အခန်း (၄၄)
Vol. 3 Ch. 44
ထန်ဝူလင်း ပန်းပဲခန်းထဲမှပြန်ထွက်လာသောအခါ အလွန်ပျော်ရွင်နေသည်။ သူ့ပညာကိုအသိမှတ်ပြုလို့မဟုတ်ပေ အဆင့်နှစ်ပန်းပဲ ဆရာဖြစ်သွားသောကြောင့်လည်းမဟုတ်ပေ။
သူ တီထွင်ပုံသွင်းလိုက်သောငွေစင်သတ္ထု အစိတ်အပိုင်းသည် ဒ်ဂါးတစ်သောင်း တန်းကြေးရှိပြီး သူဒ်ဂါးတစ်သောင်းရခဲ့သောကြောင့်ဖြစ်သည်။
ချန်ယွဲ့က ပန်းပဲသမားတံဆိပ်ကိုလက်ခံရန်နှင့်အသင်းမှအလုပ်များစတင်ရန်နှစ်ရက်အတွင်း အဖွဲ့ သို့တပြန်လည်အစီရင်ခံရန်ပြော ကြားခဲ့သည်။
"မန်ထျန်း!" သူ၏အသိမိတ်ဆွေဟောင်းထံသို့ဖုန်းခေါ်ဆိုမှုသည်နောက်ဆုံးတွင်ရရှိခဲ့သည်။
"အင်း" မန်ထျန်း ၏အသံသည်သူတို့နောက်ဆုံးစကားပြောသည့်အချိန်ကဲ့သို့တစ်လေသံထဲဖစ်သည်
"မင်းဒီလောက်အဖိုးတန်တဲ့အရာကိုမင်းဘယ်မှာတွေ့တာလဲ" ချန်ယွဲ့ ကစိတ်မရှည်စွာသူ့စက်ထဲမှပြောလိုက်သည်။
မန်ထျန် က "မင်းဘာပြောနေတာလဲ" ဟုပြန်ဖြေသည်။
"ငါဘယ်သူကိုပြော တယ်ထင်လဲ။ မင်းရဲ့ကိုးနှစ်အရွယ်ဒုတိယအဆင့်တပည့်။ ပို အံ့သြစရာကောင်းတာကသူက ငွေစင်သတ္ထုနဲ့ နှင့်စက်အစိတ်အပိုင်းတစ်ခုကိုလုပ်ခဲ့တယ်။ မင်းဒီကလေးကိုဘယ်လိုလေ့ကျင့်ပေးခဲ့လဲ "
"ဟေ့မင်းတစ်ခုခုပြောလို့ရမလား"
မန်ထျန်း ထံမှတုံ့ပြန်မှုမရှိခြင်းကြောင့် ချန်ယွဲ့ကျေမနပ်ဖြစ်ခဲ့သည်။
“ ငါ့မှာပြောစရာမရှိဘူး။ ဒီကလေးက ခွန်အားကြီးတယ် ထက်သန်တဲ့စရိုက်လက္ခဏာရှိတယ်။ ဒါပါပဲ။" မန်ထျန်း ကပြတ်ပြတ်သားသားပြောတုန်းပဲ။
“ ပြောပါဦး မင်းဘာလို့ဒီကလေးကိုငါ့စီပို့လိုက်တာလဲ မင်းမှာအချိန်မရှိလို့လား ငါသင်ပေးရင်ပိုပြီး အောင်မြင်နိုင်လို့လား မင်းတစ်ခုခုပြောစမ်းပါ” ချန်ယွဲ့ပြောနေတုန်းပဲ မန်ထျန်းက ငါမအားဘူးဆိုပြီးဖုန်းချသွားတယ်
တူ တူ တူ......!
"ခွေးကောင်!" ချန်ယွဲ့ ဒေါသထွက်သွားသည်
"ဆရာ၊ကျနော့် ကိုရှာနေတာလား" ထိုအချိန်တွင်အသက်နှစ်ဆယ်ကျော်လူငယ်တစ် ဦး သည် ချန်ယွဲ့ ၏အခန်းထဲသို့လမ်းလျှောက်လာသည်။
"မင်းရဲ့ပန်းဘဲသမားအဆင့်ကဘာလဲ။ မင်းငါ့အောက်မှာဘယ်နှစ်နှစ်ရှိပြီလဲ။ မင်းပြင်ဆင်ချက်တစ်ထောင်ကိုတောင်မလုပ်နိုင်ဘူးလား .... ” ထိုလူငယ်လေးမှာ ချန်ယွဲ့ဒေါသများရဲ့ထွက်ပေါက်ဖြစ်သွားသည်။ ထန်ဝူလင်းကတော့သူ့ကြောင့် ထိုလူငယ်လေးအဆူခံရသည်ကိုမသိပဲ အကယ်ဒမီကိုပျော်ပျော်ကြီးပြန်သွားသည်။
"ယူပါ!" ထန်ယွဲ့ ဒင်္ဂါး ၁၀၀၀၀ အိတ်ကိုထုတ်လိုက်ပြီး ရှဲ့ရှဲ့ အိပ်ရာပေါ်တွင်တင်လိုက်သည်။
ရှဲ့ရှဲ့ ကသူ့ကိုအေးစက်စွာကြည့်ပြီး "မင်းပြိုင် ပွဲကနေထွက်ပြေးဖို့ကြိုးစားနေတာလား။ "
ထန်ဝူလင်းက “ ငါအရင်က ငွေမရှိလို့ ဖျက်စီးမိတဲ့အရာတွေအတွက်လျော်ကြေးမပေးနိုင်ခဲ့ဘူး မင်းက ငါ့အစားပေးခဲ့တယ်။ အခုငါ့မှာ ဒင်္ဂါး10000ရှိတယ်။ မင်းကိုပြန်ပေးမယ် နောက်ကျန်တာတွေကိုလည်း တဖြည်းဖြည်းချင်းပြန်ပေးမယ်။ မင်းစိန်ခေါ်တာကိုငါလက်ခံပြီးပြီးပဲ ကြိုက်တဲ့နေရာရွေးလိုက်ပါ ရော့ ဒင်္ဂါး10000 “
ထန်ဝူလင်း သူ့ အိပ်ယာသို့ပြန်သွားခဲ့လေသည်။
ကျုံးကျန်စီ တို့သည်ကုတင်ပေါ်မှ ရှဲ့ရှဲ့အား ထန်ဝူလင်းငွေပေးနေသည်ကို ကြည့်ရှုနေကြသည်။ ကောက်ညှင်းပေါင်းမုန့်စားပွဲတွင် ထန်ဝူလင်းအပေါ် ကျုံးကျန်းစီ၏စိတ်သည်ပြောင်းလဲသွားသည်။ အခြားတစ်ဖက်တွင် ယွမ်ရှောင် သည် ထန်ဝူလင်း အားဒင်္ဂါး ၁၀၀၀၀ ကိုမည်သို့ထုတ်လုပ်နိုင်ခဲ့ပုံကိုစပ်စုေနသည်။ ဤတိုတောင်းသောအချိန်တိုလေးအတွင်းကြီးမားသောငွေကိုသူရရန်မဖြစ်နိုင်ပေ။
ထန်ဝူလင်း သည်သူ၏ခြေလက်များကိုအနေအထားပြင်ကာသူ့အိပ်ရာပေါ်တွင်တရားထိုင်လိုက်သည်။ အမှန်တော့ဒီနေ့ဟာသူ့ရဲ့သိုင်းဝိညာဉ်ကိုတိုက်ပွဲမှာပထမဆုံးအကြိမ်အသုံးပြုတာဖြစ်သည်။ သူသည်ဤကိစ္စများနှင့် ပတ်သက်၍ အတွေ့အကြုံမရှိ၊သူပထမဆုံးရင်ဆိုင်ခဲ့သည့်တိုက်ပွဲပင်ဖြစ်ခဲ့သည်။
ထန်ဝူလင်းသည်ရှဲ့ရှဲ့ ဟာကြောက်စရာကောင်းတဲ့လူတစ်ယောက်လို့ခံစားရတယ်။ သူသည်သူ၏ ငွေပြာမြက် ၏ ဝိညာဥ်စွမ်းအား ကိုအသုံးမချခဲ့ပါကသူ ရှဲ့ရှဲ့ ကိုအနိုင်ယူရန်အခွင့်အလမ်းရှိလိမ့်မည်မဟုတ်ပေ။
ယနေ့စောစောတိုက်ပွဲမှသူသည်သူ၏ကိုယ်ပိုင်သိုင်းဝိညာဉ်အကြောင်းကိုလည်းနားလည်မှုရခဲ့သည်။ သူသည်ဆရာ့အားပေးခဲ့သောအကြံဥာဏ်ကိုပြန်အမှတ်ရကာ ငွေပြာမြက် ကိုထိန်းချုပ်ရန်အမှန်တကယ်လိုအပ်ကြောင်းတွေးမိခဲ့ သည်။
သို့သော် ရှဲ့ရှဲ့ သည်သူ့ခုတင်ပေါ်တွင်သာလှဲနေလိုက်သည်။ သူ၏စိတ်ထဲတွင်ယနေ့အစောပိုင်းပွဲစဉ်ပုံရိပ်များနှင့်ပြည့်နှက်နေပြီးအထူးသဖြင့်သူ၏ အလင်းနဂါးဓား နှင့်မြက်ပင်ကိုမဖြတ်နိုင်ခြင်းကြောင့်ဖြစ်သည်။ "ထန်ဝူလင်း ရဲ့သိုင်းဝိညာဉ်က တကယ်ပဲ ငွေပြာမြက် လား။ ထန်ဝူလင်း ရဲ့အမှိုက်သိုင်းဝိညာဉ်ကိုငါလျှော့တွက်မိတာလား။ '
မနက်ဖြန်ပွဲမှာငါငါ့ရဲ့အစွမ်းအစစ်ကိုသူ့ကိုပြမယ်။
အရုဏ်တက်။ ပြတင်းပေါက်မှတဆင့်သူ့အားပထမဆုံးသောနေရောင်ခြည်များဖြာကျလာသည်နှင့်တပြိုင်နက် ထန်ဝူလင်း နိုးလာသည်။
တရားထိုင်ခဲ့ ခြင်းကြောင့် သူဝိညာဉ်စွမ်းအားအချို့ကိုပြန်လည်ပြည့်သွားပြီဖြစ်သည်။
သူကုတင်ပေါ်မှဆင်းလိုက်သောအခါသူ၏အကြည့်သည်အခန်း၏အခြားကုတင်တစ်ခုရှိအိပ်ယာပေါ်သို့မရည်ရွယ် ေရာက်သွား သည်။ တရားထိုင်နေပုံရသည့် ရှဲ့ရှဲ့ သည်ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။။ ရှဲ့ရှဲ့ ၏အကြည့်သည်အေးစိမ့်နေပြီး ထန်ဝူလင်း ကဥပေက္ခာပြုထားသည်။ ထန်ဝူလင်း ကသူ့အကြည့်တွေကိုရှောင်လိုက်ပြီး ရေချိုးဖို့ ဦး တည်လိုက်တယ်။
သူ၏ထင်မြင်ချက်အရ ရှဲ့ရှဲ့ သည်အခြားချမ်းသာသောမြို့မှ သူဋ္ဌေးသားဖြစ်နိုင်သည်။ သူသည်ရဲရင့်ခြင်း၊ ခိုင်မာခြင်းများဖြင့် မောက်မာပုံပေါ် သည်။ ထန်ဝူလင်း သည်ချမ်းသာသောကလေးထက် ကျူံးကျန်စီ နှင့် ပိုမိတ်ဆွေဖွဲ့လိုသည်။မနက်မိုးလင်းလို့ရေချိုးတာပြီးတာနဲ့သူ့အတွက်အရေးကြီးဆုံးလုပ်ဆောင်ချက်ကနေထမင်းစားဖို့ပါ။
အခြားသူများထက်စောစောသူနိုးလာသည်နှင့်အညီထမင်းစားခန်းမှာလူရှင်းနေသည်။ ခန်းမအတွင်း၌ကောင်တာသုံးခုရှိသည်။ နံနက်စာသည်ယခင်အတိုင်းအမျိုးအစားသုံးမျိုးခွဲထားသည်။ တတိယကောင်တာမှ အခမဲ့အစားအစာများကိုစားလိုက်သည်။နံနက်စာသည်နွားနို့၊ ကြက်ဥ၊ ဝက်အူချောင်း၊ ပေါင်မုန့်နှင့်ဟင်းသီးဟင်းရွက်များဖြစ်သည်။ထန်ဝူလင်းသည် ပန်ကန်းပြားပေါ်တွင်စားစရာများကိုစုပုံထည့်လိုက်သည်
ထမင်းစားခန်း၏စားဖိုမှူးသည် ထန်ဝူလင်း အားစံချိန်တင်စားသော ကြောင့်သတိထားမိပြီးအကုန်လုံးမစားနိုင်မှာတောင်စိတ်ပူလိုက်သေးတယ် ဒါပေမယ့်ကောင်တာ ကနေ ထန်ဝူလင်းစားနေတာကိုတွေ့လိုက်တော့သူစိတ်အေးသွားတယ်။
ထမင်းစားပြီးချိန်မှာ ရှဲ့ရှဲ့ ထမင်းစားခန်းထဲကို ၀ င်လာတယ်။ သူ့လိုပင် တတိယကောင်တာ ဆီသို့ ဦး တည်ကာပန်းကန်ထဲတွင်အစားအစာများထည့်လိုက်သည်။
ရှဲ့ရှဲ့၏ပန်ကန်ပြားထဲမှစားစရာများသည် ထန်ဝူလင်းလိုပင်များပြားသည်။ တစ်ယောက်နှင့်တစ်ယောက်ခပ်ခွာခွာ ထိုင်လိုက်ပြီး စားစရာများပေါ်တွင်သာအာရုံစိုက်ထားကြသည်။ ထိုနောက်ကျောင်းသားများဝင်လာပြီး ထမင်းစားခန်းသည် စည်ကားလာသည်။