← Chapters

ချိတ်ပိတ်ကမ္ဘာ

Vol. 155 Ch. 2204

ချိတ်ပိတ်ကမ္ဘာ

Vol. 155 Ch. 2204

ရီဖူရှင်းသည်လည်း သူ့ရှေ့မှ မြင်ကွင်းကြောင့် တူညီစွာ အံအားသင့်သွားခဲ့သည်။ ပြင်းထန်သော ခံစားချက်လှိုင်းများက သူ့နှလုံးသားအတွင်း၌ မြင့်တက်လာသည်။

သူ့ထံတွင် ထူးခြားသော မှန်းဆချက်တို့ ရှိ မျက်စိရှေ့၌ ထိုသို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်ဟု မမှန်းဆရဲခဲ့ပေ။

နတ်ကျောက်တုံးအတွင်း ချိပ်ပိတ်ထားသည့်အရာမှာ နတ်ရတနာတစ်ခုမဟုတ်ဘဲ လောကတစ်ခု ဖြစ်ပေသည်။

ကြယ်အလင်းများက မိုင်ပေါင်းသန်းချီအောင် ဖြာထွက်၍ အဆုံးမဲ့လေဟာနယ်အထိ လင်းလက်နေခဲ့သည်။ အခြားဘုံများမှ တန်ခိုးရှင်များက အလင်းများရှိရာသို့ မော့ကြည့်လိုက်ကြသည်။

ကောင်းကင်လမ်းစဥ်ပြိုကျသွားပြီးနောက် လေဟာနယ်ဘုံက မဟာလမ်းစဥ်ဘုံသုံးထောင် ဖြစ်လာခဲ့သည်။ ဘုံများအပြင် အခြားသော နေရာများမှာ အဆုံးမဲ့ လေဟာနယ် ဖြစ်သည်။

သို့သော် ယခု အဆုံးမဲ့ ကြယ်အလင်းတို့က နတ်တံတားတစ်စင်းကို ဖွဲ့စည်းနေသည်။ တန်ခိုးရှင်များက ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ နဂါးငွေ့တန်းတစ်ခုကို မြင်လိုက်ရ၏။ ကြယ်အလင်းရောင်များက လေဟာနယ်အတွင်း ပတ်လမ်းအတိုင်း ပတ်နေခဲ့သည်။ ကောင်းကင်တွင် မရေတွက်နိုင်သော ကြယ်များစွာက တောက်ပသော ပုံသဏ္ဌာန်နှင့် ဝိုးတဝါး ဖြစ်တည်လာသည်။ ၎င်းတို့က ကြီးမားသော ပုံရိပ်တစ်ခုအဖြစ် ဖြစ်ပေါ်လာပေသည်။ ကြည့်ရသည်မှာ နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်မှ နဂါးငွေ့တန်း ဖြစ်တည်လာပုံရလေသည်။

၎င်းသည် အစစ်အမှန် အမှီအခိုကင်းလောကတစ်ခု ဖြစ်သည်။ ပိုင်းခြားခံထားရသော လောကသည် နတ်ကျောက်တုံးအတွင်း၌ ချိပ်ပိတ်ထားခြင်း ခံရပေသည်။

အမှန်တကယ် အံ့သြစရာကောင်းသည်မှာ တန်ခိုးရှင်များသည် ကျယ်ပြောသော အကွာအဝေးတွင် နဂါးငွေ့တန်းကို ဖြတ်၍ လူသားအငွေ့အသက်များကို မြင်တွေ့နေရခြင်း ဖြစ်သည်။ ချိပ်ပိတ်ထားသော လောကက အပြင်လောကနှင့် အတူတူပင် ဖြစ်သည်။ ၎င်းက တန်ခိုးရှင်များတည်ရှိရာ လောကတစ်ခု ဖြစ်သည်။

ထိုသည်မှာ သူတို့ကို မူလဘုံအကြောင်း မသိစိတ်မှ တွေးတောလိုက်မိစေသည်။ ၎င်းကလည်း မူလဘုံနှင့် တူညီနေသည် မဟုတ်လား။

၎င်းက အစစ်အမှန် နတ်ဘုရားအမွေအနှစ် ဖြစ်လေသည်။

နတ်ဘုရားတစ်ပါးသာလျှင် ထိုသို့သော အရာမျိုးကို ဖန်တီးနိုင်စွမ်းရှိပေလိမ့်မည်။

ဤလောကက ရှေးခေတ်မှ လောကတစ်ခုပေလား။ လူအများသည် လေးနက်သော အမူအရာများနှင့် စဥ်းစားနေကြသည်။ အဆင့်မြင့်တော်ဝင်ဘုံကိုးဘုံက မည်သည်နှင့် အစပြု ဖြစ်တည်လာခြင်း ဖြစ်ကြောင်း မည်သူမှ မသိကြပေ။ ဤလောကသည် စီဝေ့ဘုံ၏ အလယ်ဗဟို၌ ချိပ်ပိတ်ထားခြင်း ခံရပေသည်။ ဆိုလိုသည်မှာ နတ်ဘုရားတစ်ပါးကို ဖန်တီးခဲ့ပြီး ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးစဥ်အတွင်း သူ၏ လူများကို ကာကွယ်ရန် ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ပေသည်။

မရေတွက်နိုင်သော နှစ်များကုန်ဆုံးပြီးနောက် ဖုန်တက်နေပြီးဖြစ်သည့် စည်းတံဆိပ်က နောက်ဆုံးတွင် ယနေ့ ဖွင့်လှစ်ခံခဲ့ရပြီး ဤလောက၌ တစ်ဖန် ပေါ်ပေါက်လာပေသည်။ ဤသည်က မည်သူ့ ဖန်တီးမှု ဖြစ်သနည်း။

အဆုံးမဲ့ကြယ်အလင်းရောင်များထဲ၌ ဖြစ်တည်လာသော ထိုပုံရိပ်က ကျိန်းသေ ၎င်းနတ်ဘုရားဖြစ်ပေလိမ့်မည်။

ဤသည်က မည်သည့် ရှေးခေတ်နတ်ဘုရားတစ်ပါး ဖြစ်နိုင်သနည်း။

“လောကရဲ့ အပြောင်းအလဲတွေက မူလဘုံရးကနေ စတင်လိမ့်မယ်။” တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

ကြည့်ရသည်မှာ ကောလာဟလများက မှားယွင်းပုံမရပေ။ ရှေးခေတ်လောကတစ်ခုက အမှန်တကယ်ပင် မူလဘုံ၌ ပေါ်ပေါက်လာပေသည်။ ဖြစ်နိုင်သည်မှာ အရှင်ဒွန်ဟောင်သည်ပင် ဤအဖြစ်အပျက်မျိုးကို မည်သည့်အခါမှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပါချေ။

အောက်ဘက်တွင် အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်သည် တင်းမာခက်ထန်သော အမူအရာနှင့် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

“မင်း ဘာသိထားသေးလဲ။” ထို့နောက် တစ်စုံတစ်ယောက်က အောက်သို့ ငုံ့ကြည့်ကာ အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်အား မေးလိုက်သည်။

“ဒါက ဘယ်မဟာအင်ပါယာလဲ။” နောက်တစ်ယောက်ကလည်း မေးလိုက်သည်။ အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်ထံ၌ ထိုချိပ်စည်းကို ဖွင့်ရန် သော့ရှိထားလေရာ သူက တစ်ခုခု ရှိထားခြင်း ဖြစ်ရပေမည်။

“သူက စီဝေ့ကြယ်အရှင်ဖြစ်ပြီး စီဝေ့မဟာအင်ပါယာလို့လည်း ခေါ်တယ်။” အင်ပါယာရှင်းကျောင်းတော်၏ နန်းတော်သခင်က ပြောပြလိုက်သည်။ မျှော်မှန်းထားသလိုပင် အင်ပါယာရှင်းကျောင်းတော်၏ ရှေးဟောင်းဒဏ္ဍာရီများက အမှန်ပင် ဖြစ်လေသည်။

အခြားဘုံများမှ ထိပ်သီးပုဂ္ဂိုလ်အချို့ရ တင်းမာခက်ထန်သော အမူအရာများ ဖြစ်သွားကြသည်။ သူတို့က ခန့်မှန်းထားပြီးသား ဖြစ်သည်။ ရှေးဟောင်းဒဏ္ဍာရီများတွင် စီဝေ့ကြယ်အရှင်က လောက၏ အစွမ်းထက်ဆုံး နတ်ဘုရားများထဲမှ တစ်ပါး ဖြစ်သည်။ သူက လောက၏ တစ်စိတ်တစ်ပိုင်းကို အုပ်စိုးပြီး မရေတွက်နိုင်သော လူများ၏ လေးစားခြင်း ခံရသော နတ်ဘုရားတစ်ပါးဖြစ်သည်။

သူတို့သည် ယနေ့တွင် စီဝေ့မဟာအင်ပါယာမှ ချန်ရစ်ထားခဲ့သည့် နတ်ဘုရားအမွေအနှစ်ကို မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ​မရှိပေ။ ဤလောကက သူ ယခင်က ကာကွယ်ခဲ့သော လောကဖြစ်ပေလိမ့်မည်။ စီဝေ့မဟာအင်ပါယာသည် လွန်ခဲ့သော နှစ်များစွာက ကွယ်လွန်သွားခဲ့ကာ သမိုင်းများမှလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း သူက သူ့လူများကို ကာကွယ်ရန် လောကကြီးကို ချိပ်ပိတ်ထားခဲ့သည်။ သူ့ကို ကိုးကွယ်သည့် လူများက ကံကောင်းစွာနှင့် ကောင်းကင်လမ်းစဥ် ပြိုကျသော ကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သည်။

တစ်ဦးတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် စွမ်းရည်မျိုးက ပြိုင်ဘက်ကင်းလှပြီး ထိုသို့သော ဒဏ္ဍာရီပုဂ္ဂိုလ်မျိုးက ထိတ်လန့်အံ့သြဖွယ် ကောင်းလှသည်။

ရှေးခေတ်အခါက နတ်ဘုရားများမှာ တိတိကျကျ မည်မျှ အစွမ်းထက်ကြသနည်း။

ထိုအခိုက်အတန့်တွင် ပုံရိပ်များက ကောင်းကင်သို့ တက်လာကြပြီး နဂါးငွေ့တန်းဆီ ဦးတည်လိုက်ကြသည်။ ၎င်းက စီဝေ့မဟာအင်ပါယာ ကာကွယ်ပေးထားခဲ့သော လောကတစ်ခု ဖြစ်လျှင် ဤမျှ နှစ်များစွာ ကြာမြင့်ပြီးနောက် သူတို့၏ ကျင့်ကြံခြင်းများက မည်မျှ ရှိလိမ့်မည်နည်း။

သူတို့က မြင်တွေ့လိုကြပေသည်။

“သွားကြစို့။” ရီဖူရှင်းနှင့် အခြားလူများကလည်း ကောင်းကင်သို့ တက်သွားကြသည်။ လေဟာနယ်အတွင်း မတူညီသော နေရာများမှ အမျိုးမျိုးသော တန်ခိုးရှင်များသည် ကောင်းကင်သို့ တက်ကာ နဂါးငွေ့တန်းဆီ ဦးတည်လိုက်ကြသည်။

တန်ခိုးရှင်များသည် အလွန် လျင်မြန်လှသည်။ သို့သော် နတ်ဝင်္ကပါ ပွင့်လာသည့်အခါ ချိပ်ပိတ်ထားသော နတ်အလင်းက လေဟာနယ်အဆုံးထိ ရောက်ရှိပြီး မိုင်သန်းပေါင်းများစွာထိ ထိုးထွက်သွားခဲ့ပေသည်။ ထိုအကွာအဝေးက အမှန်တကယ်ပင် အလွန် ဝေးလံလှသည်။ အဆုံးမဲ့လေဟာနယ်အတွင်း မရေတွက်နိုင်သော တန်ခိုးရှင်များကလည်း သူတို့ကြားမှာ အကွာအဝေးကို လျစ်လျူရှုကာ ခရီးဆက်နေကြသည်။ အဆုံးမဲ့လေဟာနယ်နှင့် ယှဥ်သည့်အခါ သူတို့၏ ပုံရိပ်များက သေးငယ်လှပေသည်။

ထို့ပြင် စီဝေ့ဘုံမှ တန်ခိုးရှင်များက သူတို့၏ အိမ်များ ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။ သူတို့က နတ်အလင်းတန်းများနောက် လိုက်ကာ အိမ်ဟု ခေါ်သည့် နေရာသစ်ကို ရှာဖွေရန် ရှေ့ဆက်ရမည် ဖြစ်သည်။ သို့သော် သူတို့၏ ကျင့်ကြံဆင့်နှင့် ရောက်ရှိရန် အချိန်များစွာ ယူရပေလိမ့်မည်။

ရီဖူရှင်းနှင့် အခြားလူများက ကျယ်ပြောလှသော လေဟာနယ်ကို ဖြတ်ကာ ခရီးဆက်နေသည်။ သူတို့သည်လည်း နဂါးငွေ့တန်းလောကသို့ ရောက်ရှိရန် အချိန်များစွာ ယူရမည် ဖြစ်သည်။ ကြယ်များစွာက လေဟာနယ်အတွင်း ပတ်လမ်းအတိုင်း လှည့်ပတ်နေခဲ့သည်။ ၎င်းတို့ တစ်ခုချင်းစီ၌ အသက်စွမ်းအား၏ လက္ခဏာများဖြင့် ပြည့်နှက်နေခဲ့သည်။ ယင်းတို့အားလုံးတွင် လူသားမျိုးနွယ်၏ လက္ခဏာများ ပြသနေသည်။

“လေဟာနယ်ဘုံအတွင်း ရှေးဟောင်းလောကတစ်ခု မြင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိဘူး။” အင်ပါယာနန်က ပြောလိုက်သည်။ သူ့နှလုံးသားက မငြိမ်သက်နိုင်တော့ပေ။ သူတို့သည် လောကတစ်ခု​ဆီ ဦးတည်နေကာ မြေပြင်သို့ ဆင်းသက်လိုက်သည်။ ထိုလောကတွင် အသက်စွမ်းအားများနှင့် ပြည့်နေပေသည်။ စီဝေ့နတ်အလင်း၏ ကာကွယ်မှုအောက်တွင် ထိုနဂါးငွေ့တန်းလုပ်ငန်းစဥ်က ၎င်း၏ အမှီအခိုကင်းသော ကိုယ်ပိုင်စည်းမျဥ်းများအပေါ်တွင် မူတည်နေသည်။

ထိုနေရာ၌ နေထိုင်ကြသော လူများအတွက် သူတို့က မည်သည်တို့ ဖြစ်ပျက်နေသည်ကိုပင် မသိကြပေ။ နတ်ဘုရားချိပ်စည်းက ပွင့်ဟလာပြီယ သူတို့ရှိနေသည့် လောကက မူလဘုံနှင့် ချိတ်ဆက်သွားသည်။ သို့သော် ဤလောက၏ စည်းမျဥ်းများက နတ်အလင်း ကာကွယ်မှုကြောင့် ဖျက်ဆီးခံလိုက်ရမည် မဟုတ်ပေ။ သူတို့၏ နဂါးငွေ့တန်းက တူညီသော စည်းမျဥ်းများဖြင့် အလုပ်လုပ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အရာအားလုံး ပုံမှန် ပြန်မဖြစ်ခင် အနည်းငယ် တုန်ခါသွားသည်ကိုသာ ခံစားလိုက်ရပေသည်။

ရီဖူရှင်းက သူ့အနီးမှ လူများနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ယ​နေ့မှစကာ ဤနေရာက မူလဘုံအတွင်း မဟာလမ်းစဥ် ဘုံသုံးထောင်အပြင် နောက်ထပ် ဘုံတစ်ခု ဖြစ်လာပေလိမ့်မည်။

သူတို့က တန်ခိုးရှင်များစွာနှင့် မြို့တစ်မြို့ ဖြစ်ပေသည်။ သို့ပေမယ့် သူတို့၏ ကျင့်ကြံခြင်းများက သိပ်မြင့်မားပုံမရပေ။

“အောက်ဆင်းပြီး သွားမေးကြည့်ရအောင်။” ရီဖူရှင်းက ပြောလိုက်သည်။ သူ၏ ပုံရိပ်က ချက်ချင်းပင် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ အောက်ဘက်ရှိ မြို့အတွင်း လမ်းများတွင် ပြန်လည်ပေါ်​ပေါက်လာသည်။

လမ်းများတွင် လူအပြည့် ဖြစ်သည်။ ရီဖူရှင်းက ပါးလွှာသော လေထုအတွင်းမှ ထွက်ပေါ်လာပြီး  သူ့အနီးရှိ လူများ၏ အာရုံကို ဆွဲဆောင်လိုက်နိုင်ပေသည်။ သူ၏ ချောမောသော မျက်နှာအပြင် အဖြူရောင်ဆံပင်နှင့် ဝတ်စုံသည်လည်း ထင်ရှားပေါ်လွင်ကာ သူ၏ ထူးခြားသော အရှိန်အဝါအား ထောက်ပံ့ပေးနေသည်။ အချို့ အမျိုးသမီးများက သူ့ကို ခိုးခိုးကြည့်နေကြသည်။

ဤပုဂ္ဂိုလ်က အလွန် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ် ဖြစ်ရပေမည်။

“မိန်းကလေး ကျုပ် တစ်ခုခု မေးလိုက်ရမလား။” ရီဖူရှင်းက သူ့အား ကြည့်နေသော မိန်းကလေးတစ်ယောက်ကို မေးလိုက်သည်။ ထိုအမျိုးသမီး၏ မျက်လုံးများက တောက်ပလာကာ သူ့အကြည့်များကို အနည်းငယ် လွှဲဖယ်လိုက်သည်။ သူမက ခေါင်းကို ငုံ့ကာ ပြောလိုက်သည်။ “ရပါတယ် စီနီယာ။”

“ဒီနေရာကို ဘယ်လို​ခေါ်လဲ။” ရီဖူရှင်းက မေးလိုက်သည်။

သူ့မေးခွန်းကို ကြားသည့်အခါအမျိုးသမီးက သူမခေါင်းကို မော့ကာ ကြည့်လိုက်သည်။ သူမထံ၌ ထူးဆန်းသော အမူအရာတို့ ဖြစ်ပေါ်လာ၏။

“ဒါက ထျန်းယိမြို့ပါ။”

“ကျုပ်တို့ ဘယ်ဘုံမှာ ရှိနေတာလဲ။” ရီဖူရှင်းက ဆက်လက်၍ မေးမြန်းလိုက်သည်။

အမျိုးသမီး၏ အမူအရာက ပို၍ပင် ကိုးယို့ကားယားနိုင်လာပေသည်။ သည်လူက အလွန်ချောမောသော်လည်း ကြည့်ရသည်မှာ အနည်းငယ်ရူးနေပုံပေါ်ပေသည်။

ရီဖူရှင်းသည်လည်း တစ်ခုခုက မှားယွင်းနေသလို ခံစားလိုက်ရပေသည်။ သာမန်လူတစ်ယောက်အတွက် သူမသည် ဤလောက၏ အမှန်တရားကို မသိနိုင်လောက်ပေ။ ထိုသည်မှာ သူ ယခင် ချင်းကျူမြို့တွင် ကျင့်ကြံခဲ့စဥ်ကနှင့် အလားသဏ္ဌာန်တူပေသည်။ ထိုစဥ်က သူသည် လောကကြီးက မည်မျှ ကျယ်ပြောလိမ့်မည်ကို မည်သို့ သိပါမည်နည်း။

သူသည် ပြည်နယ်ကိုးခုဒေသက လောကတစ်ခုလုံးဟု တွေးထင်ခဲ့ပေသည်။

“အနှောက်အယှက်ပေးမိတာ အားနာပါတယ်။” ရီဖူရှင်းက ပြောပြီး လှည့်ထွက်သွားခဲ့သည်။ သူက တွေးရင်းနှင့် ခေါင်းကို ဖြေးဖြေးခါလိုက်သည်။ ထိုသည်ကို ကြည့်လျှင် သူသည် လိုချင်သည့် အဖြေကို ရရန် ဤဘုံရှိ အသန်မာဆုံးလူကို ရှာဖွေရန် လိုအပ်မည်ပုံပင်။

အမျိုးသမီးသည် ရီဖူရှင်းက ခေါင်းကို ယမ်းလိုက်သည်အား မြင်တွေ့လိုက်ရသည်။ ထိုမျှ ချောမောသော မျက်နှာလေးရှိသော်လည်း အမှန်တကယ် အရူးဖြစ်နေသည်မှာ သနားစရာကောင်းလှသည်ဟု သူမက တွေးလိုက်မိတော့ပေသည်။

***

All Chapters