာနထောင်လွှားသောလူငယ်သည် လမ်းလျှောက်လာပြီးသူ့ကိုယ်မိတ်ဆက်ခဲ့သည်။

"ရပါတယ်။" ဝူလင်း ကမသိမသာဖြေလိုက်သည်။

ရှဲ့ရှဲ့က “ မင်းကိုဘယ်သူကခင်မယ်ပြောလဲ ငါနာမည်ရှဲ့ရှဲ့ မင်းငါ့ကိုကျောင်းအပြင်ဘက်မှာလာတိုက်ခိုက်ပါ “ ထိုမာနကြီးသောလူငယ်သည် ထန်ဝူလင်း ရထားဘူတာတွင်တိုက်မိသောတစ်ယောက်ပင်ဖြစ်သည်။

ရှဲ့ရှဲ့သည် သူငွေပြာမြက် သိုင်းဝိညာဥ်လို့ သိုင်းဝိညာဥ်မျိုးက သူ့ကိုအနိုင်ယူသွားတာကိုဘယ်လိုမှလက်ခံလို့မရ ငယ်ငယ်ထဲက ဘယ်သူမှသူ့ကိုမရိုက်ခဲ့ ယခုကြမှ အရိုက်ခံရရုံသာမက သိုင်းဝိညာဥ်အစုတ်ပလုပ်ထံမှာပါ ရှုံးခဲ့ရသဖြင့် ရှက်လွန်းပြီး ဒေါသများထွက်ကာစကားပင်မပြောနိုင်ပေး

လုံဟိန်းစု ၏စကားများအရသူ၏မှတ်တမ်းတွင်အစွန်းအထင်းကိုသူလက်မခံနိုင်ပါ။

"ထွက်သွား!" ထန်ဝူလင်းပြောလိုက်တယ်

"ဘာပြောလိုက်တာလဲ?" ရှဲ့ရှဲ့ ၏ခန္ဓာကိုယ်မှအစွမ်းထက်။ အေးစက်သောအငွေ့အသက် တစ်ခုထွက်လာသည်။

ထန်ဝူလင်းမျက်လုံးနှစ်စုံနဲ့သူ့ကိုကြည့်ပြီး "မင်းလူတွေကိုအနိုင်ကျင့်တာမပြီးသေးဘူးလား။ ဖက်ဒရယ်ဒင်္ဂါးပြား ၃၄၀၀၀ ဖက်ဒရယ်ဒင်္ဂါးပြား ၃၄၀၀၀ ကငါ့အတွက်ဘယ်လောက်လဲမင်းသိလား။ ငါအဲလိုဆို အကယ်ဒမီကို တက်နိုင်မှာမဟုတ်တော့ဘူးကွ မင်းသိလား မင်းတော်တော်ရန်ဖစ်ချင်နေလား “

"မင်းအဲဒါကိုစိတ်အနှောင့်အယှက်ဖြစ်နေတာလား"

ရှဲ့ရှဲ့ ကသူ့ကိုမျက်မှောင်ကြုတ်ကြည့်လိုက်သည်။

“ ငွေအတွက်စိတ်ပူစရာမလိုဘူး၊”

ဒင်္ဂါး ၃၄၀၀၀ ကသူ့အတွက်ဘာမှမဟုတ်ပေ။

ထန်ဝူလင်း က“ ငွေဒင်္ဂါး ၃၄၀၀၀ မများဘူး၊ ဒါပေမယ့်ငါစိတ်ပူတာကနှစ်အတော်ကြာအလုပ်လုပ်ပြီးတာတောင်ငါဒီလောက်ဝင်ငွေရမှာမဟုတ်ဘူး။ ငါ့ကိုထပ်ပြီးမနှောင့်ယှက်ပါနဲ့၊ ဒီလိုမှမဟုတ်ရင်မင်းကိုငါအန္တရာယ်ပေးမိလိမ့်မယ်။ ”

"ငါငွေကိုစိုက်ထုတ်မယ်၊ ဒါကြောင့်ငါနဲ့တိုက်ပါ။ "

ရှဲ့ရှဲ့ ကအေးစက်စွာအော်လိုက်သည်။

ထန်ဝူလင်း ကကြက်သေသေဖြင့် "အဲဒါကိုမင်းပေးမှာလား"

ရှဲ့ရှဲ့ သည် ထန်ဝူလင်း၏မျက်လုံးများမှအနီရောင်များပျောက်ကွယ်သွားသည်ကိုမြင်သည်နှင့်အံ့သြဝမ်းသာသွားသည်။

"ငါပေးမယ်!" ရှဲ့ရှဲ့ ကပြောတယ်။

“ ကောင်းပြီ!” "ငါတို့ဘယ်အချိန်တိုက်မလဲ"

တိုက်ပွဲတစ်ခုသာဖြစ်ပြီးသူသည်ဖက်ဒရယ်ဒင်္ဂါး ၃၄၀၀၀ ကိုရရှိလိမ့်မည် သူကဒီလောက်များတဲ့ငွေတွေနဲ့သူ့ကိုယ်သူရိုက်နှက်ဖို့တောင်ခွင့်ပြုနိုင်တယ်

ထန်ဝူလင်း ၏စိတ်ထက်သန်သည့်အသွင်အပြင်ကြောင့် ရှဲ့ရှဲ့ သည်မယုံကြည်နိုင်ဘဲစိတ်မသက်မသာခံစားလိုက်ရသည်။

“ မနက်ဖြန်။ ”

ရှဲ့ရှဲ့ လှည့်မကြည့်ဘဲထွက်သွားသည်။

သူကသူ့ရဲ့ရောင်ရမ်းနေတဲ့မျက်နှာကိုအရင်သွားကြည့်ချင်တယ်၊ အခန်းထဲမှထွက်သွားပြီးနောက်မျက်နှာသုတ်ပုဝါတစ်ထည်ပေါ်လာပြီးသူ့မျက်နှာကိုဖုံးလိုက်သည်။

ထန်ဝူလင်း ကသူထွက်သွားတာကိုကြည့်ရင်းသူက 'ဒီမြို့ကလူတွေတကယ်ချမ်းသာတာဘဲ' လို့သူ့ကိုယ်သူတွေးခဲ့တယ်။

ယွမ်ရှောင် ကချောင်းဆိုးလိုက်သည်။

“ အခုနေ့လည်စာစားချိန်ရောက်နေပြီ။ ဝူလင်း၊ မင်းအတူတူသွားချင်လား။ "

"ကောင်းသားပဲ!"

သူဗိုက်ဆာနေတာကြာပြီဟုခေါင်းညိတ်သည်။ ကျောင်ကျန်စီ သည်အပေါ်ထပ်မှခုန်ချလိုက်သည်။ မကျေမနပ်မုန်းတီးမှုလျော့နည်းသွားသည်။

ထန်ဝူလင်းတစ်ဦးတည်းဆင်းရဲသည် မဟုတ်ပါ။ ကျောင်ကျန်စီ သည်သာမန်မိသားစုမှလာသည်။ သူသည်ပြုပြင်ရန်အတွက်ကုန်ကျစရိတ်ကိုကြားသောအခါကြောက်ရွံ့နေ သည်။ ဤအဖြစ်အပျက်သည်သူ့ကြောင့်သာဖြစ်သည်။ သို့သော် ထန်ဝူလင်း ကသူ့ကိုလျော်ကြေးတစ်စုံတစ်ရာမျှမတောင်းခဲ့ပေ။ ဤလုပ်ရပ်က ထန်ဝူလင်း ကိုပိုမိုအထင်ကြီးစေသည်။အလယ်အလတ်ဌာနခွဲ၏ထမင်းစားခန်းသည်အဓိကကျောင်းအဆောက်အ ဦး ၏ဘေးဘက်တွင်တည်ရှိသောအဆောက်အအုံငယ်တစ်ခုဖြစ်သည်။ အဆောက်အ ဦး သည်သုံးထပ်ဖြစ်ပြီးအလယ်တန်းအကယ်ဒမီ၏ခြောက်တန်းလုံးအတွက်အဆင်ပြေသည်။ ပထမတန်းနဲ့ဒုတိယတန်းကျောင်းသားများက ပထမထပ်တွင်စားရသည်။

ထမင်းစားခန်းတွင်ကုလားထိုင်မရှိပဲ စားပွဲများသာရှိသည်။ ၎င်းသည် အရှေ့ပင်လယ်အကယ်ဒမီ ၏ဓလေ့တစ်ခုဖြစ်သည်။ ကျောင်းသားများအား အမြဲအသင့်ပြင်တတ်စေရန် မတ်တပ်ရပ်၍ထမင်းစားရမည်။

ထမင်းစားခန်းတွင် ကောင်တာပြတင်းပေါက် ၃ ခုရှိလေသည်။

ယွမ်ရှောက်က ထန်ဝူလင်းကို ကောင်တာများအကြောင်း အားရှင်းပြသည်၊ တတိယကောင်တာတွင်အခမဲ့အစားအစာရှိသည်၊ ဒုတိယေကာင်တာမှအစားစာများကိုငွေကြေးဖြင့်ရောင်းသည်၊ပထမကောင်တ.သည် စျေးအကြီးဆုံးဖြစ်သည်။

ပုံမှန်အားဖြင့်ပထမကောင်တာသည်အကောင်းဆုံးအစားအစာများရှိပြီး ဒုတိယကောင်တာနှင့်တတိယေကာင်တာသည်အခြေခံအကျဆုံးသာမန်အစားအစာများဖြစ်ခဲ့သည်။

တတိယကောင်တာတွင် ကောက်ညှင်းထုပ်ဟုရေးထားပြီး ထိုအရာကိုမြင်သော ကျောင်ကျန်စီက တစ်ချက်ကြည့်လိုက်ပြီး “ ထန်ဝူလင်း အကယ်ဒမီမှာရန်ဖစ်လို့မရဘူး အ့ကြောင့် ငါတို့အစားပြိုင်ကြမယ် “

ထန်ဝူလင်းက “ ကောင်ညှင်းထုပ်လောက်ပါ့မလား”

“ ရတယ် အကယ်ဒမီက လူတစ်ယောက်စားနိုင်သမျှအကုန်ကျွေးတယ် ဝိညာဥ်မာစနာတွေက သာမာန်လူတွေထပ် ပိုစားနိုင်တယ် အ့ကြောင့်ဘာဖစ်ဖစ်လောက်မှာပဲ “

သူတို့၏ အစားပြိုင်ပွဲစတင်..

All Chapters